Pages

Wednesday, August 31, 2011

colour effect


အားလုံးပဲ မင်္ဂလာ ပါဗျာ …. ဒီနေ့  colour effect အကြောင်းလေး မောင်ဘုန်း သိ သလောက် ပြောပြမယ် နော် ….

ကျနော် ကားအရောင်ရွေးချယ် ခြင်းဆိုတဲ့ post ရေးထဲက colour effect အကြောင်းကို ပါထည့်ရေး ရမှာပါ ဘာဖြစ်လို့ လည်းဆို ရင် ၂၀၀၀ ခုနှစ်နောက်ပိုင်းထုတ်တဲ့ ကားတွေမှာ ဆေးအရောင်ထက် colour effect ကိုပိုပြီးအရေးပါလာလို့ ပါ ….။

ကဲ …စ မယ် ဗျာ ….

ကမ္ဘာပေါ်မှာရှိရှိသမျှ ကားထုတ်တဲ့ ကုမ္မဏီ တွေက သူတို့ ထုတ်တဲ့ ကားရဲ့ colour effect  ကို သူ့ ဘာသာ နာမည် ပေးကြပါတယ် .. ဒါကြောင့်  colour effect ကိုဘာအမျိုးစားပါလို့  အလွယ်တကူ ခွဲခြားလို့ မရဘူးလေ ….။

ကားထုတ်တဲ့ ကုမ္မဏီတွေအနေနဲ့  လိုက်ပြီးတုပလို့ မရအောင် သူသုံးတဲ့ colour effect ဟာ ဘာအမျိုးစားပါလို့ ဘယ်သူမှပြောကြပါဘူး …။

စက်ရုံကထုတ်လိုက်တဲ့ ကားကို ဆေးအရောင်ကျသွားလို့  ဆေးပြန်မှုတ်ရင် မှုရင်း colour effect ကို ပြန်မရတော့ပါဘူး …. ကားထုတ်တဲ့ ကုမ္မဏီတွေဟာ colour effect ကို အပိုပစ္စည်းအဖြစ် ဘယ်ကုမ္မဏီမှ မရောင်းပါကြဘူး …။

ဒါဆို၇င် ကျနော် တို့ ဆေးမှုတ်တဲ့သူတွေ ဘယ်လိုများပြန်လုပ်သလဲဆို၇င် … နည်း ၂မျိုးနဲ့  colour effect ကို ပြန်လုပ်ယူပါတယ် …။

တစ်နည်းကတော့ရှင်းပါတယ် ကွန်ပြူတာသုံးပြီး sample colour effect ကိုတိုင်းယူပါတယ် …. သိပ့်တော့ အလုပ်မဖြစ်ပါဘူး … ဆေးကျနေတဲ့ ကားကို sample colour တိုင်းမှတော့   ဘယ်လို မှုရင်း ဘယ်ရမှာလည်းဗျာ …။

နောက်တစ်နည်းကတော့ အခြေခံ colour effect ကို ကျွမ်းကျင်တဲ့ လုပ်သား ကသုံးသတ် ခြင်းပါပဲ …. ဒီနည်းကလည်း လုပ်သားရဲ့ ကျွမ်းကျင်မှု့ ကိုအားထားနေရတာဆိုတော့ သေချာတယ်လို့ ပြောလို့ မရဘူးလေ …တစ်ကယ်တော်တဲ့သူများကျတော့လည်း … ကွန်ပြူတာသုံးပြီ sample colour effect တိုင်းတာထက် အများကြီး ကောင်းပါတယ် …. ဒါပင်မဲ့ အများစုကတော့ ကွန်ပြူတာသုံးပြီး sample colour effect ရှာတဲ့နည်းကိုပဲသုံးကြပါတယ် …….။

Colour effect ဆိုတာ ကားတစ်စီး ရဲ့ ဆေးကို ပိုမိုတောက်ပစေပြီ …ကြာရှည်ခံ စေပါတယ် ….
ဘာကြောင့် colour effect ထည့်တာနဲ့  ကားဆေးကို ပိုပိုကြာရှည်ခံစေသလိုရင် တော့ …

ဒီလိုပါ … colour effect မှာကြွေဓာတ်ပါလို့ ပါ ….ကားဆေးမှုတ်တဲ့နေရာမှာ အောက်ခံဆေး မှုတ် ၊ ဆေးအချောမှုတ်ပြီးတဲ့ အချိန်မှာ colour effect ကို မှုတ်ရပါတယ် …. ကြွေဓာတ်ပါတဲ့ အတွက် မှုရင်းဆေးကို ပို၍ အဆပေါင်းများစွာ မားစေပြီ ဆေးကျော တင်းသွားစေပါတယ် ……
အနီးဆုံး ဥပမာ ပြောရရင် မြေအိုးနဲ့  ကြွေအိုး ဆို ဘယ် အိုးကပိုမာ မလဲဗျာ …အားလုံး ရွှံ့ စေးကလုပ်တာပဲနော် … ကြွေအိုးကတော့ မာပြီး အရောင်းများစွာ တောက်ပ နေတာတွေ့ ရမယ်နော်..။

Colour effect ရဲ့ အဓိကအားသာချက်ကတော့ ပထမ post မှာရေးခဲ့တဲ့ CMYK အရောင်အုပ်စုတွေဟာ အပူဒဏ်ကိုမခံနိုင်ပင်မဲ့ colour effect ပါ၇င်တော့ အထိုက်လျှောက် အပူဒဏ်ကို ခံနိုင်ရည်ရှိပါတယ် …

အားနည်းချက်ကတော့ ကားတစ်စီးကို colour effect ထည့်ပြီး အရောင် ခဏခဏ မပြောင်းသင့်ပါဘူး …
နှစ်ကြိမ်ထက် ပိုလာရင် colour effect ကြောင့် ဆေးသားအရမ်းမာလားပြီ ဆေးကွဲတဲ့ အဆင့်ကိုရောက်သွားတက်ပါတယ် …..

အထက်မှာပြောခဲ့သလို အမျိုးမျိုးရှိတဲ့ colour effect ကို ခြေခံ နှစ်မျိုးပဲ ခွဲခြားထားပါတယ် ….
rainbow effect နဲ့  crystal effect ဆိုပြီ နှစ်မျိုးခွဲထားပါတယ် …

rainbow effect

rainbow effect ဆိုတာ ကြည့်လိုက်ရင်ရောင်ပြေးနေတယ်လို့  ပြောလို့ ရပင်မဲ့ အရောင်မပြေးတဲ့ rainbow effect တွေလည်းရှိတယ်ပါတယ် …. အကြမ်းအားဖြင့်တော့ ကားနားကို သွားရပ်ရင် သူငယ်ချင်းတို့ ရဲ့ အပုံရိပ်ဟာ ရှည်ရှည်လေးဖြစ်နေတာတွေ့ ရမယ်နော် …. ဒါဆို၇င် rainbow effect ပေါ့ ….
rainbow effect ရဲ့ အားသာချက်ကတော့ အလင်းပြန်မှု့ များတဲ့အတွက် အပှုဒဏ်ကို သာမာန်ထက် ပိုမိုခံနိုင်ရည်ရှိပါတယ် …. အောက်က ပုံကြည့်ပါ …ဒါဟာ rainbow effect ထည့်ထားတဲ့ ကားပေါ့

 ဒါ rainbow effect သုံးထား ကားပါ ... rainbow effect မှာပဲ အမျိုးမျိုး ရှိပါသေးတယ် ... အခုအပေါ်က မြင်ရတဲ့ကားဟာ တစ်ရောင်ပြေး rainbow effect ပါ ...အောက်ကပုံကို ဆက်ကြည့်ပါ

ဒါ နှစ်ရောင်ပြေး rainbow effect အမျိုးစားပါ ...ဒီ effect ကို lanborghini effect လို့ ခေါ်ပါတယ် ..ဒီ effect ကတော့ လူအကြိုက်များဆုံး effect ဖြစ်ပါတယ် ...

နောက်တစ်ခုက


ဒါကတော့ သုံးရောင်ပြေး rainbow effect ပါ .... သူ့ ကို တော့ magenta effect လို့ ခေါ်ပါတယ် ...သူလဲ လူကြိုက်များပါတယ် ကားဆေးရဲ့ တန်ဖိုးထက် ဒီ effect က နှစ်ဆ တန်ဖိုးရှိပါတယ် .... 
နောက်ထပ် rainbow effect အမျိုးစာတွေ အများကြီးရှိပါသေးတယ် ... အခုဖော်ပြတာကတော့ ယနေ့ ခေတ် ကားလောကမှာ လူးကြိုက်များတဲ့ effect တွေကိုပဲ ဖော်ပြပေးတာပါ ....



crystal effect

crystal effect ဆိုတာ ဆေးအရောင်ကို သာမာန်ထက်ပိုပြီးတောက်ပစေပါတယ် … အနီးကပ်ကြည့်၇င် ကိုယ့်ရဲ့ပုံရိပ်ဟာ မှန်ကဲ့သို့ ကြည့်လင် နေတာတွေ့ ရဘာလိမ့်မယ် … ကာဆေးကိုကြည့်ရင်လည်း အတုံးသေးသေးလေးတွေ … သို့ မဟုတ် ဆေးပွင့်တွေ အ ရောင်တောက်နေတာမျိုးတွေ့ ရရင်တော့
ဒါဟာ ctystal effect ပါပဲ ….အောက်ကပုံကြည့်ပါ .... အပေါ်က သစ်ပင်ရဲ့ အရိပ်ဟာ မှန်မှာပေါ်နေသလို
ပဲမြင်နေရတာ ...ဒါဟာ ... ctystal effect ကြောင့်ပေါ့

နောက်တစ်စီကြည့်ပါအုံး

crystal effect တွေကို CMYK အုပ်စု ရောင်တွေမှာ အသုံးများပါတယ် ...ပိုပြီးပေါ်လွင်စေလို့ ပါ ... သူက ဆေးသေ RGB နဲ့ ဆို သိမ့်မပေါ်ဘူးလေ .... အများအားဖြင့် အနက်ရောင်မှာ crystal effect ကို သုံးခြင်းဖြင့် အတောက်ပဆုံး ဆေးရောင်ကို တွေ့ ရပါလိမ့်မယ် ....

crystal effect လည်း အမျိုးမျိုးရှိပါတယ် ကျနော် ဓာတ်ပုံရှာလို့ မရတော့လို့  ဒီလောက်ပဲဖော်ပြလိုက်ပါတယ်

crystal effect ရဲ့ အဓိကအာသာချက်ကတော့ ဆေးရောင်ကို ကြာရှည်စွာခံနိုင်ရှည်ရှိပြီ ကားရေ ဆေးခြင်းကြောင့်ဖြစ်တက်သော ရောင်ကျခြင်းမှ ကွာကွယ်ပေးပါတယ် ....

အားလုံးပဲ colour effect အကြောင်းကို ကျနော် ပြည့်ပြည့်စုံစုံမဟုတ်ပင်မဲ့ ဒီလောက်ဆို နည်းနည်းတော့
နားလည်လိမ့်မယ်လို့ မျှော်လင့်ရပါတယ် .....


မောင်ဘုန်း


Tuesday, August 30, 2011

Sand Track D5U

အကို တစ်ယောက်က c box မှာ မေးထားတာတွေ့ လို့  ဒီ post လေးရေးဖြစ်တာပါ ....
Sand track D5U ဆိုတာ colour ကုတ်မဟုတ်ပါဘူး … colour effect ကိုပြောတာ ပါ ..။
Colour effect ဆိုတာ ဆေးရောင်ကို တောက်ပစေပြီး ကြာရှည်ခံစေပါတယ် ….

အခြေခံ colour effect နှစ်မျိုးပဲရှိပါတယ် … rainbow effect နဲ့  crystal effect ဆိုပြီး နှစ်မျိုးပဲရှိပါတယ်
ဒါပင်မဲ့ မတူညီတဲ့ ကားထုတ်တဲ့ ကုမ္မဏီတွေက သူဘာသာ ဆေးစပ်ပြီး effect ထည့်ကာ သူဘာသာပဲနာမည်ပေးလေ့ရှိပါတယ် …

အကို မေးတဲ့ sand track  D5U ဆိုတာ ctystal effect အမျိုးစားမှာ ပါတဲ့ effect တစ်မျိုးပါ …
လွဲနေမလာတော့မသိဘူး … ကျနော် သိတဲ့ D5U ကတော့ KIA ကထုတ်တဲ့ effect ပါ …
ဒီနှစ်မှ ထုတ်တဲ့ effect ပေါ့ … ကျနော် တောင်တစ်ခါပဲမြင်ဘူးတာပါ …. Crystal effect ဖြစ်တဲ့ အတွက် ဆေးရောင်ကို ကြာရှည်ခံပါတယ် ….

ကျနော် ရောက်နေတဲ့ မလေးမှတောင် ဒီလို ကားမျိုးရှားပါတယ် ... ကျနော် မြင်ဘူးတဲ့ KIA Sand Track D5U ကို ဒီမှာတော့ ဆေးဘော်ဒီ အာမခံ ၆ နှစ်ပေးတယ်လို့ သိရပါတယ် ...
KIA ကထုတ်တဲ့ တစ်ခြား effect တွေရှိပါသေတယ် ... အောက်က ပုံတွေကြည့်ပါနော် ...

ဒါကတော့ Sand Track D5U ပါ ..... 



ဒါကတော့ signal red BEG ပါ ...



ကျနော် သိတာတော့ အကုန်ပါပဲ ဒီကားတွေဟာ 2011 model ဖြစ်လို့  သေချာ မပြောပြနိုင်တာတော့ သီးခံပါနော် ....


ဓာတ်ပုံကို google မှ ကူးယူဖော်ပြပါသည်

မောင်ဘုန်း

ကားအရောင် ရွေးချယ်ခြင်း

ကျနော် blog မှာ ကားဆေးမှုတ်တဲ့ ပညာ နဲ့  ကားဆေးအရောင်တွေ အကြောင်း ကို ကျနော် သိသလောက်လေး ရေးပြပေးပါမယ် …။


ရေးရတဲ့ ကြောင်းကတော့ google မှာ မြန်မာလိုရေးတဲ့ ကား အကြောင်းနည်းနေတာလည်းတွေ့ ရလို့ 
မြန်မာ blog များကြောင်းရာစုံအောင် ဖြည့်ဆည်းတဲ့ အနေနဲ့ ရေးချင်တာရယ် …
တခြားအကြောင်းလည်း ဘာမှမရေးတက်တာရယ် …. ကြောင့် ပါ …

ကျနော် စာမရေးတက်တဲ့အတွက် စိတ်ဝင်စားလို့ မရှင်းတာများရှိရင် ကျနော် အားပြန်မေးခဲ့ပါနော်

ကဲ စမယ်ဗျာ …..

တန်ဖိုးကြီးတဲ့ ကားတစ်စီး ကိုဝယ်ပြီး အင်ဂျင်ကောင်းပါရဲ့ နဲ့  ဆေးအရောင်းက ကိုယ့်လက်ထဲရောက်မှ ခဏလေး ပျက်စီးသွားတက်ပါတယ် …. ဒါဟာ ကားဝယ်စဉ်က ကားဆေးအရောင်းအကြောင်းကို သေသေချာချာ မသိခဲ့လို့ ပါပဲ ….
သာမန်ကားတစ်စီးရဲ့ ဆေးရောင်ဟာ စက်ရုံက ထုတ်ပြီး အသုံးပြုသူ လက်ထဲမှာ ၅ နှစ်ကျော် အရောင်တောက်နေဆဲပါ ….
ဆိုလိုတာကတော့ အော်(origin) ဆေးဟာ ၅နှစ်ခံတယ်ပေါ့ဗျာ …. ဒါပင်မဲ့ ဆေးအရောင်းတိုင်း ၅ နှစ် မခံပါဘူး
တချို့ အရောင်ဆို တစ်နှစ်လောက်ပဲ ခံ ပြီး အရောင်ကျသွားတက်ပါတယ် …… ဒါဆိုရင် …ဘယ်အရောင်တွေက ကြာကြာခံပြီး ဘယ်ရောင်တွေက ပျက်စီးလွယ်တက်လည်းဆိုတာ ကျနော် ဆက်ရေးမယ်နော် …

များပြားလှတဲ့ ကားဆေးအရောင်တွေကို ကျနော် ပြောတဲ့နေရာမှာ အဓိက အရောင်အုပ်စု နှစ်ခုကို ပြောပြမှာ ဖြစ်ပါတယ် … အလုပ်မှာ သုံးတဲ့ အရောင်ကုတ် တွေကို ပြောရင်လည်း စာဖတ်သူ နာလည်မို့ ခက်နေမှာဆိုးလို့ 
အဓိက အရောင်အုပ်စု နှစ်ခုကိုပဲ ကျနော် ရေးသားသွာပါမယ် ….။

ခြေခံအရောင် နှစ်မျိုးရှိတာတော့ အားလုံးသိမှာပါနော် … RGB လို့ ခေါ်တဲ့ အဖြူရောင်ကို အခြေခံ တဲ့ အရောင်နဲ့  CMYK လို့ ခေါ်တဲ့ အနက်ရောင်ကို ခြေခံတဲ့ အရောင်ဆိုပြီ နှစ်ရောင်ရှိပါတယ် …..

RGB အရောင်အုပ်စုတွေဟာ ခြေခံ အဖြူရောင်ဖြစ်တဲ့ အတွက် အပူ ၊ အအေး ဒဏ်ကို ခံနိုင်ရည် ရှိပြီ ဆေးအရောင် ကြာရှည် ခံတက်ပြီ CMYK ရောင်အုပ်စုတွေကတော့ အပူစုတ်ယူမှု့ များတာကြောင့် အရောင်ကျလွယ်ပါတယ် …။

နောက်ပြီ ကားဆေးမှုတ်တဲ့နေရာမျာလည်း RGB ကို အရောင်သေ လို့ ခေါ်ဆိုပြီ CMYK ကိုတော့ အရောင်ရှင် အဖြစ် သတ်မှတ်ထားပါတယ် … ဆိုလိုတာက RGB အရောင်အုပ်စုတွေဟာ အရောင်သေ ဖြစ်တဲ့ အတွက် အလွယ်တကူ ဆေးပြန်မှုတ်လို့ မရပါ ဥပမာ .. RGB အုပ်စုဖြစ်တဲ့ အနီရောင်ကားကို ဆေးမှုတ်ပြီ တစ်နှစ်အတွင်း မည်သည့်ရောင်မှ ပြောင်းလှဲ ပြန်မှုတ်လို့ မရပါဘူး (ရအောင်မှုတ်တယ်ဆိုရင်လည်း မလုပ်သင့်တဲ့အရာပါ ) … ဆေးသေဖြစ်တဲ့အတွက် အရောင်မအုပ်  လို့ ပါ ..။ CMYK အုပ်စုကတော့ အရောင်ရှင် ဖြစ်တဲ့အတွက် အလွယ်တစ်ကူ ဆေးမှုတ်ပြီး လပိုင်းအတွင်းမှာပင် ပြန်ပြီးဆေးရောင်ပြောင်းလို့ ရပါတယ် …။

RGB အရောင်အုပ်စု

RGB ဆိုတာအားလုံးသိတဲ့အတိုင်းပါပဲ အနီရယ် အစိမ်းရယ် အပြာရယ် ကို ပေါင်းစပ်ရင် အဖြူရောင်ရလာပါတယ် …. အေ၇ာင် တန်ဖိုး မြင့်လေ အဖြူရောင်နှင့် နီးလေပေါ့ …
RGB အုပ်စုတွေထဲမှာ မှ အဖြူရောင် နှင့် ငွေမှင် ရောင် ဟာ ကားတစ်စီးဆေးရောင်ကို ပိုမိုကြာရည်ခံနိုင်တဲ့ စွမ်းရည်ရှိပါတယ် … ( ငွေမှင်ရောင်ဆိုတာ RGB အုပ်စုပါ RG တန်ဖိုးကို အမြင့်ဆုံထားပြီ B တန်ဖိုး အနည်းငယ်လျော့လိုက်ရင် ငွေမှင်ရောင် ရလာပါတယ် )
တိုယိုတာက ထုတ်တဲ့ ငွေမှင်ရောင် ကားတွေကို ၆နှစ်ထိအာမခံပေးထားတယ်နော် ….
သူငယ်ချင်းတို့ က RGB အုပ်စုထဲက မိမိကြိုက်တဲ့ ကားအရောင်ကို ဝယ်မယ်ဆိုရင် စဉ်းစားစရာ တစ်ရောင်ပဲရှိပါတယ် ….
အနီရောင်ပါ ….. ကားတွေထဲမျာ အနီရောင်ဟာ RGB အုပ်စုထဲပါလို့  အရောင်ကြာရှည်ခံပါတယ် …. ဒါပင်မဲ့
ကိုယ်က နှစ်ရှည်လမျာသုံးစွဲမယ်ဆိုရင် ၅နှစ်ကြာ ရောင်ကျသွာလို့ ဆေးပြန်မှုတ်မယ်ဆိုရင်ရင် ….
အနီရောင် ဟာ တခြားရောင်ပြောင်းလှဲ မို့  မကောင်းတဲ့ အရောင်ပါ …
အနီရောင်ကားတစ်စီးဝယ်ပြီးသွားရင်တော့ နောက်ထပ်ဆေးပြန်မှုတ်ရင် အရောင်မပြောင်းပဲ အနီရောင်ပဲပြန် မှုတ်သင့်ပါတယ် …. ဘာကြောင့်လည်းဆို၇င် … အနီရောင်ဟာ ဆေးပြန်မှုတ်ရင် RGB အုပ်စုမှ အရောင်တွေကို လုံးဝ လက်မခံပဲ အရောင် မအုပ်တဲ့ အစွမ်းသတ္တိ ရှိလို့ ပါ …. ( အရောင်အုပ်အောင် မှုတ်မယ်လို့ ဆို၇င်လည်းရပါတယ် ဒါပင်မဲ့ တစ်နှစ်တောင်ခံမှာမဟုတ်ပဲ ကားတစ်စီးလုံး ဆေးရောင်ပျယ် တယ်ဆိုတဲ့ အဆင့်ကိုရောက်သွားပါလိမ့်မယ် … ဆေးရောင်ပျယ်ခြင်း ကို ဆက်လက်ရေးတဲ့အခါမှ ပဲ အသေးစိတ်ရှင်းပြပါမယ် )

ကျနော် အထက်မှာရေးခဲ့ပြီပြီနော် … RGB ဆိုတဲ့ အရောင်တန်ဖိုး မြင့်လေ အဖြူရောင်နှင့်နီးလေပဲနော် …ဒါဆိုရင် အနီရောင် အ၇င့် နှင့် အနီရောင် အနု ဆို၇င် … RGB အုပ်စုတွေထဲကမှ အနီရောင် အနုဟာ ရည်ရှည်အသုံးပြုမဲ့ ကားဆိုရင် ရွေးချယ်မို့ စဉ်းစားရမဲ့ အရောင်တစ်ခုပါ ….

CMYK အရောင်အုပ်စု

သူငယ်ချင်းတို့ က ကားတစ်စီးပြီးတစ်စီး ထပ်လှဲစီးနိုင်တဲ့ သူဆိုရင်တော့ အရမ်းကောင်းတဲ့အရောင်ပါ ..
ဘာဖြစ်လဲနော် … ကားတစ်စီးကို တစ်နှစ်လောက် စီးပြီး အရောင်ကျသွားရင် နောက်တစ်စီးပေါ့ ….:D
ဥပမာ … အနက်ရောင် ဆိုရင် သာမာန်ရောင်တွေထက် အများကြီး ပိုတောက်ပပြီး ရောင်ထွက်စေပါတယ်
CMYK အရောင်တွေထဲမှာမှ အဝါရောင်အုပ်စုဟာ CMYK အုပ်စုတွေထဲမှာ ဆေးရောင်ပိုကြာရှည်ခံပါတယ် ဥပမာ အဝါရောင် တန်ဖိုး အသင့်တင့်နဲ့ ရောစပ်ထာတဲ့ ရွှေအိုရောင် ဆိုရင်  RGB ရောင်တွေလောက်ကို
ကြာရှည်ခံပါတယ် …. အောက်က ပုံကို ကြည့်ပါ ….





ဒီအရောင်ဟာ CMYK အုပ်စု ထဲမှ အဝါရောင်ကို ခြေခံ ပြီ Modifies လုပ်ထားတဲ့အရောင်ပါ … (မဟုတ်ပါဘူးမောင်ဘုန်းရယ် သေချာကြည့်ပါအုံး အနီရောင်ကို ခြေခံထားတာဆို ခက်ပြီနော် ...ကျနော် လည်း ကားဆေးရောင်းတွေ အကြောင်းမသိခင်က ဒီအရောင်ဟာ အနီရောင်ကို ခြေခံတယ်လို့ ထင်ပါမိပါတယ်) 

မြန်မာလိုဆို ရွှေအိုရောင် လို့ ခေါ်မလာ ..ပေါ့နော် … လွဲနေမလားမသိ … ဒီလို modifies ရောင်တွေကို မြန်မာလိုခေါ်ရတာ နည်းငယ်ခက်လို့ ပါ ….

နောက်ပြီ CMYK ရဲ့ ကောင်းမွန်တဲ့ အချက်က Colour Effect  ကို ရာနှုန်းပြည့် တောက်ပ စေပါတယ်
Colour Effect ဆိုတာ အဝေးကကြည့်ရင်အရောင်တစ်မျိုး အနီးကပ် ကြည့်ရင် ရောင်တစ်မျိုး ဖြစ်စေတာကို ပြောတာပါ … ( Colour Effect အကြောင်း ရေးတော့မှပဲ သေချာ ရှင်းပြပါမယ် )
အပေါ်ကပုံနဲ့ အခု အောက်က ပုံနဲ့ ကို ကြည့်ရင် အရောင်မတူဘူးလို့ ထင်ရပါလိမ့်မယ် …. တစ်ကယ်တော့ တူတူပါပဲ … Colour Effect ကြောင့် သာ လွဲနေတယ်လို့ ထင်ရတာပါ …




အားလုံးပဲ ဒီလောက်ဆို ကိုယ်ဝယ်မဲ့ကားကို အရောင်ရွေးမို့ အတွက် နည်းနည်းတော့ အဆင်ပြေသွားမယ်လို့ မျော်လင့်ရပါတယ် ….
ကျနော် ရေးခဲ့ မရှင်းရင် ပြန်မေးလို့ ရပါတယ် … c box မှာ ဖြစ်ဖြစ် comment မှာဖြစ် ရေးခဲ့လို့ ရပါတယ်နော် ….

မောင်ဘုန်း



Monday, August 29, 2011

blog day အမှတ်တရ (တဂ်)





အားလုံးပဲ မင်္ဂလာညချမ်းလေးပါဗျာ …. ဒီနေ့ တော့ စာရေး ချင်တာ ဆပ်ဆပ်လူးနေတဲ့ ကျနော် blog day အမှတ်တရ post လေးရေးမိပါတော့ တယ် …. ။
သြဂုတ်လ ၃၁ ရက်နေ့ ဟာ  bloger များနေ့ လို့  ဦးလေးပြောပြဘူးပါတယ်  …. ဒီနေ့ အတွက်
သူများတွေ တဂ် post ရေးတာတွေ့ တော့ ကျနော် လည်းရေးချင်နေတာကြာပါပြီ … ငိုချင်ရဲ့ လက်တို့  ဆိုသလို bloger အပျိုကြီးမမ သမီးစံ တဂ် ပေးတော့ မောင်ဘုန်း blog မှာ post တစ်ခုတင်နိုင်တော့မယ် ဆိုပြီး ပျော်လိုက်၇တဲ့ အတွက် ဒီ ဝါကျွတ်မှာ အပျိုကြီးမမ သမီးစံ လည်း တခါတည်း ကျွတ်ပါစေလို့  ဆုတောင်းမိပါတယ် … ( အပျိုကြီး ဘဝ ပြောတာနော် ) …. :D … ။

ကဲ … ရေးပြီနော် ….

နာမည်က ဘုန်းလတ်  ဇာတိက ရန်ကုန် တစ်ရပ်ကွက်လုံးတော့ မောင်ဘုန်း ဆို အားလုံးသိ ….နာမည် ကြီးတယ်လေ …. ကြီးဆို ငယ်ငယ်ရွယ်ရွယ်နဲ့  ဘာသာရေးလိုက်စား တက်လို့  အားလုံးသိကြတာပေါ့ …
အယ် … မောင်ဘုန်းက လည်း  ဘယ်ဘာသာရေးပွဲမှ အလွတ်မပေးဘူးလေ မဖိတ်လည်း လိုက်စားတက်တာကို .. ပြန်ရင် ပါဆယ်လေးပါ ထုပ်တက်တယ်လေ ….. ဒါကြောင့်လည်း ဘာသာရေးလိုက်စားတယ်လို့  ပြောကြတာပေါ့ …. ။
အစ်မ ကတော့ ပြောဘူးပါတယ် အရှက် မရှိဘူးတဲ့ …. ကျနော် ကိုအရမ်းချစ်တဲ့ အမေကတော့ ငါ့သားက အရှက်မရှိဆို …. မွေးတုန်းက ချက်ကြိုးနဲ့  ရှက်ကြိုး မှာဖြတ်လိုက် လို့ ပါတဲ့ …
အယ် …. တဂ် post ရေးပါတယ်ဆို …ဘာတွေ ရေးနေမိပါလိမ့် …. ရှက်လိုက်တာ …. အဟီး …. ။

ကဲ ..ပြန်ရေးမယ် ....

ကျနော် ကောင်းကင်ဖြူဆိုတဲ့ blog လေးကို လုပ်ဖြစ်တာ ၁၀ လကျော်ရှိလာပါပြီ …တစ်ရက်ကိုonline သုံးတဲ့ အချိန် ၂နာရီလောက်ပဲ အချိန်ရတဲ့ ကျနော်ဟာ … ..အရင်က blog ရေးမယ်လို့ အစီစဉ်မရှိခဲ့ပါဘူး ….. blog တော်တော် များများကို ဝင်ပြီး စာတွေဖတ်ပါတယ် … c box မှာစာရေးခဲ့တာတို့ commemts ရေးတာတို့  မလုပ်ခဲ့ပါဘူး … ကောင်းကင်ဖြူနဲ့  ချစ်သူဖြစ်ပြီတဲ့နောက်ပိုင်းမှာ ချစ်သူက ကျနော် ထက် စာပိုဖတ်တာသိရတော့ ကျနော် ချက်ချင်းကြီးကို စာရေးချင်တဲ့ စိတ်တွေ ဝင်လာပါတော့တယ် … ဒါနဲ့ ပဲ … blog လေးတစ်ခုလုပ်မယ်လို့  စီစဉ်ခဲ့ပြီး … bloger ကို ထာဝယ်နေမျိုးကို blog လုပ်နည်းသင်ပေးပါလို့ တောင်းဆိုခဲ့ပါခဲ့ပါတယ် …. ကိုနေမျိုးရဲ့ လမ်းညွှန်မှု့ ကြောင့် ကျနော် ကောင်းကင်ဖြူဆိုတဲ့ blog လေးဖြစ်ခဲ့ပါတယ် ….. ဒါပင်မဲ့ စိတ်တိုင်းမကျဘူးဗျာ …. ကျနော် လိုချင်တဲ့ template ပုံစံ မရဘူးလေး ….. ဒီလိုနဲ့ ပဲ အလုပ်အားတဲ့ အချိန်တိုင်းမှာ blog ကိုပြင်နေတာနဲ့  အချိန်ကြာသွားခဲ့ပါတယ် နောက်တော့ ကျနော် ဦးလေးက အခု template ကို ရှာပေးလို့ ကောင်းကင်ဖြူဆိုတဲ့ blog လေးဖြစ်လာခဲ့ပြီ  ကောင်းကင်ဖြူကို ချစ်သူဖြစ်တဲ့ ၂လပြည့် လက်ဆောင်အဖြစ် ပေးနိုင်ခဲ့ပါတယ် ….။

Blog လေးပြီးသွားတော့ ကျနော် အတွက် ပိုပြီးအခက်တွေ့ ပါတော့တယ် …. စားမရေနိုင်ခဲ့ဘူးလေ ...  ရေးလည်းမရေးတက်ဘူးလေ အခုချိန်ထိ ကျနော် blog လေးကို လာလည်တဲ့  အကိုတွေ အစ်မတွေကို အားနာမိပါတယ် ….။

အခုတော့ ကျနော် စာရေချင်တဲ့စိတ်တွေ နေ့ တိုင်းလိုလိုရှိနေပါပြီ …. ရေးလည်းရေးဖြစ်ပါတယ် …. ဒီလိုဖြစ်လာအောင်အားပေးတဲ့ ကျတဲ့ bloger တွေကတော့ ……. ဘုန်းဘုန်း (ချယ်ရီမြေ) ကိုငွေလမင်း  သမီးစံ အကိုကြီး ကိုရင်သာပျော့ (မဒမ်းကိုး)အစ်မ သဒ္ဒါလှိုင်း ကဗျာ ဆရာ လင်းခေတ်ဒီနို ၊ နောက်ပြီ အရင်ကတည်းက ဘာမှမရှိတဲ့ ကျနော် blog လေးကို ခဏခဏ လာလည်တဲ့ အစ်မ Jasmine(တောင်ကြီး ) အစ်မ ရွှေစင်ဦး အစ်မ နှင်း (နှင်းနဲ့ မာယာ ) နှင့် ကိုထွဋ် …. တို့ ကို ကျနော် မောင်ဘုန်း နှင့် ကောင်းကင်ဖြူ တို့ က ထာဝရ ကျေးဇူးတင်ရပါတယ် …။

ကျနော် ရဲ့ blog လေးကို လာလည်တဲ့ သူတွေအတွက် အကြိုးရှိမဲ့ စာတွေ မရေးတက်ပင်မဲ့ ….. နောက်ပိုင်းမှာ ကျနော် ကျွမ်းကျင်တဲ့ ကားဆေးမှုတ်တဲ့  ပညာအကြောင်း ၊ ကား modifies လုပ်တဲ့ ကြောင်းတွေ ရေးမို့  အစီစဉ်ရှိပါတယ် … ကိုယ်ပိုင်ကားရှိတဲ့ အကိုတွေ အစ်မ တွေအတွက် နည်းနည်းတော့ ကြိုးရှိမယ် ထင်လို့ ပါ..။

ကားရောင်ရွေးချယ်ခြင်း ဆိုတဲ့ post လေးကို စတင်ရေးသာနေပါတယ် အခု အလုပ်ပိတ်ရက်မှာ တင်ဖြစ်အောင်ကြိုးစားသွားပါမယ် ….။

စာမရေးတက်တဲ့ ကျနော် ကို အားပေးတာတွေ့ ရတော့ ကျနော် အရမ်းကိုပျော်ရပါတယ် blog လေး သက်တမ်း ၉လကျော် မှ comment ၃ ခုလို့  အ၇မ်းပျော်နေမိတယ်လေ …. အစ်မ Jasmine က သွေးစွန်းခဲ့သောလက် တစ်ဖက် post မှာ comments ရေးခဲ့တယ်လို့  ပြောပါတယ် … ကျနော် လည်းဘာမှမလုပ်ပါဘူး  ကျနော် blog မှာ တစ်ခုခုများလွဲနေတယ်ထင်လို့ လိုက်ရှာနေတုံးပါပဲ ကျနော် အတွက် comments တစ်ခု အားဆေးတစ်ခွက်လို တန်ဖိုးထားပါတယ် ….။

ကျနော် ရေးခဲ့သမျှ post တွေထဲမှာတော့ သွေးစွန်းခဲ့သောလက်တစ်ဖက် ဆိုတဲ့ post လေးကြိုက်နှစ်သက်ပါတယ် ….. blog အတွက် post အသစ်ရေးမယ်လို့ တွေးနေရင်နဲ့  ခြင် ကိုက်ခံရတဲ့ ကျနော် အဖြစ်ကို တွေးကြည့်ရင်းနဲ့  အဲ့ဒီ post ကို ရေးဖြစ်တာပါ ….။

ကဲ ကျနော် လည်းဘာဆက်ရေးရမှန်မသိတော့ဘူး …. ဒါကြောင့်မို့ ပြောတာပေါ့ ရေးချင်တာလည်း ဆပ်ဆပ်ကိုလူး ဆွေ့ ဆွေ့ ခုန်နေတာပဲ ဒီစာလေးရေတာ တစ်နာရီကျော် ကြာတဲ့ ကျနော် ရဲ့ စာရေးခြင်းတက်ပညာကို သီးခံပြီး အားပေးတဲ့ သူငယ်ချင်း မိတ်ဆွေ အကို အစ်မ တို့ ကို မောင်ဘုန်းက ဒီ post လေးနှင့် ကျေးဇူးတင်လိုက်ရပါတယ် ………။


မောင်ဘုန်း

Wednesday, August 24, 2011

ချစ်သူပေးတဲ့ အလင်းရောင်


လူဆိုမှားတက်တယ်တဲ့ …
ကျနော် မှားခဲ့မိပါတယ် …. 
ဘဝဆိုတဲ့ အမှားတွေးကို သင်ခန်းစာယူပါတဲ့
ကျနော် ဒူးထောက်ပြီး တစ်ဘဝ စာယူလိုက်ပါပြီ

သြော် …. တန်ဖိုးထားတယ်ဆိုတာ
ဘူးထဲထည့်ပြီ လှလှပပ သိမ်းထားမို့ မဟုတ် မှန် ကျနော် သိခဲ့ရပြီလေ

လူဆိုတာ မျှော်လင့်ချက်တွေနဲ့  ရှင်သန်နေရတယ်ဆို
မမှားလောက်ပါဘူး ကျနော် လည်း လူတစ်ယောက်ဖြစ်နေလို့ ပါ
မနက်ဖြန်တိုင်းမှာ သတိရတဲ့စိတ်တွေကို ဖော်ပြုရင်း ….
ကုန်ဆုံးစေတယ်လေ …

တစ်ရက်ကုန်သွားတိုင်း အိပ့်မက် တစ်ခု မက်မိတယ် …
ကျနော် စိတ်ကူးယဉ် နေတာများလားလို့ 
ခဏခဏမေးလည်း သေချာတဲ့ အဖြေတစ်ခုအမြဲရခဲ့ပါတယ်
 အဖြေကတော့ …. ဘယ်တော့မှ နောင်တ မရဘူတဲ့

တစ်ခါတလေ ကိုယ့်ခံစားချက်တောင် ကိုယ် နားမလည်ခဲ့ဘူးလေ
ကျနော် နားလည်ပါတယ် ….
လူတစ်ယောက်ပြောတဲ့ စကားလုံးတိုင်း ဟာ
ကိုယ်ပိုင်ခံစားချက်ပါလို့  ဘယ်သူထင်မိမှာလည်း …..

ဒါပင်မဲ့ ကျနော် ပြောခဲ့တဲ့ စကားလုံးတွေ
ပျောက်ခဲ့ရပါပြီ ….. ကျနော် မှားခဲ့တဲ့ အမှားပေါ့
နာလည်ပေးမှု့ ဆိုတဲ့ အလင်းရောင်လေးသာ မရှိခဲ့ရင်
ကျနော် အတွက်တော့ မတွေးဝံ့ စရာပါ ……….

ကျနော် ဝန်ခံပါရစေ …
ဒီနေ့ ဟာ ..ကျနော် အ၇မ်း ချစ်တဲ့ ကောင်းကင်ဖြူရဲ့ မွေးနေ့ 
ကျနော်တို့  ချစ်ခြင်းတွေ ၈ လပြည့်တဲ့ နေ့ 
ကျနော် မေ့နေခဲ့ပါတယ် …
သတိရတဲ့ အချိန်မှာ အရာအားလုံး နောက်ကျခဲ့ပါပြီ ….
ချစ်သူက ပေးတဲ့ နာလည်ပေးမှု့ ဆိုတဲ့ အလင်ရောင်လေနဲ့ 
ကျနော် မျှော်လင့်ချက်တွေ အိပ့်မက်တွေ ကို ဆက်လက်၇ှင်သန်ခွင့်ရတော့တယ်လေ ………


မောင်ဘုန်း

Wednesday, August 17, 2011

မုန်း၍မဟူ

မင်္ဂလာညချမ်းပါ သူငယ်ချင်းတို့ ရေ ….. မုန်း၍မဟူ ….. ခေါင်းစဉ်လေးတက်ပြီ ပြောပြချင်တဲ့ အကြောင်းရာလေးတော့ စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေး ရဲ့ မုန်း၍မဟူ ဆို တဲ့ စာအုပ်လေးအကြောင်း ပြောပြချင်လို့ ပါ … သိပြီးသာသူငယ်ချင်းတွေကို တောင်းပန်ပါတယ် … ဒီ စာအုပ်ကို မဖတ်ဘူးတဲ့ သူငယ်ချင်းတွေ အတွက် ရည်ရွယ်ပြီး ဒီ post လေးကိုရေးဖြစ်တာပါ ….








မောင်ဘုန်း နှင့်  မုန်း၍မဟူ …..

 မောင်ဘုန်း ဆရာမကြီး ဂျာနယ်ကျော် မမလေးရေး တဲ့ ဝတ္တု အားလုံးလိုလို ကြိုက် နှစ်သက်မိပါတယ် ဆရာမကြီ ရေးတဲ့ ဝတ္တုတွေထဲက ဒီ မုန်း၍မဟူ နဲ့  သည်မိုး ဆိုတဲ့ ဝတ္တု နှစ်အုပ်ကို အကြိုက်ဆုံးပါ .... ။
 မုန်း၍မဟူ ဝတ္တုမှာ ယခုခေတ် နှင့် ဆိုရင် နှစ်ပေါင်း ၅၆ နှစ် ရှိခဲ့ပါပြီ မောင်ဘုန်းတို့ လူငယ်တွေ ရှေ့ ခေတ် ဝတ္တု များကို ဖတ်ရာတွင် စကားလုံး အသုံး နှုန်းများ တောက်နေသောကြောင့် ဖတ်ရာတွင် စိတ်တိုင်းမကြ ဖြစ်တက်ပါတယ် … သို့ သော် မုန်၍မဟူ ဝတ္တု တွင် ရေးသားထား စကားလုံးများမှာ ယနေ့ ခေတ် ဝတ္တု စာအုပ်တစ် အုပ်ဖတ်နေရ သလိုပင် စကားလုံး ရိုးရှင်း လှပါတယ် …
 မောင်ဘုန်း ဒီစာအုပ်လေးကို ၅ ကြိမ်တိတိ ဖတ်ပြီးပါပြီ …. ဖတ်မိတိုင်း အသိ တစ်ခုရပါတယ် … အထူးသဖြင့် ဘဝတစ်ကို တည်ဆောက်မဲ့ သူတိုင်း ဒီစာအုပ်လေးဖတ်သင့်ပါတယ် … မောင်ဘုန်းတို့  လူငယ်တွေ အချစ်နဲ့ တွေ့ ရင် ချစ်ဆိုတာဘာလည်းလို့  မေးတက်ကြပါတယ် … ကိုယ်ထင်သလို ဘာသာပြန်တက်ကြပါ သေချာ တိကျတဲ့ အဖြေတော့မရပါဘူး …. အချစ်ဆိုတာ … လူတစ်ယောက်ရဲ့ ဘဝ ကို တိုးတက်ပြောင်းလဲ စေသလို့ 

အချစ်ကြောင့် အဆိပ့်သင့်လို့ ဘဝ ဆုံးတဲ့သူတွေလဲရှိကြပါတယ် … လို့ ပြောရင်တော့ အာလုံး လက်ခံ ကြမှာပါ ... ။

ဒီ စာအုပ်လေးထဲက ဇာတ်လမ်းလေးဟာ အချစ်ကြောင့် အဆိပ့်သင့် ရတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အကြောင်းကို အဓိက ထားရေးထားတာတွေ့ ရလို့  ချစ်တက်သော မောင်ဘုန်းရဲ့ သူငယ်ချင်းများ အချစ်အဆိပ့် သင့် ခြင်း မှ ကင်းဝေးအောင် ဒီ စာအုပ်လေးကို တစ်ခေါက်လောက်တော့ အချိန်ပေးပြီး ဖတ်ပေးပါလို့  တိုက်တွန်းပါတယ် …



မုန်း၍မဟူ ဇတ်လမ်း အကျဉ်း

မုန်း၍မဟူ ဝတ္တု ဇတ်လမ်းလေးမှာ ရိုးရိုးလေးပင်ဖြစ်ပါတယ် …နောက်ခံအကြောင်းမှာ ဗြိတိသျှ အုပ်စိုးစဉ် ကာလက ဘိလပ် ယဉ်ကျေးမှု ကို အလွန်အထင်ကြီးပြီ ဘိလပ်သား လိုတွေးခေါ်နေထိုင်သူ ခင်ပွန်းနှင့် မြန်မာ ယဉ်ကျေးမှုကိုစံ ထာလိုက်နာသော မိသားစုမှ ပေါက်ဖွားလာသည့် ဇနီးသည် တို့ ၏ ယဉ်ကျေးမှု ဝိရောဓိ ကိုဖော်ပြထားပြီ …. မတ္တာ လွန်ကဲမှု သို့ မဟုတ် အချစ် လွန်ကဲ ခြင်းကြောင့် မွန်းကျပ်သော ဘဝ သို့ ရောက်သွားရသော ဇတ်ကောင်တစ်ဦး၏ အဖြစ်ကို ရင်နင့်ဖွယ် ရေးဖွဲ့ ထာပါတယ် …စာအုပ် မျက်နှာ ဖုံးတွင်ဖော်ပြ ထားသော ဖန်ပေါင်းချောင် ကလပ်အတွင်းမှ နှင်းဆီပွင့် တစ်ပွင့် ရဲ့ ပုံဟာ ဒီစာအုပ်လေး ဖတ်ပြီသေချာကြည့်ရင် အသက်ဝင် လှ ပါတယ် ….



မုန်း၍မဟူ သမိုင်း


မုန်း၍မဟူ ဝတ္တု လေးဟာ မြန်မာ စာပေသမိုင်းမှာ ထူးခြား တဲ့ မှတ်တမ်းများရှိလို့  မောင်ဘုန်း သိသလောက်လေး မုန်း၍မဟူ သမိုင်းလေးကို ဖော်ပြပေးပါမယ် ….

မူရင်း မုန်း၍မဟူ ဝတ္တု ကို ၁၉၅၅ မေလထုတ် ရူမဝ မဂ္ဂဇင်း တွင် ဝတ္တု ရှည် အစ အဆုံး ဖော် ပြခဲ့ပါတယ် ။

ဆရာမကြီး မှာ ရေးရင်းနဲ့  လက်တွေ့ လှသဖြင့် မုန်း၍မဟူ ဇာတ်သိမ်း အဖြစ် ဇွန်လထုတ် တွင်း ဆက်လက်ရေးသားခဲ့ပါတယ် ။ သို့ သော် မုန်း၍မဟူ မှာ ဇာတ်မသိမ်း နိုင်ခဲ့ပါ ။ အကြောင်းမှာ ထိုစဉ်က ထုတ်ဝေ သော မဂ္ဂဇင်း အားလုံး အညီအညွတ် ဆုံးဖြတ်ထားသော စာမျက်နှာ ၂၆၀ ထက် ကျော်လွန်၍ မရ သည်ကတစ်ကြောင်း ၊ မဂ္ဂဇင်း ကို လဆန်းတစ်ရက်နေ့ အမှီ ထွက်နိုင်အောင် စီစဉ်ရခြင်းကြောင့် ဇွန်လထုတ်တွင်လည်း မုန်း၍မဟူ မှာ ဇတ်မသိမ်းနိုင်ခဲ့ ပါ …..

ထို့ နောက် ဆရာမကြီးမှာ မုန်း၍မဟူ ကို အချိန်ပေး၍ သေချာ ပြန်ရေး ချင်သောကြောင့် မဂ္ဂဇင်း တွင်း ဆက်လက်မဖော်ပြတော့ပဲ စာဖတ်သူများအား လုံးချင်း ထွက်မှ ဖတ်ပါရန် တောင်းပန်ခဲ့ပါတယ်

နောက်ဆုံးတော့ ရူမဝ မဂ္ဂဇင်း တွင် အခန်းဆက် အဖြစ် နှစ်လတိတိ ဖော်ပြခဲ့ သောအခန်းဆက်ဝတ္တုကို အကျယ်ချဲ့ ကာ မုန်း၍မဟူ လုံးချင်း အဖြစ် ရူမဝ စာအုပ်တိုက် မှပင် ထုတ်ဝေခဲ့ပါတယ် ….။

မုန်း၍မဟူ ဝတ္တု ကို ထုတ်ဝေပြီ တစ်လ အတွင်းမှာ ပင် ဒုတိယ အကြိမ် ထပ်မံ ရိုက်နှိပ် ခဲ့ရပြီ ၊

၁၉၅၅ ခုနှစ်တွင် ထုတ်ဝေသော ဝတ္တုများအနက် အကောင်းဆုံးဖြစ် ရွေးချယ်ကာ စာပေဗိမာန်ဆု ရရှိခဲ့ပါတယ် ။

မုန်၍မဟူ ဝတ္တုကို ၁၉၅၅ မှ စ၍ ယနေ့ အချိန်ထိ စာပေတိုက် အသီးသီးမှ ၁၁ ကြိမ် တိုင် ထုတ်ဝေခဲ့ပြီဖြစ်ပါတယ် ထိုမျှမက ဘာသာ ၅ မျိုးဖြင့် ထုတ်ဝေ ခဲ့သောကြောင့် မြန်မာ စာပေ သမိုင်းတွင် ငါးမည်ရ မုန်း၍မဟူ လို့ နာမည်ကျော်ကြား လူသိများခဲ့ ပါတော့တယ် …..

ဘာသာပြန် ထုတ်ဝေ ခဲ့ သော ဘာသာ ငါးမျိုး အောက်ပါအတိုင်းဖြစ်ပါတယ် …



၁ … တရုတ် ဘာသာပြန် (၁၉၈၅)

၂ … အင်္ဂလိပ်ဘာသာပြန် (၁၉၉၁)

၃….ပြင်သစ်ဘာသာပြန် (၁၉၉၄)

၎…. ရုရှ ဘာသာပြန် (၁၉၇၂)

၅ … ဥဇဘက် ဘာသာပြန် (၁၉၈၁)





၁ … တရုတ်ဘာသာပြန်




 မုန်း၍မဟူ ဝတ္တျကို ဘေဂျင်းတက္ကသိုလ်အရှေ့ တိုင်းဘာသာ ဌာနမှ ၁၉၈၅ စက်တင်ဘာလ တွင် ဘူရှီဟဲန် (Bu shihen) အမည်ဖြင့် ဘာသာပြန်ထုတ်ဝေခဲ့ပါတယ် …ဘာသာပြန် စာရေးသူမှာ ကျီလျှံဖန် (မြန်မာအမည် ဒေါ်သန်းသန်း) နှင့် ယောင်ပင်ယံ (မြန်မာ အမည် ဦးမောင်ရှိန်) တို့ ဖြစ်ကြပါတယ်



အင်္ဂလိပ် ဘာသာပြန်

အမေရိကန် နိုင်ငံ အိုဟိုင်အို တက္ကသိုလ် (Ohio University) ၏ နိုင်ငံတကာ လေ့လာရေး စင်တာ မှ ၁၉၉၁ ခုနှစ်တွင် မုန်း၍မဟူ ဝတ္တု ကို NOT OUT OF HATE အမည်ဖြင့် ဘာသာပြန် ထုတ်ဝေခဲ့ပါတယ် …။

ဘာသာပြန်စာရေးသူမှာ Margaret Aung Thwin ဖြစ်ပြီး အိုဟိုင်အို တက္ကသိုလ် တွဲဖက်ပါမောက္ခ Willam H . Ferederik က တည်းဖြတ်ကာ လန်ဒန် တက္ကသိုလ် ရှေ့ တိုင်းနှင့် အာဖရိက လေ့လာရေး ကျောင်းမှ မြန်မာစာ ဆရာမ Anna Al – lot က အမှာစာရေး၍ ထုတ်ဝေခဲ့ပါတယ် …။

မြန်မာပြည် ပြင်ပ တွင် ပထမဦးဆုံး အကြိမ် အဖြစ် မြန်မာ ဝတ္တုတစ်ပုဒ် ကို အင်္ဂလိပ်ဘာသာ ဖြင့်ပြန်ဆို ထုတ်ဝေ သော စာအုပ်တစ်အဖြစ် မှတ်တမ်း တင်ခဲ့ပါတယ် …။



ပြင်သစ် ဘာသာပြန်



ပြင်သစ်ဘာသာ ပြန်စာအုပ်ကို ၁၉၉၄ ခုနှစ် တွင် ပါမောက္ခ ရွှန်ကလိုဒ် အိုဂျေ (Jean Claude Auge) နှင့် ဒေါက်တာ ဒေါ် ခင်လေးမြင့် တို့ က ဘာသာပြန် ဆိုပြီ ၊ အာရှစာပေ ဌာန ( မြန်မာစာ ) ၏ လာမာတန် ( L . Harmattan ) တိုက်မှ ထုတ်ဝေခဲ့ပါတယ် ..။


ထိုစာအုပ်တွင် ကဗျာ ဆရာ Rudyard Kipling ၏ The Road to Mandalay (1887) ဆိုတဲ့ ကဗျာ စာပိုဒ် ပါဝင်ခဲ့ ပြီး ၊ မြန်မာ ဝတ္တု ကို ပြင်သစ်ဘာသာသို့  ပထမဆုံး ပြန်ဆို ထုတ်ဝေခဲ့ ကြောင်း မှတ်တမ်း တင်ခဲ့ ရပါတယ် ….။

ဒေါက်တာ ဒေါ်ခင်လေးမြင့် ဆိုသည်မှာ ဆရာမကြီး ဂျာနယ်ကျော် မမလေး ၏ သမီး ဖြစ်ပြီး ၊ ပြင်သစ် နိုင်ငံ ဆိုဘွန်း တက္ကသိုလ် မှ ပြင်သစ်စာပေ ဒေါက်တာ ဘွဲ့  ရ၍ ရန်ကုန် ပြင်သစ်သံရုံးတွင် ဖွင့်လှစ်သော A L Allince Francaise ( ယဉ်ကျေးမှု့ ကျောင်း) တွင် ပါမောက္ခ အဖြစ် စာပြလျှက် chevalier des palmes academiques သင်ကြားမှု့ ဆိုင်ရာ အထူးဘွဲ့  ကိုပါ ရရှိသူ ဖြစ်ပါတယ် ……။



ရုရှ ဘာသာပြန်



ရုရှ ဘာသာပြန်စာအုပ်ကို ၁၉၇၂ တွင် ထုတ်ဝေခဲ့ ပြီး ၊ G.P.Popov ကတည်းဖြတ်၍ ဘာသာပြန် စာရေးသူမှာ V.D Mazo ဖြစ်ပါတယ်..။ စာအုပ်ရေ ၃၀,၀၀၀ ထုပ်ဝေခဲ့တယ်လို့  သိ၇ပါတယ် ….



ဥဇဘက် ဘာသာပြန်

ထိုစာအုပ် ကိုတော့ မှတ်တမ်း မတင်ခဲ့ပါ … သို့ သော် ဆရာမကြီး ၏ ၂၈ . ၉ . ၈၁ ရက်စွဲပါ စာပေ ဗိမာန်အုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှုး သို့ ပေးစာတွင် ဥဇဘက်နိုင်ငံက ၄င်း တို့ ဘာသာဖြင့် ဘာသာပြန်အုပ်ရေ ၈၀,၀၀၀ (ရှစ်သောင်း) ထုတ်ဝေ ခဲ့ကြောင်း ဖော်ပြ ပါရှိတယ်လို့  သာ မှတ်တမ်း တင်နိုင်ခဲ့ပါ တယ် ….



ကယ် .. မောင်ဘုန်း မှတ်သားမိသမျှ မုန်း၍မဟူ၏ အမိုင်းကြောင်းတော့ အကုန်ပါပဲ … မုန်း၍မဟူ စာအုပ်မှာ


စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်လို့  မဖတ်ဖြစ်သေးတဲ့ သူငယ်ချင်း များ အချိန်လေးရ မယ်ဆိုရင် တစ်ခေါက်လောက် ဖတ်ကြည့်ပါလို့  တိုက်တွန်းရင် … မောင်ဘုန်း ဒီစာလေးကို အဆုံးသတ်လိုက်ပါပြီ …။။။။။



စာအုပ်ဒေါင်းရန်


ဝန်ခံချက်

ဧကဒသမအကြိမ် ထုတ်ဝေသော မုန်း၍မဟူ ဝတ္တု စာအုပ်၏ အမှာစာ ကို ကိုးကာသည်

ဓာတ်ပုံများကို google မှ ကူယူဖော်ပြထားပါသည်

စာအုပ် link ကို http://www.myanmarebooks.net မှ coppy link လုပ်ထားပါသည်


မောင်ဘုန်း