အတိတ်က
ပန်းချီကား တစ်ချပ်ကို
ပြန်ကြည့်မိတိုင်း
အံ့သြ ရတယ်
သာယာလှပတဲ့
ဒီ ပန်းချီကား ကို
အသက်သွေးတွေနဲ
့ သူတို့  ရေးခဲ့တာ …… တဲ့ … ။
သူတို
့ က ……
ဒီမိုကရေစီ
ဆိုတာ ……….. မသိခဲ့ဘူး
ဘာမှန်း
မသိပဲနဲ့ ဒီမိုကရေစီ လို့  ….. မအော်ခဲ့ဘူး
လုပ်ချင်ရာ
လုပ်ပြီး ဒီမိုကရေစီ လို့  ….. မပြောခဲ့ဘူး
နိုင်ငံရေး
ဆိုပြီး ဘဝရပ်တည်ရေးတွေ …… မလုပ်ခဲ့ဘူး
ဒါပင်မဲ့
…….
တိုင်းပြည်အတွက်ဆို
အသက်ပေးပြီး
လှပတဲ့
ဒီ ပန်းချီကား ကို
သူတို
့ သွေးတွေနဲ့  ရေးခဲ့တာ … ။
ဒီ
ပန်းချီကားကို နောက်ခံပြီး
ဒို
့တွေ ….
ဆိုရှယ်လစ်လို
့……… အော် …….. ခဲ့ဘူးတယ်
ဒီမိုကရေစီလို
့ …… ပြော …….. ခဲ့ဘူးတယ်
အချင်းချင်းတွေ
….. ကွဲလွဲ …….. ခဲ့ဘူးတယ်
အချင်းချင်းတွေ
….. သတ်ဖျတ် …….. ခဲ့ဘူးတယ်
အချိန်တွေ
ကြာလာတော့
မျိုးချစ်စိတ်ဆိုတာလည်း
ဒီ ပန်းချီကားနဲ့  အတူ
ပြတိုက်ထဲ ရောက်သွားခဲ့
ရပါပြီ …… ။
ဘယ်လိုပဲ
ဖြစ်ဖြစ် ……. ပါ ….
ဒါ
…… ဒို့ ပြည် …….. ဒါ …… ဒို့ မြေ
ဒို
့ပြည် ဒို့ မြေ
ဒို
့တွေ ချစ်လို့ 
ဒို
့ တိုင်းပြည် လွတ်လပ်ရေး ကို …… ထိန်းသိမ်းကြပါ
စို့  …….. ။
ယနေ
့ ကျရောက်သော လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုလျှက် ၊ မြန်မာ့ လွတ်လပ်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသူများနှင့်
ကျဆုံးခဲ့သော မျိုးချစ်သူရဲကောင်းများ ကို ရိုသေစွာ ဦးညွှတ်အလေးပြုအပ်ပါသည် ….. ။
မောင်ဘုန်း