Pages

Saturday, April 13, 2013

လွမ်းမိတယ်









ရွာပါ …. ရွာပါ …. သည်းလိုက်ပါလေ
မုတ်သုန်မမှန် မြေနံ့  မသင်း
သင်္ကြန်မိုး ငယ် …. လွမ်းမိတယ် …… ။

တူးပို့  …. တူးပို့   အသံတွေကြားလည်း
ပင်ယံထက်မှာ ရွှေရည်မလူး
ဖူးပိတောက် ငယ် ….. လွမ်းမိတယ်  …. ။

စိုကာ … စိုကာ … လောင်းကြပါစေ
သင်္ကြန်ရေမှာ ရွှင်ပြမလန်း
အမိမြေ သို့  ….. လွမ်းမိတယ် …… ။

ချစ်သူ …. ခင်သူ ….  ကြင်ဖော်ဝေးမို့ 
အတာကူးလေ နှစ်ဦးစေသာ …
နွမ်းလို့ ခွေခွေ  …… လွမ်းမိ ပါတယ် ……. ။ 



ကျနော် ရဲ့ မိတ်ဆွေ သူငယ်ချင်းများ  အလွမ်းတွေ ကင်းဝေးစွာဖြင့် တာကူးတဲ့ နှစ်ဦးမှာ ပျော်ရွှင်ကြ ပါစေလို့  ဆုတောင်းလိုက်ရပါတယ် ..... ။



မောင်ဘုန်း  




Sunday, April 7, 2013

လမိုက် လျှက်








လယ်ပြင် မှာ ကျွဲသေ လို့ 
လင်းတ ဝဲ တယ် ဆိုမလား
လသာလို့  ခွေးအူ  တယ်
ပြောရမလား ….. ???

သူ့ အရပ်နဲ့  သူ့ ဇတ်ဆိုပင်မဲ့
ဒီဇတ်နဲ့  ဒီအရပ်မှာတော့
ခဏခဏ ပွဲ လန့်  တက်တယ် …… ။

အလင်းမဲ့ ငိုသံတွေ
အသံတိတ် သလောက်
အစာဝ ဝံပုလွေ များ ….   တော့
အမှောင်ည တွေ အကြောင်းပြုရင်း
အသံ ကျယ် လွန်းတယ် …… ။

သမိုင်းတစ်ခုရဲ့ ကျိန်စာတွေ လို
အမှောင်ည တွေထက်မှာ
အလင်းမဲ့  ဘဝတွေလည်း
လမိုက် လျှက် ….. ပေါ့ ….. ။




မောင်ဘုန်း 


photo  : AlertNet