Pages
Tuesday, August 27, 2013
လွမ်းစိတ်ဆူး
ပန်းရုံ မှာ လှိုင်ပျံ့ လို့ 
လေယူရာ ကြူမွှေး စေ တယ်
ပန်းခ တဲ့ စမ်းဆီမှာ
အေးမြလို့  စီးစေတယ်
တောင်ယံမှာ တေးထပ်လို့ 
ကျေးငှက်တို့  မြူးစေတယ်
ဒီရေမြေကို လွမ်းမိလို့ 
ပြည်တော် ပြန်ရေး တွေးမိတယ်
ဘဝင်မှာ မောရှာလို့ 
ရင်မှာဖြင့် ဆွေးပို တယ်
ဘယ်ကုသိုလ် နည်းပါလို့ 
တပြည်ဆီမှာ လွမ်းစေတယ်
ဇမ္ဗူဝယ် ကြုံခဲ့လေ သမျှ
မာန်းတင်းကာ ရှိစေ  တော့
အာကာခွင် ညိုပြာနှော တဲ့
ဒီဆည်းဆာ ရောင်နီအောက်မှာ
ဘယ်ဆီကို ရှောင်ပြေး ပါလို့ 
လွမ်းစိတ်တွေ ဆူး ပါစေကွယ် …..……….. ။
မောင်ဘုန်း 
Thursday, August 22, 2013
သူမအတွက်
ရွှေဖီမြေ မှာ လက်ဖက်ခူးတဲ့
သူမ လက်တစ်စုံ က
အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ခဲ့တယ် …. ။
ရွှေဖီမြေ မှာ လှမ်းခဲ့တဲ့ ခြေတစ်စုံက
ဘဝမုန်တိုင်းတွေ အလည်မှာ
ကြံ့ကြံ့ခိုင် စေခဲ့တယ် ….။
နေဝင်ချိန်အထိ ထွန်းလင်းတောက်ပနေ တဲ့
သူမ ရဲ့ မျှော်လင့်ချက်တွေ ကို
ဖြူစင်တဲ့ စိတ်တစ်ခုတည်းနဲ့ 
ရှင်သန်နေခဲ့တယ် ….။
တကယ်တော့ …….
သူမ ဆိုတာ ……
တော်ဝင်ပန်းလို မလှပါဘူး
တော်ဝင် တဲ့ ဂုဏ် တွေ မရှိ ခဲ့ပါဘူး ….. ။
ဒီနေ့  ကျရောက်တဲ့ သူမရဲ့မွေးနေ့  မှာ
ကျနော် ရင်ထဲ စကားလုံးတွေ လည်း
ကဗျာ မဖြစ်ခဲ့ပါဘူး …..။
ဒါပင်မဲ့ ….
ကျနော် ရင်ထဲမှာ တော့
သူမ …… ဆိုတာ ……..
ပြီးပြည့်စုံတဲ့ တော်ဝင်ပန်းလေး တစ်ပွင့် ပေါ့ ….. ။
ယနေ့ ကျရောက်တဲ့ မွေးနေ့ မင်္ဂလာရက်မြတ် မှ သည် နောင်နှစ်ပေါင်းများစွာထိ အေးချမ်းသာယာသော ဘဝ တစ်ခု ပိုင်ဆိုင်ရပါစေ ချစ်သော ကောင်းကင်ဖြူ ရေ ....... ။
မောင်ဘုန်း
Thursday, August 1, 2013
တေး၏ ကျိန်စာ
အမှန် နည်းခိုက် ၊ ဤ လောက ဝယ်
တက်သိ စုံစေ ၊ မျိုးဂုဏ် တင့် နှင့်
ချစ်ဆန်း သာလို့  ၊ ချစ်ကြိုက် တွေ့ ဆုံ
ချည်မျှဉ် တစ်လွှာ ၊ အပ် တစ်ချောင်းခြား
ရှိစေ များလည်း ၊ စိတ် ၏ ကွယ်ရာ
ယုံမှား ထင်လျှက် ၊ မုသားမဲ့ ကင်း
မာယာ ရှင်းစေ ၊ ဆန္ဒ စေရာ
သိက္ခာ ကင်းမဲ့  ၊ ပန်းခြွေ မြေခ
ငို မျက်ရည် လည်း ၊ ကတိ ကိုထပ်
သစ္စာ ထိပ်တင် ၊ ချစ်ရင်း စိတ်ဖြင့်
ချော့တေး ဆို တဲ့ ……. ကို လူငယ် ……… ။
ကတိသစ္စာ ၊ သည်းသည်း ရွာပြီး
ပျော်ရွင် မြူးကာ ၊ အိပ့်တန်း ဝင်ချိန်
အိမ်ရှေ့ ရောက်မှ ၊ အသွင် ထူးထူး
ဒေါသ ဖုံး တဲ့ ၊ အဖေ အသံ
အိမ်လုံး လွှမ်း လျှက် ၊ အမေ့ မျက်ရည်
မိုးသည်း ထက်မှ ၊ အသံ တိတ်ဆိတ်
ရှိုက် ရှိုက် ငိုငြီး ၊ ရင် နစ် စေရာ
အကြောင်း စုတော့ ၊ ချစ်လှ စွာသော
ပျိုစင် နှမ ၊ ကိုယ်ဝန် နှစ်လ
မိုက်ဇာတ် ရယ် ပေါ် ၊ ရင်ထက် ငို ငြီး
အရှုက် ဒေါသ ၊ သိမ့်သိမ့် မြို ၍
ချစ်ရင်း စိတ်ဖြင့် ၊ ချော့တေး ဆို ရာ
တေး၏ ကျိန်စာ ၊ ရင်၌လောင် လေတော့ ….. ၏  …… ။
မောင်ဘုန်း