Pages

Tuesday, January 22, 2013

အလွမ်းနေ့ ရက်





ရင်ခုန်သံတွေ ရဲ့
အဝေးကို ထွက်သွားတော့
ကံတရားက ဇတ်ဆရာလို
အလွမ်းတွေ ချန်ပြီး
နှစ်ဦး ဘဝ ကမ္ဘာခြား
အလွမ်းနဲ့  ဗျာများ
အခြေမလှတဲ့ ဘဝတွေမို့ 
မြတ်နိုးသူရဲ့ အဝေးမှာ
မာန်တင်းလို့   ခံစား
အချစ်တဲ့လား … မောရရှာတယ် ….
အလွမ်းည ရဲ့ အလယ်မှာ
အတွေးများနဲ့  …….. တမ်းတရင်း
ရွှေဖီမြေမှာ သာလို့ 
နေမှကောင်းရဲ့လား ….. ချစ်သူရယ် …….. ။



အမှတ်တရ ... ၂၂ . ၁ . ၂၀၁၃ ..... အရင်လိုပါ ..... ပဲ ........ ချစ်သူ ....... ။



မောင်ဘုန်း





Sunday, January 13, 2013

သဘာဝ တဲ့ လား





လှိုင်း ဒီရေ …..
မညင်သာ ဆင့်ကာ မြင့်
ဟန်ပါပါ အားသန်လို့ 
ဒီလှိုင်း ရဲ့ ဖဝါးအောက်မှာဖြင့်
ငယ်သူမို့  မတက်သာ
(သြော်) ……………….
သဘာဝ တဲ့လား ….. ။

လှိုင်း ဒီရေ ……
ညင်သာသာ ဆင့်ကာ နိမ့်
မာန်မပါ အား နွဲ့ ပါလို့ 
ဒီ သောင်မှာ ရိုက်ခတ်လူး ရင်ဖြင့်
ငယ်သူ မဆို ခွေးပင် မခန့် 
(သြော်) ………..
သဘာဝ တဲ့ …. လား ….. ။


 



မောင်ဘုန်း

Thursday, January 3, 2013

ရာဇဝင်ထဲက သွေးပန်းချီ









အတိတ်က ပန်းချီကား တစ်ချပ်ကို
ပြန်ကြည့်မိတိုင်း အံ့သြ ရတယ်
သာယာလှပတဲ့ ဒီ ပန်းချီကား ကို
အသက်သွေးတွေနဲ့  သူတို့  ရေးခဲ့တာ …… တဲ့  … ။

သူတို့  က ……

ဒီမိုကရေစီ ဆိုတာ ……….. မသိခဲ့ဘူး
ဘာမှန်း မသိပဲနဲ့ ဒီမိုကရေစီ လို့  ….. မအော်ခဲ့ဘူး
လုပ်ချင်ရာ လုပ်ပြီး ဒီမိုကရေစီ လို့  ….. မပြောခဲ့ဘူး
နိုင်ငံရေး ဆိုပြီး ဘဝရပ်တည်ရေးတွေ …… မလုပ်ခဲ့ဘူး

ဒါပင်မဲ့ …….

တိုင်းပြည်အတွက်ဆို အသက်ပေးပြီး
လှပတဲ့ ဒီ ပန်းချီကား ကို
သူတို့  သွေးတွေနဲ့  ရေးခဲ့တာ … ။

ဒီ ပန်းချီကားကို နောက်ခံပြီး
ဒို့ တွေ …. 

ဆိုရှယ်လစ်လို့ ……… အော် …….. ခဲ့ဘူးတယ်
ဒီမိုကရေစီလို့  …… ပြော …….. ခဲ့ဘူးတယ်
အချင်းချင်းတွေ ….. ကွဲလွဲ …….. ခဲ့ဘူးတယ်
အချင်းချင်းတွေ ….. သတ်ဖျတ် …….. ခဲ့ဘူးတယ်

အချိန်တွေ ကြာလာတော့
မျိုးချစ်စိတ်ဆိုတာလည်း
 ဒီ ပန်းချီကားနဲ့  အတူ
ပြတိုက်ထဲ ရောက်သွားခဲ့ ရပါပြီ …… ။

ဘယ်လိုပဲ ဖြစ်ဖြစ် ……. ပါ ….

ဒါ …… ဒို့ ပြည် …….. ဒါ …… ဒို့ မြေ
ဒို့ ပြည် ဒို့ မြေ
ဒို့ တွေ ချစ်လို့ 
ဒို့  တိုင်းပြည် လွတ်လပ်ရေး ကို ……  ထိန်းသိမ်းကြပါ စို့  …….. ။



ယနေ့  ကျရောက်သော လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုလျှက် ၊ မြန်မာ့ လွတ်လပ်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသူများနှင့် ကျဆုံးခဲ့သော မျိုးချစ်သူရဲကောင်းများ ကို  ရိုသေစွာ ဦးညွှတ်အလေးပြုအပ်ပါသည် ….. ။


မောင်ဘုန်း