Pages

Thursday, May 30, 2013

ကြက်ပွဲ




  


တစ်မြေထဲနေ တစ်ရေထဲ သောက်ခဲ့သမျှ
ဒီ မျက်နှာတွေ အိုးမဲ အသုတ်ခံရ မှ
ပြလိုက်တဲ့ သတ္တိတွေ
အသက်တွေ ဆုံးတဲ့အထိပဲ ……. ။
အောင်နိုင်သူတွေ ရွှေရောင် လွှမ်းလို့ 
ဒီမြေဒီရေ မှာ ဗိုလ် လုပ် ပြန်တယ် ….။
မသေယုံ ကျန်တဲ့ အကောင်တော့
ကိုချစ်တီး ထမင်းဆိုင်မှာ
ဟာလာ လုပ်ခံရတယ် ….. ။
တချို့ ကတော့ …..
 သေတာတောင် လှလှပပလေး ချိတ်ဆွဲပြီး
ကိုတရုတ် ခေါက်ဆွဲဆိုင် မှာ
အပိုင်းပိုင်း အခုတ် ခံရတယ် … ။
ဒီလိုနဲ့  ကျူပ်တို့  ဘဝတွေလည်း
နေဝင်မိုးချုပ် ……ရင်း
အိုးမဲ အသုတ်ခံရမဲ့ နေ့ ရက်တွေ ကို စောင့်မျှော်လျှက်ပေါ့ …….. ။



မောင်ဘုန်း