ပန်းရုံ မှာ
လှိုင်ပျံ့ လို့ 
လေယူရာ ကြူမွှေး
စေ တယ်
ပန်းခ တဲ့
စမ်းဆီမှာ
အေးမြလို
့ စီးစေတယ်
တောင်ယံမှာ
တေးထပ်လို့ 
ကျေးငှက်တို
့ မြူးစေတယ်
ဒီရေမြေကို
လွမ်းမိလို့ 
ပြည်တော်
ပြန်ရေး တွေးမိတယ်
ဘဝင်မှာ မောရှာလို့ 
ရင်မှာဖြင့် ဆွေးပို တယ်
ဘယ်ကုသိုလ်
နည်းပါလို့ 
တပြည်ဆီမှာ
လွမ်းစေတယ်
ဇမ္ဗူဝယ် ကြုံခဲ့လေ
သမျှ
မာန်းတင်းကာ
ရှိစေ တော့
အာကာခွင်
ညိုပြာနှော တဲ့
ဒီဆည်းဆာ
ရောင်နီအောက်မှာ
ဘယ်ဆီကို
ရှောင်ပြေး ပါလို့ 
လွမ်းစိတ်တွေ
ဆူး ပါစေကွယ် …..……….. ။
မောင်ဘုန်း