Pages

Thursday, May 1, 2014

အစိမ်းရောင် ဥပဒေ



ဥပဒေဆိုသည်မှာ ဖွဲ့ စည်းပုံအခြေခံဥပဒေကို အခြေပြုပြီး ရေးဆွဲထားတဲ့ စည်းမျဉ်စနစ်ကို ဆိုလိုပါတယ် ။ မိမိတိုင်းပြည်အတွက် နိုင်ငံရေး ၊ စီးပွားရေး နှင့် လူမှုရေး တို့ ကို ဖော်ဆောင် ရာမှာ လူအချင်းချင်းဆက်ဆံရေးအတွက် ကြားခံညှိနှိုင်းပေးတဲ့ စနစ် တစ်ခုသာ ဖြစ်ပါတယ် ။

ဒါပင်မဲ့ ဥပဒေလို့  ဆိုလိုက်တာနဲ့ မြန်မာလူမျိုးများရဲ့ အတွေးထဲမှာ အကြောက်တရားတစ်ခု ရှိနေတက်ပါသည် ။ တရားရုံးဆိုသောနေရာများ က အတိတ်နိမိတ် မကောင်းတဲ့ နေရာတစ်ခုလို့  ရှေ့ အစွဲအဖြစ်ခဲ့ရတာ ယနေ့ အချိန်ထိ ရှိနေဆဲပါ ။ ဥပဒေဆိုတဲ့ စကားရပ် ဟာ မြန်မာလူမျိုးများအတွက်တော့ ခပ်စိမ်းစိမ်း ဖြစ်နေတဲ့ အစိမ်းရောင်လွမ်းသော ဥပဒေများသာ ဖြစ်နေခဲ့ပါ တယ် ။

မြန်မာ့ ဥပဒေသမိုင်းကိုကြည့်မယ်ဆိုရင် ၁၂၄၀ခုနှစ်မှာ ယောမင်းကြီးဦးဘိုးလှိုင်ဟာ ရာဇဓမ္မ သင်္ဂဟ ကျမ်းကို ရေးသားပြုစုခဲ့ ပါတယ် ။ ဒီကျမ်းတော်တစ်ခုလုံးဟာ မြန်မာ့ ထုံးတမ်းစဉ်လာ ဥပဒေလို့  မဆိုသာပင်မဲ့ နောင်နှစ်ပေါင်းများစွာထိ ကျမ်းတော်အတွင်းမှ ဖြတ်ထုံးများကို ပြည်သူ့  တရားစီရင်ရေးမှာ မြန်မာ့ ထုံတမ်းစဉ်လာ ဥပဒေအဖြစ် အသုံးပြုခဲ့ပါတယ် ။  ရာဇဓမ္မ သင်္ဂဟ ကျမ်း တော်ဟာ  သက်ဦးဆံပိုင် ဘုရင်စနစ် အုပ်ချုပ်မှု ကို တော်လှန်ပြီး ၊ ပြည်သူ့ အာဏာဖြင့် အုပ်ချုပ်မှု ပုံစံကို ဖော်ပြခဲ့ပါတယ် ။ မြန်မာ့ အနာဂတ် အုပ်ချုပ်မှု ပုံစံလည်း  ဖြစ်စေခဲ့ပါတယ် ။ ရှင်ဘုရင်ကတော့ ရာဇဓမ္မ သင်္ဂဟ ကျမ်းကိုလက်မခံတဲ့အပြင် အကြောင်းရှာပြီး ယောမင်းကြီးဦးဘိုးလှိုင်ကို ရာထူးချ ခဲ့ပါတယ် ။

ဒီနောက်ပိုင်း ခေတ်အဆက်ဆက် မြန်မာ့ ဥပဒေများကို ပြောရရင် ……
-       လွတ်လပ်ရေးမရမှီ ကာလ နှင့် ပါလီမန် ကာလ ၁၉၅၄ ခုနှစ်အထိ (မြန်မာ့ နိုင်ငံရေး ဥပဒေ အတွဲ ၁မှ ၁၃ အထိ) (ဥပဒေ ၂၁၄ခု)
-       ပါလီမန် ကာလ (၁၉၅၅ ခုနှစ်မှ ၁၉၆၂ နှစ်ခု မတ်လ အထိ ) ( ဥပဒေ ၅၆ ခု)
-       တော်လှန်ရေးကောင်စီကာလ(၁၉၆၂ ခုနှစ် မတ်လမှ ၁၉၇၄  မတ်လ အထိ) (ဥပဒေ ၇၈ ခု)
-       ပြည်သူ့ လွတ်တော်ကာလ ( ၁၉၇၄ မတ်လမှ ၁၇. ၉ . ၁၉၈၈ အထိ ) (ဥပဒေ ၆၀ခု)
-       နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့  ကာလ ( ၁၈၊ ၉၊ ၁၉၈၈ မှ ၁၄ ၊ ၁၁၊ ၁၉၉၇ အထိ ) (ဥပဒေ ၈၄ ခု )
-       နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ (၁၅၊၁၁၊၁၉၉၇ မှ ၁၄ ၊၁၂၊ ၂၀၁၀ အထိ ) (ဥပဒေ ၇၄ ခု )

ယနေ့  အချိန်မှတော့ ၂၀၁၀ ဒီဇင်ဘာလ နိုင်ငံပိုင်သတင်းစာမှ ဖော်ပြချက်အရ တည်ဆဲဥပဒေ ၅၆၆ ခု ရှိပြီး ဆက်လက်ကျင့်သုံးရန်မလိုအပ်တဲ့ ဥပဒေ ၁၇၆ နဲ သက်ဆိုင်ရာစီမံခန့် ခွဲရေးဆိုင်ရာ  ဥပဒေ ၃၉၀ ခု ရှိတယ်လို့  သိရပါတယ် … ။

ခေတ်အဆက်ဆက် ဥပဒေများ ရှိခဲ့ပင်မဲ့  နိုင်ငံရေး ၊ စီးပွားရေး နဲ့  လူမှုရေးတိုးတက်မှု ဖော်ဆောင်ရာမှာတော့ မြန်မာဥပဒေများဟာ ကြားခံညှိနှိုင်းရေးစနစ် တစ်ခုတော့ မဖြစ်ခဲ့ပါဘူး။ မြန်မာပြည်သူလူထုအတွက် ဥပဒေဆိုတာ အကြောင်တရား တစ်ခု အဖြစ် ပြောင်းလဲစေခဲ့သလို ၊ ဥပဒေ ဆိုတဲ့စကားရပ်ဟာ ကျနော် တို့  မြန်မာလူများအတွက်တော့ ခပ် စိမ်းစိမ်းဖြစ် စေခဲ့ပါတယ် ။

သက်ဦးဆံပိုင် ဘုရင်စနစ်မှသည် ယနေ့ အချိန်ထိ အုပ်ချုပ်ရေးအစိုးရများ နာမည်အမျိုးမျိုးပြောင်းခဲ့ပင်မဲ့ ဥပဒေဆိုတာကို အသက်သွင်း လေးစားမို့  မျက်ကွယ်ပြုခဲ့တာ မြန်မာလူများအတွက် တိုက်ဆိုင်လွန်းတဲ့ ဖြစ်ရပ်တစ်ခုပါ ။ တရားဥပဒေ စိုးမိုးမှု အားနည်းနေပါလျှက်  ခေတ်အဆက်ဆက် အစိုးရများ နိုင်းငံရေး ၊ စီးပွားရေး တိုးတက်အောင်ဖော်ဆောင်နေပါသည် ဟု ဖော်ပြချက်များက တကယ်ကို အံ့သြ စရာ တစ်ခုဖြစ်ပါတယ် ။

ဥပမာတစ်ခုအနေနဲ့  ပြောပြရင် မြေယာသိမ်းခွင့် ဥပဒေ ဆိုတာရှိပါသော်လည်း ခေတ်အဆက်ဆက် မည်သည့်အစိုးရမှ လိုက်နာလေးစားခြင်း မရှိတဲ့အတွက် ယနေ့ အချိန်မှာတော့ အစိုးရနှင့် ပြည်သူကြား မြေယာပိုင်ဆိုင်ခွင့် ပြသာနာ ဟာ တနေ့ တခြား  အငြင်းပွားဖွယ်ရာများ ဖြစ်စေခဲ့ပါတယ် ။

ဒီလို ဥပဒေပြုအစိုးရများ ကိုယ်တိုင် လေးစားခြင်းမရှိတဲ့ ဥပဒေ ဆိုတာ ဟာ ပြည်သူများအတွက်တော့ အာဏာရအကြောက်တရား တစ်ခုအဖြစ်ပြောင်းလဲစေသလို ၊ ဥပဒေမဲ့ ဈေးကွက်များ ကိုအင်းအားကြီးထွား ဖြစ်စေခဲ့ပြန်ပါတယ် ။ ဥပဒေမဲ့ဈေးကွက်များဟာ ပြည်သူများ စားဝတ်နေရေး အတွက် အားကိုးစရာ တစ်ခု ဖြစ်စေခဲ့သလို ၊ ဥပဒေမဲ့ ဈေးကွက်များကြောင့် ပြည်သူ့ ကျန်းမာရေး ၊ ပြည်သူ့  စီးပွားရေး ၊ ပြည်သူလုံခြုံ ရေး ဆုံးရှုံးမှု များကို နှစ်စဉ်မြင်တွေ့ နေရသည်မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းလှပါတယ်

ကျနော်တို့  အတွက် လုံးလောက်သော သမိုင်းဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် အင်္ဂလိပ်ကိုလိုနီ တွေရဲ့ နယ်ချဲ့  ဝါဒကို မကောင်းဘူးလို့ ပြောနေယုံနဲ့  နယ်ချဲ့ စနစ်ကြီးတစ်ခုလုံးပျောက်မသွားခဲ့လို ၊ ဂျပန်ဖက်စစ် စနစ်ရဲ့ယုတ်မာ ကြမ်းတမ်း ပုံကို မကောင်းဘူးလို့  ပြောနေယုံနဲ့ လည်း မပျောက်ခဲ့ပါ ဘူး ။ကျနော် တို့ ဘိုးဘွားများက လက်တွဲကာ အသက်ကိုရင်းပြီး နယ်ချဲ့ စနစ်ကို တိုက်ထုတ်ခဲ့သလို  ၊ ဖက်စစ် စနစ်ကို တွန်းလှန် ခဲ့ ကြပါတယ် ။

ဒီလိုပါပဲ ခေတ်အဆက်ဆက် အစိုးရများ ဥပဒေကို မျက်ကွယ်ပြုတယ်လို့  အတိုက်အခံ ပြောနေယုံနဲ့ တော့ ကျနော် တို့  အတွက် ဥပဒေ ဆိုတာ အစိမ်းရောင်  ဖြစ်နေပါအုံးမည် ။ အစိုးရနဲ့  လူထုအခြေပြုအဖွဲ့ စည်းများ ၊ ပြည်သူတစ်ရပ်လုံးပါဝင်မှသာ ကျနော်တို့  ရဲ့ အစိမ်းရောင် ဥပဒေများ ပြည်သူ့ အကျိုးပြု ဥပဒေ ဖြစ်ရပါတော့မည် ။


မောင်ဘုန်း

ကိုးကား
http://my.wikipedia.org/wiki/
မြန်မာ့စွယ်စုံကျမ်း (အတွဲ ၈)