Pages

Sunday, November 20, 2011

အိမ်တွင်းနတ်ဆိုး အမှတ် ၃



                           XEROX တံဆိပ် Phaser 3200 MFP ပရင်တာ



အိမ်တွင်းနတ်ဆိုး အမှတ် ၃ ( အသွင်ပြောင်း နာမည် လေဆာပရင်တာ)

အခုလို ကွန်ပြူတာခေတ်မှာ ကွန်ပြူတာနှင့် စပ်ဆက်တဲ့ ပစ္စည်းများ ကို ကွန်ပြူတာသုံးကြသော အိမ်တိုင်းလိုလို ရှိတက်ကြပါတယ် … ။
ကွန်ပြူတာနှင့် တွဲဖတ်သုံးရသော ပစ္စည်များအနက် ပရင်တာ ဆိုတာ မရှိမဖြစ် သုံးပြုနေကြတဲ့ ပစ္စည် တစ်ခုပေါ့

ပရင်တာ အမျိုးစား များစွာ ရှိတဲ့ အထဲမှာ မှ လူသုံးများတဲ့ လေဆာပရင်တာ ဟာ အိမ်တွင်းလူ များကို နတ်ဆိုးတစ်ကောင်လို ဒုက္ခ ပေးတက်ပါတယ် ။

၂၀၀၇ ခုနှစ် တွင် သြစတြေးလျှ နိုင်ငံ ကွင်းစ်လန်း နည်းပညာတက္ကသိုလ် က လေဆာပရင်တာ မှ သာမာန် မျက်စိနှင့် မမြင်နိုင်သော အမှုန့်  များထွက်လေ့ရှိကြောင်း ထုတ်ဖော် ကြော်ငြာခဲ့ပါတယ် …။
လေဆာပရင်တာ များသာမက  ink-jet ပရင်တာများတွင်လည်း VOCs (volatile organic compounds) နှင့် Ozone particulates များ ထွက်လေ့ ရှိပြီး ၊ ယင်း ဓာတ်အများစုမှာ ပရင်တာ ပုံနှပ်နေ ချိန်အတွင်းသာ ထွက်ရှိပြီး ပုံနှပ်ပြီးနောက် မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားတက်သည် ဟု သိရပါတယ်

အမှုန့် ထွက်ခြင်း အနည်းအများ မှာ သုံးစွဲသည့် မှင်ဗူး အရည်သွေးပေါ်တွင် ကွာခြားတက်ပြီး ၊ မှင်ကို ပြန်ဖြည့်ပြီးသုံးသည့် အချိန်ခါမျိုးမှာ အမှုန့် ပို့ ထွက်လေ့ ရှိပါတယ် ။

ယင်း အမှုန့်  များတွင် ပါဝင်သော ဓာတ် အများစုမှာ လူကို အဆုတ်နှင့် နှလုံးကို အလွယ် တကူ ထိခိုက်စေပြီး ၊
ကလေးငယ်များတွင် အဆုတ်ရောဂါ အလွယ်ကူ ဖြစ်စေတက်ပါတယ် ။

ထို့ ကြောင့် လူကို မထိခိုက်စေပါဟု အာမခံပေးထားသော Xerox ၊ Hewlett-packard နှင့် တခြား အရည်သွေးကောင်းသော ပရင်တာများ ကို ဝယ်ယူသုံးစွဲ သင့်ပေသည် ။ 

စီးပွားဖြစ် ပရင့် ထုတ်သူများအဖို့  နှာခေါင်းစည်း တပ်ထားခြင်းဖြင့် နတ်ဆိုးတစ်ကောင် ကဲ့သို့  ဒုက္ခ ပေးတက်သော  ပရင်တာများ ၏ ရန်မှ ကင်းလွတ်မည်ဖြစ်ပါတော့သည် ။

မောင်ဘုန်း
ကိုးကား (သုတစွယ်စုံ မဂ္ဂဇင်း ၂၀၀၉ ၊ ဒီဇင်ဘာ)

4 comments:

  1. ပရင်တာသုံးနေချိန် ဝေးဝေးမှာ နေတာကောင်းမယ်..
    ကျေးဇူးဗျို့..

    ReplyDelete
  2. အေးဟယ်..
    တော်သေးရဲ့..အဲ့ပရင်တာမျိုး
    မသုံးနိုင်သေးလို့း)
    မျှဝေပေးလို့
    ကျေးဇူးပါမောင်ဘုန်းရေ

    ReplyDelete
  3. အဲလိုကြီးလား အောင်မလေး များရှေ့မှာပရင်တာကြီးထားတာ ရွှေလို့လဲရဘူးး(

    ReplyDelete
  4. နဂိုကတဲက ကျန်းမာရေးမကောင်းပါဘူးဆိုမှ
    အိမ်က ဟာကို သူလေးပြန်လာမှစစ်ခိုင်းရဦးမယ်
    ခင်ခင်မင်မင် jasmine

    ReplyDelete