Pages

Saturday, February 23, 2013

ချစ်သူ အနား




ရောင်နီတွေ နွေး တက်တဲ့
နံနက်ခင်း မှ မဟုတ်ပါဘူး ….
ကောင်းကင်ပြာပြာ အောက်က
နေသာတဲ့ နေ့ တွေတိုင်း လည်းမဟုတ်ဘူး ….

တိမ်ညိုတွေ ဖုံးထားတဲ့
မိုးသည်း နေ့  မှ မဟုတ်ပါဘူး …..
နေညိုညို အရောင်တွေ အောက်က
ဆည်းဆာ အချိန် တိုင်းလည်း မဟုတ်ဘူး ….

ငွေရောင်တွေ လွမ်းတဲ့
လသာချိန် မှ  မဟုတ်ပါဘူး ….
အမှောင်တွေ နေရရာယူ ထားတဲ့
ကြယ်ရောင်တွေ လင်းလက် ချိန်တိုင်း လည်း မဟုတ်ဘူး …..

ရင်ခုန် အသက်ရှု  ….
ရှင်သန်ခွင့် ရတဲ့ အချိန်တိုင်းမှာ ……
ချစ်သူ အနား နေချင်မိ တယ် …… ချစ်သူ ….. ရယ် …. ။




 အမှတ်တရ ၂၂ . ၂ . ၂၀၁၃ .....  ။





မောင်ဘုန်း




Sunday, February 10, 2013

လက်ပစ်ကူးလိုက် ချင်မိပါတယ်









ညနေခင်းရဲ့ ဆည်းဆာအောက်မှာ Rock သီချင်းတစ်ပုဒ် ကို ကော်ဖီတစ်ခွက်နဲ့  ခံစားခဲ့ဘူးပါတယ် ။ Rock သီချင်းကို အရူးအမူး ကြိုက်တာလဲမဟုတ် ၊ ကော်ဖီလည်းမကြိုက် ဒါပင်မဲ့ ရင်ခုန်ရတဲ့ အချစ်ကြောင့်ဆိုရင် မမှားပါဘူး ။ ကျနော် အသက် ၁၇ နှစ်လောက်ရှိမယ်ထင်ပါတယ် ။ သူမ မျက်နှာလေး မြင်ရမို့  Rock သီချင်းတော်တော် များများ ကို ကော်ဖီ တစ်ခွက်နဲ့  အဖော်ပြုရင်း အချိန်တွေ ကုန်စေခဲ့ပါတယ် ။

ကျနော် အသက်လည်း ၂၉ နှစ် ရောက်ခဲ့ပါပြီ ။ ၁၂နှစ်ကျော် ကြာသွားတဲ့အချိန်မှာ   ပြန်တွေးကြည့်မိတယ် ။ ရီစရာတော့ ကောင်းသား ကျနော် ဖက်ကသာ ရင်တွေခုန်လို့  သူမကတော့ သတိတောင်ထားမိရဲ့လား မသိဘူးလေ ။ အဲ့အချိန်က သူမအိမ်နဲ့ာတ်တိုင် နှစ်တိုင်စာလောက်ဝေးတဲ့ ကျူရှင်ကို သူမ က ညနေဆိုရင် အသွားအပြန် လမ်းလျှောက်သွားလေ့ရှိပါတယ် ။ ကျနော် ကတော့ သူမ လာရာလမ်းက လက်ဖက်ရည်ဆိုင်မှာ သူမ အသွားအပြန် ကို မလွတ်တမ်း ထိုင်ကြည့်နေခဲ့တာ ။ အဲ့လို ကြည့်နေရတာကိုပဲ ကျေနပ်နေမိ ခဲ့တာ ။

ထားပါတော့ဗျာ…. ။ အခုဆိုရင် သူမလည်း ကလေနှစ်ယောက် မိခင် ဖြစ်သွားပြီ ။ အဲ့အကြောင်းလေးကို အကြောင်းတိုက်ဆိုင်လို့  ညီအကိုလိုခင်တဲ့ ညီငယ်တစ်ယောက်ကို ပြောပြမိပါတယ် ။ နောင်တော် က ကောင်မလေး တစ်ယောက် ကို  လိုက်တာ အချိန်တွေ အလကားသက်သက် ဖြုန်းနေသလိုပဲဗျာ …  ။ ကျနော် သာဆိုရင် အဲ့ ကောင်မလေးရဲ့ ဖုန်း ၊ facebook ၊ gmail တစ်ခုခုလောက် အရင် ရအောင်လုပ်လိုက်ရင် အကို တစ်လ လောက် ထိုင်ကြည့်နေတာ ကို ကျနော် တစ်နာရီလောက် ကြိုးစားလိုက်တာနဲ့  အများကြီးသာ တယ် ။

ဟုတ်ပါတယ် သူအချိန်နဲ့  သူဆိုရင် ကျနော် လုပ်ခဲ့ တာအချိန်တွေ ဖြုန်းတယ် လို့  မဆိုသာပင်မဲ့ ခုလို အချိန်အခါဆိုရင် တော့ ကျနော် ဟာ အချိန်တွေ ဖြုန်းခဲ့တယ်လို့ ပြောလို့ ရပါတယ် ။

အချိန်အခါရဲ့ ပြောင်းလည်းမှု က မယုံနိုင်လောက်ပါပဲ ။ လူငယ်တွေ ကြားထဲမှာ တတိယလှိုင်းကို နည်းပညာ အားကိုးနဲ့  အမှီလိုက်မို့  ကြွေးကြော်နေတဲ့ အချိန်မှာ ကျနော် က လူကြီးလဲမဟုတ် ၊ လူငယ် လို့ လဲ ပြောမရတော့တဲ့ အရွယ်ကြီးနဲ့  ရှေ့ ပဲ ဆက်တိုးရမလို နောက်ပြန်ဆုတ် ရမလို အခြေနေပါ ။ ပြောင်းလဲမှု ဆိုတာ သဘာဝ ကျတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်နေတော့ ကျနော် လဲ မှီတဲ့နေရာကနေ လိုက်ပါခဲ့ရတာပေါ့ … ။

မြင်ရတွေ့ ရ ကြားရတာတော့ တနေ့ တမျိုး အထူးအဆန်းတွေ .ကြီးပါပဲ … ။ နောင်တော်ရေ  …. ကျနော် တို့ က ဂလိုဘယ် ချစ်သူတွေ ဗျ …. ။ ဟ …!!!!! ။ ရှင်းပါအုံး ညီတော် …. ရယ် …. ။ ဂလိုဘယ် ချစ်သူ ဟုတ်လား …. ။

ဒီလိုလေ …. အခု ကျနော် ချစ်သူက ကမ္ဘာ့ အနောက် ခြမ်းမှာ နေတယ် ။ ကျနော်က အရှေ့ ခြမ်းရောက်နေတယ် ။  ကျနော်က ထိုင်ဝမ် ဖြစ်တဲ့ထုတ်တဲ့ lenovo လက်တော့ ၊ ချစ်သူက ကိုရီယားထုတ်တဲ့ samsung  လက်တော့ သုံး ပြီးတော့ ၊ အမေရိကန် က ရောင်းတဲ့ yes internet connection ကိုအသုံးပြုပြီ  ကျနော် တို့  နေ့ တိုင်း မျက်နှာချင်းဆိုင်တွေ့  ကြတယ် ။  ဒီထက် ဂလိုဘယ် ကျတာ ရှိအုံးမလား နောင်တော် ….. ။ အော် …. အေး …… ဟုတ် …. ဟုတ်ပဗျာ … ။

သြော် …. ဂလိုဘယ် ချစ်သူ တဲ့  … ။ နည်းပညာ က လူငယ်တွေအတွက် ရင်ခုန်သံတွေ ပါ စီးမျောစေပါရောလား ။ အောင်မြင်မှု  တွေ ၊ ကျဆုံးရှုံးမှု တွေ လည်း အပြည့်ပါပဲ … ။ ရင်ခုန်သံတွေကအစ စီးမျောတက်တဲ့ နည်းပညာ က လူငယ်တွေအတွက် မရှိမဖြစ် လို့ ပြောရင် မမှားလောက်တော့ပါဘူး ။ အချိန်နှင့်အမျှ  နည်းပညာလို အပ်ချက်ကတော့ တစ်ရက် တခြား ကြီးမားနေပါပြီ ။ 

ဖြစ်နိုင်မယ်ဆိုရင် အတွင်းခံ ဆိုရင်တောင်  ….. (အိုင်) အတွင်းခံ  သုံးချင်တာ …. ။ ဂလက်စီ ဆိုတာလောက်တော့ ဖိနပ်လောက် ပဲ စီးချင်တာတယ် လေ ။ သုံးတဲ့ ကွန်ပြူတာက i7 အားမရလို့  i700 မှာထားပြီးသာ ၊ ကင်မရာကြီးကိုလဲကြည့်အုံး ဘယ်လိုပဲ လိုးရှင်းတွေ လိမ်းထား (လိမ်းထား) ပေါင်ကသေးစီးချောင်း ကို ထင်ထင်ရှားရှား မြင်ရလောက်အောင် ရိုက်နိုင်တဲ့  (zoom) ရော (pixel) ရော ထိပ်တန်းပဲလေ ။  ဒီလိုနဲ့  အားလုံး  တတိယလှိုင်းကို စီးမျောရင်း နည်းပညာရဲ့ သားကောင်တွေ ဖြစ်ကြရပါတယ် ။

ခက်တာက လိုအပ်နေတဲ့ နည်းပညာက အလကားရတာ မဟုတ် ။ အဲ့ဒါက ကျနော် တို့ အတွက် အဓိက ပြသာနာ တစ်ခုပါပဲ ။  လူငယ်တစ်ယောက်အတွက် လိုအပ်ချက်တွေ များနေတာဟာ ကောင်းတဲ့ အခြေနေတော့မဟုတ်ပါဘူး ။ မိမိရဲ့ လိုအပ်ချက်တစ်ခုဟာ မိမိအတွက် အားနည်းချက် တစ်ခုဖြစ်စေတယ် ဆိုတာ သတိပြုသင့်ပါတယ် ။ ချစ်သူပေးတဲ့ (အိုင်) လက်ဆောင် နည်းပညာလေးရဲ့ နောက်ကွယ်မှာ အခွင့်အရေး တချို့  ပါလာတက်ပါတယ် ။ ဒီလိုနဲ့ နေ့ တခြား လိုအပ်လာတဲ့ နည်းပညာတွေ က လူငယ်တွေရဲ့ စာရိတ္တ ကို ဝါးမျိုနေသလိုပါပဲ ။ လိုအပ်နေတဲ့ နည်းပညာ အတွက် မိမိဘဝ တစ်ခုကို အရင်းပြုကာ တတိယလှိုင်းမှာစီးမျောရင်း ကျေနပ်နေတဲ့ လူငယ်တချို့  ကိုတွေ့ ရတော့ ကျနော် ကိုယ်တိုင် ဒီလှိုင်းပေါ်က ခုန်ချချင်မိပါတယ် ။

တစ်ဖက်မှာလဲ လူငယ်တွေ အတွက် တတိယလှိုင်းပေါ်က အခွင့်ရေးတွေ ၊ အောင်မြင်မှုတွေ ကတော့ ဘယ်လိုမှ နှိုင်းယှဉ် လို့ မရအောင် ထူးခြားလွန်းပါ တယ် ။ google search bar တစ်ခုဟာ  ပုံပြင်ထဲ က အာလာဒင် ကို အသက်သွင်း ပေးလိုက်သလိုပါပဲ ။ အာစရိယ ပူဇော်ပွဲတွေ ကျင်းပရင် သူ့ အတွက် နေရာ တစ်ခု ထားရမလို ဖြစ်နေပါပြီ ။

ဘယ်လိုဖြစ်ဖြစ်ပါ အကောင်း အဆိုး တွဲနေတက်တာ အထူးအဆန်းမဟုတ်တဲ့ သဘာဝကျတဲ့ ဖြစ်ရပ်တစ်ခုပါ ပဲ ။ လိုအပ်ခြင်းတွေ များတက်တဲ့ လူ့ ဘဝမှာ နည်းပညာ လိုအပ်ချက်လေး အတွက် နဲ့ တော့     ကိုယ့်ကျင့်တရားကို ရင်း ရမယ်ဆိုရင် လှိုင်းမစီးရလည်း နေပါစေ ။ လက်ပစ်ကူး လိုက်ချင်မိပါတယ် … ။



အားလုံးပဲ ပျော်ရွှင်သန့် ရှင်းစွာ ဖြင့် နည်းပညာ လှိုင်းကြီး မှာ ကျန်းကျန်းမာမာ စီးမျောနိုင်ကြပါစေ …….. ။



 ဓာတ်ပုံ ကို google မှကူယူခဲ့ပါ သည်





မောင်ဘုန်း