Pages
Tuesday, January 31, 2012
ကရဝိတ်လော ၊ ဟင်္သာလော
မင်္ဂလာပါဗျာ …. ဆားပုလင်း ကို အောင်ထွဋ်  က  ကရဝိတ်ကြီး ရဲ့ နှုတ်သီး မှာ ကိုက်ထားတဲ့ အသီးလေး စိတ်ဝင်စား ပါတယ် တဲ့ … ဘာကြောင့် ကိုက်ထားတာ လည်း မသိဘူး မောင်ဘုန်း ရေ …. ဆိုပြီး comment မှာ မေးထားလို့  ရေးပြီး သာ ဒီ post လေးကို ပြန်လည် တည်ဖြတ် ပြင်ဆင် ပြီး တင်လိုက်ရပါတယ် … ။
ဆားပုလင်း ကို အောင်ထွဋ် နှင့် ကျနော် ၏ မိတ်ဆွေ သူငယ်ချင်း များ ခဗျာ … အထက်ပါ အကြောင်းရာ ကို အရင် မပြောခင် စကားလေး နည်းနည်း ရှည် ခွင့် ပြုပါနော် …. ။
နိုင်ငံတစ်ခု မှာ အမှတ်သား ဖြစ်ထားရှိတဲ့ အဆောက်ဦး ဖြစ်စေ ၊ ရိုးရာ ယဉ်ကျေးမှု့  ဆိုင်ရာ ရုပ်ထု ဖြစ် စေ ခမ်းခမ်း နားနား ပြင်ဆင်ပြီး ထားရှိတက်ပါတယ် ။ အဲ့ဒီ အမှတ်သား အတွက် လည်း  တိကျတဲ့ သမိုင်း အစဉ်လာ နှင့် ယုံကြည့်မှု့ ကို ဖော်ပြထား တက်ပါတယ် …. ။
အထူးသဖြင့် ကိုယ်ပိုင် ယဉ်ကျေးမှု့  ရှိတဲ့ နိုင်ငံ တွေ မှာ ဒါ ကို ဂုဏ်ယူ စရာ ဖြစ် ပြောဆိုတက်ပါတယ် ။
ခိုင်မာတဲ့ သမိုင်းကြောင်း အထောက်ထား ၊ မြင့်မြတ်တဲ့ ယုံကြည် မှု့  တစ်ခု အနေ နှင့် ထား ရှိကြတဲ့ ထို အမှတ်သား များ ဟာ နိုင်ငံ သားများ အတွက် ကိုယ်ပိုင် ယဉ်ကျေးမှု့  ရှိသည်ဟု အမှန်တကယ် ဂုဏ်ယူ စရာပါ ။
ကမ္ဘာပေါ်မှာ ကိုယ်ပိုင် ယဉ်ကျေးမှု့  အဆင့် မြင့် ပါတယ် ဆိုတဲ့ တရုတ် ၊ အီဂျစ်  တို့  နှင့် ယှဉ်ရင် ကျနော် တို့  မြန်မာ နိုင်ငံ ဟာ လုံးဝ မနိမ့် ကျပါဘူး … ။ မြန်မာ့ စာပေ နှင့် မြန်မာ့ မှု့  လက်ရာ အနုပညာ တွေ သက်သေ ပါပဲ … ။
သိုသော် ထို ယဉ်ကျေးမှု့  ဆိုင်ရာ တွေကို ထိန်းသိမ်းခြင်း ၊ ဖော်ထုတ် မှတ်တမ်း တင်ခြင်း ၊ လက်ဆင့် ကမ်း သင်ကြား ပို့ ချခြင်း ၊ ဆိုင်ရာ မှာ တော့ ကိုယ်ပိုင် စာပေ ၊ ကိုယ်ပိုင် ယဉ်ကျေးမှု့  မရှိတဲ့ နိုင်ငံ တွေ ထက် အားနည်း ပါတယ် … ။
ဥပမာ အနေ နှင့် ပြောရ ရင် စင်္ကာပူ မှာ နိုင်ငံ အမှတ် သားအနေ နှင့် ထားရှိတဲ့ ခြင်္သေ့ ရုပ် အကြောင်းကို စင်္ကာပူ နိုင်ငံသား အပြင် နေထိုင်တဲ့ သူ အားလုံးလိုလို သိကြပါတယ် ... ။
ကျနော် တို့ နိုင်ငံ ရန်ကုန် နှင့် မန္တလေး မှာ ရှိတဲ့ ကရဝိတ်ဖောင် တော် ဟာ ကျနော် တို့  မြန်မာ လူမျိုး အတွက် ရိုးရာ ယဉ်ကျေးမှု့  ကို ဖော် ဆောင်တဲ့ အမှတ် သား တစ်ခု ပါ ။ ဒါပင်မဲ့ ကရဝိတ် ဖောင် ဆို တာ ဘာကို ရည်ရွယ် ပြီး ထားရှိ တာလည်းလို့  မေးရင် တော့ … သိတဲ့ သူ နည်းမယ် လို့  ထင်မိပါတယ် ။ ဒါက ကျနော် တို့  တိုင်းပြည်ရဲ့ အာနည်း ချက် တစ်ခုလို့  ပြောလို့ ရပါတယ် .. ။
ယနေ့ အချိန် ထိ ကရဝိတ် ဖောင် ရဲ့ ပုံ ဟာ ကရဝိတ်ဌက် လို့  ပြော ကြသလို ဟင်္သာလို့ လည်းပြောကြပါတယ် ။ ကျနော် အထက်ပါ post မှာ ကရဝိတ် ဌက် ပါလို့  စာပေ အထောက်ထား နဲ့  ဖော်ပြ ခဲ့ ပင်မဲ့ ၊ လူ တော်တော် များများ ဟင်္သာ လို့  ပြောကြပါတယ် …. ။ ဒါ ဆိုရင် ဘယ်ဟာ အမှန် လည်း လို့ တော့ အတိကျ မဆို ဝံ့ ပါဘူး ။
မောင်ဘုန်း က ပညာရှင် မဟုတ်ဘူးလေ ။ ဒါပင်မဲ့ တွေးကြည့်ရအောင် နော် …. ။ မြန်မာ မှု့  ဆိုင်ရာမှာ ကရဝိတ် ဌက်ရုပ် က မြင့်မြတ် တင့်တယ် မှု့  ကို ဖော်ဆောင်ပါတယ် ။ မြန်မာ ဘုရင် တွေလည်း ဒီလို ဂုဏ်ရှိလို့  တခြား ဖောင်တော် တွေထက် တန်ဖိုးထား တွေ့ ရပါတယ် ။ ဒါကြောင့် ဘာလို့  ကရဝိတ် ဖောင် ကို ထားရှိတာ လည်း ဆိုရင် မြန်မာ လူမျိုး တွေ ရဲ့ မြင့်မြတ် တင့်တယ် မှု့  ကို ဖော်ဆောင် တာလို့  ပြောလို့ ရပါတယ် … ။
 အားလုံး ဒါကို ကရဝိတ် ဌက်လို့  လက်ခံ ရင်ပေါ့ နော် … ။ ခက်တာက ဟင်္သာ လို့  ပြောတာကို မဟုတ်ပါဘူး လို့  ငြင်းမရပြန် ဘူးလေ … ။ ဘာကြောင့် လည်း ဆိုရင် ကို အောင်ထွဋ် ပြောသလို အသီးလေး ကိုက်ထားလို့ ပါ … ။
မြန်မာ မှု့  အနုပညာ မှာ ကရဝိတ် ဌက် ကို ပုံဖော်ရာ တွင် နှုတ်သီး ချွန် တယ် ၊ ခြေတန် ရှည် တယ် ဒါဟာ ဟင်္သာ နဲ့  ကွာဟ ချက်ပါ ။ နောက်ပြီ ကရဝိတ် ကို ပုံဖော်ရာမှာ အသီးလေး ကိုက်နေ ဟန် ပုံ သမိုင်းမှာ မရှိခဲ့ပါဘူး ။
နောက်တစ်ခု ကရဝိတ်  နဲ့  ဟင်္သာ ခွဲခြားရာမှာ နှုတ်သီး ချွန်တာ  မချွန်တာ ခြေတံ တိုတာ ရှည်တာ အဓိက မဟုတ်ပါဘူး ခေတ်ဆက်ဆက် ပုံဖော် ရေးဆွဲ ရသော ကြောင့် အနည်းငယ် လွဲ တာ ရှိတက် ပါတယ် ။
ယနေ့ ခေတ် ရန်ကုန် မှ ကရဝိတ် ဖောင် ( google မှ ကူးယူ ပြီး တည်ဖြတ် ခဲ့ပါသည် )
ကရဝိတ်လော ဟင်္သာလေ လွဲ သွားရတဲ့ ကြောင်းရင်းက အသီးလေး ကိုက်ထားလို့ ပါ ။ ရှေ့ ခေတ် ကရဝိတ် ဖောင် မှာ ရှိတဲ့ ကရဝိတ် ဌက် ပုံဟာ ယနေ့  ခေတ်လို့  အသီးလေး မပါဘူး ။ ရတနာပုံ ခေတ် ထိလို့  ပြောလို့ ရပါတယ် … ကျနော် အထက်ပါ post မှာ ရတနာပုံ ခေတ် ကရဝိတ် ဖောင် ပုံ ကို ဖော်ပြ ခဲ့ပြီးပါပြီ ။
 ရတနာပုံ ခေတ် ကရဝိတ် ဖောင်
ဒါကြောင့် ယနေ့ ခေတ် ကရဝိတ် ဖောင် က ဌက်ပုံ ကို စာပေ အတောက်ထား ခိုင်ခိုင်လုံလုံ ရှိသော် လည်း ကရဝိတ် ဌက်ပါလို့  အတိကျ ပြောလို့ မရ ပြန် ပါဘူး ။
ဒါဆိုရင် ဟင်္သာ ပေါ့ နော် …. ဟုတ်ပြီ … ။ အထက်ပါ Post မှာ ရေးခဲ့ ပြီးပါပြီ ဟင်္သာ ဆို ၇င်  ညီညွတ်တင့်တယ်မှုကို ဖော်ဆောင်တယ်လို့  ပြောလို့  ရတယ် နော် ။
ခက်တာက အဲ့လို ပြောလို့  မရပြန်ဘူး ၊ ဘာကြောင့်လည်း ဆိုရင် အသီးလေး ကိုက်ထားတဲ့ ဟင်္သာ
 ဖြစ်နေလို့ ပါ … ။  အဲ့ မှာ စပြီး ရှုပ် တော့တာပဲ ဗျာ … ။ မြန်မာမှု့  ဆိုင်ရာ မှာ ဟင်္သာ ပုံ အမျိုးအမျိုး ရှိပါတယ် ။
အခု အသီးလေးကိုက် ထား ဟင်္သာ ကို ကျနော် မိတ်ဆွေ သူငယ်ချင်း များ သတိထား မိရင် ဘုရား နှင့် သာသနာ ဆိုင်ရာ အဆောက်ဦး တွေ မှာ တွေ့ ဘူး ကြမှာ ပါ ။
 တံခွန်တိုင် မှ ဟင်္သာ ( google မှ ကူးယူခဲ့ပါသည်)
ဒီ ဟင်္သာ ဟာ ဘုရာလောင်းတော် ကို ရည်ညွှန်းပါတယ် ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုး များ ရဲ့ အထွဋ်မြတ်ထား တဲ့ ကိုးကွယ် မှု့  ဆိုင်ရာ အမှတ်သားတစ်ခုပါ ။ ဒီကြောင်း လေး အနည်းငယ် ရှင်းပြလိုပါတယ် ။
မြတ်စွာဘုရားရှင် ဟာ ဘုရားမဖြစ် ခင် ဟင်္သာ အဖြစ် (၁၀) ဘဝ ဖြတ်သန်း ခဲ့ ပါတယ် ။ အဲ့ (၁၀) ဘဝ ထဲကမှ ဇဝန အမည်ရှိ ဘုရားလောင်း ဟင်္သာ အကြောင်းလေး ကို  ဇ၀နဟံသ ဇာတ်တော် ပါ ကြောင်းရာ များနှင့် ကိုးကား ပြီး အနည်းငယ် ပြောပြလိုပါ တယ် … ။
ဗာရာဏသီ ၊ ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားလောင်းက ဇ၀န အမည်ရှိ ဟင်္သာမျိုးဖြစ်ခဲ့ပါတယ် ။ ညီငယ် ဟင်္သာ နှစ်ကောင်ရှိပြီး ။ အခြံအရံ အားလုံး ကိုးသောင်း ရှိပါတယ် ။ တစ်ရက်မှာတော့ ညီနှစ်ကောင်က နေနဲ့ အပြိုင် ပျံသန်းလိုကြကြောင်း အကို ဘုရားလောင်းဟင်္သာဆီမှာ ခွင့်တောင်းကြပါတယ် ။
ဘုရားလောင်း ဟင်္သာမင်းက ခွင့်မပြုပေမယ့် သူတို့ က နေမထွက်မီကတည်းက ယုဂန္ဓိုရ်တောင် ထိပ်ကနေ စောင့်နေကြပြီး နေထွက်တာနှင့် အပြိုင်ပျံသန်းကြ ပါတယ် ။ နောက်တော့ နေ၏ အပူရှိန်ကြောင့် အငယ်ဆုံးကောင် အတောင်တွေ မီးတောက်လာပါတယ် ။
ဒီကြောင်းကို သိသိချင်း ဘုရားလောင်း ဟင်္သာမင်းက သူတို့ကို မီအောင်ပျံလိုက်လာပြီး အငယ်ကောင်ကို ကယ်ပြီး စိတ္တကုဋ်တောင်ကို ပို့ပေး ပါတယ် ။ မွန်းတည့်ချိန်မှာ အကြီးတစ်ကောင်လဲ ဆက်မပျံနိုင်တော့လို့ စိတ္တကုဋ်တောင်ကို ပို့ပေးရ ပြန်ပါတယ် ။
ထို့နောက် ဘုရားလောင်း ဟင်္သာမင်းက သူကိုယ်တိုင် နေနဲ့အပြိုင် ပျံကြည့်ရင်း သူ့အဟုန်ကို စမ်းသပ်ခဲ့ ပါတယ် ။ နောက်တော့ နေဆီကခွာပြီး ဗာရာဏသီမြို့ပေါ်ကို ပျံလာ ခဲ့ပါတယ် ။ ဘုရားလောင်း ဟင်္သာမင်းရဲ့အရိပ်က မြို့ပေါ်ကို လွှမ်းမိုးသွား လို့ ၊  ဗြဟ္မဒတ်မင်းက ထူးဆန်းတဲ့ အဖြစ်နဲ့အတူ မေးသောကြောင့် နေနဲ့အပြိုင် ပျံသန်းနိုင်ခဲ့ကြောင်း လျှောက်သည်။ ဘုရင်ကြီးက ဒီအဟုန်ကို မြင်ဖူးချင်တယ်လို့ တောင်းဆို ပါတယ် ။
ထို့ကြောင့် ဘုရားလောင်း ဟင်္သာမင်းသည် ၎င်း၏ လျင်မြန်ခြင်းကို ပြသရန် အတွက် လည်တွင်ချူဆွဲလျက် တိုင်ထိပ်တွင် နေ ၏ ။ တိုင်ခြေရင်းတွင် အတော်ဆုံးလေးသည်တော် (၄)ယောက်တို့ ကျောချင်းဆိုင်ရပ်ပြီး အရပ်လေးမျက်နှာကို မြားတစ်စင်းစီ ပစ် စေပါတယ် ။
ဘုရားလောင်း ဟင်္သာမင်းက မြှားများ မြေမကျ မှီဖမ်းယူ ကာ လေးသည်တော်တွေရဲ့  ခြေရင်းမှာ ပြန်ချပေး ခဲ့ ပါတယ် ။ လျင်မြန်လွန်းသဖြင့် မည်သူမှ သေချာမမြင်ကြရ။ ချူသံကိုသာ ကြားကြရ ပါတယ် ။
မင်းကြီးလဲ အလွန်အံ့သြပြီး “ဒီထက်ပိုမြန်တဲ့ အဟုန် ဒီလောကမှာ ရှိပါဦးမလား”ဟု ဟင်္သာမင်းကို မေး တော့ ။  ဘုရားလောင်း ဟင်္သာမင်းက “ဤလျင်မြန်ခြင်းထက် အဆသိန်းသန်း မက လျင်မြန်သောအရာ ရှိသေး၏ ။ ထိုအရာကား သေခြင်းတရားပေတည်း။”ဟုဆိုရာ မင်းကြီး မှာ ထိတ်လန့်တုန်လှုပ် သွားရပါတယ် ။ နောက်ဆုံးတော့ ဘုရားလောင်း ဟင်္သာမင်းက မင်းကြီးအား တရားပြကာ နှစ်သိမ့် ခဲ့ရတယ် ။
မင်းကြီးသည် ဘုရားလောင်း ဟင်္သာမင်းကို အလွန်ကြည်ညိုသွားပြီး ဘုရားလောင်း ဟင်္သာမင်းရပ်နေခဲ့သည့် တိုင်ထိပ်မှာ ဘုရားလောင်း ဟင်္သာမင်း အထိမ်းအမှတ် ရုပ်တုထုလုပ် ပြီး ဂုဏ်ပြု ခဲ့ပါတယ် ။
ဤ သည် ကို ကြောင်းပြု ၍ ယနေ့  တိုင် ဘုရား ၊ စေတီ နှင့် ဘာသာရေး ဆိုင်ရာ အဆောက်ဦး တွေမှာ တိုင်ထိပ် တွင် ဟင်္သာ တစ်ကောင် အသီးလေး ကိုက်နေ ဟန် ကို ထုလုပ်ပူ ဇော် ထားရှိတာ တွေ့ ရပါတယ် ။ ထို ဟင်္သာ ရုပ်ထု ကို ဗုဒ္ဓဘာသာ မြန်မာ လူမျိုး များ   “ တံခွန်တိုင် ” လို့  အသိများ ကြပါတယ် … ။ ဇတ်တော် ထဲ မှာ လည်မှာ ချူ ဆွဲ တယ် လို့ ဆိုသော် လည်း ၊ ဒီ ဟင်္သာ ကို ပုံဖော်ရာ မှာ ချူ သီး ကို ကိုက်ချီ ထားဟန် ရှိပါတယ် ။
ထို့ ကြောင့် မြန်မာ မှု့  ဆိုင်ရာ မှာ ဟင်္သာ ပုံ အမျိုးမျိုး ရှိသော် လည်း အသီးလေး ကိုက် ဟန် ရှိတဲ့ ဟင်္သာ ကို ဘုရားလောင်တော် ကို ရည်ညွှန်း သည့် ပုံတော် ဖြစ်သော် ကြောင့် အထွဋ်မြတ်ထား ကိုးကွယ် မှု့ ဆိုင်ရာ အမှတ်သား လို့ ပြောလို့  ရပါတယ် ။
 ဒါကြောင့် ယနေ့  ခေတ် ကရဝိတ် က ဌက်ပုံ ကို ဟင်္သာ လို့  ပြောရင် လည်း အထွဋ်မြတ်ထား ကိုးကွယ် မှု့ ဆိုင်ရာ အမှတ်သားလည်း ပြောတယ် အခုတော့ အများပြည်သူ ပျော်ပါး အပန်းဖြေ တဲ့ နေရာ ဖြစ်နေတယ်လို့ မေးခွန်းတွေ ရှိလာပြန်ပါတယ် … ။
ဒါဆိုရင် ကရဝိတ် လော ၊ ဟင်္သာ လော ….. ။
မောင်ဘုန်း ကို နိုင်ငံခြားသာ တစ်ယောက်က မေးရင်တော့ ကရဝိတ် ဌက် လို့  ပဲ ပြောမိမှာ ပါ ။ မြန်မာ ပြည်ရဲ့ မြင့်မြတ် ၊ တင့်တယ် မှု့  ကို ဖော်ဆောင် တယ်လို့  ဆိုတဲ့ အဖြေ က ပိုပြီး သင့် လျှော် တယ်လို့  ထင်မိလို့ ပါ ။
ကယ် ဆားပုလင်း ကို အောင်ထွဋ် ရေ … ဒီလောက် ဆို ဘာကြောင့် အသီးလေး ကိုက် ထားတာ လည်း ဆိုတာ ရှင်းလောက် ပြီး ထင်ပါတယ်နော် … ။
အယ် မေ့နေတာ ….. အစ်မ ဒိုးကန် ရေ …. ကရဝိတ် မှာ မင်္ဂလာဆောင်ရင် ကွဲ တယ်လို့  ကျနော် လည်း ကြားဘူးပါတယ် … ။ မြန်မာ လူမျိုး တွေဟာ အတိတ်တွေ နမိတ်တွေ ကို ယုံကြည်ကြပါတယ် ။ ကရဝိတ် မှာ ရှိတဲ့ ဌက် နှစ်ကောင်ပုံ ကို တချို့ က ဟင်္သာ မောင်နှံ လို့  ပြောကြပြန် ပါတယ် … ။
ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုတော်တွင် သုဝဏ္ဏဟံသဇာတ်၊ ဝီနီလကဇာတ်၊ ကစ္ဆပဇာတ်၊ ဟံသဇာတ်၊ ပလာသဇာတ်၊ နေရူဇာတ်၊ ဇဝနဇာတ်၊ စူဠဟံသဇာတ်၊ မဟာဟံသဇာတ် အဲ့ဒီ ဟင်္သာ နဲ့  ပတ်သက်တဲ့ ဇတ်တော် တွေထဲ မှာ ဇတ်သိမ်း မှာ အကွဲ အလွဲ တွေ ကြီးပါပဲ … ။
ဒါကြောင့် အတိတ် နမိတ်ယူ ပြီး ကွဲ တက်တယ်လို့  မှတ်ယူ ကြကြောင်း ပါးစပ် ရာဇဝင် အနေ နှင့် မှတ် သား ဘူးပါတယ် … ။
မင်္ဂလာမဆောင်ပဲ ဧည့်ခံပွဲလုပ်ရင်ကော..ကွဲတတ်ပါသလား တဲ့ … အပျိုကြီးရေ … အဲ့လို အတိတ်တွေ နမိတ်တွေ ယုံတက် ပါသလား ….. ။ 
မှတ်ချက်
အထက်ပါရေးသား ချက်များ သည် ကျနော် လေ့လာမိသော ကရဝိတ် အကြောင်း နှင့်  ဆက်စပ်ပြီး ကျနော် ၏ ထင်မြင်ချက် သက်သက် ကို သာ ရေး သားမိခြင်း ဖြစ်ပါသည် ။ ထို့ ကြောင့် ကျနော် မသိရှိသော စာပေ များ နှင့် လွဲ နေသည် ဆိုလျှင် ကျနော် မောင်ဘုန်း ၌ သာ တာဝန်ရှိပါသည် ။
ခင်မင်စွာဖြင့်
မောင်ဘုန်း
Monday, January 30, 2012
ကျနော် နှင့် ကရဝိတ်
မင်္ဂလာပါ … ဗျာ … ။ အလုပ်ပိတ်ရက်မှာ စာလည်း မရေးဖြစ်ဘူး ။ ဒီ post လေးကိုတော့ ရေးနေတာ တော်တော် ကို ကြာပါပြီ ဒီနေ့  တော့ လက်စသတ်ပြီး ကျနော် ငယ်စဉ် ကတည်းက စိတ်ဝင်စား မိတဲ့ ကရိဝိတ် အကြောင်း ကို သိသလောက်လေး ပြောပြပါမယ် … ။
ကျနော် အသက် ၁၂ နှစ်လောက်က အဖေ အမေ နှင့် အတူ ပထမဦး ဆုံး ရန်ကုန်မြို့  အလည်ရောက်ခဲ့ ပါတယ် … ။ အမေရော အဖေရော ရန်ကုန် ဇာတိ ဖြစ်တော့ ရန်ကုန် မှာ အမျိုးတွေ အများကြီး ရှိတာပေါ့
မှတ်မှတ်ရရ ဦးလေး ဖြစ်သူ က ကျနော် တို့  မိသားစု ကို ရန်ကုန်က ကရဝိတ်ဖောင် ကို
ခေါ်လာခဲ့ ပါတယ် ။
ဟိုရောက်တော့  ဌက်နှစ်ကောင် ပုံ လုပ်ထားတဲ့ လှေကြီး ကို တွေ့ တော့ ကျနော် အထူးအဆန်း လို ကြည့်နေမိရင်း ဦးလေး ဖြစ်သူကို ဒါဘာ ဌက်လည်း လို့  မေးကြည့်တော့ ဦးလေး က ဟင်္သာ တဲ့ ၊  ဒါကို ကရဝိတ် ဖောင်လို့  ခေါ်တဲ့ ကြောင်းပြောပြပါတယ် … ။  ဟင်္သာ ဆိုရင် ဘာလို့  ဟင်္သာ ဖောင် လို့  မခေါ်ပဲ ကရဝိတ် ဖောင်လို့  ခေါ်ရတာလည်း လို့  မေးမိပါတယ် … ။ ဦးလေး ဖြစ်သူက ငါ လည်း မသိဘူးတဲ့ …. ။
အဲ့ဒီအချိန် က စပြီး ကရဝိတ် ဆိုတာဘာလည် လို့  သိချင် ခဲ့တာပါ … ။ ဦးလေး ပြောတဲ့ ဟင်္သာ ဆိုတာတော့ လက်ခံ တယ်လေ … ဘုရား တွေ မှာ တွေ့ ဘူးတဲ့ ဟင်္သာ ပုံ နဲ့  တူနေတာကို .. ။
နောက်ပိုင်း အသက်တွေ ကြီးလာတော့ ကရဝိတ်ဖောင် အကြောင်းကို ပို သိလာခဲ့ရပါတယ်  ကရဝိတ်ဆို တာ ဘာလည်း လို့  သိတာ မဟုတ်ပါဘူး ။ ရန်ကုန် မှာ တွေ့ ခဲ့တဲ့ ကရဝိတ် ဖောင်တော် လိုမျိုး မန္တလေး မှာ လည်းရှိ တယ် ဆိုတာရယ် ၊ မြန်မာ ဘုရင်တွေ ရေလမ်းခရီ သွားရင် အသုံးပြု တဲ့ ဖောင်တော် ဆိုတာလောက် သိခဲ့ ပါတယ် ။
နောက်တစ်ခု က ဖောင် ရှေ့ မှာရှိတဲ့  ဌက်ရုပ် ပုံ ပါ ။ တော်တော် များများ ကို မေးကြည့်တော့ လည်း ဦးလေး ပြောသလို ဟင်္သာတဲ့ ၊ ကိုယ် တိုင်လည်း တွေ့ ဘူးတဲ့ ဟင်္သာပုံ တွေနဲ့  ယှဉ် ကြည့်တော့ ဟင်္သာ ဆိုတာငြင်းလို့  မရဘူး လေ … ။ ခက်တာက ကိန္နရာ၊ ကိန္နရီ ၊ ဂဠုန်၊ ဟင်္သာ ဆိုတဲ့ ဌက်တွေ ကို ဘယ်သူမှ မြင်ဘူး တာမဟုတ်ဘူးလေ ။ ပန်ချီ ဆရာ ချယ်သ မှု့ နဲ့  ခေတ် အချိန်ခါ ပေါ်မူတည်ပြီး ပြောင်းလည်းနေတော့ ဟင်္သာ ဆိုတာ ဘယ်လိုပုံရှိတယ်လို့  တိတိကျကျ ပြောမို့  ခက်တာပေါ့ ။
နောက်တော့ လက်လှမ်း မှီတဲ့ စာအုပ်တွေ ထဲမှာ ဖတ်ကြည့်တော့ ဖော်တော် ထိပ် က ဌက်က ဟင်္သာ ဆိုတာ ပို ယုံသွားပါတယ် … အဖေ စာအုပ်စင်ထဲက ကာတွန် ဦးဘကလေး ရေးတဲ့ လေးဆစ် ကဗျာ လေး ဖတ်လိုက်ရလို့ ပါ … ထိုကဗျာလေးမှာ “ မြောင်းမြ သွား ၊ များလိုက်တဲ့ အကြိုတော် ၊ ကရဝိတ်ဖောင်  ဟင်္သာမကရ်း တွေနဲ့ ၊ စိမ်းနီပြာ မီးရောင်လွှမ်း ပါလို့  ၊ ကမ်းညွှတ်လုနော် ” …. အစချီ တဲ့ ကဗျာ လေးကို ဖတ်လိုက် တော့ ဒါ ဟင်္သာ ရုပ် ပဲလို့ ပို ပြီ ယုံကြည်ခဲ့ ပါတယ် ။
ဒါပင်မဲ့ ဟင်္သာ ရုပ် ထားပြီ ဘာလို့  ဟင်္သာ ဖောင်လို့  မခေါ်တာလည်းလို့  တွေးကြည့်မိပြန်တယ် … ။ ဒါနဲ့  ဒီ အကြောင်းနဲ့  ပတ်သက်ပြီး ဘာမှ မလေ့လာမိတော့ပါဘူး … .. ။
ဟိုတလော က ရတု ကဗျာ တွေ အကြောင်း လေ့လာမိရင်း ရတု ကဗျာ တစ်ပုဒ် မှာ ကရဝိတ် ဆိုတာ ပြန်တွေ့  မိပြန်ပါတယ် ။ အင်းဝ ခေတ် စာဆိုတော် သျှင်ကရဝိက ရေးတဲ့ မင်းရဲကျော်စွာ လေးထပ် ကျောင်းတည် မော်ကွန်း ရတု မှာ စာဆိုရှင် ဟာ ဗုဒ္ဓမြတ်စွာ ဘုရား ၏ အသံတော် ကို ကရဝိတ် ဌက် ရဲ့ အသံ နှင့် ခိုင်းနှိုင်း ဖွဲ့ ဆိုထား တာတွေ့ ရလို့ ပါ ။
အဲ့တော့မှ  ကရဝိတ် ဌက် ဆိုတာ တကယ် ရှိပါလား လို့ တွေးမိရင်း ရတု ကဗျာတွေ ကို ခဏ ထားပြီး ကျနော် သိချင်တဲ့ ကရဝိတ် ဌက်အကြောင်း ရှာပုံတော် လုပ်မိပြန်ပါတယ် … ။
နောက်ဆုံးတော့ ကရဝိတ်ဌက်  အကြောင်း ရေးထားတဲ့ စာပေ နှစ်ခု ရှာတွေ့ ခဲ့ပါတယ် .. ။ တစ်ခုက ဒေါက်တာသန်းထွန်း၏ သမိုင်းထဲက ဒီဇိုင်း ဆိုတဲ့ စာအုပ်မှာပါ တဲ့ ကရဝိတ် အကြောင်း နှင့် မြန်မာ့စွယ်စုံ ကျမ်း အတွဲ (၁) စာမျက်နှာ ၇၆ ၊ ၇၇ တွင်ပါရှိသော ကရဝိတ်ဌက် အကြောင်းပါ ။ ထိုအကြောင်းရာ လေး ကို အနည်းငယ် ဖော် ပြ လိုပါတယ် ။
ကရဝိတ် ဌက်
ကရဝိတ် ဌက်သည် ဟိမဝန္တာ ဥသြ တစ်မျိုး ဖြစ်ပြီး ၊ ဟင်္သာ လို ခြေတံတို ဘဲမျိုး မဟုတ်ပဲ ကရ၀ိတ်က ခြေတံရှည် ကြက်မျိုး ဖြစ်ပါ တယ် ။ အသံ မှာ ငိုငြီးသံ ဖြစ်ပြီ လွန်စွာ သာယာ သော အသံ လို့ ရှိတယ်လို့  မှတ်သားခဲ့ ရပါတယ် ။
ကရဝိတ် ဖောင် ဟုခေါ်သော ရေယာဉ် တွင် ကရဝိတ် ဌက် ၏ ပုံ ကို တည်ဆောက်လေ့ ရှိသော် လည်း နှုတ်သီး ၊ ရင်အုပ် ၊ အတောင် နှစ်ဖက် နှင့် ဌက်တစ်ကောင် အဖြစ် ကိုသာ သာမန်အားဖြင့် ရှိသော်လည်း အမှတ်သား အတိကျ မရှိ ပါ ။ ဘာကြောင့်လည်း ဆိုရင်  ဤ ဌက်၏ ဥ ၊ အသိုက်နှင့် အလေ့ထ များကို ဘယ်သူမှ အတိကျ မသိ လို့  ပါ ။
မြန်မာမှုနယ် မှာ ဟင်္သာရုပ်ကို  ညီညွတ်တင့်တယ်မှုကိုပြ တယ်လို့  မှတ်ယူ ကြသလို ၊ ကရဝိတ်ဌက် ရုပ် ကိုတော့ မြင့်မား၊ ရင့်ကျက်၊ တင့်တယ်မှုကို ပြတယ် လို့  မှတ်ယူ ကြပါတယ် ။
ထို့ ကြောင့် မြန်မာ ဘုရင် များ ရေကြောင်း ထွက်တော် မှု လျှင် တိုးဖောင်တော် ၊ စာမရီဖောင်တော်၊ ကရဝိတ်ဖောင်တော် ဟူ၍ ဖောင်တော်အမျိုးမျိုးရှိ သော်လည်း ကရဝိတ် ဖောင်တော် ကို ဘုရင်ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးများသာ အသုံးပြုခြင်း ၊ စစ်ချီတက်ရာ၌ အသုံး ခြင်း ဖြင့် ရှင်ဘုရင် ၏ မြင့်မြတ် တင့်တယ် မှု့ ကို ဖော်ဆောင် ကြောင်း မှတ်သာ ခဲ့ရပါတယ် … ။
အဲ့လို ဖတ်မှတ်ပြီးတော့မှ ကျနော် ရန်ကုန် မှာ မြင်ခဲ့ ရသော ကရဝိတ် ဖောင် မှာ ဟင်္သာ မဟုတ်မှန်း သိခဲ့ ရပါတယ် ..... ဗျာ ….. ။ 
ရန်ကုန် က ကရဝိတ်ဖောင် တော်ပါ  (google မှာ ကူးယူ ခဲ့ပါသည်)
ရှေ့ ခေတ် ကရဝိတ်ဖောင် ပုံပါ ( google မှ ကူးယူ ခဲ့ပါသည် )
ရတနာပုံခေတ် ကရဝိတ်ဖောင် ပုံပါ 
( မြန်မာ့ စွယ်စုံကျမ်း အတွဲ (၁) စာမျက်နှာ ၇၇ တွင် ပါရှိသော ဓာတ်ပုံ ကို ကိုယ်တိုင် ရိုက်ယူ ဖော်ပြသည်)
ခင်မင်စွာဖြင့် 
မောင်ဘုန်း
Tuesday, January 24, 2012
ပျော်ရ ၊ ရွှင်ရ ၊ မျှော်ရ ၊ ပူရ ... ပါသည်
ပျော်ရ ပါသည်
ရောင်နီ သန်းတဲ့
ငြိမ်းချမ်း အသွင်
ရောင်ဖြာ ထွန်း၍
ရွှေပြည် အတွက်
ပျော်ရ သေးသည် …............ ။
ရွှင်ရ ပါသည်
သံတိုင် ကြားမှ
ရွှေရောင် တောက်သည့်
အနာ ဂတ်များ
အားဖြည့် ပေါင်း၍
ရွှေပြည် အတွက်
ရွှင်ရ သေးသည် …............. ။
မျှော်ရ ပါသည်
ယမ်းငွေ့  ဝေတဲ့
သမိုင်း မထင်
သာသနာ ရောင်ပွဲ
ခြိမ့်ခြိမ့် နွဲမည့်
ရွှေပြည် အတွက်
မျှော်ရ သေးသည် …….......  ။
ပူရ ပါသည်
အကွဲ အစ
အလွဲ အဆုံး
အိမ်မက် ဆိုးမှ
နိုးထ နိုင်ရန်
ရွှေပြည် အတွက်
ပူရ သေးသည် ….............  ။
မှတ်ချက် ....
ဒီကဗျာ လေးကို ရေးပြီးတာ ၂ ပတ်လောက် ရှိပြီ ထင်ပါတယ် ... ။ တရုတ် နှစ်ကူး ပိတ်ရက် မှာ မောင်ဘုန်း တစ်ယောက် ငွေယား လေးတွေ ရတာ နဲ့ လက်ယား ခြေယား ဖြစ်ကာ  ငြိမ်ငြိမ် မနေနိုင်ပဲ လမ်းများ ခဲ့ပါတယ် ဒီနေ့ တော့ ရှိတဲ့ ငွေယား လေးတွေ လည်း ကုန်သလောက် ရှိပြီ် မို့  အယားလည်း ပြေ အမောဆို့ ကာ နေရပ် ဆီအုန်းတော ကို ပြန်ရောက်ပြီး ဒီနေ့  ညမှ ဒီ ကဗျာ လေး တင်လိုက်ရတာပါ ... ။
မောင်ဘုန်း 
Saturday, January 14, 2012
ပြန်လည်ဖြေ ကြားခြင်း
LIVING TOGETHER  နှင့် အမျိုးသမီး အခွင့်ရေး ဆိုတဲ့ post လေးကို ဘာရည်ရွယ်ချက် နဲ့  ရေးတယ် ဆိုတာ ကျနော် ဖော်ပြပြီးသာပါ ... ။ နောက်ပြီ ခေတ်အဆက်ဆက် အမျိုးသမီးအခွင့်ရေး ဆိုင်ရာ ဥပဒေ ကိုလည်း ကျနော် သိသလောက်လေး ဆက်လက်ရေးသား နေပါတယ် ဆိုတဲ့ ကြောင်းကိုလည်း အသိ ပေးခဲ့ ပါ တယ် ... ။ သေသေချာချာ ပြည့်ပြည့် စုံစုံလေး ရေးချင်လို့ ပါ ... ။ အခုတော့ ဆက်မရေးလို့  မရတော့ တဲ့ အခြေနေကို ရောက် နေပါပြီ  ... ။
LIVING TOGETHER  နှင့် အမျိုးသမီးအခွင့်ရေး ဆိုတဲ့ post မှာ Anonymous said နေနှင့် comment ရေးသား တဲ့ မြန်မာအမျိုးသမီးတစ်ဦး နှင့် တရားရေးဆိုင်ရာ အမျိုးသမီးဝန်ထမ်း   ဆိုတဲ့ အစ်မ နှစ်ဦး ရဲ့ မေးမြန်း ချက်ကို ပဲ အဓိကထား ဖြေကြား  ရေးသား  သွားပါမယ် ... ။
ပထမဦးဆုံးအနေ နှင့် မြန်မာအမျိုးသမီးတစ်ဦး ဆိုတဲ့ အစ်မ ရဲ့ comment ကို ပြန်လည် ဖြေရှင်းခဲ့ သော ကျနော် comment တွင် " ကန့် ကွက် "  ဟူသော စကားရပ်ကို သုံးမိခဲ့သည့် အတွက် ဦးစွာ တောင်းပန် လိုပါတယ် ... ။
အစ်မတို့ ရေ ... မြန်မာအမျိုးသမီးများ အတွက် လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာမှာ တန်းတူအခွင့်ရေး ရရှိစေတဲ့ ဥပဒေ ကို ၁၉၅၄ မှာ  ပြဋ္ဌာန်း ခဲ့တယ်နော် ... ဒီ ဥပဒေဟာ အားနည်းချက် များစွာ ရှိတယ်လို့  ကျနော် မောင်ဘုန်း အထက်ပါ post မှာ ဖော်ပြခဲ့ပါတယ် ... ။ ကျနော် ရှင်းပြပါမယ် .... ။
၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ ဆိုတာ .... (၁၉၃၄-၁၉၃၈) ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ (အတည်မဖြစ် ခဲ့သော ) ကို ၁၉၅၄ မှာ ပြင်ဆင်ပြီ ၊ ၁၉၅၄ မှာ ပဲ ပြဋ္ဌာန်း ခဲ့ ပါတယ် ... ဒီ ဥပဒေ ဟာ မြန်မာအမျိုးသမီးတစ်ဦး ဆိုသော .... အစ်မ ပြောသလို မြန်မာအမျိုး သမီးများ အတွက် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ မှာ တန်းတူအခွင့်ရေး ရစေတယ် ဆိုတာ ကျနော် လက်ခံ ပါတယ် ... ။ 
ဒါပင်မဲ့ပ ဥပဒေ ရဲ့ ခေါင်းစဉ် က ဗုဒ္ဓဘာသာအမျိုးသမီးများ ဟု ဆိုဒါကြောင့် ဒီ ဥပဒေဟာ ဘာသာခြားတိုင်းရင်း သား အမျိုးသမီးများ နှင့် မဆိုင်သလို ဖြစ်နေခဲ့ပါ တယ် ... ။
ဥပဒေ ပြဋ္ဌာန်းချက် မှာ  ဘာသာခြားတိုင်းရင်းသား အမျိုးသမီးများ နှင့် မဆိုင်စေရ ... ဆိုတဲ့ စကားရပ် မပါသော် လည်း ၊ ။ ဒီ ဥပဒေကို လက်တွေ့  အသုံးပြုတဲ့ တရားစီရင်ရေး မှာတော့ တရားပြိုင်း အနေနှင့် ထို့  အချက် ကို ထောက်၍ လျှောက်လှဲချက် ပေးတက်တာ ကို တရားရေးဆိုင်ရာအမျိုးသမီး ဝန်ထမ်း ဆိုတဲ့ အစ်မ အသိ ဆုံးနေမှာပါ .... ။
ဥပဒေ တစ်ခု  ပြဋ္ဌာန်း ချက်သည် လူမျိုး ဘာသာ မရွေး သက် ဆိုင်တဲ့ ပြဋ္ဌာန်း ချက်ပဲ ဖြစ်သင့် မဟုတ်လော ။
ကျနော်တို့  နိုင်ငံမှာ လူမျိုးအများစု ဗုဒ္ဓဘာသာ ကိုးကွယ်သော်လည်း ဥပဒေအရ လွတ်လပ်စွာ ကိုးကွယ် ခွင့် ဖော်ပြထား ပါတယ် .. ။ ထို့ ကြောင့်  လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ မှာ ကြည့်မယ် ဆို၇င်လည်း ဘာသာခြား ထုံးထမ်း စဉ်လာ ဥပဒေ ကို တရားစီရင်ရေး မှာ အသုံးပြု ခဲ့ပါတယ် ... ။
ဒါကြာင့် ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးများ ဘာသာခြားကို လက်ထပ်ခြင်းဖြစ်စေ .. ၊ ဘာသာခြား အမျိုးသမီးများ လက်ထပ်ခြင်းဆိုင်ရာ မှာ ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ ဆိုတာ... တန်းတူ အခွင့် ရေး မရှိခဲ့ ပါဘူး ...။
အစ်မတို့  အနေ နှင့် ထိုအချက်ကို ပြင်ဆင်ခဲ့သည် ဟု ပြောဖွယ်ရာ ရှိပါတယ် .... ဘာကြောင့် လည်း ဆို၇င် တရားစီရင်ရေး တစ်ချို့  မှာ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် နှင့် ထိုအချက်ကို ကာကွယ်ပေးထား တာတွေ ရှိပါ တယ် .. ။
၁၈၉၈ခုနှစ်မှာ မြန်မာထုံးတမ်းစဉ်လာ ဥပဒေပြင်ဆင်ချက်ကို ကြည့်မယ်ဆိုရင်  မြန်မာ့ထုံးတမ်းအရ လက်ထပ်ထိမ်းမြားခြင်း သည် ဘာသာရေးနှင့်မဆိုင် ၊ လောကီရေးရာသာဖြစ်သည် ။ ထို့ ကြောင့် လက်ထပ်ထိမ်းမြားခြင်းသည် လူမှုရေး ကိစ္စဖြစ်သည် ...  ဟု ဆိုသောအချက်ကို ထောက် ၍ တရားစီရင် ရေး နှင့်  အမျိုးသမီး အခွင့်အရေး ကို ကာကွယ် ပေးထားတာ တွေ့ ပါတယ် … ။
ဒါပင်မဲ့ တရားစီရင်ရေးတိုင်း မှာ ကာကွယ် ပေးခဲ့ တာမဟုတ်ဘူး နော် ... ဥပမာ အနေ နေနှင့် တရားစီရင် ခြင်း တစ်ခု ကို ကြည့် ရအောင် ဗျာ  
၎၊ဘားမားလောတိုင်း ၁၂၄တွင်ပါရှိသော ၀ီရှိန်နှင့် မနှင်းလှိုင်အမှုစီရင်ထုံးမှာ  မြန်မာနိုင်ငံမှာအမြဲနေထိုင်သည့် 
တရုတ်လူမျိုးဗုဒ္ဓဘာသာဝင်တဦးနဲ့ မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတဦးတို့ နှစ်ဦးဆန္ဒအရ မြန်မာဓလေ့ထုံးတမ်း 
ဥပဒေနဲ့အညီ ထိမ်းမြားလက်ထပ်ခဲ့ကြတယ်။ တရားဝင် လင်မယားအဖြစ် အထင်အရှား ပေါင်းဖက်နေထိုင်ခဲ့တယ်။ 
သားသမီးများ ထွန်းကားလာပြီးမှ တရုတ်အမျိုးသား ကွယ်လွန်ခဲ့တယ်။ သေဆုံးသွားသော 
တရုတ်အမျိုးသား ဆွေမျိုးများက ကျန်ရစ်သည့်အမွေကို ဆက်ခံလိုသဖြင့် တရား စွဲဆို ခဲ့ပါတယ် ... ရုံးတော် မှ 
ထိုအမှု့  ကို ထိုတရုတ် အမျိုးသားနှင့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့၏ ထိမ်းမြားမှုမှာ မြန်မာ့ဓလေ့ထုံးတမ်း 
ဥပဒေအရ တရားဝင် လက်ထပ်ထိမ်းမြားခဲ့ခြင်း ဖြစ်သော်လည်း တရုတ်ဓလေ့ထုံးတမ်းအရ တရားဝင် 
အတည်ဖြစ်သည့် ထိမ်းမြားမှုမပြုခဲ့သဖြင့် ၄င်းတို့နှစ်ဦးသည် တရားဝင် လင်မယားအရာ မရောက်ခဲ့ဟု ရုံးတော် က 
စီရင် ခဲ့ ပါတယ် ... ။
ထိုဖြစ်စဉ် ကို ကြည့်ရင် ရုံးတော်အနေ နှင့် လူမျိုးခြား ဓလေ့ထုံးတမ်းနဲ့ စီရင်ခဲ့တာ တွေ့ ရတယ်နော် ။
နောက်တစ်ခု ...
၁၉၆၆ ခု၊ မြန်မာနိုင်ငံစီရင်ထုံး ၆၀၇ မှာ ဖော်ပြချက်အရ ကိုသန်းငွေနှင့် မခင်ရီ အမှုစီရင်ထုံး တွင် အမှုဖြစ်ကြသူ လင်မယားမှာ တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပါတယ် ။ အချင်းချင်း မသင့်မတင့်ဖြစ်ကြပြီး ခွဲခွာနေကြသော အခါမှာ မိန်းမက ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ မယားစရိတ် လျှောက်ထား ခွင့် ရုံးတော် သို့ တောင်းခံပါတယ် ။ 
 ယောက်ျား ဖြစ်သူ မှ သူတို့ မူလလက်ထပ်စဉ် ဘာသာရေးအရ လိုက်နာရမည့် ကျင့်စဉ်နဲ့ မညီ ချွတ်ယွင်းခဲ့သဖြင့် တရားဝင် လင်မယားအဖြစ်သို့ မရောက်ခဲ့ကြောင်း ရုံးတော် သို့ လျှောက်လှဲ ခဲ့ပါတယ် ။ ရုံးတော်က စီရင်ဆုံးဖြတ်တဲ့ အခါမှာ ......
၁ ။ အမျိုးသမီးများဘ၀ လုံခြုံမှု ကာကွယ်ပေးဖို့ အစိုးရမှာ တာဝန်ပါ ရှိတယ် ။
၂ ။ သူတို့ ဘယ်ဘာသာ ကိုးကွယ်တယ်ဆိုတာက ပဓါနမဟုတ်ပါ ။
၃ ။ လက်ထပ်ထိမ်းမြား အိမ်ထောင်ပြုရေးသည် ဘာသာရေးကိစ္စမဟုတ်၊ လူမှုရေးကိစ္စသာ ဖြစ်သည် ။
ဟု ဆိုပြီး တရားရုံးမှ ယောကျာ်း ဖြစ်သူ ကိုသန်းငွေ ၏ လျှောက်လှဲ ချက် ကို ပယ်ချ ခဲ့ပါတယ် … ။
ဒီအမှု့  မှာ တော့  ၁၈၉၈ ခုနှစ်မှာ မြန်မာထုံးတမ်းစဉ်လာ ဥပဒေ ပြင်ဆင်ချက်အရ  မြန်မာ့  ထုံးတမ်း လက်ထပ်ထိမ်းမြားခြင်း သည် ဘာသာရေးနှင့် မဆိုင်၊ လောကီရေးရာသာဖြစ်သည် ။ ထို့ ကြောင့် လက်ထပ် ထိမ်းမြား ခြင်း သည် လူမှုရေး ကိစ္စဖြစ်သည် ...  ဟု ဆို သော အချက် ကို ထောက် ၍ တရားစီရင် ရေး နှင့်  အမျိုးသမီး အခွင့်အရေး ကို ကာကွယ် ပေးထားတာ တွေ့ ရ ပြန် ပါတယ် ... ။ 
 ဟုတ်ပြီ ... တရားရေဆိုင်ရာအမျိုးသမီး ဝန်ထမ်း ဆိုသော အစ်မ ရေ ... အထက်ပါ အမှု့ မှာ အမျိုးသမီး အခွင့်ရေးကို တရားစီရင်ရေး လုပ်ပိုင်ခွင့် နှင့် ကာကွယ်ပေးလိုက် သည် ဆိုသော်လည်း ကိုသန်းငွေ ၏ လျှောက်လှဲ ချက်ကို ခိုင်မာမှု့ မရှိ ဟု ဆိုပြီ  ရုံးတော် က ပယ်ချ ခဲ့ ခြင်း မဟုတ်ဘူးနော် ...  လုပ်ပိုင်း ခွင့် နှင့် ကာကွယ် ပေးလိုက် တဲ့ သဘောပါ ...  ။
ဒါကြာင့် ကိုသန်းငွေအနေ နှင့် အယူခံဝင်ခွင့် ရှိပါသေးတယ်နော် .... ။ နောက်တစ်ချက်က ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ အရ ဆိုးပြီး ကိုသန်းငွေ ရဲ့ လျှောက်လှဲ ချက် ကို  ခိုင်ခိုင်မာမာ မရှိ ဟု ရုံးတော် က  ပယ်ချ လို့  ရပါတယ် ။ ဒါပင်မဲ့ ဘာကြောင့် လို့  ထင်ပါ လည်း  ဗျာ ........။ ဒါ စဉ်းစားသင့် တယ်နော် .... ရှင်းပါတယ် ဗျာ ... ကိုသန်းငွေ ရဲ့ လျှောက်လွဲ ချက်ကို က ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ ကို မျက်ကွယ်ပြုပြီး ဘာသာခြား ထုံးတမ်း စဉ်းလာ ဥပဒေ အပေါ် မှာ ခိုင်ခိုင်မာမာ တင်ပြ ထား ခဲ့တာကို .... ။
ထို့ ကြောင့် ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ ကို မြန်မာ အမျိုးသမီး တစ်ရပ် လုံး အတွက် ထိရောက် ပြီး  တိကျတဲ့ ပြင်ဆင် မှု့ လုပ်သင့်တယ်လို့  ... ထင်ပါလား အစ်မ တို့ ရေ ...
နောက်တစ်ခု  ပြောအုံးမယ် ဗျာ .... အထက်ပါ အမှု့  နှစ် မှာ ဖြစ်ရပ် ကို ဥပဒေ ဆိုတာ ခဏ ဖယ်ကြည့် လိုက် ဗျာ .... ပထမ ဖြစ်စဉ် မှာ လင်မယား အဖြစ် အတူနေထိုင် ပြီး သားသမီး ရသည့် တိုင် လင်မယား မဖြစ်ခဲ့ပါဘူးလို့  ဆုံးဖြတ် ခံရတယ်နော် .... 
နောက်တစ်ခု လင်မယား ဖြစ်ခဲ့ ပြီးမှ မဟုတ် ပါဘူး လို့  ငြင်းခံ ရတယ်နော် .....
ကယ် ....ထို အမျိုး သမီး များ နေရာက ကြည့် လျှင် တရားသည် လော ... 
မြန်မာအမျိုးသမီး တစ်ဦး ဆိုသော အစ်ပြော သလို ရှုပ်ထွေးလှ လူမှု့ ရေးရာ ကို တိကျ တဲ့ ဥပဒေ ပြဋ္ဌာန်း လို့  မရဘူ ဆိုတာကို ကျနော် လက်ခံပါတယ် ..။ နောက်ပြီ ဥပဒေ တစ်ခု ဟာ အချိန် ကြာလေလေ အားနည်း လာလေလေ ဖြစ်တက်လည်း သဘာဝ ပါ ... ။ ဒါကြောင့် လည်း မကြာခဏ ပြင်ဆင် ခဲ့ ရပါတယ် ။
ဒါပင်မဲ့ .....
ထို ဥပဒေ ကို ဘာကြောင့် အခု ထိ ထိရောက်တဲ့ ပြင်ဆင် မှု့  မရှိ သည်လော .. ။
ထိုသို့  ပြင်ဆင် ရန် ထိရောက်တဲ့ တောင်းဆိုမှု့  ရှိသင့်သည် လော ... ။
သို့ တည်မဟုတ် တကယ် ပဲ ပြင်ဆင်မို့  မလို အပ် သည် လော ... ။
နောက်ဆုံတစ်ခု ပြောအုံး မယ် ဗျာ .... ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ မှာ တန်းတူ အခွင့် ရေး ရှိတယ် လို့  အစ်မ တို့  ပြောခဲ့ တယ် နော် .... ဟုတ်ပြီ ...
ယနေ့  အချိန်ခါ မှာ အရမ်းခေတ်စား နေတဲ့ လက်ထပ် ထိမ်းမြား မှု့  လေး တစ်ခု ရှိပါတယ် .... မော်ကွန်းတင် လက်မှတ်ရေးထိုး လပ်ထပ်မင်္ဂလာ ပြု သည် ဆိုတဲ့ .... လပ်ထပ် ထိမ်းမြား မှု့ လေး ပါ ....
အစ်မတို့  ရေ ... နာမည်လေးလှ လို့  လုပ်တာကြ တာလား ဗျာ ... ။ ဥပဒေ ဘာသာ ရပ် ကို သိတဲ့ သူ ဆို၇င် မဟုတ်ဘူးလို့  ဖြေကြမှာ နော် ... ဘာကြောင့်လည်း ဆိုရင် ဥပဒေအရ အခိုင်မာဆုံး လက်ထပ်နည်း လို့  ပြောလို့  ၇တယ် လေ .... ။
ဒါဆိုရင် ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေဟာ ခိုင်မာ မှု့  မရှိတော့သလို ဖြစ်သွား ပြန် ရော .... ထားပါ ....ဗျာ ... ။
 လက်ထိပ်ထိမ်းမြား ခြင်းဆိုင်ရာ တန်းတူအခွင့်ရေး ရှိတယ် ဆိုရင် ... ပြောအုံး မယ် .... မော်ကွန်းတင် လက်မှတ် ရေးထိုး လပ်ထပ်မင်္ဂလာပြု တယ် ဆိုတာ ယနေ့ အချိန် မှာ အထက်တန်းလွှာ လူတန်းစား ပဲ ဘာကြောင့် လုပ်ရတာလည်း ဗျာ ... ။
ရှင်း ပါတယ် ဗျာ ... မော်ကွန်းတင် ထိမ်းမြား လက်ထပ် တယ် ဆို တာ ကျနော် တို့  မြန်မာ ဘုရင် တွေ ခေတ် ကတည်း ရှိခဲ့ တာပါ ...ဘုရင် နှင့် မှုးကြီး မတ်ရာ တွေ ကိုယ် တိုင် အခမ်းနား ပြင်ဆင် ပေး ပြီး သူတို့  ကိုယ်တိုင် လက်ထပ် ထိမ်းမြားပေး ခြင်းကြောင့် ဘာ ဥပဒေ ... ညာ ဥပဒေ အရဆို ပြီး သူတို့  လက်ထပ် ထိမ်းမြား ခြင်း ကို ကန့် ကွက် ခွင့် မရှိဘူးလေ ..... ။
ယနေ အချိန်ခါ မှာ တော့ သတိုးသား ဖြစ်သူ အတွက် ဥပဒေ ဆိုင်ရာ ရှေ့ နေ တစ်ဦး သတိုး သမီး ဖြစ်သူ အတွက် ရှေ့ နေ တစ်ဦး ၊ ထို ရှေ့ နေ များကို သတိုးသား ၊သတိုး သမီး မှ GP ( General power )လွှဲ အပ်၍  တရားရေးဆိုင် ရာ အနည်း ဆုံး အရာတန်း အဆင့် ရှိ တရားသူ ကြီး တစ်မှ နေ၍ ထိုက်သင့် တဲ့ အခမ်း နား ပြင်ဆင် မှု့  နှင့် တကွ မော်ကွန်း တင် လက်ထပ် မင်္ဂလာ ပြု ကြပါတယ် .....
တရားရေ ဆိုင်ရာ အမျိုးသမီး ဝန်ထမ်း ဆိုသော အစ်မ ရေ ...
မြန်မာ ဘုရင်တွေ ခေတ်တုံးက တော့ ဘုရင်က အကုန်ကျခံ တဲ့အပြင် ဆုတော် ဘွဲ့ တော်တွေပါ ချီးမြှင့် တက်ပါတယ် ... ။ ယနေ အချိန်မှာတော့ ရန်ကုန်မြို့  ဘဏ်လမ်း ထဲမှာ GP စာချုပ် တစ်စောင် ကို ၂၀၀ကျပ် (လွန်ခဲ့သော ၅နှစ်) နှင့် အလွယ် တကူ ဝယ်လို့ ရသော် လည်း ရှေ့ နေ တစ်ဦး ကို GP လွှဲ ခ ဘယ်လောက်ပေး ရတယ် ဆိုတာ အစ်မ အသိဆုံး ပါ ... အခု ကိစ္စ မှာ နှစ်ဦး စာ .... နောက်ပြီ အရာတန်း အဆင့် ရှိ တရားသူကြီး ဆိုလည်း ရုပ်ရှင် တွေထဲမှာ လို မေတ္တာ ဖြင့် သရုပ်ဆောင် သည် မဟုတ် ... တိုက်သင့် တဲ့ အခမ်း နား ဆိုတာလည်း ကြယ် ဘယ်နှ လုံး အဆင့် ရှိ ဟိုတယ် ... စသည့် ခြေနေ ရှိပါတယ် ။
ဆီးကို ရေချိုး ဆေးရိုး မီးလှုံ ဟု ဆိုသော သော်လည်း .... စည်ပင် ရေချိုး ပြီး ကောက်ရိုး မီး လှုံ နေရသော အခြေခံ လူတန်းစား များ ဥပဒေ အရ အရမ်း ခိုင်မာ တဲ့ မော်ကွန်း တင် လက်ထပ် ခြင်း မပြု နိုင်ရှာဘူး ဗျာ ....
ကယ် .... မြန်မာ အမျိုးသမီး များ လပ်ထပ် ထိမ်းမြား ခြင်း ဆိုင်ရာ ... တန်းတူ ..... အခွင့်ရေး ...... 
ကျနော် မောင်ဘုန်း ပဲ ... မမြင်မိ သည်လော .....
လေးစားစွာ ဖြင့် ....
မောင်ဘုန်း
Thursday, January 12, 2012
LIVING TOGETHER နှင့် အမျိုးသမီး အခွင့်ရေး
မင်္ဂလာပါ ဗျာ ... အခုတလော ကျနော် ရဲ့ blogger မိတ် ဆွေ သူငယ်ချင်းများ အိမ်ကို မရောက်ဖြစ်တဲ့ အတွက်  ဦးစွာတောင်းပန် လိုပါတယ် ... မရောက်ဆို ဒီ post လေးကို အချိန်ပေးပြီး ရေးဖြစ်နေလို့ ပါ ... LIVING TOGETHER  နှင့် အမျိုးသမီး အခွင့်ရေး ဆိုတဲ့ post လေး ရေးဖြစ်ပုံကို အနည်းငယ် ရှင်းပြ လိုပါတယ် ... ။
လွန်ခဲ့သော တစ်လလောက် က ကျနော် ပတ်ဝန်းကျင် မှာ ရှိတဲ့ LIVING TOGETHER  နေထိုင်သော စုံတွဲ မှ ကောင်မလေး တစ်ယောက်ရဲ့ ဇတ်သိမ်း မလှတဲ့ အခြေနေကို  " ဒါလား LIVING TOGETHER " ဟု ဆိုသော post လေးရေးဖြစ်ပါတယ် ... သို့ သော် ကျနော် ရေးသားချက်မှာ တစ်စုံတစ်ဦးကို ရည်ရွယ် သလို ဖြစ်နေသည် ဟု မိမိကိုယ်ကိုယ် ယူဆ သောကြောင့် ထို post လေးကို မတင်ဖြစ် ပဲ  " LIVING TOGETHER  နှင့် အမျိုးသမီး အခွင့်ရေး   "ခေါင်းစဉ်တက် ကာ ကျနော် သင်ကြားခဲ့ဖူးသော ဥပဒေ ဘာသာရပ်များ နှင့် ပေါင်းစပ်ပြီး ကျနော်ရဲ့ အားလပ်ချိန် တော်တော်များများ ကို ဒီ post လေးနှင့် အချိန် ကုန်စေခဲ့ပါတယ် ... ။
ကျနော် ရေးသားရခြင်း ရဲ့ ရည်ရွယ်ချက်မှာ LIVING TOGETHER  နေထိုင်သော အမျိုးသမီးတစ်ဦး အတွက် ဥပဒေ အရ အကာကွယ် မရှိသလို ၊ လူနေမှု့  ဘဝ အတွက် ကောင်းကျိုးမပေး တက်ပုံ ကို ဖော်ပြရေးသားလို ခြင်းသာ ဖြစ်ပါတယ် ... သို့ သော်လည်း စာရေးသား ညံ့သော ကျနော် ရဲ့ ရေးသား ချက် မှာ စာဖတ်သူအနေ နှင့် ကျနော် ရည်ရွယ်လိုသော အကြောင်းရာများ မရရှိပဲ တစ်စုံတစ်ဦး (သို့ )မဟုတ် အဖွဲ့ စည်း တစ်ချို့ ကို တိုက်ခိုက်ရေးသားသည် ဟု ထင်သွားပါ က ဒီ post လေး ကိုရေးမိသော ကျနော် မောင်ဘုန်း ဦးစွာ တောင်းပန်ပါတယ် ...ဗျာ .... ။
အားလုံးလည်း သိပြီးသားပါ … ။ LIVING TOGETHER ဆိုတာ အနောက်တိုင်း ဒေသမှ ကူးစပ်လာတဲ့ လူမှု့  နေထိုင်တဲ့ ပုံစံတစ်ခုပါ … ။ သူတို့ အတွက်တော့ လက်မထပ်ခင် LIVING TOGETHER  နေထိုင်ခြင်းဟာ ကောင်းဆုံး အိမ်ထောင်ဖက် ရှာတဲ့ နည်းတစ်ခုလို့  ယုံကြည်ကြပါတယ် … ။
ကျနော်တို့  ဗုဒ္ဓဘာသာမြန်မာလူမျိုး အတွက်တော့ LIVING TOGETHER ဆိုတာ  …. ငါးပါးသီလ ထဲမှ ကာမေသု မိစ္ဆာစာရ ဆိုတဲ့ သိက္ခာပုဒ် နှင့် ဘယ်လိုမှ မကိုက်ညီသလို တစ်လင်တစ်မယား စနစ် ဆိုတဲ့ ရိုးရာအစဉ်လာ ကို ဆန့် ကျင်သလို ဖြစ်နေပါတယ် ။ ဒါကြောင့် LIVING TOGETHER နေထိုင်မှု့ ဟာ မြန်မာလူမျိုးများအတွက်တော့ ဘယ်လို့  မှ မဖြစ်သင့် ဘူးလို့  ပြောမယ် ဆိုရင် ကန့် ကွက်မဲ့  သူ မရှိ လောက်ဘူး ထင်တယ်နော် …. ။
သို့ သော် ခေတ်မှီလာတဲ့ လူ့ နေမှု့  ပုံစံ နှင့်အတူ LIVING TOGETHER နေထိုင်မှု့ ဟာလည်း တစ်စ တစ်စ မြန်မာလူမျိုးများကြား ရောက်ရှိနေခဲ့ပါပြီ … ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးများနှင့် မကိုက်ညီသော LIVING TOGETHER  နေထိုင်မှု့ ကို ဘယ်သူမှ ထိထိရောက်ရောက် မဆန်ကျင် သလို နိုင်ငံတော် အနေနှင့်လည်း အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေလို LIVING TOGETHER နေထိုင်မှု့ နှင့် ပတ်သက်ပြီး ထားဆီးတဲ့ ဥပဒေမရှိပါဘူး … ။ LIVING TOGETHER ကို တရားဝင် လက်ခံ ထားတဲ့ နိုင်ငံတွေမှာတော့ LIVING TOGETHER ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းထားပြီး အမျိုးသား ၊ အမျိုးသမီး တန်းတူအခွင့်ရေး ထိန်းချုပ်ထားတာ တွေ့ ရပါတယ် … ။
ဒါဆိုရင် ကျနော်တို့  ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဘာကြောင့်  LIVING TOGETHER နေထိုင်မှု့  ကို  ဆန့် ကျင်တာ ၊ ကန့် ကွက်တာမျိုး မလုပ် ရတာလည်းလို့  စဉ်းစားမိ ပါတယ် … ။ နိုင်ငံတော် နေနှင့် တော့ ရိုးရာယဉ်ကျေးမှု့ ဆိုင်ရာ ထိန်းသိမ်းတဲ့ ဥပဒေပြဋ္ဌာန်း မှု့  အလွန်းအားနည်းတာ တွေ့ ရသလို ၊ LIVING TOGETHER ဆိုသောနေထိုင်မှု့ မှာ  နှစ်ဦးသဘောတူဆိုသည့် စကားရပ်ကြောင့် မဖြစ်သင့်ဘူး ဆိုသော် လည်း ကန့် ကွက်မို့  ဆန့် ကျင်မို့  ခက်ခဲ တာတွေ့ ရပါတယ် … ။
ထို့ ကြောင့်သာ LIVING TOGETHER နေထိုင်မှု့ ဟာ ပြည်တွင်းရော ပြည်ပရောက် မြန်မာလူမျိုးကြား ကို ရောက်ရှိ လာခဲ့ တယ်လို့  ထင်မိတယ် … ။
ပြည်တွင်းမှာတော့ လုံးပါး ပါး လျှက်ရှိတဲ့  မြန်မာ့ရိုးရာ လက်ကျန်အယူဆများကြောင့် LIVING TOGETHER နေထိုင်မှု့ ဟာ ပေါ်ပေါ်တင်တင် ကြီး မဟုတ်ပင်မဲ့ နေရာ တိုင်းလိုလို မှာ တွေ့ ရတက်ပါတယ် ။ ပြည်ပရောက် မြန်မာများ အတွက်တော့ မထူးဆန်းပါဘူး လို့ ပြောရအောင် ဖြစ်နေပါပြီ ။ 
ပထမတစ်မျိုးကတော့ နှစ်ဦးသဘောတူ အများရှေ့ မှာ လင်မယား အဖြစ် တူတူနေကြပြီး အနည်း ဆုံး ၆ လ အများဆုံး ၂ နှစ်လောက် တူတူ နေကြ တာတွေ့ ရပြီး … နောက်ဆုံးမှာ တစ်ဦးဦးက မြန်မာပြည်သွား တာ မျိုး နှင့် သူတို့  ရဲ့ LIVING TOGETHER နေထိုင်မှု့ ကို အဆုံးသတ်တာတွေ့ ရသလို … ၊ တချို့ လည်း တရားဝင် အကြင်လင်မယား အဖြစ် သူတို့ ရဲ့ LIVING TOGETHER မှု့  ကို အဆုံးသတ်လိုက်တာ ရှိပါတယ် ။
ဒုတိယ တစ်မျိုးကတော့ တစ်ယောက်တစ်နေရာ ဆီ နေကြပင်မဲ့ အလုပ်ပိတ်ရက် တွေမှာ တူတူ နေထိုင်ကြပြီး အများ အမြင်မှာတော့ ချစ်သူဆိုတဲ့ ခေါင်းစဉ်လေး နဲ့  ပေါ့ …. ။ နေထိုင်မှု့ အနည်း ဆုံး တစ်လ လောက် တွေ့ ရ သလို ၂ နှစ်လောက် ကြားတာလည်း ရှိပါတယ် … ။ ဒီလို နေထိုင်တဲ့ LIVING TOGETHER တွေမှာ ဇာတ်သိမ်း မလှတာ အများဆုံး တွေ့ ရတက်ပါတယ် ။ အထူး သဖြင့် တစ်နှစ်လောက် အကြာ အတူ LIVING TOGETHER နေထိုင်တဲ့ သူတွေ အဖြစ်များတာပိုတွေ့ ရပါတယ် … ။ အထက်မှာ ပြောခဲ့တဲ့ ပထမတစ်မျိုးထက် အခုလို နေထိုင်တဲ့ LIVING TOGETHER ပုံစံ ပိုများတာတွေ့ ရပါတယ် ။
နောက်တစ်ခု ဒုတိယနည်း ဖြစ်တဲ့ LIVING TOGETHER နေထိုင်မှု့ ဟာ အရမ်းရှုပ်ထွေး တာတွေ့ ရပါတယ် ။ နှစ်ဦးသဘောတူ ဆိုပင်မဲ့ တစ်ခါတစ်လေ မိမိ ချစ်သူအပေါ် ယုံကြည်မှု့ လွန်ကဲ ခြင်း (သို့ ) အချစ်ကို အလွဲသုံးစား လုပ်ခံရခြင်း ကြောင့် အလိုမတူပင် မဲ့လည်း LIVING TOGETHER နေ ခဲ့ ရတဲ့ဖြစ်စဉ် တွေ လည်း ရှိပါတယ် … ။ ဒီနေရာမှာ  အခြေခံလူတန်းစားများ ဖြစ်တက်တာလေ ပြောပြချင်ပါတယ် ။
 “ ဒါ တရာမဝင် ကိုယ်ဝန် ဖျတ်ချ မှု့  ပဲ … ” !!!!!!!!!  ….. “ ရှင် …….. ” ….မရှင့် …. နဲ့  အမိ … !!!!
ရာဇသတ် ကြီးဥပဒေ ပုဒ်မ  ၃၁၂ အရ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သည်အထိ အရေးယူနိုင်တယ် ….  ကိုယ်ဝန်အရင့် အမာဖြစ်ပါက ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်နိုင် သလို ၊ အကယ်၍ တစ်စုံတစ်ယောက်သောသူမှ ကိုယ်ဝန်ဖျက်ချစေရန် အတင်းအကြပ်    တိုက်တွန်း ပြောဆိုပြုမူ ခြင်းများကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ပါက ဥပဒေပုဒ်မ ၃၁၃ အရထောင်ဒဏ် တစ်သက်တစ်ကျွန်းကျသည်အထိ အရေးယူနိုင် တယ် …. အမိ …ရဲ့ …… ။
နောက်ဆုံးတော့ ဒူး နဲ့ မျက်ရည်သုတ်တဲ့ ဇာတ်သိမ်းခန်း တစ်ခုပေါ့ … ဒါက ပြည်တွင်း မှာ ရှိတဲ့  ပညာမတက် ဆင်းရဲတဲ့ အမျိုးသမီး များ အဖြစ် များတဲ့ ဖြစ်ရပ် လေး တစ်ခုပါ … ။
( မြန်မာ ပြည်မှာ တရား ဝင် ကိုယ်ဝန် ဖျတ်ကျ ခွင့် တော့ ရှိပါတယ် …. သို့  သော် ကိုယ်ဝန် ဆောင် မိခင် ၏ ကျန်းမာ ရေး အခြေနေ ကို ခိုင်ခိုင်မာမာ တင်ပြ နိုင် လျှင် မိခင် ၏ ကျန်းမာ ရေးအခြေ ကြောင့် တရားဝင် ကိုယ်ဝန် ဖျတ်ချ ခွင့် ရှိပါတယ် )
ကယ် … ပညာတက်တဲ့ မမများ ဖြစ်တက် တာလေးလည်း ပြောအုံးမယ် ဗျာ … ကျနော် ပြောခဲ့ တဲ့ ဒုတိယ နည်းအတိုင်း ချစ်သူ နဲ့  LIVING TOGETHER နေကြပါတယ် …။ အရမ်းလည်း ချစ်တာကို … ချစ်သူ အပေါ်လည်း ယုံကြည်တယ်လေ …။  နောက်ပြီ ချစ်သူ လည်း ပြောထားတယ်လေ ဟိုလ ဒီလ ၊ ဟိုနှစ် ဒီနှစ် မှာ လက်ထပ်မယ်ပေါ့ ….  ။ အယ် …. အဲ့လို နဲ့  မတော်တဆ ကိုယ်ဝန်ရပါလေ ရော ဗျာ … ဒီ တော့ အရေးပေါ် အခြေ နေကြောင့် ချစ် သူ ကို လက်ထပ် မို့  ပြောတာပေါ့ ( ချမ်းချမ်း သီးချင် လေး ဆိုလို့ …….  တစ်ကယ် ဆိုရင် အချစ် ပဲလိုတယ် …. ဘာကြောင့် သတ္တိ မရှိလည်း ကွယ် ………….. ) အယ် … ချစ်သူ ဆိုတဲ့ ဆရာသမားက အဲ့ကျမှ အ … အိ … ဥ … အဲ … ဘာမှ မသိတဲ့ သူငယ်တန်း ကလေး လို အမှုရာ တွေ ဖြစ်ကုန် ရော … လေ … ။
ပညာတက် မမ များလည်း ခပ် ညံ့ညံ့ မှ မဟုတ်တာ ၊ ဒီတော့ မှ ချစ်သူအပေါ် သံသယဝင်ပြီး သေချာ စုံစမ်းတော့ … မိန်းမ ရှိတာ သိရပြီလေ …။ အယ် …နောက်ဆုံးတော့ ကွဲကြ ပြဲကြ တာပေါ့ … ဒီလောက် နဲ့  လည်း မကျေနပ် နိုင်ဘူး လေ … ဒင်းက ယုတ်မာတာကို … ။ ဒါကြောင့် နည်းစပ်ရာ ရှေ့ နေနဲ့  တိုင်ပင် ပြီး ဖြစ်ကြောင်း ကုန်စင် ပြောပြကာ ဒင်းကို ထောင်ကျမို့  စီစဉ်တာပေါ့ ….. သက်သေအနေ နှင့် ဗိုက်တစ်လုံး အခိုင်မာ ရှိနေတာကို …. ။
အမျိုးသမီး …… 
ဆရာ ဒီလူယုတ်မာကို ပုဒ်မ ၃၆၆ (လိမ်လည် ကာမသွေးဆောင် အကျင့်ဖျက်ဆီးစေခြင်း )    
ပုဒ်မ နဲ့  တရား ဆွဲချင်တယ် ဆရာ … အဲ့ဒါ ခိုင်မာတဲ့ အမှု့  တစ်ခုဖြစ်အောင် တည်ဆောက် ပေးပါနော် ...
ရှေ့ နေ  …    
ဝမ်းနည်းပါ တယ် ဗျာ …. အစ်မ ပြောတဲ့ ရာဇသတ် ကြီး ပုဒ်မ ၃၆၆ (က) နဲ့  (ခ) မှာ ဖော်ပြထားတဲ့ လိမ်လည် ကာမသွေးဆောင် အကျင့် ဖျက်ဆီးစေခြင်း ဆိုတဲ့ စကားရပ် ဟာအရွယ် မရောက်သေး တဲ့ မိန်းခလေး ပဲ (အသက် ၁၈ နှစ် မပြည့်သေးသူ ) အကျုံ ဝင်ပါတယ် လို့ ဖော်ပြထားအတွက် ဘယ်လို မှ မဖြစ် နိုင်ပါဘူး …။  နောက်ပြီ ရာဇသတ်ကြီး မှာ အမျိုးသမီး အခွင့်ရေး နဲ့  ပတ်သက်ပြီး ရာဇဝတ် မှု့  ဖြစ်စေတဲ့ ၁၄ ခန်း ပါ ပြဋ္ဌာန်း  ချက် အားလုံးဟာ အလိုမတူ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ရှိနေပါတယ် ….. အခု ဖြစ်ရပ်မှာ နှစ်ဦး သဘောတူ LIVING TOGETHER ဖြစ်နေတဲ့ အတွက် ရာဇဝတ် မှု့  တစ်ခု ဖြစ်အောင် တည်ဆောက် မို့  ဆိုတာ ဘယ်လိုမှ မဖြစ် နိုင်လို့ ပါ …. ဗျာ …. ။
အမျိုးသမီး ……. ဒါဆိုရင် ဘယ်လိုနည်း နဲ့  တရား ဆွဲလို့  ရမလဲ ဆရာ …. ။
ရှေ့ နေ....  
ဟုတ်ကဲ့  တရားမ နည်းနဲ့  ဆွဲ လို့ ရပါတယ် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ မှာ  အကြင်လင်မယား ဖြစ်မို့  အခန်းနားမလို ၊ စာချုပ်မလို ဟု ဖော်ပြထား လို့   LIVING TOGETHER နေထိုင်ခြင်းဟာ လင်မယား အရာမြောက် တယ်လို့  ပြောလို့ ရပါ တယ် ။ အခု ကိုယ်ဝန်ရှိတယ် ဆိုတော့ ပိုခိုင်လုံ တာပေါ့ ဗျာ ….…  ဒါကြောင့်   တရားမနည်းအရ မယားစရိတ် နဲ့  ကိုယ်ဝန်အတွက် ကလေးစရိတ်ကို မယားပြိုင် အနေ နဲ့  တောင်း ဆိုလို့ ရပါ တယ် …. 
အမျိုးသမီး ….. 
ရှင် …. ဘာလို …. မယားပြိုင်..... ဟုတ်လား … ကျမ က အခု ကိစ္စမှာ အလိမ်ခံ ရတာလေ …။ ကိုယ်ချင်းစာစိတ်နဲ့  ပြောပါ ဆရာ ရယ် … ကျမ လည်း မတရား ခံ ရသေးတယ် … မယားပြိုင် ဆိုတဲ့ စကား က …… အခု ကိစ္စ မှာ ကျမ … က  ဒီလို ဖြစ်လို ဖြစ်အောင် လုပ်ခဲ့ လို သလို  ဖြစ် မနေဘူး လား ဆရာ … … ။
ရှေ့ နေ …….
ကျနော် တို့  တွေ အလုပ် အကြောင်း ပဲ ပြော ရအောင် ဗျာ … ။ ကျနော် ကိုယ်ချင်းစာပါတယ်
 ဒါပင်မဲ့ …. အစ်မ ပြောတာက ကိုယ်ရေး ကိုယ်တာ လူမှု့  ရေးရာပါ … ဥပဒေ မှာ LIVING TOGETHER  ဆိုတာ မရှိ ပါဘူး ။ မယားငယ် ဆိုတာလည်း မရှိပါဘူး … ။ မယားပြိုင်ဆိုတာပဲ ရှိပါတယ် … ဒါကြောင့် LIVING TOGETHER နေထိုင်မှု့  (သို့ ) တခြား ကာမ ဆိုင်ရာ  ပြစ်မှု့  တစ်ခုခု ကို တရားမ  နည်း နဲ့  တရား ဆွဲ မယ် ဆို ၇င် …. မယား ပြိုင် နေ နဲ့  ပဲ …. တရား စွဲ လို့ ရပါတယ် … ။
အမျိုးသမီး ……     ရှင် …………….!!!!!!!!!!!!!!!!
နောက်ဆုံးတော့ တစ်ခုလပ်ဘဝ … အလိုလိုရပြီး LIVING TOGETHER လည်း အဆုံးသတ်သွား တာပေါ့…. ။
နောက်ပြီ … ကျနော်တို့  မြန်မာ့ လူ့ ပတ်ဝန်း ကျင်မှာ ကြည့်မယ် ဆိုရင်လည်း နှစ်ဦးသဘောတူ ဆိုတဲ့ LIVING TOGETHER နေထိုင် မှု့ မှာ ယောကျာ်း လေး နှင့် မိန်းကလေး ဟာ နှစ်ဦးသဘောတူ ဆိုပင်မဲ့ တစ်ကယ်တမ်း ပတ်ဝန်းကျင်က အများဆုံး ကဲ့ရဲ့ခံရသူ ကတော့ မိန်းကလေး ဖြစ်နေပါတယ် ။ နှစ်သဘော တူဆိုသော်လည်း  ထို ဖြစ်ရပ်မှာ မိန်ကလေး တစ်ဦးတည်း မှားနေသလိုဖြစ်နေတဲ့ အတိုင်း ပြောတက်တဲ့ ကျနော်တို့  ပတ်ဝန်းကျင် အကြောင်း ကို မှားနေတဲ့ အမှန်တရား ဆိုတဲ့ post လေး တစ်ခု ရေးခဲ့ဘူးပါတယ် ။
အခု နည်းနည်းလောက် ထပ်ပြောပါရစေ ဗျာ …. ။ ယနေ့  အချိန်ခါ မှာ အမျိုးသမီး များ နေရာ တိုင်းလိုလို တန်းတူအခွင့်ရေး ဆိုတာ အော် နေတာတွေ့ ရ ပါတယ် ။ နောက်ပြီး မြန်မာနိုင်ငံ အမျိုးသမီး ဘာညာ ဆိုပြီး အရမ်းလှ တဲ့ ခေါင်းစဉ် လေးတွေ နဲ့  ရှိတဲ့ တရားဝင် တာရော မဝင်တာရော ပေါ့ အများကြီး ရှိပါတယ် …
သို့ သော် … ယနေ့  အချိန်ထိ အမျိုးသမီး များ လူကုန်ကူး ခံရမှု့ ၊ ကာမ ဆိုင်ရာ မတရားပြုကျင့်ခံရမှု့  ဆိုတဲ့ တောင်းဆို ချက် အဆင့် လောက်သာ အများပြည်သူ သိအောင် လုပ် နိုင် ပြီး ….
၁ ။ မြန်မာအမျိုးသမီး များ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာကို ဥပဒေ အရ ကန့် သတ် ခံထားရ ခြင်း ။
၂ ။ နှစ်ဦးသဘောတူ ဆိုသော LIVING TOGETHER နေထိုင်မှု့  တွင် အမျိုးသမီးများ အတွက် ထိရောက်သော ကာကွယ် ပေးတဲ့  ဥပဒေမရှိ ခြင်း ။
၃ ။ မြန်မာအမျိုးသမီးများ အတွက် ဥပဒေအရ ကာကွယ် ပေးထားသော ရာဇသတ်ကြီး ပါ အမျိုး သမီး ဆိုင်ရာ ပြစ်မှု့  ၁၄ ခန်း ၊ လက်ထပ် ထိမ်းမြားခြင်ဆိုင်ရာ မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေ ၊ ၁၉၅၄ ဗုဒ္ဓဘာသာ မိန်းမများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ  တို့  မှာ အလွန် အားနည်းနေ ခြင်း ။
၎ ။ လက်ထပ်ထိမ်းမြားခြင်ဆိုင်ရာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ နှင့် ၁၉၅၄ ဗုဒ္ဓဘာသာမိန်းမများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ ကို ခေတ် အဆက်ဆက် ပြင်ဆင် ခဲ့ သော်လည်း ဗုဒ္ဓဘာသာမိန်းမများ ဘာသာခြား နှင့် လက်ထပ်ထိမ်းမြားခြင်း ၊   တိုင်းရင်းသား ဘာခြား အမျိုးသမီးများ လက်ထပ်ထိမ်းမြား ခြင်း ဆိုင်ရာ များကို တန်းတူအခွင့်ရေး ရရှိနိုင်သော တိကျတဲ့ ပြဋ္ဌာန်း ပြင်ဆင် မှု့  မရှိ ခြင်း။
စသည့် အမျိုးသမီး ဆိုင်ရာအခွင့်ရေး နှင့် ပတ်တဲ့ တောင်းဆို မှု့  တွေ ပြုလုပ် ခြင်း မရှိသလောက် ရှား နေတာတွေ့ ရပါ တယ် … ။ လုံးဝ မရှိဘူး တော့ မဟုတ်ဘူးနော် … ရှိတော့ ရှိပါတယ် … အရမ်း နည်းပါတယ်လူကုန်ကူး မှု့  လိုမျိုး တိကျ ခိုင်မာတဲ့ တောင်းဆို မှု့  မျိုးတော့ မတွေ့ ရလို့ ပါ … ။
ဟုတ်ပြီ … ကျနော် တို့  နည်းနည်းလောက် တွေး ကြည့် ရအောင် ဗျာ …. ဘာကြောင့် ထိရောက် တဲ့ တောင်းဆို မှု့  မလုပ် နိုင် တာလည်း လို့  ပါ …. ပြည်တွင်း မှာ အမျိုးသမီး ဆိုင်ရာ ထိရောက်တဲ့ အဖွဲ့ စည်း နည်းသလို ပြည်ပ ရောက် အဖွဲ့  စည်း များ အနေ နှင့် လည်း ဥပဒေ ပြင်ပ ဆို သောကြောင့် သိမ့် ပြီး မထိရောက် လှပါဘူး။
ဒါဆိုရင် မြန်မာ အမျိုး သမီး လူထု အနေ နှင့် ရော … အားနည်းနေတဲ့ အမျိုးသမီး ဆိုင် ဥပဒေ တွေ ကို ဘာကြောင့် မကန့် ကွက် တာလည်း လို့ မေးစရာ ရှိပါတယ် … ။
ဥပဒေ ဆိုင်ရာ နှင့် ပတ်သက် လို့  အမျိုးသမီး မှဟုတ်ပါဘူး … မြန်မာ လူမျိုး တစ်စု လုံး ဥပဒေ ဆိုင်ရာ အသိ အလွန် အားနည်းတာ တွေ့ ရပါတယ် …။ ဥပမာ ဆိုရရင် နိုင်ငံ တိုင်းလိုလို မှာ နိုင်ငံ သာ ဆိုင်ရာ ဥပဒေ နှင့် ရပိုင်ခွင့် ဆိုတာကို နိုင်ငံ သားတိုင်း အပြည့်စုံ မဟုတ် တာတောင် တော်တော် များများ သိကြတာ တွေ့ ရပင်မဲ့ မြန်မာ နိုင်ငံ သား ၁၀ ယောက် ကို နိုင်ငံ သား ဆိုင်ရာ ဥပဒေ  ဆိုတာ ဘာလည်း လို့ မေး၇င် … မသိဘူး ဆိုတဲ့ အရည် အတွက် အ၇မ်း များတာတွေ့ ရပါတယ် …။
ဘာကြောင့် လည်း ဆိုရင် … စီပွားရေ ၊ နိုင်ငံရေး ၊ ဘာသာရေး ၊ လူမှု့ ရေး ၊ ကျန်းမာရေး စတဲ့ ဘက်စုံ ဆိုင်ရာ အတွက် သီးသန့်  ထုတ်ဝေ သော စာစောင်တွေ ရှိသော် လည်း ယနေ့  ချိန် ထိ ဥပဒေ ရေးရာ နှင့် ပတ်သတ် ပြီး အများ ပြည်သူ အလွယ် တကူ လေ့လာ နိုင်သော ဥပဒေ ဆိုင်ရာ သီသန့် ထုတ်ဝေ တဲ့ စာစောင် မရှိ ပါဘူး ။
နောက်တစ်ခု … တရားစီရင်ရေး ကြောင့် ဖြစ်တဲ့ မြန်မာ လူမျိုးတွေ ရဲ့ ရှေ့ အစွဲ လေးတစ်ခုပါ …  တရားရုံးတို့  ဂတ်တို့  ဆို လျှင် မကောင်း တဲ့ နေရာလို့  သတ်မှတ် ကြပါတယ် … မသွား မဖြစ် လို့  သွားရင် တောင် အိမ်ပြန်ရောက် လျှင် ခေါင်းလျှော် တဲ့အယူဆ ရှိ ပါတယ် …. ။ 
တရားစီ ရင်ရေး ဆိုတာ ကလည်း ကျောင်းတော် မှာ သင်ပေးသလို ကြီးတဲ့ အမှု့  ငယ်အောင် ၊ ငယ်တဲ့ အမှု့  ပပျောက် အောင် စီရင် ရတယ် ဆိုသော် လည်း တစ်ခါတစ်လေ မှာ ငယ်တဲ့ အမှု့  ကြီးသွားတက် သလို ၊ ကြီးတဲ့ အမှု့  အကျိုးနည်း သွားတာမျိုး ဖြစ်သွား သောကြောင့် မြန်မာ လူမျိုးတွေ တရားရုံး တို့  ၊ ဂတ် တို့  ကို မကောင်းတဲ့ နေရာ လို့  သတ်မှတ် တယ်လို့  ထင်မိပါတယ် … တရာစီရင်ရေးမှာ ဒီလို ဖြစ်ရတာလည်း ခေတ် အဆက်ဆက် ……………. အယ် … တော်ပြီ ဗျာ … ရေး ၇င်းနဲ့  ဘေး ရောက်ကုန် ပြီ စာလည်း အတော် ကို ရှည်နေပြီ ။
ကယ် လက်စ သတ်တော့ မယ်ဗျာ … blogger မိတ်ဆွေ သူငယ်ချင်း တို့ ရေ … ကျနော် တို့  ပတ်ဝန်းကျင်မှာ တွေ့ နေရသော LIVING TOGETHER နေထိုင်မှု့  ဟာ ကျနော် တို့  မြန်မာ လူမျိုး အတွက် ဘာသာရေး အရ ပဲ ကြည့်ကြည့် ၊ မြန်မာ့ရို ရာ အစဉ်လာ အရ ဆိုဆို ဘယ်လို မှ မဖြစ်သင့် ဘူး ဆိုသော် လည်း တွေ့ မြင် နေရပါတယ် ။ နှစ်ဦး သဘော တူ ဆိုသော် လည်း LIVING TOGETHER နေထိုင်သော မြန်မာ အမျိုး သမီးတစ်ဦး အတွက် ကောင်းကျိုး မရှိ လို့  ပြောရအောင် ရှိပါတယ် …။
နောက်တစ်ခု တန်းတူ အခွင့်ရေး ဆို သော မြန်မာ အမျိုး သမီး များအတွက် ကျနော် သိသလောက်လေး
ခေတ်အဆက်ဆက် ပြဋ္ဌာန်း ခဲ့သော အမျိုးသမီး ဆိုင် အခွင့် ရေး နှင့် လက်ထပ် ထိမ်းမြား ခြင်း ဆိုင် ရာ မြန်မာ့ ဓလေ့ ထုံးထမ်း ဥပဒေ များ အကြောင်း ကို ဆက်လက် ရေးသာ လိုပါ သည် ။
သို့ သော် ၆ နှစ်ကြာ ဥပဒေ ဘာသာ ရပ် နှင့် ဝေးကွာ နေသည် ကတစ်ကြောင်း ၊ လက်ရှိ အစို အသစ် လက်ထပ် တွင် မူရင်း ဥပဒေ ၅၆၆ ခု အနက် မှ ၁၇၆ ခုကို ပယ် ပျတ်ပြီး ၁၇၇ ခု အသစ် ပြဋ္ဌာန်း ထား ပါသောကြောင့် အသစ်ထွက်ရှိ သော ဥပဒေ များ နှင့် ကျနော် ရေးသာ ချက် ကိုက် ညီ မှု့ ရှိမရှိ ပြန်လည် လေ့လာ မှတ်သား ရခြင်း ၊ ကျနော် အတွက်  စာရေးရန် အာလပ် ချိန် တစ်ရက် ၃ နာရီ  ရှိသော်လည်း ထို အချိန် မှ ပြန်လည် လေ့လာ စာဖတ် ခြင်း အချိန် ပြန် ပေး ရသောကြောင့်  ဘယ်နေ့  တင်ဖြစ်မယ် ဆိုတာတော့ အတိကျ မသိ နိုင်ပါ လို့  အသိပေးရင် … ဒီ post လေး ကို အဆုံး သတ်လိုက်ပါပြီ …။
ခင်မင်လျှက် ....
မောင်ဘုန်း