ဥပဒေဆိုသည်မှာ ဖွဲ့ စည်းပုံအခြေခံဥပဒေကို အခြေပြုပြီး ရေးဆွဲထားတဲ့
စည်းမျဉ်စနစ်ကို ဆိုလိုပါတယ် ။ မိမိတိုင်းပြည်အတွက် နိုင်ငံရေး ၊
စီးပွားရေး နှင့် လူမှုရေး တို့ ကို ဖော်ဆောင် ရာမှာ
လူအချင်းချင်းဆက်ဆံရေးအတွက် ကြားခံညှိနှိုင်းပေးတဲ့ စနစ် တစ်ခုသာ ဖြစ်ပါတယ် ။
ဒါပင်မဲ့ ဥပဒေလို့  ဆိုလိုက်တာနဲ့ မြန်မာလူမျိုးများရဲ့ အတွေးထဲမှာ အကြောက်တရားတစ်ခု ရှိနေတက်ပါသည် ။
တရားရုံးဆိုသောနေရာများ က အတိတ်နိမိတ် မကောင်းတဲ့ နေရာတစ်ခုလို့  ရှေ
့အစွဲအဖြစ်ခဲ့ရတာ ယနေ့ အချိန်ထိ ရှိနေဆဲပါ ။ ဥပဒေဆိုတဲ့ စကားရပ် ဟာ
မြန်မာလူမျိုးများအတွက်တော့ ခပ်စိမ်းစိမ်း ဖြစ်နေတဲ့ အစိမ်းရောင်လွမ်းသော
ဥပဒေများသာ ဖြစ်နေခဲ့ပါ တယ် ။
မြန်မာ့
ဥပဒေသမိုင်းကိုကြည့်မယ်ဆိုရင် ၁၂၄၀ခုနှစ်မှာ ယောမင်းကြီးဦးဘိုးလှိုင်ဟာ
ရာဇဓမ္မ သင်္ဂဟ ကျမ်းကို ရေးသားပြုစုခဲ့ ပါတယ် ။ ဒီကျမ်းတော်တစ်ခုလုံးဟာ
မြန်မာ့ ထုံးတမ်းစဉ်လာ ဥပဒေလို့  မဆိုသာပင်မဲ့ နောင်နှစ်ပေါင်းများစွာထိ
ကျမ်းတော်အတွင်းမှ ဖြတ်ထုံးများကို ပြည်သူ့  တရားစီရင်ရေးမှာ မြန်မာ့
ထုံတမ်းစဉ်လာ ဥပဒေအဖြစ် အသုံးပြုခဲ့ပါတယ် ။ ရာဇဓမ္မ သင်္ဂဟ ကျမ်း တော်ဟာ
သက်ဦးဆံပိုင် ဘုရင်စနစ် အုပ်ချုပ်မှု ကို တော်လှန်ပြီး ၊ ပြည်သူ
့အာဏာဖြင့် အုပ်ချုပ်မှု ပုံစံကို ဖော်ပြခဲ့ပါတယ် ။ မြန်မာ့ အနာဂတ်
အုပ်ချုပ်မှု ပုံစံလည်း ဖြစ်စေခဲ့ပါတယ် ။ ရှင်ဘုရင်ကတော့ ရာဇဓမ္မ သင်္ဂဟ
ကျမ်းကိုလက်မခံတဲ့အပြင် အကြောင်းရှာပြီး ယောမင်းကြီးဦးဘိုးလှိုင်ကို
ရာထူးချ ခဲ့ပါတယ် ။
ဒီနောက်ပိုင်း ခေတ်အဆက်ဆက် မြန်မာ့ ဥပဒေများကို ပြောရရင် ……
- လွတ်လပ်ရေးမရမှီ ကာလ နှင့် ပါလီမန် ကာလ ၁၉၅၄ ခုနှစ်အထိ (မြန်မာ့ နိုင်ငံရေး ဥပဒေ အတွဲ ၁မှ ၁၃ အထိ) (ဥပဒေ ၂၁၄ခု)
- ပါလီမန် ကာလ (၁၉၅၅ ခုနှစ်မှ ၁၉၆၂ နှစ်ခု မတ်လ အထိ ) ( ဥပဒေ ၅၆ ခု)
- တော်လှန်ရေးကောင်စီကာလ(၁၉၆၂ ခုနှစ် မတ်လမှ ၁၉၇၄ မတ်လ အထိ) (ဥပဒေ ၇၈ ခု)
- ပြည်သူ့ လွတ်တော်ကာလ ( ၁၉၇၄ မတ်လမှ ၁၇. ၉ . ၁၉၈၈ အထိ ) (ဥပဒေ ၆၀ခု)
- နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့  ကာလ ( ၁၈၊ ၉၊ ၁၉၈၈ မှ ၁၄ ၊ ၁၁၊ ၁၉၉၇ အထိ ) (ဥပဒေ ၈၄ ခု )
- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ (၁၅၊၁၁၊၁၉၉၇ မှ ၁၄ ၊၁၂၊ ၂၀၁၀ အထိ ) (ဥပဒေ ၇၄ ခု )
ယနေ
့ အချိန်မှတော့ ၂၀၁၀ ဒီဇင်ဘာလ နိုင်ငံပိုင်သတင်းစာမှ ဖော်ပြချက်အရ
တည်ဆဲဥပဒေ ၅၆၆ ခု ရှိပြီး ဆက်လက်ကျင့်သုံးရန်မလိုအပ်တဲ့ ဥပဒေ ၁၇၆ နဲ
သက်ဆိုင်ရာစီမံခန့် ခွဲရေးဆိုင်ရာ ဥပဒေ ၃၉၀ ခု ရှိတယ်လို့  သိရပါတယ် … ။
ခေတ်အဆက်ဆက်
ဥပဒေများ ရှိခဲ့ပင်မဲ့ နိုင်ငံရေး ၊ စီးပွားရေး နဲ့  လူမှုရေးတိုးတက်မှု
ဖော်ဆောင်ရာမှာတော့ မြန်မာဥပဒေများဟာ ကြားခံညှိနှိုင်းရေးစနစ် တစ်ခုတော့
မဖြစ်ခဲ့ပါဘူး။ မြန်မာပြည်သူလူထုအတွက် ဥပဒေဆိုတာ အကြောင်တရား တစ်ခု အဖြစ်
ပြောင်းလဲစေခဲ့သလို ၊ ဥပဒေ ဆိုတဲ့စကားရပ်ဟာ ကျနော် တို့ 
မြန်မာလူများအတွက်တော့ ခပ် စိမ်းစိမ်းဖြစ် စေခဲ့ပါတယ် ။
သက်ဦးဆံပိုင် ဘုရင်စနစ်မှသည် ယနေ့ အချိန်ထိ အုပ်ချုပ်ရေးအစိုးရများ နာမည်အမျိုးမျိုးပြောင်းခဲ့ပင်မဲ့
ဥပဒေဆိုတာကို အသက်သွင်း လေးစားမို့  မျက်ကွယ်ပြုခဲ့တာ မြန်မာလူများအတွက်
တိုက်ဆိုင်လွန်းတဲ့ ဖြစ်ရပ်တစ်ခုပါ ။ တရားဥပဒေ စိုးမိုးမှု
အားနည်းနေပါလျှက် ခေတ်အဆက်ဆက် အစိုးရများ နိုင်းငံရေး ၊ စီးပွားရေး တို
းတက်အောင်ဖော်ဆောင်နေပါသည် ဟု ဖော်ပြချက်များက တကယ်ကို အံ့သြ စရာ
တစ်ခုဖြစ်ပါတယ် ။
ဥပမာတစ်ခုအနေနဲ့  ပြောပြရင်
မြေယာသိမ်းခွင့် ဥပဒေ ဆိုတာရှိပါသော်လည်း ခေတ်အဆက်ဆက် မည်သည့်အစိုးရမှ
လိုက်နာလေးစားခြင်း မရှိတဲ့အတွက် ယနေ့ အချိန်မှာတော့ အစိုးရနှင့်
ပြည်သူကြား မြေယာပိုင်ဆိုင်ခွင့် ပြသာနာ ဟာ တနေ့ တခြား
အငြင်းပွားဖွယ်ရာများ ဖြစ်စေခဲ့ပါတယ် ။
ဒီလို
ဥပဒေပြုအစိုးရများ ကိုယ်တိုင် လေးစားခြင်းမရှိတဲ့ ဥပဒေ ဆိုတာ ဟာ
ပြည်သူများအတွက်တော့ အာဏာရအကြောက်တရား တစ်ခုအဖြစ်ပြောင်းလဲစေသလို ၊ ဥပဒေမဲ့
ဈေးကွက်များ ကိုအင်းအားကြီးထွား ဖြစ်စေခဲ့ပြန်ပါတယ် ။
ဥပဒေမဲ့ဈေးကွက်များဟာ ပြည်သူများ စားဝတ်နေရေး အတွက် အားကိုးစရာ တစ်ခု
ဖြစ်စေခဲ့သလို ၊ ဥပဒေမဲ့ ဈေးကွက်များကြောင့် ပြည်သူ့ ကျန်းမာရေး ၊ ပြည်သူ့ 
စီးပွားရေး ၊ ပြည်သူလုံခြုံ ရေး ဆုံးရှုံးမှု များကို နှစ်စဉ်မြင်တွေ
့နေရသည်မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းလှပါတယ် ။
ကျနော်တို
့ အတွက် လုံးလောက်သော သမိုင်းဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင်
အင်္ဂလိပ်ကိုလိုနီ တွေရဲ့ နယ်ချဲ့  ဝါဒကို မကောင်းဘူးလို့ ပြောနေယုံနဲ့ 
နယ်ချဲ့ စနစ်ကြီးတစ်ခုလုံးပျောက်မသွားခဲ့လို
၊ ဂျပန်ဖက်စစ် စနစ်ရဲ့ယုတ်မာ ကြမ်းတမ်း ပုံကို မကောင်းဘူးလို့ 
ပြောနေယုံနဲ့ လည်း မပျောက်ခဲ့ပါ ဘူး ။ကျနော် တို့ ဘိုးဘွားများက လက်တွဲကာ
အသက်ကိုရင်းပြီး နယ်ချဲ့ စနစ်ကို တိုက်ထုတ်ခဲ့သလို ၊ ဖက်စစ် စနစ်ကို
တွန်းလှန် ခဲ့ ကြပါတယ် ။
ဒီလိုပါပဲ ခေတ်အဆက်ဆက် အစိုးရများ
ဥပဒေကို မျက်ကွယ်ပြုတယ်လို့  အတိုက်အခံ ပြောနေယုံနဲ့ တော့ ကျနော် တို့ 
အတွက် ဥပဒေ ဆိုတာ အစိမ်းရောင် ဖြစ်နေပါအုံးမည် ။ အစိုးရနဲ့ 
လူထုအခြေပြုအဖွဲ့ စည်းများ ၊ ပြည်သူတစ်ရပ်လုံးပါဝင်မှသာ ကျနော်တို့  ရဲ့
အစိမ်းရောင် ဥပဒေများ ပြည်သူ့ အကျိုးပြု ဥပဒေ ဖြစ်ရပါတော့မည် ။
မောင်ဘုန်း
ကိုးကား
http://my.wikipedia.org/wiki/
မြန်မာ့စွယ်စုံကျမ်း (အတွဲ ၈)
သိနေကြတာကတော့ကြာပေါ့ မောင်ဘုန်းရေ
ReplyDeleteပြင်လို့မရတာကခက်နေတာပေါ့