Pages

Sunday, January 8, 2012

ပီတိ



ဒီနေ့  နံနက် ခင်း တော့ ဆုတောင်းပြည့်တယ်လို့  ပြောလို့  ရပါတယ် .. ။ ဒီနေ့  မှာ မောင်တလုံး တို့  အုပ်စု နဲ့  ကလန်း မှာ အလူငွေ ပေးမလို့  ချိန်ထားတာ အလုပ်ကလည်း ရှိနေတော့ ရှိတဲ့ အလုပ်လေးကို မြန်မြန် ပြီးအောင် လုပ်ပြီး မောင်တစ်လုံး တို့ နဲ့  ချိန်ထားတဲ့ ကလန်း ကို သွားမို့  စီးစဉ်ထားတယ်လေ .. ။

ကံကောင်း ချင်တော့ လုပ် ရမဲ့ ကား က နံနက် ၈နာရီ ထိုး ကတည်း က အလုပ်ရုံ ရောက်နေပြီ ... အရင်ဆို ရင် နေ့ လည်လောက်မှ လာတက်လို့ ပါ ... အခုတော့ အစောကြီး ရောက်တော့ အဆင်ပြေ သွားတာပေါ့ ... ။


လွန်ခဲ့ ၃ ရက်လောက်က မောင်တစ်လုံး တို့ နဲ့  ကလန်း မှာ တွေ့ မယ် ဆိုပြီး ချိန်း ထား လိုက်ပါတယ် ... ဖြစ်ချင်တော့ အလုပ်က ပေါ်လာပါရော လေ ... စနေ နေ့ ကမှ သိရတာလေ ... သူဌေး ပိုင် ဆီအုန်း တင်တဲ့ ကားတွေ ကို လိုင်စင် ဝင်မို့  တာဝန် ယူထားရတဲ့ အတွက် အလုပ် လည်း မဖြတ် ချင်ဘူး ... အလှု ကလည်း လှု ချင် ....  အချိန် က လည်း ... ချိန်းထားပြီးမှ တိုက်တိုက် ဆိုင်ဆိုင်  ဖြစ်နေတော့ တစ်ည လုံး ဘယ်လို လုပ်ရမလည်း လို့  တွေးနေမိပါတယ် ... ။

မနက်က ကားရောက်ရောက် ချင်း ပဲ လုပ်ကွက် ကို ကြည့်လိုက်တော့ စိတ် အတော် ပျက်သွားရပါတယ် ...
ကားက လုပ်ကွက် အရမ်း များနေတာ တွေ့ ရလို့ ပါ ... ဒီနိုင်ငံ မှာ လုပ်ငန်းသုံး ကားတွေ ကို ၆ လတစ်ကြိမ် လိုင်စင် ဝင်ရပါတယ် ... လိုင်စင် ဝင်ရင်လည်း သတ်မှတ်ထားတဲ့ စည်းကမ်း ချက်တွေ ကိုက်ညီ မှာ pass ဖြစ်တာ မို့ လို့  ပါ ... အခုတော့ ကားက လိုင်စင် ဝင်မို့  သတ်မှတ် ထားတဲ့ အချက်တွေ နဲ့  တော်တော် လေး လွဲ နေတော့ တော် ကို စိတ် ပျက်သွား တာပေါ့ ... ။

လုပ်ကွက် နဲ့  အချိန်ကို မှန်ကြည့်တော့ ဒီနေ့  ပြီးမယ် ဆိုရင်တောင် ည ၆ နာရီ တောင် မသေချာဘူးလေ .. အလူ ငွေပေးမလို့  ချိန်းထားတဲ့ မောင်တစ်လုံး ဆီကို တစ်မနက်လုံး ဖုန်းမဆက် ရဲ တော့ဘူး .. စိတ်ထဲမှာ လည်း ဘာလုပ်ရမှန် ကို မသိဖြစ်သွားတယ်လေ ...။


ဒါနဲ့  အများကြီး မတွေးတော့ဘူး ... လုပ်ကွက် ကို နှစ်ပိုင်း ခွဲလိုက်ပါတယ် ။ မနက်ပိုင်း ကို ဘယ်ထိ ပြီးအောင်လုပ်ပြီး ညနေပိုင်း ကို တစ်ပိုင်းဆို ပြီး လုပ်ရိုး လုပ်စဉ် အတိုင်း မလုပ်တော့ ပဲ မြန်မြန် ပြီးအောင် လက်ပူ တိုက်တဲ့ နည်းတွေ သုံး မယ် လို့  အရင် တွေးလိုက်ပါတယ် ။ ... ကားက ၃ တန် ကားဆိုတော့ လိုင်စင်ပါ စည်းကမ်း ချက်အရ အနောက် ဘော်ဒီ မှာ သံပြာခင်းလို့  မရဘူး လေ ... အခုတော့ နောက်ဘော် ဒီ မှာ သံပြာခင်းထားတယ် လုပ်ရိုးလုပ်စဉ် အတိုင်းဆို ရင် ဒီသံပြာကို အောက်စီ နဲ့ ဖြတ် ထုတ်ပြီ ဖြတ်ရာ ကို ကျောက်စက်စား ရမှာ အဲ့ မှာတင် အချိန် က နေ့ ဝက်လောက်သွားပြီးလေ ... ဒါနဲ့  ဦးနှောက်လေး ကို လက်ပူ တိုက်ပြီး ကြံ ရတော့ တာပေါ့ ...။  နောက်ဆုံးတော့ နည်းလမ်း လေး တစ်ခု ရခဲ့ပါတယ် ... သံပြားကို ဖြတ်ထုတ်မနေ တော့ပဲ သံပြားကို မမြင်ရအောင် ပေါ်ကနေ သုံးထပ်သားပြာ အုပ် လိုက်တဲ့ နည်းကို ရွေးလိုက်ပါတယ် ... ။

ဒါနဲ့  ၉နာရီ ထိုး အလုပ်ချိန် စတဲ့ အချိန် ထိစောင့် မနေတော့ပဲ ၈နာရီခွဲ မှာ တပည့်ကျော် မောင်ဇော် နဲ့ 
အလုပ် စလုပ်ခဲ့ပါတယ် ... ကံကောင်းတယ်လို့  ဆိုရမှာ ပဲ နေ့ လည် ၁၂ ထိုးမှာ အလုပ်က ထင်ထားတက်ပို ပြီး နေပါတယ် ... မောင်ဇော် ကို ထမင်းစားနားမို့  ပြောပြီး လုပ်လက်စလေးတွေ အပြီး သတ် လုပ်နိုင်ခဲ့ ပါတယ် ... နေ့ လည် ၂ နာရီ ထိုးတော့ ကျနော် မှန်းထားတဲ့ အလုပ် တစ်ပိုင်း ပြီးအောင်လုပ် နိုင်ခဲ့ပါပြီ ... ဒီတော့ မှ အလှု အတွက် သွားမို့  ပြင်ဆင် ရတာပေါ့ ... အလုပ်ကွက် အနေနဲ့  ဘော်ဒီ ကို ဆေးမှုတ် မို့ လောက်ပဲ ကျန်တော့တယ်လေ ... မောင်ဇော် ကို ဆေးမှုတ်မို့  လိုတာလေး မှာ ခဲ့ ပြီး  ရေချိုး ထမင်းနည်းနည်းစာ နဲ့  အချိန်က ၂ နာရီ ခွဲ ဖြစ်သွားတယ် ။


အခန်း တံခါး ပိတ်ပြီး မောင်တစ်လုံး ဆီ ဖုန်းဆက်တော့ အလှု အတွက် ပိုက်ဆံ ကို မြန်မာ ပြည် ကို လွဲ ပြီးသွားပြီတဲ့ .... ကျနော် လာမယ် ဆိုရင်တော့ စောင့်ပါမယ်တဲ့ ... ကျနော် လည်း နောက်ထပ် တစ်နာရီ ခွဲ လောက် စောင့်ပေး မို့  ပြောခဲ့ တာပေါ့ ...


ဒါနဲ့  ကျနော် နေထိုင်ရာ ဂျင်ဂျာတော မှ မိုင် ၅၀ ကျော် ဝေးတဲ့ ကလန်း ဆိုတဲ့ မြို့ လေးကို ထွက်ခဲ့ပါတယ် .. ။ အရင် ဆိုရင် တစ် နာရီ ကျော်ကျော် ကားစီး ရပင်မဲ့ ... ဒီနေ့ တော့  မိနစ် ၅၀ ကျော် လောက်ပဲ ကြာလိုက်ပါတယ် ... ကျနော် ကလန်း ရောက်ခဲ့ပါတယ် ... .။

ကလန်း ဆိုတဲ့ မြို့ လေးက လွန်ခဲ့ ၅ နှစ် လောက်က ပုံစံ နဲ့ တော့ တော်တော် ပြောင်းလည်း သွားပါပြီ ။ ဒီလို အလုပ် ပိတ်ရက်မှာ လမ်းအပြည့် နိုင်ငံ ခြားအလုပ်သမားတွေ နဲ့ ပြည့်နေပြီ နေရာတိုင်း အမှိုက် တွေနဲ့ ပြည့် နေတက်ပါတယ် ... အဆိုးဆုံးကတော့ လမ်းပေါ်မှာ ကိုရွှေ မြန်မာ တစ်ချို့  မြင်မကောင်း အောင် မှုး နေတက်တဲ့ မြင်ကွင်း ကို ကလန်း ရောက်တိုင်း တွေ့ နေကျပေါ့ ...

ကလန်း ရောက်တော့ ၄ နာရီ ထိုးတော့မယ် .... မောင်တလုံး ဆီ ဖုန်းဆက်ပြီး ဘယ်နားလာမလည်းလို့  မေးကြည့်တော့ ... အင်းလေးမြန်မာ ဆိုင်မှာ တဲ့ ... ဒါနဲ့  အင်းလေး ဆိုင်ပေါ် တက်ခဲ့ပါတယ် ...
ဆိုင်ရောက်တော့ အလကားပေး နေသလို ...လူတွေ အပြည့်ပါပဲ ... မောင်တစ်လုံး ကို ဘယ်လို ရှာ ရမလည်း မသိ ... ဟိုကြည့် ဒီကြည့် နဲ့  ...မောင်တလုံးဆိုတာလည်း သူ့  blog မှာ တင်ထားတဲ့ ပုံလောက်ပဲ မြင်ဘူးတာလေ ... နောက်တော့ ကိုင်ထားတဲ့ ဖုန်းကို သတိရတယ် ... မောင်တစ်လုံ ဖုန်ဆက်တာပေါ့ ... ဆိုင်ထဲ ရောက်နေပြီလို့  ... သူရှာရလွယ်အောင် ဆိုင်အဝ မှာ ရှိတယ်လို့  ပြောနေတုန်း .... မောင်တစ်လုံး ဖုန်း ကိုင်လျှက် ကျနော် ရှေ့ ရောက်လာပါတယ် ...ဖြစ်ပုံက ထူးတယ်လေ ... မောင်တလုံးတို့  ကို ရှေ့ ထားပြီး လိုက်ရှာ နေတာ ကို .....

အဲ့တော့မှ သက်ပျင်း ချနိုင်တော့ပါတယ် ... မောင်တလုံး လည်း တစ်နေကုန် ထိုင်စောင့် နေရရှာ ထင်ပါတယ် စာပွဲပေါ်မှာ ပန်းကန်တွေ ပြောင်လို့  ... ကျနော် နောက်ဆုံး ပါပဲတဲ့ ... ငွေလည်းလွဲပြီး သွားပါပြီတဲ့ .. ဒါပင်မဲ့ လွဲငွေ ကို ပြန် ပြင်ပေးမယ်တဲ့ ... အလှုအတွက်  စီစဉ်ထားတာလေးလည်း ပြောပြပါတယ် ...  ကဗျာ ဆရာ လေလွင့်လူ အပါဝင် မောင်တလုံး သူငယ်ချင်းတွေ နဲ လည်း မိတ်ဆက် စကားပြော ဖြစ်ခဲ့ပါတယ် ... နောက်ဆုံးတော့ မောင်တလုံး ဧည့်ခံတဲ့ အအေး သောက်ပြီး စိတ်လည်းအေး ကာ အလှုလေး ဖြစ်မြောက် ခဲ့ပါတယ် ...

 အချိန်က ၄ နာရီ ခွဲ သွားပါပြီ ကျနော် တို့ ပြောလက်စ စကားတွေ ဖြတ်ပြီး မောင်တစ်လုံး ဦးစီးကာ ငွေလွဲ ကောင်တာ သို့  သွားခဲ့ပါတယ် ... ဟိုရောက် တော့ ကျနော် လှု တဲ့ ၁၀၀ RM ထည့်ပေါင်းပြီး တွက်လိုက်တော့ မြန်မာငွေ ၃ သိန်း ၂သောင်း ကျော် ဖြစ်လို့  ၃ သိန်း ၃သောင်း ဖြစ်သွားအောင် မောင်တလုံး သူ့ ပိုက်ဆံ ထပ်ဖြည့် ပြီး ငွေလွဲ ခဲ့ ပါတယ် .... ။

ငွေလွဲပြီးသွား တော့ ကျနော် နဲ့  မောင်တစ်လုံ တို့ အဖွဲ့  နှုတ်ဆက်ပြီး လမ်း ခွဲ ခဲ့ပါတယ် ... ကျနော် လည်း ဝယ်စရာလေး နည်းနည်းဝယ် ပြီး ကျနော် နေရာ သို့ ပြန်လာ ခဲ့ပါတယ် .... အလုပ်က မပြီး သေးဘူးလေ ။ 

အလုပ် ရုံ ရောက်တော့ မောင်ဇော် အလုပ်သိမ်း နေပါပြီ သူ့ လုပ်ရမဲ့ အလုပ် လည်း ပြီးပြီလေ ... ကျနော် လည်း အဝတ် လှဲ ပြီး မောင်ဇော် အဆင်သင့် လုပ်ထားပေးတဲ့ ကားကို ဆေးမှုတ် ခဲ့ပါတယ် ...
အားလုံးပြီးသွား မှ ဆေး နာရီ ကြည့်မိ တော့ ည ၉ နာရီ ထိုးတိတိ ပါပဲ .... ။
ရေချိုး ထမင်းစား နဲ့  ၁၀ နာရီ လောက် ကွန်ပြူတာရှေ့  ရောက်တော့ မှ ပီတိ လေး ဖြစ်ရပါတယ် ...
ဘာပဲ ဖြစ်ဖြစ် လေး အများကြီး မလှု နိုင်ပင်မဲ့ ... တက်နိုင်သလောက်လေး လုပ်ခွင့် ရ ခဲ့တယ် လေ
မောင်တလုံး ကိုလည်း ကျေးဇူး တင်စကား တောင် မပြောခဲ့ ရပါဘူး ... 

အခုလို လှု ခွင့် ရမို့  တစ်နေ ကုန် စိတ်ရှည်ရှည် နဲ့  ထိုင်စောင့် ပေးတဲ့ မောင်တလုံး နှင့် သူငယ်ချင်း များ ကို အထူးပဲ ကျေးဇူး တင်ပါတယ် ... နောက်ပြီး မောင်တလုံး ပြောပြ ချက် အရ ဒီ အလှု လေး ဖြစ် မြောက်ရေးအတွက် စီစဉ်း ပေးတဲ့ ကိုရင် ..... ကို လည်း ကျေးဇူး တင်ရပါတယ် ... ။

ကုသိုလ် များများ မလုပ် နိုင်တဲ့ ကျနော် ဘဝ မှာ အခုလို တက်နိုင်သလောက်လေး လုပ်ခွင့် ရလိုက်တဲ့ အတွက် လည်း တွေးမိ နေရင် ... ပီတိ လေး ဖြစ်ရပါတော့ တယ် ။....လိုင်စင် ရုံးက လူတွေ လည်း သုံးထပ်သား ပြားအောက် က သံပြား ကို မမြင် ပါစေနဲ့  လို့  ဆုတောင်းရင်း ဒီနေ့ တော့ အိပ်ရာ ဝင်တော့ပါမယ် ......



မှတ်ချက်


ဖုန်းခ တစ်ဝက်တိတိ လျှော့ချရေး စီမံချက် ကြောင့် ကျနော် တို့  ချစ်သူ နှစ်ဦး အပြန်လှန် နှစ်ရက် (သို့ ) သုံးရက် တစ်ကြိမ် ရေးသားရသော တစ်နေ့ တာ လုပ်ဆောင်မှု့  အစီရင်ခံ စာ မှ ကောက်နှုတ်ချက် ဖြစ်ပါသည် ... ။



မောင်ဘုန်း




11 comments:

  1. ပီတိပို့စ်လေးဖတ်ပြီပီတိဖြစ်သွားပါတယ်ရှင့်

    ReplyDelete
  2. အလှုအတွက်အရမ်းကျေးဇူးတင်သလို သာဓု ၃ ကြိမ်ခေါ်ဆိုပါတယ်မောင်ဘုန်းရေ
    ချစ်သူခင်သူနဲ့အတူ ရာသက်ပန်ပျော်ရွှင်စွာရွှေလက်တွဲနိုင်ပါစေ .

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  3. သာဓုသာဓုသာဓုပါဗျာ
    ပီတိတွေကိုပို့စ်လေးဖတ်ပြိးခံစားပါတယ်။

    ReplyDelete
  4. မောင်ဘုန်းစာလေးဖတ်ရတာနဲ့ဝမ်းသာပိတိဖြစ်နေမိတယ်
    နောင်ကိုလဲ လှူနိုင်ပါစေ(ဒီထက်ပိုပြီး)
    ချစ်ရသူနဲ့လဲမြန်မြန်နီးပါစေလို့
    မောင်ဘုန်းက မလေးမှာလား
    ဘယ်နားနေတာလဲ ဆန်းဝေးကိုရောက်ဖူးလား တရုတ်နှစ်ကူးလာလည်ပါလား- သူငယ်ချင်းတွေလဲခေါ်လာခဲ့လေ

    ReplyDelete
  5. ပီတိလေးကိုလာရောက်ခံစားခဲ့ပါတယ်ဗျာ
    ဒါဆိုရင် အပြင်မှာမောင်တစ်လုံးတို့နဲ့ဆုံဖူးပြီပေါ့နော်

    ReplyDelete
  6. ဟေ့လူကြီး ကိုဘုန်း ခင်ဗျားနဲ့ တွေ့ တော့မှပဲမောင်တစ်လုံးကနေ မောင်တလုံဖြစ်သွားတော့တယ်
    တေပီဆာ...(ကြက်သည်းတောင်ထတယ်နော့..)

    ခင်မင်လေးစားလျှက်-
    မောင်တစ်လုံး(အပြည့်စုံနော်)

    ReplyDelete
  7. ကိုဘုန်း
    စာလာဖတ်သွားတယ် အခုမှပဲလှူရတဲ့ပီတီကိုပိုပြည့်ပြည့်စုံစုံခံစားမိတယ်ဗျာ..
    (အအေးကောသောက်လို့ ကောင်းလားနောက်တစ်ခါဆို ဝီလေးဘာလေးပေါ့ဗျာ ဟဲဟဲ အထပ်သားပြားကြီးမမြင်ပါနေနဲ့ နော်)
    ခင်မင်လေးစားလျက်-
    လေလွင့်လူ

    ReplyDelete
  8. ချွေးနှဲစာနဲ့ လုပ်အားနဲ့ ရလာတဲ့ ငွေထဲကနေ လှူတဲ့အလှူမို့ အင်မတန် မွန်မြတ်ပါတယ်
    ဒီအတွက်လည်း မောင်ဘုန်းတစ်ယောက် လိုရာဆန္ဒတွေ ပြည့်ပါစေ
    ချစ်သောသူနဲ့ အမြန်နီးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

    ReplyDelete
  9. မောင်ဘုန်းရေ
    သာဓုပါတော်
    ခုလိုစေတနာအရင်းခံ
    လှူရတဲ့အကျိုးအားကြောင့်
    လိုရာဆန္ဒတစ်လုံးတစ်ဝပြည့်စုံပြီး
    ကောင်းကင်ဖြူနဲ့မြန်မြန်နီးနိုင်ပါစေကွယ်။း)
    နောင်နှစ်မှလား..ဒီနှစ်ထဲမှာလား :P
    ခင်မင်စွာနဲ့
    သမီးစံ

    ReplyDelete
  10. ကိုဘုန်းရေ အချိန်မရ လို့ လူချင်းမဆုံလိုက်ရဘူးဗျာ
    ..နောက်နောင် အချိန်အခါ အခွင့်ရရင် ဆုံချင်ပါသေးတယ်
    ... အလှုအတွက်.တော့..၀မ်းသာပိတိ ဂုဏ်ယူမီပါကြောင်း
    ....
    (ဒုတိယ)

    ReplyDelete
  11. သာဓုဗျာ သာဓု သာဓုး)

    မောင်ဘကြိုင်

    ReplyDelete