မင်္ဂလာပါ …
ဗျာ … ။ အလုပ်ပိတ်ရက်မှာ စာလည်း မရေးဖြစ်ဘူး ။ ဒီ post လေးကိုတော့ ရေးနေတာ တော်တော်
ကို ကြာပါပြီ ဒီနေ့  တော့ လက်စသတ်ပြီး ကျနော် ငယ်စဉ် ကတည်းက စိတ်ဝင်စား မိတဲ့ ကရိဝိတ်
အကြောင်း ကို သိသလောက်လေး ပြောပြပါမယ် … ။
ကျနော် အသက်
၁၂ နှစ်လောက်က အဖေ အမေ နှင့် အတူ ပထမဦး ဆုံး ရန်ကုန်မြို့  အလည်ရောက်ခဲ့ ပါတယ် … ။
အမေရော အဖေရော ရန်ကုန် ဇာတိ ဖြစ်တော့ ရန်ကုန် မှာ အမျိုးတွေ အများကြီး ရှိတာပေါ့
မှတ်မှတ်ရရ
ဦးလေး ဖြစ်သူ က ကျနော် တို့  မိသားစု ကို ရန်ကုန်က ကရဝိတ်ဖောင် ကို
ခေါ်လာခဲ့ ပါတယ်
။
ဟိုရောက်တော့
ဌက်နှစ်ကောင် ပုံ လုပ်ထားတဲ့ လှေကြီး ကို
တွေ့ တော့ ကျနော် အထူးအဆန်း လို ကြည့်နေမိရင်း ဦးလေး ဖြစ်သူကို ဒါဘာ ဌက်လည်း လို့ 
မေးကြည့်တော့ ဦးလေး က ဟင်္သာ တဲ့ ၊ ဒါကို ကရဝိတ်
ဖောင်လို့  ခေါ်တဲ့ ကြောင်းပြောပြပါတယ် … ။
ဟင်္သာ ဆိုရင် ဘာလို့  ဟင်္သာ ဖောင် လို့  မခေါ်ပဲ ကရဝိတ် ဖောင်လို့  ခေါ်ရတာလည်း
လို့  မေးမိပါတယ် … ။ ဦးလေး ဖြစ်သူက ငါ လည်း မသိဘူးတဲ့ …. ။
အဲ့ဒီအချိန် က စပြီး ကရဝိတ် ဆိုတာဘာလည် လို့  သိချင် ခဲ့တာပါ … ။ ဦးလေး ပြောတဲ့ ဟင်္သာ ဆိုတာတော့
လက်ခံ တယ်လေ … ဘုရား တွေ မှာ တွေ့ ဘူးတဲ့ ဟင်္သာ ပုံ နဲ့  တူနေတာကို .. ။
နောက်ပိုင်း
အသက်တွေ ကြီးလာတော့ ကရဝိတ်ဖောင် အကြောင်းကို ပို သိလာခဲ့ရပါတယ် ကရဝိတ်ဆို တာ ဘာလည်း လို့  သိတာ မဟုတ်ပါဘူး ။ ရန်ကုန်
မှာ တွေ့ ခဲ့တဲ့ ကရဝိတ် ဖောင်တော် လိုမျိုး မန္တလေး မှာ လည်းရှိ တယ် ဆိုတာရယ် ၊ မြန်မာ
ဘုရင်တွေ ရေလမ်းခရီ သွားရင် အသုံးပြု တဲ့ ဖောင်တော် ဆိုတာလောက် သိခဲ့ ပါတယ် ။
နောက်တစ်ခု
က ဖောင် ရှေ့ မှာရှိတဲ့  ဌက်ရုပ် ပုံ ပါ ။ တော်တော် များများ ကို မေးကြည့်တော့ လည်း
ဦးလေး ပြောသလို ဟင်္သာတဲ့ ၊ ကိုယ် တိုင်လည်း တွေ့ ဘူးတဲ့ ဟင်္သာပုံ တွေနဲ့  ယှဉ် ကြည့်တော့
ဟင်္သာ ဆိုတာငြင်းလို
့ မရဘူး လေ … ။ ခက်တာက ကိန္နရာ၊ ကိန္နရီ ၊ ဂဠုန်၊ ဟင်္သာ ဆိုတဲ့ ဌက်တွေ ကို ဘယ်သူမှ မြင်ဘူး
တာမဟုတ်ဘူးလေ ။ ပန်ချီ ဆရာ ချယ်သ မှု့ နဲ့  ခေတ် အချိန်ခါ ပေါ်မူတည်ပြီး ပြောင်းလည်းနေတော့
ဟင်္သာ ဆိုတာ ဘယ်လိုပုံရှိတယ်လို့  တိတိကျကျ ပြောမို့  ခက်တာပေါ့ ။
နောက်တော့
လက်လှမ်း မှီတဲ့ စာအုပ်တွေ ထဲမှာ ဖတ်ကြည့်တော့ ဖော်တော် ထိပ် က ဌက်က ဟင်္သာ ဆိုတာ ပို
ယုံသွားပါတယ် … အဖေ စာအုပ်စင်ထဲက ကာတွန် ဦးဘကလေး ရေးတဲ့ လေးဆစ် ကဗျာ လေး ဖတ်လိုက်ရလို
့ပါ … ထိုကဗျာလေးမှာ “ မြောင်းမြ သွား ၊ များလိုက်တဲ့ အကြိုတော် ၊ ကရဝိတ်ဖောင် ဟင်္သာမကရ်း တွေနဲ့ ၊ စိမ်းနီပြာ မီးရောင်လွှမ်း ပါလို
့ ၊ ကမ်းညွှတ်လုနော် ” …. အစချီ တဲ့ ကဗျာ လေးကို ဖတ်လိုက် တော့ ဒါ ဟင်္သာ ရုပ် ပဲလို့ ပို ပြီ ယုံကြည်ခဲ့ ပါတယ်
။
ဒါပင်မဲ့
ဟင်္သာ ရုပ် ထားပြီ ဘာလို့  ဟင်္သာ ဖောင်လို့  မခေါ်တာလည်းလို့  တွေးကြည့်မိပြန်တယ် … ။
ဒါနဲ့  ဒီ အကြောင်းနဲ့  ပတ်သက်ပြီး ဘာမှ မလေ့လာမိတော့ပါဘူး … .. ။
ဟိုတလော က ရတု ကဗျာ တွေ အကြောင်း လေ့လာမိရင်း ရတု ကဗျာ
တစ်ပုဒ် မှာ ကရဝိတ် ဆိုတာ ပြန်တွေ့  မိပြန်ပါတယ် ။ အင်းဝ ခေတ် စာဆိုတော် သျှင်ကရဝိက
ရေးတဲ့ မင်းရဲကျော်စွာ လေးထပ် ကျောင်းတည် မော်ကွန်း ရတု မှာ စာဆိုရှင် ဟာ ဗုဒ္ဓမြတ်စွာ
ဘုရား ၏ အသံတော် ကို ကရဝိတ် ဌက် ရဲ့ အသံ နှင့် ခိုင်းနှိုင်း ဖွဲ့ ဆိုထား တာတွေ့ ရလို
့ပါ ။
အဲ့တော့မှ ကရဝိတ် ဌက် ဆိုတာ
တကယ် ရှိပါလား လို့ တွေးမိရင်း ရတု ကဗျာတွေ ကို ခဏ ထားပြီး ကျနော် သိချင်တဲ့ ကရဝိတ်
ဌက်အကြောင်း ရှာပုံတော် လုပ်မိပြန်ပါတယ် … ။
နောက်ဆုံးတော့ ကရဝိတ်ဌက် အကြောင်း ရေးထားတဲ့ စာပေ နှစ်ခု ရှာတွေ့ ခဲ့ပါတယ်
.. ။ တစ်ခုက ဒေါက်တာသန်းထွန်း၏ သမိုင်းထဲက ဒီဇိုင်း ဆိုတဲ့ စာအုပ်မှာပါ တဲ့ ကရဝိတ်
အကြောင်း နှင့် မြန်မာ့စွယ်စုံ ကျမ်း အတွဲ (၁) စာမျက်နှာ ၇၆ ၊ ၇၇ တွင်ပါရှိသော ကရဝိတ်ဌက်
အကြောင်းပါ ။ ထိုအကြောင်းရာ လေး ကို အနည်းငယ် ဖော် ပြ လိုပါတယ် ။
ကရဝိတ် ဌက်
ကရဝိတ် ဌက်သည် ဟိမဝန္တာ ဥသြ တစ်မျိုး ဖြစ်ပြီး ၊ ဟင်္သာ လို
ခြေတံတို ဘဲမျိုး မဟုတ်ပဲ ကရ၀ိတ်က ခြေတံရှည် ကြက်မျိုး ဖြစ်ပါ တယ် ။ အသံ မှာ ငိုငြီးသံ
ဖြစ်ပြီ လွန်စွာ သာယာ သော အသံ လို့ ရှိတယ်လို့  မှတ်သားခဲ့ ရပါတယ် ။
ကရဝိတ် ဖောင် ဟုခေါ်သော ရေယာဉ် တွင် ကရဝိတ် ဌက် ၏ ပုံ ကို
တည်ဆောက်လေ့ ရှိသော် လည်း နှုတ်သီး ၊ ရင်အုပ် ၊ အတောင် နှစ်ဖက် နှင့် ဌက်တစ်ကောင် အဖြစ်
ကိုသာ သာမန်အားဖြင့် ရှိသော်လည်း အမှတ်သား အတိကျ မရှိ ပါ ။ ဘာကြောင့်လည်း ဆိုရင် ဤ ဌက်၏ ဥ ၊ အသိုက်နှင့် အလေ့ထ များကို ဘယ်သူမှ အတိကျ
မသိ လို့  ပါ ။
မြန်မာမှုနယ် မှာ ဟင်္သာရုပ်ကို ညီညွတ်တင့်တယ်မှုကိုပြ တယ်လို့  မှတ်ယူ ကြသလို ၊ ကရဝိတ်ဌက်
ရုပ် ကိုတော့ မြင့်မား၊ ရင့်ကျက်၊ တင့်တယ်မှုကို ပြတယ် လို့  မှတ်ယူ ကြပါတယ် ။
ထို့ ကြောင့် မြန်မာ ဘုရင် များ ရေကြောင်း ထွက်တော် မှု
လျှင် တိုးဖောင်တော် ၊ စာမရီဖောင်တော်၊ ကရဝိတ်ဖောင်တော် ဟူ၍ ဖောင်တော်အမျိုးမျိုးရှိ
သော်လည်း ကရဝိတ် ဖောင်တော် ကို ဘုရင်ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးများသာ အသုံးပြုခြင်း
၊ စစ်ချီတက်ရာ၌ အသုံး ခြင်း ဖြင့် ရှင်ဘုရင် ၏ မြင့်မြတ် တင့်တယ် မှု့ ကို ဖော်ဆောင်
ကြောင်း မှတ်သာ ခဲ့ရပါတယ် … ။
အဲ့လို ဖတ်မှတ်ပြီးတော့မှ ကျနော် ရန်ကုန် မှာ မြင်ခဲ့ ရသော
ကရဝိတ် ဖောင် မှာ ဟင်္သာ မဟုတ်မှန်း သိခဲ့ ရပါတယ် ..... ဗျာ ….. ။
ရန်ကုန် က ကရဝိတ်ဖောင် တော်ပါ (google မှာ ကူးယူ ခဲ့ပါသည်)
ရှေ့ ခေတ် ကရဝိတ်ဖောင် ပုံပါ ( google မှ ကူးယူ ခဲ့ပါသည် )
ရတနာပုံခေတ် ကရဝိတ်ဖောင် ပုံပါ
( မြန်မာ့ စွယ်စုံကျမ်း အတွဲ (၁) စာမျက်နှာ ၇၇ တွင် ပါရှိသော ဓာတ်ပုံ ကို ကိုယ်တိုင် ရိုက်ယူ ဖော်ပြသည်)
ခင်မင်စွာဖြင့်
မောင်ဘုန်း
မောင်ဘုန်းကစာတွေတော်တော်ဖတ်တယ်ထင်တယ်
ReplyDeleteလေးစားအားကျပါတယ်ကွယ်
မှတ်သားစရာလေးပေါ့
မောင်ဘုန်းရေ
ReplyDeleteကန်တော်ကြီးထဲက ကရဝိတ်ကိုမြင်တော့
ငယ်ငယ်က ကရဝိတ်မှာပူတင်းစားခဲ့ရတာကို
ပြန်သတိရမိတယ်..
ကရ၀ိတ်အကြောင်း ပြည့်ပြည့်စုံစုံလေး သိရလို့ ကျေးဇူးပါ ကိုမောင်ဘုန်း ခင်ဗျာ၊ နှုတ်သီးမှာ ကိုက်ထားတဲ့ အလုံးလေးကို စိတ်ဝင်စားတယ် ကိုမောင်ဘုန်းရေ.... ကရ၀ိတ်ကြီးက ဘာလို့ကိုက်ထားတာလည်း မသိဘူး
ReplyDeleteဗဟုသုတလေးအတွက်ကျေးဇူးပါ မောင်ဘုန်းရေ
ReplyDeleteကရ၀ိတ်မှာမင်္ဂလာဆောင်သူတိုင်းကွဲသတဲ့
အဲဒါတော့ဟုတ်လားမဟုတ်လားမသိ
ကြားဖူးတာပြောပါတယ်း)
ခင်မင်လျှက်
မဒိုးကန်
စိတ်ဝင်တစား ဖတ်သွားတယ် မောင်လေး။
ReplyDeleteဆားပုလင်း ကို အောင်ထွဋ် ရေ .... ဆားပုလင်း ပီသ ပါပေ .... တယ် ဗျာ ... ။ အရမ်း ကောင်းတဲ့ မေးခွန်း လေးပါ .. ။
ReplyDeleteကျနော် ဒီ post လေး စရေးခဲ့ တုန်း က ကရဝိတ်လော ဟင်္သာလေ လို့  ခေါင်းစဉ် တက် ပြီ ရေးခဲ့တာပါ ... ။
စာပေ အထောက်ထားအရ ကရဝိတ်ဖောင်မှာ ရှိတဲ့ ဌက်ရုပ်ဟာ ကရဝိတ် ဌက် လို့  အခိုင်မာ ဆိုလို့ ရပင်မဲ့ ..
ကို အောင်ထွဋ် ပြောသလို ရန်ကုန်က ကရဝိတ်မှာ ဌက်ရုပ်မှာ အသီးလေး ကိုက် ထားတာ တွေ့ ရပါတယ် .. ။
ခေတ်အဆက်ဆက် ကရဝိတ်ဖောင် မှာ မရှိပဲ ယနေ့ အချိန် တွေ့ ရတဲ့ ကရဝိတ် ဖောင် ကြမှာ ဌက်ရုပ်က အသီးလေး ကိုက်ထားတာရယ် ၊ နှစ်ကောင် ဖြစ် နေတာ ရယ် .... အဲ့ အကြောင်းကို ရေးပြီးသာ ရှိပါတယ် ... ။
ခက်တာက ခိုင်လုံတဲ့ အတောက်ထား မရှိလို့  မတင်ဖြစ်တာပါ ... ။ ဒါပင်မဲ့ အခုတော့ တင်မယ် လို့  ဆုံးဖြတ်လိုက်ပါပြီ ... ကျနော် အားလပ်ချိန် ည ရောက်ရင် တင်ပေးပါမယ် ... ကြိုပြီးတောင်းပန် မယ်နော် ... ရေးသာ ချက် အများစု က ကျနော် စိတ်ကူးတွေ ဖြစ်နေလို့ ပါ ... ။
ကယ် ... အစ်မဒိုးကန် ရေ .... အစ်မ မေးတဲ့ ကြောင်းလေး လည်း မှတ်သား ဘူးပါတယ် မောင်ဘုန်း သိသလောက် ရှင်းပြမယ်နော် ... ည ကျရင်တော့ ... ကရဝိတ်လော ဟင်္သာလော ဆိုတဲ့ post လေးမှာ အစ်မမေးတဲ့ အချက်လေး ပါအောင် ရေးမယ်နော် .....
အားလုံးကို ကျေးဇူးတင် လျှက်
မောင်ဘုန်း
ဆားပုလင်း ပီသပါပေတယ်
ReplyDeleteဗဟုသုတအတွက်ကျေးကျေးပါ
မောင်ဘုန်းရေ
ReplyDeleteများတို့အိမ်ကစွယ်စုံကျမ်းကတော့ဖုန်တွေအထပ်ထပ်ပါပဲ
အေးတော်..ထူးထူးဆန်းဆန်းး)
ReplyDeleteကရ၀ိတ်မှာ.မင်္ဂလာဆောင်ရင်
ကွဲတတ်တယ်ဆိုတာလေး
စိတ်ဝင်စားသကွယ်။
မင်္ဂလာမဆောင်ပဲ
ဧည့်ခံပွဲလုပ်ရင်ကော..ကွဲတတ်ပါသလား
သိချင်ပါတယ်း))
ခင်မင်လျှက်
သမီးစံ
ကျေးဇူးပါဗျာ အများကြီးသိခဲ့ပါပြီ
ReplyDeleteဗဟုသုတအများကြီးရတယ် အစ်ကိုရေ
ReplyDeleteကျေးဇူးပါ :D