မင်္ဂလာပါဗျာ
… ။ ဒီနေ့  အလုပ်နားရက်လေးမို့  ကားဆေးရောင် နှင့် ကားဆေးအမျိုးစားများ အကြောင်းကို
သိသလောက်လေး ပြောပြပါမယ် ။ ကမ္ဘာပေါ်မှာ
ရှိသမျှ ကားတွေ ရဲ့ အရောင် များကို world’s most popular car color မှ စစ်တမ်း ကောက်ယူ
ခဲ့တဲ့ မှတ်တမ်းအရ ….
1. Silver
– 26 percent
2. Black
– 24 percent
3. White –
16 percent
4. Gray
– 16 percent
5. Red
– 6 percent
6. Blue
– 5 percent
7. Brown/Beige
– 3 percent
8. Green
– 2 percent
9. Yellow/Gold
– 1 percent
10. Others –
< 1 percent ….. ရှိတယ်လို့  သိရပါတယ် … ။
Silver
အရောင်ဟာ ကမ္ဘာပေါ်မှာ ရှိသမျှ ကားတွေရဲ့ ၂၆% ရှိပါတယ် ။ ငွေမှင်ရောင် အကြောင်းကို ကျနော်
ရေးခဲ့ဘူးတယ် ဒီအရောင်ရဲ့ အဓိက အာသားချက်က
တော့ အပူဒဏ်ကို ခံနိုင်ရည် ရှိခြင်း ပါပဲ ။
Black ကတော့ ကျနော်တို့  အာရှနိုင်ငံတွေ မှာ အသုံးနည်း ပင်မဲ့ ဥရောပနိုင်ငံတွေမှာ ရှိတဲ့ ကားတွေရဲ့ ၂၇% ဟာ Black အရောင် ရှိတယ် လို့  မှတ်သားဘူးပါတယ် ။ ဒီအရောင်ရဲ့ အဓိက အားသာ ချက်ကတော့ တောက်ပ မှု့  အကောင်းဆုံး ပါပဲ … ။
နောက်တစ်ခု က အဖြူရောင် ပါ ။ အာရှနိုင်ငံတွေ မှာ အများဆုံးတွေ့ ရတဲ့ ရောင်လို့  သိရပါတယ် ။ အဓိက အားသာချက်ကတော့ Silver ပြီးရင် အပူဒဏ် ကို ခံနိုင်ရည် အရှိဆုံးက အဖြူ ရောင်ပဲ ဖြစ်ပါတယ် ။
အခုလို အရောင် အမျိုးမျိုးရှိတဲ့ ကားဆေး တွေကိုတော့ အခြေခံအားဖြင့် နှစ်မျိုးသာ ခွဲထားပါတယ် ။ ဒါကတော့ Metallic နဲ့  non – Metallic ဆိုပြီ နှစ်မျိုး ပဲ ခွဲ ထားပါတယ် ။
ကားဆေး တွေ မှာ Metallic ဆေး ဆိုတာကို လူသိများပါတယ် ။
တချို့ က polychromatic
လို့ ခေါ်ကြသလို ၊ ကျနော် ထိုင်းမှာ လုပ်ခဲ့ တုန်းက metal flake လို့ ခေါ်ကြတာလည်း တွေ
့ခဲ့ဘူးပါတယ် ။
Metallic ဆေးရဲ့ ထူးခြားချက်ကတော့ small metal flakes လို့ ခေါ်တဲ့ အမှုံ
များပါဝင်ပြီး ဆေးအရောင်ကို sparkling effect တောက်ပမှု
ဖြစ်စေပါတယ် ။ ယနေ့  အသုံးပြုနေတဲ့ အိမ်စီးကား တော်တော် များများ မှာ Metallic ဆေးကို အသုံးကြပါတယ် ။
ယနေ့  အချိန်မှာ Metallic ကားဆေး အမျိုးစာ များစွာရှိပါတယ် ။ ကားထုတ်လုပ်တဲ့ ကုမ္မဏီ တွေ အနေနှင့် မိမိကားရဲ့ ဆေးအရည်သွေးကို တုပလို့  မရအောင် မိမိထုတ်လုပ်လိုက်တဲ့ Metallic ကားဆေးကို အပို ပစ္စည်းအနေ နဲ့  မရောင်းကြပါဘူး ။ ကားဆေး ထုတ်လုပ်တဲ့ သူတွေကတော့ မှုရင်းကို ပဲ တုပ ပြီး ဈေးကွက် တင်ကြတာများပါတယ် ။ အဲ့လို အမျိုးမျိုး ရှိတဲ့ Metallic ဆေး အမျိုးစာကို ခွဲခြား ရာမှတော့ Metallic 2K အမျိုးစားနဲ့  Metallic 1K ဆိုပြီး နှစ်မျိုး ပဲ ရှိပါတယ် ။
Metallic 2K
2Kclear
Metallic 2K
Metallic 2K ကိုတော့ ယနေ့  အသုံပြုနေတဲ့ Metallic ဆေးမှာ
အများဆုံးအသုံးပြု တာတွေ့ ရပါတယ် ။ အသုံးပြုရာမှာ အခြေခံအားဖြင့် undercoat ၊
basecoat ၊ clearcoat ဆိုပြီး သုံးဆင့် ရှိသလို
midcoat ဆိုပြီ လေးဆင့် အသုံးပြု တာလည်းရှိပါတယ် ။ ၊ basecoat နဲ့  clearcoat ကြားမှာ colour effect ဆိုတာ ထည့်သုံးလို့  ရသလို
clearcoat ကိုလည်း မိမိ စိတ်ကြိုက် modified လုပ်လို့ ရပါတယ် ။ ယနေ့  အသုံးပြုနေတဲ့
ကားဆေး အမျိုးစားတွေ ထဲမှာ တော့ Metallic
2K ဆေးအမျိုး ဟာ အကောင်းဆုံးပါပဲ ။
Metallic 2K ရဲ့ အားသာချက် ကတော့ colour effect အသုံးပြု နိုင်ခြင်းကြောင့် ဆေးရောင်ကို ကြာရည်ခံနိုင် ရည် ရှိစေပြီ ၊ အတောက်ပဆုံး ဆေးရောင် ကို ရရှိစေပါတယ် ။ အားနည်းချက်ကတော့ ဆေးရောစပ် မှု့  လွဲသွားတာနဲ့  ဆေးအရောင် ပါ လွဲသွားတက်ပါတယ် ။
Metallic 1K
Metallic 1K
Metallic 1K
Metallic 1K ဆိုတာကတော့ Metallic 2K ဆေးမှုတ် ရာမှာ undercoat ၊ basecoat ၊ clearcoat ဆိုပြီ သုံးဆင့် ရှိပင်မဲ့ ။ Metallic 1K ကတော့ undercoat နဲ့  colourcoat ဆိုပြီ နှစ်ဆင့်ပဲ ရှိပါတယ် … ။ ရှင်းအောင်ပြောရရင်တော့ Metallic 1K ဟာ basecoat နဲ့  clearcoat ရောစပ်ပြီးသာ လို့ ပြောလို့ ရပါတယ် ။ Metallic 1K ရဲ့ အားသာ ချက်ကတော့ basecoat နဲ့  clearcoat ကို ရောစပ်ပြီးသာ ဖြစ်တာကြောင့် ဆေးအရောင် လွဲသွားတာမျိုး လုံးဝ မရှိပါဘူး ။ အားနည်း ချက်ကတော့ basecoat နဲ့  clearcoat ရောစပ်ထားတာကြောင့် basecoat နဲ့  clearcoat ကြားမှာ အသုံးပြုရသော colour effect အသုံးပြုလို့  မရ တော့ပါဘူး ။ တစ်နည်းပြောရရင် ဆေးသေ အမျိုးစားဖြစ်ပါတယ် ။
ကားဈေးကွက်ထဲမှာ တော့ Metallic 2K နဲ့  Metallic 1K ကို တစ်ခါတလေ အလွယ်တကူခွဲခြားမရလို့  အငြင်းပွာ ဖွယ်ရာဖြစ်တက်ပါတယ် ။ အများအားဖြင့် Metallic 2K ဟာ Metallic 1K ထက် တန်ဖိုးရော အရည်သွေးပါ ကောင်းမွန်တယ် ဆိုပင်မဲ့ တချို့  Metallic 1K အမျိုးစာတွေဟာ Metallic 2K နဲ့ ခွဲမရအောင် အရည်သွေးကောင်းမွန် တာရှိပါတယ် ။ Metallic 2K နဲ့  Metallic 1K ကို လွယ်လွယ်ကူကူ ခွဲခြားမယ် ဆိုရင်တော့ colour effect ကို ကြည့်ကြပါတယ် ။ colour effect ပါရင် Metallic 2K မပါရင်တော့ Metallic 1K ပေါ့ …. ။ ဒါပင်မဲ့ ယခုနှစ်ပိုင်း မှာ colour effect ပါတဲ့ Metallic 1K ဆေး အသစ်ထွက်ရှိ နေပါတယ် ။
non – Metallic ဆေးအသုံးထားတဲ့ ကား
non – Metallic ဆေး
non – Metallic ဆိုတာက small metal flakes ဆိုတဲ့ အမှုံ မပါတဲ့ ရိုးရိုးဆေးပါ ။ မြန်မာပြည် မှာ တော့ ပေါင်းဆေး လို့  ခေါ်ကြပါတယ် ။ ဆေးသေ အမျိုးစာ ဖြစ်ပါတယ် ။ အသုံးပြုရာမှာ undercoat နဲ့  colourcoat ဆိုပြီး နှစ် ဆင့်ပဲ ရှိပါတယ် ။ တန်ဖိုးနည်းသလို ပျက်စီလွယ် ပါတက်ပါ ။ အဓိက အားနည်းချက်ကတော့ တောက်ပမှု ကိုကြာရည် မခံနိုင်ခြင်းပါပဲ ။ အရည်သွေးကောင်းတဲ့ non – Metallic ဆေးတောင် တောက်ပမှု ကြာရည်မခံ တာတွေ ရပါတယ် ။ အများစုတော့ လုပ်ငန်းသုံးကားတွေ မှာပဲ အသုံးပြု ပင်မဲ့ တချို့ အိမ်စီး တရုတ်ကားတွေ မှာ အသုံးပြု တက်ပါတယ် ။
non – Metallic ဆေးဟာ ဆေးမှုတ်ပြီး တစ်လ လောက်ထိ တောက်ပမှု ကောင်းကောင်းရှိနေတာကြောင့် ကားဈေးကွက်ထဲမှာ တခါတစ်လေ Metallic 1K နဲ့  အငြင်းပွား ဖွယ်ရာ ဖြစ်တက်ပါတယ် ။ လွယ်လွယ်ကူကူ ခွဲခြားမယ်ဆိုရင် ဆေးအရောင်မှာ small metal flakes ဆိုတာ မပါပဲ တောက်ပ နေမယ်ဆိုရင် ဒါဟာ non – Metallic ဆေးပဲပါပဲ ….. ။
(ဓာတ်ပုံများကို google မှ ရယူခဲ့ပါသည် )
ခင်မင်စွာဖြင့်
မောင်ဘုန်း
ကျေးဇူးပါဗျာ.. ဆေးအကြောင်း တော်တော်သိသွားပြီ။
ReplyDeleteမောင်ဘုန်းရေ အားလုံးကိုနားမလည်လဲ ဗဟုသုတတော့ရလိုက်တယ်
ReplyDeleteကားဆိုရင်တော့အနက်ရောင်နဲ့ငွေမှင်ရောင်ကိုကြိုက်တယ်
မောင်ဘုန်းရေ အမကတော့ ပန်ရောင်ကြိုက်တော့ ဘာမဆိုပန်ရောင်ပဲ
ReplyDeleteမနေ့ကတောင် မြို့ ထဲသွားရင်းကားပန်ရောင်လေးတွေ့ လို့ငေးရသေးတယ်..
ဗဟုသုတရတာပေါ့နော်.. ကဗျာလည်းရေးပါအုံး..
သေသေချာချာလေးကို လေ့လားထားပါလား မောင်ဘုန်းရေ။
ReplyDeleteဗဟုသုတလေးတွေ ဖတ် မှတ်သွားတယ်နော်။ ကျန်းမာရေးလည်း ဂရုစိုက်ပါအုံး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်