Pages

Sunday, February 10, 2013

လက်ပစ်ကူးလိုက် ချင်မိပါတယ်









ညနေခင်းရဲ့ ဆည်းဆာအောက်မှာ Rock သီချင်းတစ်ပုဒ် ကို ကော်ဖီတစ်ခွက်နဲ့  ခံစားခဲ့ဘူးပါတယ် ။ Rock သီချင်းကို အရူးအမူး ကြိုက်တာလဲမဟုတ် ၊ ကော်ဖီလည်းမကြိုက် ဒါပင်မဲ့ ရင်ခုန်ရတဲ့ အချစ်ကြောင့်ဆိုရင် မမှားပါဘူး ။ ကျနော် အသက် ၁၇ နှစ်လောက်ရှိမယ်ထင်ပါတယ် ။ သူမ မျက်နှာလေး မြင်ရမို့  Rock သီချင်းတော်တော် များများ ကို ကော်ဖီ တစ်ခွက်နဲ့  အဖော်ပြုရင်း အချိန်တွေ ကုန်စေခဲ့ပါတယ် ။

ကျနော် အသက်လည်း ၂၉ နှစ် ရောက်ခဲ့ပါပြီ ။ ၁၂နှစ်ကျော် ကြာသွားတဲ့အချိန်မှာ   ပြန်တွေးကြည့်မိတယ် ။ ရီစရာတော့ ကောင်းသား ကျနော် ဖက်ကသာ ရင်တွေခုန်လို့  သူမကတော့ သတိတောင်ထားမိရဲ့လား မသိဘူးလေ ။ အဲ့အချိန်က သူမအိမ်နဲ့ာတ်တိုင် နှစ်တိုင်စာလောက်ဝေးတဲ့ ကျူရှင်ကို သူမ က ညနေဆိုရင် အသွားအပြန် လမ်းလျှောက်သွားလေ့ရှိပါတယ် ။ ကျနော် ကတော့ သူမ လာရာလမ်းက လက်ဖက်ရည်ဆိုင်မှာ သူမ အသွားအပြန် ကို မလွတ်တမ်း ထိုင်ကြည့်နေခဲ့တာ ။ အဲ့လို ကြည့်နေရတာကိုပဲ ကျေနပ်နေမိ ခဲ့တာ ။

ထားပါတော့ဗျာ…. ။ အခုဆိုရင် သူမလည်း ကလေနှစ်ယောက် မိခင် ဖြစ်သွားပြီ ။ အဲ့အကြောင်းလေးကို အကြောင်းတိုက်ဆိုင်လို့  ညီအကိုလိုခင်တဲ့ ညီငယ်တစ်ယောက်ကို ပြောပြမိပါတယ် ။ နောင်တော် က ကောင်မလေး တစ်ယောက် ကို  လိုက်တာ အချိန်တွေ အလကားသက်သက် ဖြုန်းနေသလိုပဲဗျာ …  ။ ကျနော် သာဆိုရင် အဲ့ ကောင်မလေးရဲ့ ဖုန်း ၊ facebook ၊ gmail တစ်ခုခုလောက် အရင် ရအောင်လုပ်လိုက်ရင် အကို တစ်လ လောက် ထိုင်ကြည့်နေတာ ကို ကျနော် တစ်နာရီလောက် ကြိုးစားလိုက်တာနဲ့  အများကြီးသာ တယ် ။

ဟုတ်ပါတယ် သူအချိန်နဲ့  သူဆိုရင် ကျနော် လုပ်ခဲ့ တာအချိန်တွေ ဖြုန်းတယ် လို့  မဆိုသာပင်မဲ့ ခုလို အချိန်အခါဆိုရင် တော့ ကျနော် ဟာ အချိန်တွေ ဖြုန်းခဲ့တယ်လို့ ပြောလို့ ရပါတယ် ။

အချိန်အခါရဲ့ ပြောင်းလည်းမှု က မယုံနိုင်လောက်ပါပဲ ။ လူငယ်တွေ ကြားထဲမှာ တတိယလှိုင်းကို နည်းပညာ အားကိုးနဲ့  အမှီလိုက်မို့  ကြွေးကြော်နေတဲ့ အချိန်မှာ ကျနော် က လူကြီးလဲမဟုတ် ၊ လူငယ် လို့ လဲ ပြောမရတော့တဲ့ အရွယ်ကြီးနဲ့  ရှေ့ ပဲ ဆက်တိုးရမလို နောက်ပြန်ဆုတ် ရမလို အခြေနေပါ ။ ပြောင်းလဲမှု ဆိုတာ သဘာဝ ကျတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်နေတော့ ကျနော် လဲ မှီတဲ့နေရာကနေ လိုက်ပါခဲ့ရတာပေါ့ … ။

မြင်ရတွေ့ ရ ကြားရတာတော့ တနေ့ တမျိုး အထူးအဆန်းတွေ .ကြီးပါပဲ … ။ နောင်တော်ရေ  …. ကျနော် တို့ က ဂလိုဘယ် ချစ်သူတွေ ဗျ …. ။ ဟ …!!!!! ။ ရှင်းပါအုံး ညီတော် …. ရယ် …. ။ ဂလိုဘယ် ချစ်သူ ဟုတ်လား …. ။

ဒီလိုလေ …. အခု ကျနော် ချစ်သူက ကမ္ဘာ့ အနောက် ခြမ်းမှာ နေတယ် ။ ကျနော်က အရှေ့ ခြမ်းရောက်နေတယ် ။  ကျနော်က ထိုင်ဝမ် ဖြစ်တဲ့ထုတ်တဲ့ lenovo လက်တော့ ၊ ချစ်သူက ကိုရီယားထုတ်တဲ့ samsung  လက်တော့ သုံး ပြီးတော့ ၊ အမေရိကန် က ရောင်းတဲ့ yes internet connection ကိုအသုံးပြုပြီ  ကျနော် တို့  နေ့ တိုင်း မျက်နှာချင်းဆိုင်တွေ့  ကြတယ် ။  ဒီထက် ဂလိုဘယ် ကျတာ ရှိအုံးမလား နောင်တော် ….. ။ အော် …. အေး …… ဟုတ် …. ဟုတ်ပဗျာ … ။

သြော် …. ဂလိုဘယ် ချစ်သူ တဲ့  … ။ နည်းပညာ က လူငယ်တွေအတွက် ရင်ခုန်သံတွေ ပါ စီးမျောစေပါရောလား ။ အောင်မြင်မှု  တွေ ၊ ကျဆုံးရှုံးမှု တွေ လည်း အပြည့်ပါပဲ … ။ ရင်ခုန်သံတွေကအစ စီးမျောတက်တဲ့ နည်းပညာ က လူငယ်တွေအတွက် မရှိမဖြစ် လို့ ပြောရင် မမှားလောက်တော့ပါဘူး ။ အချိန်နှင့်အမျှ  နည်းပညာလို အပ်ချက်ကတော့ တစ်ရက် တခြား ကြီးမားနေပါပြီ ။ 

ဖြစ်နိုင်မယ်ဆိုရင် အတွင်းခံ ဆိုရင်တောင်  ….. (အိုင်) အတွင်းခံ  သုံးချင်တာ …. ။ ဂလက်စီ ဆိုတာလောက်တော့ ဖိနပ်လောက် ပဲ စီးချင်တာတယ် လေ ။ သုံးတဲ့ ကွန်ပြူတာက i7 အားမရလို့  i700 မှာထားပြီးသာ ၊ ကင်မရာကြီးကိုလဲကြည့်အုံး ဘယ်လိုပဲ လိုးရှင်းတွေ လိမ်းထား (လိမ်းထား) ပေါင်ကသေးစီးချောင်း ကို ထင်ထင်ရှားရှား မြင်ရလောက်အောင် ရိုက်နိုင်တဲ့  (zoom) ရော (pixel) ရော ထိပ်တန်းပဲလေ ။  ဒီလိုနဲ့  အားလုံး  တတိယလှိုင်းကို စီးမျောရင်း နည်းပညာရဲ့ သားကောင်တွေ ဖြစ်ကြရပါတယ် ။

ခက်တာက လိုအပ်နေတဲ့ နည်းပညာက အလကားရတာ မဟုတ် ။ အဲ့ဒါက ကျနော် တို့ အတွက် အဓိက ပြသာနာ တစ်ခုပါပဲ ။  လူငယ်တစ်ယောက်အတွက် လိုအပ်ချက်တွေ များနေတာဟာ ကောင်းတဲ့ အခြေနေတော့မဟုတ်ပါဘူး ။ မိမိရဲ့ လိုအပ်ချက်တစ်ခုဟာ မိမိအတွက် အားနည်းချက် တစ်ခုဖြစ်စေတယ် ဆိုတာ သတိပြုသင့်ပါတယ် ။ ချစ်သူပေးတဲ့ (အိုင်) လက်ဆောင် နည်းပညာလေးရဲ့ နောက်ကွယ်မှာ အခွင့်အရေး တချို့  ပါလာတက်ပါတယ် ။ ဒီလိုနဲ့ နေ့ တခြား လိုအပ်လာတဲ့ နည်းပညာတွေ က လူငယ်တွေရဲ့ စာရိတ္တ ကို ဝါးမျိုနေသလိုပါပဲ ။ လိုအပ်နေတဲ့ နည်းပညာ အတွက် မိမိဘဝ တစ်ခုကို အရင်းပြုကာ တတိယလှိုင်းမှာစီးမျောရင်း ကျေနပ်နေတဲ့ လူငယ်တချို့  ကိုတွေ့ ရတော့ ကျနော် ကိုယ်တိုင် ဒီလှိုင်းပေါ်က ခုန်ချချင်မိပါတယ် ။

တစ်ဖက်မှာလဲ လူငယ်တွေ အတွက် တတိယလှိုင်းပေါ်က အခွင့်ရေးတွေ ၊ အောင်မြင်မှုတွေ ကတော့ ဘယ်လိုမှ နှိုင်းယှဉ် လို့ မရအောင် ထူးခြားလွန်းပါ တယ် ။ google search bar တစ်ခုဟာ  ပုံပြင်ထဲ က အာလာဒင် ကို အသက်သွင်း ပေးလိုက်သလိုပါပဲ ။ အာစရိယ ပူဇော်ပွဲတွေ ကျင်းပရင် သူ့ အတွက် နေရာ တစ်ခု ထားရမလို ဖြစ်နေပါပြီ ။

ဘယ်လိုဖြစ်ဖြစ်ပါ အကောင်း အဆိုး တွဲနေတက်တာ အထူးအဆန်းမဟုတ်တဲ့ သဘာဝကျတဲ့ ဖြစ်ရပ်တစ်ခုပါ ပဲ ။ လိုအပ်ခြင်းတွေ များတက်တဲ့ လူ့ ဘဝမှာ နည်းပညာ လိုအပ်ချက်လေး အတွက် နဲ့ တော့     ကိုယ့်ကျင့်တရားကို ရင်း ရမယ်ဆိုရင် လှိုင်းမစီးရလည်း နေပါစေ ။ လက်ပစ်ကူး လိုက်ချင်မိပါတယ် … ။



အားလုံးပဲ ပျော်ရွှင်သန့် ရှင်းစွာ ဖြင့် နည်းပညာ လှိုင်းကြီး မှာ ကျန်းကျန်းမာမာ စီးမျောနိုင်ကြပါစေ …….. ။



 ဓာတ်ပုံ ကို google မှကူယူခဲ့ပါ သည်





မောင်ဘုန်း 





7 comments:

  1. လိုအပ်ခြင်းတွေ များတက်တဲ့ လူ့ ဘဝမှာ နည်းပညာ လိုအပ်ချက်လေး အတွက် နဲ့ တော့ ကိုယ့်ကျင့်တရားကို ရင်း ရမယ်ဆိုရင် လှိုင်းမစီးရလည်း နေပါစေ ။ လက်ပစ်ကူး လိုက်ချင်မိပါတယ် … ...

    အဲ့စကားလေးကို အကြိုက်ဆုံးပါပဲ အကိုဘုန်းရေ...
    မှန်လိုက်လေရှင်.....:)
    နေကောင်းပါရဲ့လား အကိုတော်
    ညလေး သတိတရရှိနေပါတယ်နော် :)

    ReplyDelete
  2. စာရေးနည်းနေတဲ့မောင်ဘုန်းရေ အဆင်ရောပြေရဲ့ လား.. ပိုစ့်လေးလာဖတ်ရင်ရောက်ခဲ့ပါတယ်။။

    ReplyDelete
  3. လိုအပ်ခြင်းတွေ များတက်တဲ့ လူ့ ဘဝမှာ နည်းပညာ လိုအပ်ချက်လေး အတွက် နဲ့ တော့ ကိုယ့်ကျင့်တရားကို ရင်း ရမယ်ဆိုရင် လှိုင်းမစီးရလည်း နေပါစေ ။ လက်ပစ်ကူး လိုက်ချင်မိပါတယ် … ။

    ဒီစာသားလေးကို အရမ်းကြိုက်တယ်။ လာရောက်အားပေးသွားသလို မှတ်သားသွားပါတယ်။


    ခင်မင်တဲ့
    အလွမ်းမြို့

    ReplyDelete
  4. ခေတ်လူငယ်တွေစဉ်းစား၊ဆင်ခြင်သင့်တဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ပဲမောင်ဘုန်းရေ။
    အကြောင်းအကျိုးအကောင်းအဆိုးဒွန်တွဲနေတဲ့ခေတ်ရေစီးကြောင်းထဲမှာ...သူတို့လေးတွေကိုလည်း
    ကြီးမားတဲ့အရင်းအနှီးကိုရင်းမယ့်အစားလှိုင်းမစီးစေပဲလက်ပစ်သာကူးလိုက်စေချင်တာရင်ထဲကစေတနာပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. အမြဲလက်ပစ်ကူးနေရလို့ ပင်ပန်းနေပါပြီမောင်ဘုန်းရေ
    ဒီကြားထဲ လှိုင်းစီးတဲ့သူက ကိုယ့်ကိုဝင်တိုက်သေးတယ်

    ReplyDelete
  6. ဟုတ်ပါရဲ့ မောင်ဘုန်းရယ်
    ခေတ်မီတိုးတက်လာကြတာ လူတွေလိုက်လို့မမှီနိုင်
    တော့ဘူး..
    တမျိုးးမရိုးသေးဘူး..
    နောက်တမျိုးကထွက်နေပြီ

    ReplyDelete
  7. ဟန်ကြည်February 18, 2013 at 5:20 AM

    လက်ပစ်ကူးရတာလည်း ပင်ပန်းပါ့...
    ဖြစ်နိုင်ရင် ကူးတို့လေးနဲ့ပဲဖြစ်ဖြစ် ဖယ်ရီသင်္ဘောလေးနဲ့ပဲဖြစ်ဖြစ် သက်တောင့်သက်သာ လိုက်ရရင်ကောင်းမလား စဉ်းစားမိပါသဗျား...

    ReplyDelete