Pages

Thursday, May 30, 2013

ကြက်ပွဲ




  


တစ်မြေထဲနေ တစ်ရေထဲ သောက်ခဲ့သမျှ
ဒီ မျက်နှာတွေ အိုးမဲ အသုတ်ခံရ မှ
ပြလိုက်တဲ့ သတ္တိတွေ
အသက်တွေ ဆုံးတဲ့အထိပဲ ……. ။
အောင်နိုင်သူတွေ ရွှေရောင် လွှမ်းလို့ 
ဒီမြေဒီရေ မှာ ဗိုလ် လုပ် ပြန်တယ် ….။
မသေယုံ ကျန်တဲ့ အကောင်တော့
ကိုချစ်တီး ထမင်းဆိုင်မှာ
ဟာလာ လုပ်ခံရတယ် ….. ။
တချို့ ကတော့ …..
 သေတာတောင် လှလှပပလေး ချိတ်ဆွဲပြီး
ကိုတရုတ် ခေါက်ဆွဲဆိုင် မှာ
အပိုင်းပိုင်း အခုတ် ခံရတယ် … ။
ဒီလိုနဲ့  ကျူပ်တို့  ဘဝတွေလည်း
နေဝင်မိုးချုပ် ……ရင်း
အိုးမဲ အသုတ်ခံရမဲ့ နေ့ ရက်တွေ ကို စောင့်မျှော်လျှက်ပေါ့ …….. ။



မောင်ဘုန်း

 


6 comments:

  1. အိုးးးးးးးးးး ပီပြင်လိုက်တဲ့ ကဗျာ :)
    လာဖတ်သွားတယ် အကိုဘုန်းရေ..နှစ်သက်မိပါပေ့ :)
    ခင်လျက်...မိုးနတ်

    ReplyDelete
  2. ဒီလိုနဲ့  ကျူပ်တို့  ဘဝတွေလည်း
    နေဝင်မိုးချုပ် ……ရင်း
    အိုးမဲ အသုတ်ခံရမဲ့ နေ့ ရက်တွေ ကို စောင့်မျှော်လျှက်ပေါ့ …….. ။

    . . နောက်ဆုံးတော့ အိုးထဲ မရောက်တဲ့ ကြက် . . . အင်း H5N1 ဖြစ်တဲ့ ကြက်ပဲ ရှိမယ် ထင်တယ် . . .

    ခင်မင်စွာဖြင့်
    ဗညားရှိန်

    ReplyDelete
  3. ဟူးးးးးးးးးး...
    ဖတ်ပြီးတော့ သက်ပြင်းချလိုက်သံ...ပါ..။
    ပျော်ရွှင်ပါစေ ငါ့မောင်ရေ..

    ReplyDelete
  4. facebook မှာ share လိုက်ပြီးဗျာ

    ReplyDelete
  5. "Hello, We have a client who is looking for Myanmar bloggers to join for an education campaign.
    It's an event organized by Malaysia's leading telco giant to facilitate skills and talent development in Myanmar targeted at
    Secondary school, Pre-U and Uni students as well as working adults seeking working opportunities with a company like Axiata.
    Time not sure yet. next month probably"
    Would you be interested? Hope to hear from you soon!

    ReplyDelete
  6. အဲလိုကြက်ပွဲတွေက
    အများကြီးပါ မောင်ဘုန်းရေ

    ReplyDelete