Pages

Sunday, October 30, 2011

မိန်းကလေး တစ်ယောက်ရဲ့ ရွေးချယ်မှု့  ...






အားလုံးပဲ မင်္ဂလာ ညချမ်း လေးပါဗျာ …ဒီနေ့  တော့ အလုပ်စောစောသိမ်းလို့  အချိန်လေး ၇တာနဲ့  ပုံပြင်လေး တစ်ပုံ ပြောပြချင်ပါတယ် ….


ဒီပုံပြင် လေးကို ကျနော် ၇န်ကုန်မှာ CBL တက်စဉ်တုန်း က ရန်ကုန် တက္ကသုလ်  ရာမည ဆောင် ဘေးက happy hour (အခုတော့မရှိတော့ဘူးလို့ သိရပါတယ်) ဆိုတဲ့ ဆိုင်လေးမှာ ကျနော် တို့ သူငယ်ချင်း တစ်စုကို ကိုဇော် ဆိုတဲ့ သူငယ်ချင်း တစ်ယောက်က ပြောပြတာပါ …

ဒီ ပုံပြင် လေးကို  … ကိုဇော် ကမပြောခင် ကျနော် တို့  သူငယ်ချင်းတွေ ကြားမှာ အငြင်းပွားနေတဲ့ အကြောင်းရာလေးတစ်ခုရှိခဲ့ပါတယ် ..

အဲဒီ ကြောင်းရာလေးကတော့ … ကောင်မလေးတွေဟာ မိမိအိမ်ထောင်ဘက် ကို ရွေးချယ် တဲ့ နေရာမှာ အချစ်ကိုဦးစားမပေးတက်ပဲ အချစ်ဆိုတာထက် .. မိမိဘဝ အတွက် လုံခြုံ စိတ်ချရတဲ့သူ … ပြည့်စုံတဲ့ သူ .. အားကိုးလောက်တဲ့သူ ကို ဦးစားပေး ရွေးချယ်တက်တယ် လို့  ဒီအဆိုကို ကိုဇော် ကပင်စပြောခဲ့တာပါ .…

သူငယ်ချင်းတွေထဲမှာ ရှိတဲ့ ကောင်မလေးတွေ က .. အားလုံးတော့မဟုတ်ပါဘူး လို့  ကိုဇော် ရဲ့ အဆိုကို
ကန့် ကွက် ကျတာပေါ့ … 

ကျနော် တို့ ကတော့ ကိုဇော် ဖက်ကပေါ့ … အဲ့လို တစ်ဖက်နှင့် တစ်ဖက် အငြင်းပွားနေတုံး ကိုဇော် ကအားလုံးကို မိန်းကလေးတစ်ရဲ့ ရွေးချယ်တက်မှု့  ပတ်သက်ပြီး ပုံပြင်လေး  ပြောပြမယ် … ဆိုပြီ … အောက်ပါ ပုံပြင်လေးကို ပြောပြပါတော့တယ် … 

တခါတုန်းက A ဆိုတဲ့ ကောင်လေးနဲ့  B ဆိုတဲ့ ကောင်လေးဟာ အရမ်းချစ်ကြတဲ့ ငယ် သူငယ်ချင်းတွေတဲ့

ချမ်းသာတဲ့ မိဘတွေ ကြောင့် အရာရာပြည့်စုံတဲ့ သူငယ်ချင်းနှစ်ယောက် ဟာ ညီကို အရင်းတွေ ထက်ကို ပိုချစ်ကြသတဲ့ ….

အယ် … တစ်နေ့ မှာတော့ အဲ့ဒီ ကောင်လေးနှစ်ယောက်ဟာ .....
C ဆိုတဲ့ ကောင်မလေး ကိုတူတူတွေ့ ခဲ့ကြပြီး မြင်မြင်ချင်း ချစ်မိ ဆိုသလို နှစ်ယောက် စလုံးက ကောင်မလေး အရမ်း ချစ်သွား ပါရောလေ …

အဲ့ဒီမှာ သူငယ်ချင်း နှစ်ယောက် ကတိ တစ်ခုထားခဲ့ တယ်တဲ့ … ကောင်မလေး က တစ်ယောက် ယောက် ကို ရွေးချယ် ရင် သူတို့  နှစ်ဦး အရင်လို ပဲ အခင်မင် မပျက် ဆက်လက်နေထိုင် သွားမို့ နဲ့  ကောင်မလေးရဲ့ ဆုံးဖြတ်ချက်ကို အလေးထားမို့  နှစ်သဘောတူခဲ့ပါတယ် …

ကောင်မလေး က လည်း ရွေး ရခက်တာ ပေါ့ … နှစ် ယောက် စလုံး ကလည်း အပြစ်ပြောစရာမရှိ
သူ့ အပေါ်ထားတဲ့ အချစ်တွေ ကလည်း တူတူ ဖြစ်နေတော့  ကောင်မလေး က ရွေးရခက်နေတာပေါ့ …

ဒီလိုနဲ့  အချိန်တွေကြာလာတော့ ကောင်မလေး က တစ်ယောက် ယောက်ကို တော့ ရွေးမှဖြစ်တော့ မယ်ဆိုပြီ ..
ကောင်လေးနှစ်ယောက် စလုံး ကို ခေါ်ပြီး ….. အခုသွားမဲ့ ခရီးက ပြန်လာရင် တစ်ယောက် ကို ရွေးချယ်မယ်
လို့  ပြောခဲ့ သတဲ့ .. အဲ့ဒီမှာ ကောင်မလေးက ခရီးထွက်သွားတာပေါ့ ............................

ကယ် … ပုံပြင်က အခုမှ စ မှာနော် … အဲ့ဒီ သုံးယောက် ရဲ့ ကံတရား က ဒီလို လေးဖြစ်သွားပါတယ် ….

ကောင်မလေး က ခရီး သွားရင်နဲ့  လမ်းမှာ လှေမှောက်ပြီ ရေနစ် ဆုံးသွာပါလေရော ဗျာ …..

ကောင်မလေး ဆုံးသွားတယ် ဆိုတဲ့ သတင်းကို A ဆိုတဲ့ ကောင်လေးက အရင် သိပါ သတဲ့ ….
အဲ့ဒီ ကောင်လေးက ကောင်မလေးကို အ၇မ်း ချစ်လို့  ချစ်သူနောက်ကို လိုက်ခဲ့မယ် ဆိုပြီ မြစ်ထဲ ခုန်ချ ကာ … သူလည်း ရေနစ် ပြီး ဆုံးသွားသတဲ့ ….

အယ် … B ဆိုတဲ့ ကောင်လေးကတော့ … အရမ်းချစ်ရတဲ့ ချစ်သူ နှင့် သူငယ်ချင်း ဆုံးသွားပြီ ဆိုတဲ့ သတင်းလည်းကြားရော ...... ရှုး သွားပါသတဲ့ ….

အဲ့ဒီ ရှုး နေတဲ့ ကောင်လေးဟာ  ဆုံးသွားတဲ့ သူငယ်ချင်း အုပ်ဂှု နဲ့  ချစ်သူ အုပ်ဂှု ရှေ့ မှာ နေ့ တိုင်း ပြန်လည်ရှင် သန် လာပါစေလို့  ဆုတောင်းနေရှာ သတဲ့ ….

အဲ့လို နေ့ တိုင်း ဆုတောင်းနေလိုက်တာ ဘယ်လောက်တောင်ကြားသလည်း ဆိုတော့ နှစ် ပေါင်း ၄၀ တိတိ ကြားသွားပါရော ..ဗျာ ..

အယ် … အဖြစ်ပျက်အားလုံးကို သိတဲ့ မိုးနတ်မင်းကြီးက နေ့ တိုင်း ဆုတောင်းနေတဲ့ ကောင်လေးကို သနားလို့  ဆိုပြီ  သူ့ တန်ခိုးနဲ့  အားလုံး ပြန်ပြီး အသက်သွင်း ပေးခဲ့ပါတယ်  …

မိုးနတ်မင်းကြီး ရဲ့ တန်ခိုး တော် ကြောင့် …..

၁ … A ဆိုတဲ့ ကောင်လေး အ၇င်လို ပြန် အသက်ရှင်လာတယ် ….
၂ …. C ဆိုတဲ့ ကောင်မလေးလည်း အရင်လို ပြန် အသက်ရှင် လာတယ် …
၃ … B ဆိုတဲ့ ကောင်လေး အရင်လို စိတ်ပုံမှန် ပြန်ဖြစ်သွားတယ် …
၎ … သုံးယောက် စလုံး သူတို့  ဘာဖြစ်ခဲ့ တယ်ဆိုတာ ပြန်မှတ်မိစေတယ် …..

ကယ် … C ဆိုတဲ့ ကောင်မလေးက … ဘယ်သူကို မိမိဘဝ လက်တွဲဖော် အဖြစ် ရွေး မလဲ ဗျာ …….
ဒီပုံပြင် လေးထဲ က C ဆိုတဲ့ ကောင်မလေး ရွေးချယ်မှု့  ဟာ အများအားဖြင့် မိန်းကလေး တစ်ယောက် ရဲ့ ရွေးချယ်မှု့ ပဲ ဖြစ်ပါတယ် …

ကျနော် ရဲ့ blogger မိတ်ဆွေ သူငယ်ချင်းများနှင့် .. အထူးသဖြင့် မိန်ကလေး blogger များ ဖြစ်ကြသော သမီးစံ (အပျိုကြီး) ၊ အစ်မ စံပယ် ( Jasmine တောင်ကြီး ) ၊ မဒိုးတန်(မဒမ်ကိုး) ၊ အစ်မ အိပ့်မက်စေရာ ၊ အစ်မ jerry pigpig ( ခံစားမှု့ သံစဉ်) ၊ အစ်မကြီး ချော (အစိမ်းရောင်လွင်ပြင်) ၊ အစ်မ မိုးငွေ့ (မိုးငွေ့ နှင့်အတူ) ၊ မေတ္တာရိပ် …. တို့  … ရေ …

C ဆိုတဲ့ ကောင်မလေး နေရာမှာသာ ဆို၇င် ဘယ်သူကို ရွေးမလဲ ဟင် … ဘာကြောင့် ရွေးတယ် ဆိုတာလေးပါ ပြောပြပေးပါနော် …

ပုံပြင်လေးရဲ့ အဖြေ ကို နောက်တစ်ပတ် မှာဖော်ပြပေးပါမယ် …
သိပြီးသား ဆို၇င်တော့ တောင်းပန်ပါတယ် ဗျာ ….


C.B.L အပတ်စဉ် (၉) ရာမညဆောင် မှ ကိုဇော် နှင့် သူငယ်ချင်းများ ကို အစဉ် သတိရလျှက် …..

မောင်ဘုန်း


9 comments:

  1. မောင်ဘုန်းရေ ..အိမ်မက်က B ကိုရွေးမယ်ကွဲ့..သူက ချစ်သူတင်မက သူငယ်ချင်းအပေါ်မှာပါ ချစ်တဲ့ သစ္စာစောင့်သိသူဖြစ်တယ်..ကမူးရှုးထိုး နဲ့ စိတ်ဆုံးဖြတ်မမြန်ဘူးစဉ်းစားချင့်ချိန်နိုင်သူဖြစ်တယ်..ခံစားထိခိုက်မှုကြီးပြီး အချစ်ကြီးကာ အချိန်အကြာကြီး မပျောက်မပျက်ချစ်နေနိုင်မယ့်သူလို့ ထင်လို့ပါ..အချစ်ကြီးပြီး ကမူးရှုးထိုး နိုင်တဲ့သူဟာ ပြသနာတစ်စုံတစ်ရာဖြစ်ရင်လဲ.. ရှင်းပြရခက်တယ် နားလည်မှုရှိသယောင်နဲ့ ခွင့်မလွတ်တက်သူဖြစ်တယ်..
    အဖြေမှန်ကို မျှော်နေမယ်နော်..
    ခင်တဲ့
    အိမ်မက်စေရာ

    ReplyDelete
  2. ဟုတ်ကဲ့ ... အစ်မအိမ်မက်စေရာ ကတော့ ...

    အချစ်ကြီးပြီး ကမူးရှုးထိုး နိုင်တဲ့သူဟာ ပြသနာတစ်စုံတစ်ရာဖြစ်ရင်လဲ.. ရှင်းပြရခက်တယ် နားလည်မှုရှိသယောင်နဲ့ ခွင့်မလွတ်တက်သူဖြစ်တယ်.. ဖြစ်လို့  B ဆိုတဲ့ ကောင်လေးကို ရွေးပါတယ် ...

    ဒီနေ့  အပျိုကြီး ဘာလုပ်နေလည်း သိဘူး အခု ထိ အဖြေ မလာသေးဘူးနော် ...

    အစ်မ အိမ်မက်စေရာ .. ရေ အခု ရွေးချယ်ပေးတဲ့ အတွက် ကျေးဇူးပါ .. နော် ..

    ReplyDelete
  3. ကျမလည်း..မောင်ဘုန်းရေးထားတာလေး
    ဖတ်ပြီးတော်တော်စဉ်းစားရကျပ်သွားတယ်

    ချစ်တဲ့အချစ်ချင်းကတော့တူပါတယ်..
    B ဆိုတဲ့ကောင်လေးက ချစ်တဲ့စိတ်အပြင်
    သူငယ်ချင်းအပေါ်ကိုပါ အလေးထားတဲ့စိတ်
    ရှိတဲ့အတွက်ကြောင့် လေးစားထိုက်သူ
    တယောက်လို့ သတ်မှတ်ရမှာပေါ့...။
    သူရဲ့ စိတ်ကိုလေးစားလို့လည်းမိုးနတ်မင်းက
    သေသွားတဲ့ကောင်လေးနဲ့ကောင်မလေးကို
    ပြန်လည် အသက်ရှင်ခွင့်ပေးလိုက်တာလေ..။။

    ဒါပေမဲ့ ပြန်လည်ရှင်သန်လာတဲ့ C ဆိုတဲ့
    မိန်းကလေးကဘယ်သူ့ကိုချစ်သူအဖြစ်
    လက်တွဲမလဲဆိုရင်..
    ( ကျမခံစားချက်နဲ့တွေးမိတာကိုဘဲပြောမယ်နော် ..အဖြေမှန်ကိုတော့ ကျမလည်းမသိပါဘူး..)
    A ဆိုတဲ့ကောင်လေးကိုရွေးမယ်ထင်တယ်..
    B ဆိုတဲ့ကောင်လေးကိုတော့ တသက်လုံး
    လေးစားကျေးဇူးတင်ရင်ကျေးဇူးတင်နေလိမ့်မယ်..။

    မိန်းကလေးတွေက ချစ်သူစီကနေ ကိုယ့်ကိုဘဲ
    အလေးထားတာမျိုး အရမ်းလိုချင်ကြတာလေ..။
    A က ကောင်မလေး မရှိတော့ဘူး လို့
    သိရချိန်မှာ သူ့စိတ်ထဲမှာကောင်မလေး
    တယောက်ထဲအတွက်ဘဲ
    စဉ်းစားပြီးသူပါလိုက်သေခဲ့လို့ ..။။
    B ကတော့ အစစအရာရာချင့်ချိန်စဉ်းစားတတ်တယ်
    အရာရာကိုလေးလေးနက်နက်အချိန်အကြာကြီး
    ခံစားတတ်တာမှန်တယ်..။
    ဒါပေမဲ့...ကျမအထင်ပေါ့နော် A ကိုရွေးမယ်
    ထင်တယ်..

    ကဲ..အဖြေမှန်ကိုလည်းစောင့်မျှော်နေပါမယ်

    ReplyDelete
  4. ကိုရင့်ကိုရွေးထားပီးလို့ ရွေးလို့မှမရတော့တာ .
    အပျိုတွေပဲရွေးကြတော့.
    ကျုပ်ကတော့ထိုင်ကြည့်နေတော့မယ်း)

    ReplyDelete
  5. ဘီကိုရွေးမယ်ထင်တာပဲ
    ဂျက်ကရွေးပြီးသွားလို့နော်
    အချစ်ကြီးပြီး ကမူးရှုးထိုး နိုင်တဲ့သူဟာ ပြသနာကိုအမြဲ
    ခေါ်နေသလိုဖြစ်တတ်ပါတယ်ဂျက်သဘောထားဆိုရင်လဲ
    ဘီကိုပဲရွေးမိမှာပဲနော်....

    ReplyDelete
  6. ဟုတ်ကဲ့ ... အခုလို ရွေးချယ်ပေးတဲ့ သူ ကို မောင်ဘုန်း က အထူးပဲ ကျေးဇူး တင် ပါတယ်

    အပျိုကြီး ထွက်ပြေး နေပါတယ် ... နောက်တစ်ကြိမ် ဖိတ်ခေါ်ပါတယ် ... အပျိုကြီး ၇ဲ့ ရွေးချယ်မူ့  ကို လည်း သိချင်လို့ ပါ .....

    အခုချိန်ထိ .. B နှစ်ယောက် A တစ်ယောက် ဖြစ်နေပါတယ် ...... ....

    ခင်မင်စွာဖြင့်

    မောင်ဘုန်း

    ReplyDelete
  7. မောင်ဘုန်းပြောတဲ့ထဲမှာ..
    ကောင်မလေးတွေဟာ မိမိအိမ်ထောင်ဘက် ကို ရွေးချယ် တဲ့ နေရာမှာ အချစ်ကိုဦးစားမပေးတတ်ပဲ အချစ်ဆိုတာထက် .. မိမိဘဝ အတွက် လုံခြုံ စိတ်ချရတဲ့သူ … ပြည့်စုံတဲ့ သူ .. အားကိုးလောက်တဲ့သူ ကို ဦးစားပေး ရွေးချယ်တတ်တယ်ဆိုတာ..အမှန်ပါပဲကွယ်း)
    (ဒါကအစ်မဖက်ကအမြင်ပါ)
    ဒါ့ကြောင့်.မောင်ဘုန်းပုံပြင်ထဲက..
    မစီက..ဘယ်သူ့ကိုမှရွေးမှာမဟုတ်ဘူးကွယ်
    ဘာကြောင့်လဲဆိုတာရှင်းပြပေးမယ်နော်း)
    မောင်အေကိုရွေးမယ်ဆိုရင်..
    မောင်အေက..သူ့ကိုချစ်တာမှန်ပေမယ့်
    သူသေတာနဲ့လိုက်သေတယ်..ဆိုတာကြောင့်
    မောင်အေကိုမရွေးသင့်ပါဘူး..
    ကိုယ့်ဘ၀အတွက်
    လမ်းပြပေးနိုင်မယ်၊အားကိုးနိုင်မယ်ထင်လို့
    ရွေးချယ်လိုက်တဲ့ကိုယ့်ချစ်သူက..
    ကိုယ်သေရင်..လိုက်သေမယ်ဆိုတော့..
    ဘယ်လိုဘယ်ပုံ.အားကိုးလို့..လေးစားလို့..
    ရနိုင်ပါတော့မလဲကွယ်
    နောက်ပြီး..မောင်ဘီကလည်း
    သူတို့သေတာသိပြီး..ရှုးသွားသတဲ့
    ဒါဆို..မောင်ဘီကိုလည်း..မရွေးချယ်သင့်ပါဘူး
    မစီနဲ့မောင်အေတို့ရဲ့သတင်းကြားတော့
    စိတ်ဓာတ်ခိုင်ခိုင်နဲ့ရင်မဆိုင်နိုင်ဘူးဆိုတော့..
    ကိုယ့်ချစ်သူအပေါ်မှာကော..ဖြစ်လာသမျှ
    အကောင်း..အဆိုးတွေအပေါ်.အကောင်းဆုံးနဲ့
    အတတ်နိုင်ဆုံး..ကြံ့ကြံ့ခံ..ရင်ဆိုင်ပေးနိုင်ပါ့မလား?
    ချစ်တာက..ချစ်တာပဲလေကွယ်.
    ချစ်တာတစ်ခုထဲနဲ့..ဘ၀ကိုရင်ဆိုင်လို့မှမရနိုင်တာ
    ဘယ်မိန်းကလေးပဲဖြစ်ဖြစ်..
    ကိုယ်ရွေးချယ်လိုက်တဲ့သူကို..
    ကိုယ့်ဘ၀အတွက်..ဟီးရိုးဖြစ်စေချင်မှာပဲလေး)
    အကယ်လို့သာ...
    မောင်အေ နဲ့ မောင်ဘီနှစ်ယောက်ထဲက
    ကိုယ့်ကိုလည်းချစ်တယ်
    အားကိုးလောက်တဲ့သူလည်းဖြစ်တယ်
    အရည်ချင်းရှိတဲ့သူလည်းဖြစ်နေပေမယ့်
    တစ်ယောက်ကိုမှ..
    မစီက..မရွေးချယ်ခဲ့ဖူးဆိုရင်
    သူ့မှာ..အမှားတွေနဲ့နောင်တရပြီး
    ငါ့လိုအပျိုကြီးပဲ..ဖြစ်နေတော့မှာပေါ့း)
    ခြွင်းချက်အနေနဲ့..
    မောင်အေက..သူ့ရဲ့ချစ်တတ်မှုကို.
    ဒီလိုနည်းနဲ့အသုံးမချခဲ့ဘူး.ဆိုရင်..
    မောင်ဘီ..ကလည်း..သူ့ဇွဲလုံးလကို
    မှန်မှန်ကန်ကန်..အသုံးချတတ်ခဲ့မယ်ဆိုရင်..
    (နှစ်လေးဆယ်တောင်.အုပ်ဂူနား.
    နေ့တိုင်းသွားတယ်ဆိုတော့.ဇွဲရှိတယ်လို့
    ယူဆပါတယ်း)
    အခြေနေက..တစ်မျိုးပြောင်းသွားနိုင်ပါတယ်။းP
    အစ်မအဖြေတွေက..အတ္တဆန်ချင်လည်း
    ဆန်သွားမယ်..ဒါကြောင့်မို့..မဖြေဘူးလို့
    စဉ်းစားထားတာပါး))
    အမှားပါသွားတယ်ဆိုရင်လည်း..
    မလိမ်မိုး.မလိမ္မာမို့...ခွေးလွှတ်ပေးပါး)
    ကဲ..ကဲ..စာလည်းရှည်သွားပီ :P
    လူတစ်ယောက်ကို..ဦးနှောက်တစ်လုံးရှိတဲ့အတွက်
    အားလုံးရဲ့အမြင်တွေကလည်း..
    ကွဲလွဲနေမှာသေချာတယ်မောင်ဘုန်းရေ..
    ပေါက်တီးပေါက်ရှာမေးတတ်တဲ့နင့်ကိုလည်း
    တကယ်လေး..စား..ပါ...တယ် :P
    အားလုံးပဲ...
    ပျော်ရွှင်ကြည်နူးဖွယ်..အချစ်စစ်.အချစ်မှန်များနဲ့
    အမြန်ဆုံဆည်းနိုင်ကြပါစေလို့.ဆန္ဒပြုရင်း..း))
    ခေါင်းစားခိုင်းတဲ့မောင်ဘုန်းလည်း
    ကောင်းကင်ဖြူနဲ့အမြန်ဆုံစည်းနိုင်ပါစေ
    ချစ်ခင်စွာနဲ့..

    ReplyDelete
  8. ဟင်.. ဘယ့်နှာကြောင့် ကျုပ်တို့က ဒီပြဿနာထဲ ပါနေရတာတုန်း
    စီဆိုတဲ့ ကောင်မလေး လွတ်လွတ်လပ်လပ်ရွေးပါစေကွယ်
    တော်ကြာ ကိုယ်တွေ ပြောလိုက်လို့ သူ့မှာ ရွေးရခက်သွားမှဖြင့်။း)
    ကဲ.. ဒီတော့လည်း မိစံပြောသလိုဘဲ... သူသေလို့လိုက်ခုန်ချတဲ့သူ...
    သူသေလို့ နေ့တိုင်း အုတ်ဂူဘေးမှာဘဲ လာငိုတဲ့သူတွေကို မရွေးဘဲနဲ့. တစ်ခြားသော လူတစ်ယောက်ကို ရွေးသွားမယ် ထင်ပါရဲ့...
    ကောင်မလေး စီတစ်ယောက် မှန်မှန်ကန်ကန် ရွေးချယ်သွားနိုင်ပါစေနော...

    ReplyDelete