တပြည်စီ
က လွမ်း ပုံကို
နှိုးထ
လေ ရော့ … သည်မိုး ရယ် …..
အကြောင်း
ရှာလို့  …. မဖြေ သာ
နေပူ
လည်းလွမ်း …..
မိုးရွာ
လည်းလွမ်း ….
အိုး
….. လွမ်းရတဲ့ သည် အဖြစ်
ကုသိုလ်ကံ
ရှိလေ သမျှ
အတွေးနဲ
့သာ ဖြေရ .... ရှာပြီ ... ။
တပြည်စီ
မျှော်လွမ်း လေ … တော့
မှုန်ပြာပြာ
တိမ်ယံ ကြားမှာ
ထင်ယောင်ကာ
တစ်မိုးအောက် … ပေါ့
လေ
အဟုန် မှ …… မယ့် အသံ
ရစ်ဖုံးကာ
ကြားပြန် ….. လေ တော့
စောင့်စားလို
့ ပေါ်လာနိုး
မျှော်ကာ
တမ်းလို့  .... ဆို မိတယ်
ဆုံ
တစ်ခါ ...... ပြေးခဲ့ …. ပါတော့ ….
မြတ်နိုးသူ
….. ရယ် ….. ။
ဖြေရှာလို
့ လွမ်းရယ် မပြေ
နွမ်းစေယုံ
ညဥ့်ယံ ထက်မှာ
မှေးစက်
မပျော် မျက်ဝန်း ဆီ က
မယ့်
ယဉ်မူ ပေါ်လာ ပြန်တော့
ဒီ
ရင်မှာ မဖြေသိမ့် နိုင်တယ် …
စိတ်မခိုင်
မျက်ရည်စို့ လို့  ........
တပြည်
စီ ခြားနေပါလား …… မြတ်နိုးသူ …. ရယ် ….. ။
ကို ... တို့ ရဲ့ မှတ်တရ နေ့ လေးမှာ အလွမ်းတွေနဲ့  ကုန်စေရပြန် ပြီ .... ကျန်းမာ ပျော်ရွှင်နေပါစေလို့  ထပ်ထပ် ဆုတောင်းနေမိပါတယ် ... ချစ်သူ .... ။
အမှတ်တရ ..... ၂၂ . ၄ .၂၀၁၂ .... ။
မောင်ဘုန်း
ကိုဘုန်းကြီးလည်း လွမ်းနေပြီ......
ReplyDeleteလွမ်းဆွေးခြင်းကင်းကြပါစေ..
ReplyDeleteမောင်တလုံး ၀ရောလွမ်းဘူးလား
သူများလွမ်းတာကိုဟွန့်
အမလည်းလွမ်းသွားပါတယ်.:)
သာဓု သာဓု သာဓု
ReplyDeleteများများ လွမ်းနိုင်ကြပါစေ ဒကာကြီး :D
ချစ်သူနှစ်ဦး ..
ReplyDeleteအပျော်ပေါ် အပျော်ဆင့်လို့ အလွမ်းလွင့်ပါစေ။
ခင်မင်စွာဖြင့်
မြတ်
တပြည်စီ မျှော်လွမ်း လေ … တော့
ReplyDeleteမှုန်ပြာပြာ တိမ်ယံ ကြားမှာ
ထင်ယောင်ကာ တစ်မိုးအောက် … ပေါ့
ကဗျာလေးနဲ့ ဘလော့လေးနဲ့ လိုက်တယ်ဗျာ..
အလွမ်းဓါတ်ခံ ကောင်းသူတွေမို့လို့လား မသိဘူး
ကဗျာလေး ဖတ်ရင် ဘာမဆိုင်ညာမဆိုင်.
အိမ်အောက်မှာရေသွားချိုးနေတဲ့ မဒန်ဒု ကို
လွမ်းလိုက်မိသေးတယ်ဗျား)
(ဒုတိယ)
လွမ်းပြီးရင်းလွမ်းသွားတယ် ကိုဘုန်း...
ReplyDeleteလေလွင့်
တစ်ပြည်ဆီလွမ်းနေရတဲ့လူတွေအားလုံးကို ကိုယ်ချင်းစာမိပါတယ် ကိုဘုန်းရေ....အလွမ်းတွေအကုန်မြန်လို့ ချစ်သူနဲ့ အမြန်နီးပါစေဗျာ......
ReplyDeleteကောင်းတယ်ကဗျာလေးက
ReplyDeleteလွမ်းမိတယ်..လွမ်းနေတယ်..လွမ်းလိုက်တာ....ဆိုတဲ့ဒီဝေါဟာရလေးတွေဟာ .နှလုံးသားကို
ReplyDeleteထိခိုက်စေပါတယ်..။အထီးကျန်ပြီး..အားငယ်တတ်လာတယ်..။ဒါကြောင့်လွမ်းတော့လွမ်းပါ။
အနှူတ်လက္ခဏာတော့..မပြပါစေနဲ့..။
တချိန်မှာ...ခုပြောတာကို..လက်ခံလာပါလိမ့်မယ်..။
ခင်တဲ့
ခင်မိုးညို..။