မင်္ဂလာပါဗျာ
…. ဆားပုလင်း ကို အောင်ထွဋ် က ကရဝိတ်ကြီး ရဲ့ နှုတ်သီး မှာ ကိုက်ထားတဲ့ အသီးလေး
စိတ်ဝင်စား ပါတယ် တဲ့ … ဘာကြောင့် ကိုက်ထားတာ လည်း မသိဘူး မောင်ဘုန်း ရေ …. ဆိုပြီး
comment မှာ မေးထားလို့  ရေးပြီး သာ ဒီ post လေးကို ပြန်လည် တည်ဖြတ် ပြင်ဆင် ပြီး တင်လိုက်ရပါတယ်
… ။
ဆားပုလင်း
ကို အောင်ထွဋ် နှင့် ကျနော် ၏ မိတ်ဆွေ သူငယ်ချင်း များ ခဗျာ … အထက်ပါ အကြောင်းရာ ကို
အရင် မပြောခင် စကားလေး နည်းနည်း ရှည် ခွင့် ပြုပါနော် …. ။
နိုင်ငံတစ်ခု
မှာ အမှတ်သား ဖြစ်ထားရှိတဲ့ အဆောက်ဦး ဖြစ်စေ ၊ ရိုးရာ ယဉ်ကျေးမှု့  ဆိုင်ရာ ရုပ်ထု ဖြစ်
စေ ခမ်းခမ်း နားနား ပြင်ဆင်ပြီး ထားရှိတက်ပါတယ် ။ အဲ့ဒီ အမှတ်သား အတွက် လည်း တိကျတဲ့ သမိုင်း အစဉ်လာ နှင့် ယုံကြည့်မှု့ ကို ဖော်ပြထား
တက်ပါတယ် …. ။
အထူးသဖြင့်
ကိုယ်ပိုင် ယဉ်ကျေးမှု့  ရှိတဲ့ နိုင်ငံ တွေ မှာ ဒါ ကို ဂုဏ်ယူ စရာ ဖြစ် ပြောဆိုတက်ပါတယ် ။
ခိုင်မာတဲ့
သမိုင်းကြောင်း အထောက်ထား ၊ မြင့်မြတ်တဲ့ ယုံကြည် မှု့  တစ်ခု အနေ နှင့် ထား ရှိကြတဲ့
ထို အမှတ်သား များ ဟာ နိုင်ငံ သားများ အတွက် ကိုယ်ပိုင် ယဉ်ကျေးမှု့  ရှိသည်ဟု အမှန်တကယ်
ဂုဏ်ယူ စရာပါ ။
ကမ္ဘာပေါ်မှာ
ကိုယ်ပိုင် ယဉ်ကျေးမှု့  အဆင့် မြင့် ပါတယ် ဆိုတဲ့ တရုတ် ၊ အီဂျစ် တို့  နှင့် ယှဉ်ရင် ကျနော် တို့  မြန်မာ နိုင်ငံ
ဟာ လုံးဝ မနိမ့် ကျပါဘူး … ။ မြန်မာ့ စာပေ နှင့် မြန်မာ့ မှု့  လက်ရာ အနုပညာ တွေ သက်သေ
ပါပဲ … ။
သိုသော် ထို
ယဉ်ကျေးမှု့  ဆိုင်ရာ တွေကို ထိန်းသိမ်းခြင်း ၊ ဖော်ထုတ် မှတ်တမ်း တင်ခြင်း ၊ လက်ဆင့်
ကမ်း သင်ကြား ပို့ ချခြင်း ၊ ဆိုင်ရာ မှာ တော့ ကိုယ်ပိုင် စာပေ ၊ ကိုယ်ပိုင် ယဉ်ကျေးမှု
့ မရှိတဲ့ နိုင်ငံ တွေ ထက် အားနည်း ပါတယ် … ။
ဥပမာ အနေ
နှင့် ပြောရ ရင် စင်္ကာပူ မှာ နိုင်ငံ အမှတ် သားအနေ နှင့် ထားရှိတဲ့ ခြင်္သေ့ ရုပ် အကြောင်းကို
စင်္ကာပူ နိုင်ငံသား အပြင် နေထိုင်တဲ့ သူ အားလုံးလိုလို သိကြပါတယ် ... ။
ကျနော် တို
့နိုင်ငံ ရန်ကုန် နှင့် မန္တလေး မှာ ရှိတဲ့ ကရဝိတ်ဖောင် တော် ဟာ ကျနော် တို့  မြန်မာ
လူမျိုး အတွက် ရိုးရာ ယဉ်ကျေးမှု့  ကို ဖော် ဆောင်တဲ့ အမှတ် သား တစ်ခု ပါ ။ ဒါပင်မဲ့
ကရဝိတ် ဖောင် ဆို တာ ဘာကို ရည်ရွယ် ပြီး ထားရှိ တာလည်းလို့  မေးရင် တော့ … သိတဲ့ သူ
နည်းမယ် လို့  ထင်မိပါတယ် ။ ဒါက ကျနော် တို့  တိုင်းပြည်ရဲ့ အာနည်း ချက် တစ်ခုလို့ 
ပြောလို့ ရပါတယ် .. ။
ယနေ့ အချိန်
ထိ ကရဝိတ် ဖောင် ရဲ့ ပုံ ဟာ ကရဝိတ်ဌက် လို့  ပြော ကြသလို ဟင်္သာလို့ လည်းပြောကြပါတယ်
။ ကျနော် အထက်ပါ post မှာ ကရဝိတ် ဌက် ပါလို့  စာပေ အထောက်ထား နဲ့  ဖော်ပြ ခဲ့ ပင်မဲ့
၊ လူ တော်တော် များများ ဟင်္သာ လို့  ပြောကြပါတယ် …. ။ ဒါ ဆိုရင် ဘယ်ဟာ အမှန် လည်း လို
့တော့ အတိကျ မဆို ဝံ့ ပါဘူး ။
မောင်ဘုန်း
က ပညာရှင် မဟုတ်ဘူးလေ ။ ဒါပင်မဲ့ တွေးကြည့်ရအောင် နော် …. ။ မြန်မာ မှု့  ဆိုင်ရာမှာ ကရဝိတ်
ဌက်ရုပ် က မြင့်မြတ် တင့်တယ် မှု့  ကို ဖော်ဆောင်ပါတယ် ။ မြန်မာ ဘုရင် တွေလည်း ဒီလို
ဂုဏ်ရှိလို့  တခြား ဖောင်တော် တွေထက် တန်ဖိုးထား တွေ့ ရပါတယ် ။ ဒါကြောင့် ဘာလို့  ကရဝိတ်
ဖောင် ကို ထားရှိတာ လည်း ဆိုရင် မြန်မာ လူမျိုး တွေ ရဲ့ မြင့်မြတ် တင့်တယ် မှု့  ကို
ဖော်ဆောင် တာလို့  ပြောလို့ ရပါတယ် … ။
အားလုံး ဒါကို ကရဝိတ် ဌက်လို့  လက်ခံ ရင်ပေါ့ နော်
… ။ ခက်တာက ဟင်္သာ လို့  ပြောတာကို မဟုတ်ပါဘူး လို့  ငြင်းမရပြန် ဘူးလေ … ။ ဘာကြောင့်
လည်း ဆိုရင် ကို အောင်ထွဋ် ပြောသလို အသီးလေး ကိုက်ထားလို့ ပါ … ။
မြန်မာ မှု
့ အနုပညာ မှာ ကရဝိတ် ဌက် ကို ပုံဖော်ရာ တွင် နှုတ်သီး ချွန် တယ် ၊ ခြေတန် ရှည် တယ် ဒါဟာ
ဟင်္သာ နဲ့  ကွာဟ ချက်ပါ ။ နောက်ပြီ ကရဝိတ် ကို ပုံဖော်ရာမှာ အသီးလေး ကိုက်နေ ဟန် ပုံ
သမိုင်းမှာ မရှိခဲ့ပါဘူး ။
နောက်တစ်ခု
ကရဝိတ် နဲ့  ဟင်္သာ ခွဲခြားရာမှာ နှုတ်သီး ချွန်တာ
မချွန်တာ ခြေတံ တိုတာ ရှည်တာ အဓိက မဟုတ်ပါဘူး
ခေတ်ဆက်ဆက် ပုံဖော် ရေးဆွဲ ရသော ကြောင့် အနည်းငယ် လွဲ တာ ရှိတက် ပါတယ် ။
ယနေ့ ခေတ် ရန်ကုန် မှ ကရဝိတ် ဖောင် ( google မှ ကူးယူ ပြီး တည်ဖြတ် ခဲ့ပါသည် )
ကရဝိတ်လော
ဟင်္သာလေ လွဲ သွားရတဲ့ ကြောင်းရင်းက အသီးလေး ကိုက်ထားလို့ ပါ ။ ရှေ့ ခေတ် ကရဝိတ် ဖောင်
မှာ ရှိတဲ့ ကရဝိတ် ဌက် ပုံဟာ ယနေ့  ခေတ်လို့  အသီးလေး မပါဘူး ။ ရတနာပုံ ခေတ် ထိလို့ 
ပြောလို့ ရပါတယ် … ကျနော် အထက်ပါ post မှာ ရတနာပုံ ခေတ် ကရဝိတ် ဖောင် ပုံ ကို ဖော်ပြ
ခဲ့ပြီးပါပြီ ။
ရတနာပုံ ခေတ် ကရဝိတ် ဖောင်
ရတနာပုံ ခေတ် ကရဝိတ် ဖောင်
ဒါကြောင့် ယနေ့ ခေတ် ကရဝိတ် ဖောင် က ဌက်ပုံ ကို စာပေ အတောက်ထား ခိုင်ခိုင်လုံလုံ ရှိသော် လည်း ကရဝိတ် ဌက်ပါလို့  အတိကျ ပြောလို့ မရ ပြန် ပါဘူး ။
ဒါဆိုရင်
ဟင်္သာ ပေါ့ နော် …. ဟုတ်ပြီ … ။ အထက်ပါ Post မှာ ရေးခဲ့ ပြီးပါပြီ ဟင်္သာ ဆို ၇င် ညီညွတ်တင့်တယ်မှုကို
ဖော်ဆောင်တယ်လို့  ပြောလို့  ရတယ် နော် ။
ခက်တာက အဲ့လို
ပြောလို့  မရပြန်ဘူး ၊ ဘာကြောင့်လည်း ဆိုရင် အသီးလေး ကိုက်ထားတဲ့ ဟင်္သာ
ဖြစ်နေလို့ ပါ … ။ အဲ့ မှာ စပြီး ရှုပ် တော့တာပဲ ဗျာ … ။ မြန်မာမှု့ 
ဆိုင်ရာ မှာ ဟင်္သာ ပုံ အမျိုးအမျိုး ရှိပါတယ် ။
အခု အသီးလေးကိုက်
ထား ဟင်္သာ ကို ကျနော် မိတ်ဆွေ သူငယ်ချင်း များ သတိထား မိရင် ဘုရား နှင့် သာသနာ ဆိုင်ရာ
အဆောက်ဦး တွေ မှာ တွေ့ ဘူး ကြမှာ ပါ ။
တံခွန်တိုင် မှ ဟင်္သာ ( google မှ ကူးယူခဲ့ပါသည်)
ဒီ ဟင်္သာ ဟာ
ဘုရာလောင်းတော် ကို ရည်ညွှန်းပါတယ် ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုး များ ရဲ့ အထွဋ်မြတ်ထား
တဲ့ ကိုးကွယ် မှု့  ဆိုင်ရာ အမှတ်သားတစ်ခုပါ ။ ဒီကြောင်း လေး အနည်းငယ် ရှင်းပြလိုပါတယ်
။
မြတ်စွာဘုရားရှင်
ဟာ ဘုရားမဖြစ် ခင် ဟင်္သာ အဖြစ် (၁၀) ဘဝ ဖြတ်သန်း ခဲ့ ပါတယ် ။ အဲ့ (၁၀) ဘဝ ထဲကမှ ဇဝန
အမည်ရှိ ဘုရားလောင်း ဟင်္သာ အကြောင်းလေး ကို
ဇ၀နဟံသ ဇာတ်တော် ပါ ကြောင်းရာ များနှင့် ကိုးကား ပြီး အနည်းငယ် ပြောပြလိုပါ
တယ် … ။
ဗာရာဏသီ
၊ ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားလောင်းက ဇ၀န အမည်ရှိ ဟင်္သာမျိုးဖြစ်ခဲ့ပါတယ် ။ ညီငယ်
ဟင်္သာ နှစ်ကောင်ရှိပြီး ။ အခြံအရံ အားလုံး ကိုးသောင်း ရှိပါတယ် ။ တစ်ရက်မှာတော့
ညီနှစ်ကောင်က နေနဲ့ အပြိုင် ပျံသန်းလိုကြကြောင်း အကို ဘုရားလောင်းဟင်္သာဆီမှာ
ခွင့်တောင်းကြပါတယ် ။
ဘုရားလောင်း
ဟင်္သာမင်းက ခွင့်မပြုပေမယ့် သူတို့ က နေမထွက်မီကတည်းက ယုဂန္ဓိုရ်တောင် ထိပ်ကနေ
စောင့်နေကြပြီး နေထွက်တာနှင့် အပြိုင်ပျံသန်းကြ ပါတယ် ။ နောက်တော့ နေ၏
အပူရှိန်ကြောင့် အငယ်ဆုံးကောင် အတောင်တွေ မီးတောက်လာပါတယ် ။
ဒီကြောင်းကို
သိသိချင်း ဘုရားလောင်း ဟင်္သာမင်းက သူတို့ကို မီအောင်ပျံလိုက်လာပြီး အငယ်ကောင်ကို ကယ်ပြီး
စိတ္တကုဋ်တောင်ကို ပို့ပေး ပါတယ် ။ မွန်းတည့်ချိန်မှာ အကြီးတစ်ကောင်လဲ
ဆက်မပျံနိုင်တော့လို့ စိတ္တကုဋ်တောင်ကို ပို့ပေးရ ပြန်ပါတယ် ။
ထို့နောက်
ဘုရားလောင်း ဟင်္သာမင်းက သူကိုယ်တိုင် နေနဲ့အပြိုင် ပျံကြည့်ရင်း သူ့အဟုန်ကို
စမ်းသပ်ခဲ့ ပါတယ် ။ နောက်တော့ နေဆီကခွာပြီး ဗာရာဏသီမြို့ပေါ်ကို ပျံလာ ခဲ့ပါတယ် ။
ဘုရားလောင်း ဟင်္သာမင်းရဲ့အရိပ်က မြို့ပေါ်ကို လွှမ်းမိုးသွား လို့ ၊ ဗြဟ္မဒတ်မင်းက ထူးဆန်းတဲ့ အဖြစ်နဲ့အတူ
မေးသောကြောင့် နေနဲ့အပြိုင် ပျံသန်းနိုင်ခဲ့ကြောင်း လျှောက်သည်။ ဘုရင်ကြီးက
ဒီအဟုန်ကို မြင်ဖူးချင်တယ်လို့ တောင်းဆို ပါတယ် ။
ထို့ကြောင့်
ဘုရားလောင်း ဟင်္သာမင်းသည် ၎င်း၏ လျင်မြန်ခြင်းကို ပြသရန် အတွက် လည်တွင်ချူဆွဲလျက် တိုင်ထိပ်တွင်
နေ ၏ ။ တိုင်ခြေရင်းတွင် အတော်ဆုံးလေးသည်တော် (၄)ယောက်တို့ ကျောချင်းဆိုင်ရပ်ပြီး
အရပ်လေးမျက်နှာကို မြားတစ်စင်းစီ ပစ် စေပါတယ် ။
ဘုရားလောင်း
ဟင်္သာမင်းက မြှားများ မြေမကျ မှီဖမ်းယူ ကာ လေးသည်တော်တွေရဲ့  ခြေရင်းမှာ ပြန်ချပေး
ခဲ့ ပါတယ် ။ လျင်မြန်လွန်းသဖြင့် မည်သူမှ သေချာမမြင်ကြရ။ ချူသံကိုသာ ကြားကြရ ပါတယ်
။
မင်းကြီးလဲ
အလွန်အံ့သြပြီး “ဒီထက်ပိုမြန်တဲ့ အဟုန် ဒီလောကမှာ ရှိပါဦးမလား”ဟု ဟင်္သာမင်းကို မေး တော
့။ ဘုရားလောင်း ဟင်္သာမင်းက
“ဤလျင်မြန်ခြင်းထက် အဆသိန်းသန်း မက လျင်မြန်သောအရာ ရှိသေး၏ ။ ထိုအရာကား
သေခြင်းတရားပေတည်း။”ဟုဆိုရာ မင်းကြီး မှာ ထိတ်လန့်တုန်လှုပ် သွားရပါတယ် ။ နောက်ဆုံးတော့
ဘုရားလောင်း ဟင်္သာမင်းက မင်းကြီးအား တရားပြကာ နှစ်သိမ့် ခဲ့ရတယ် ။
မင်းကြီးသည်
ဘုရားလောင်း ဟင်္သာမင်းကို အလွန်ကြည်ညိုသွားပြီး ဘုရားလောင်း ဟင်္သာမင်းရပ်နေခဲ့သည့်
တိုင်ထိပ်မှာ ဘုရားလောင်း ဟင်္သာမင်း အထိမ်းအမှတ် ရုပ်တုထုလုပ် ပြီး ဂုဏ်ပြု
ခဲ့ပါတယ် ။
ဤ သည်
ကို ကြောင်းပြု ၍ ယနေ့  တိုင် ဘုရား ၊ စေတီ နှင့် ဘာသာရေး ဆိုင်ရာ အဆောက်ဦး တွေမှာ
တိုင်ထိပ် တွင် ဟင်္သာ တစ်ကောင် အသီးလေး ကိုက်နေ ဟန် ကို ထုလုပ်ပူ ဇော် ထားရှိတာ တွေ
့ရပါတယ် ။ ထို ဟင်္သာ ရုပ်ထု ကို ဗုဒ္ဓဘာသာ မြန်မာ လူမျိုး များ “ တံခွန်တိုင် ” လို့  အသိများ ကြပါတယ် … ။
ဇတ်တော် ထဲ မှာ လည်မှာ ချူ ဆွဲ တယ် လို့ ဆိုသော် လည်း ၊ ဒီ ဟင်္သာ ကို ပုံဖော်ရာ မှာ
ချူ သီး ကို ကိုက်ချီ ထားဟန် ရှိပါတယ် ။
ထို
့ကြောင့် မြန်မာ မှု့  ဆိုင်ရာ မှာ ဟင်္သာ ပုံ အမျိုးမျိုး ရှိသော် လည်း အသီးလေး
ကိုက် ဟန် ရှိတဲ့ ဟင်္သာ ကို ဘုရားလောင်တော် ကို ရည်ညွှန်း သည့် ပုံတော် ဖြစ်သော်
ကြောင့် အထွဋ်မြတ်ထား ကိုးကွယ် မှု့ ဆိုင်ရာ အမှတ်သား လို့ ပြောလို့  ရပါတယ် ။
ဒါကြောင့် ယနေ့  ခေတ် ကရဝိတ် က ဌက်ပုံ ကို ဟင်္သာ လို
့ ပြောရင် လည်း အထွဋ်မြတ်ထား ကိုးကွယ် မှု့ ဆိုင်ရာ အမှတ်သားလည်း ပြောတယ် အခုတော့ အများပြည်သူ
ပျော်ပါး အပန်းဖြေ တဲ့ နေရာ ဖြစ်နေတယ်လို့ မေးခွန်းတွေ ရှိလာပြန်ပါတယ် … ။
ဒါဆိုရင် ကရဝိတ် လော ၊ ဟင်္သာ လော ….. ။
မောင်ဘုန်း
ကို နိုင်ငံခြားသာ တစ်ယောက်က မေးရင်တော့ ကရဝိတ် ဌက် လို့  ပဲ ပြောမိမှာ ပါ ။ မြန်မာ
ပြည်ရဲ့ မြင့်မြတ် ၊ တင့်တယ် မှု့  ကို ဖော်ဆောင် တယ်လို့  ဆိုတဲ့ အဖြေ က ပိုပြီး သင့်
လျှော် တယ်လို့  ထင်မိလို့ ပါ ။
ကယ် ဆားပုလင်း
ကို အောင်ထွဋ် ရေ … ဒီလောက် ဆို ဘာကြောင့် အသီးလေး ကိုက် ထားတာ လည်း ဆိုတာ ရှင်းလောက်
ပြီး ထင်ပါတယ်နော် … ။
အယ် မေ့နေတာ
….. အစ်မ ဒိုးကန် ရေ …. ကရဝိတ် မှာ မင်္ဂလာဆောင်ရင် ကွဲ တယ်လို့  ကျနော် လည်း ကြားဘူးပါတယ်
… ။ မြန်မာ လူမျိုး တွေဟာ အတိတ်တွေ နမိတ်တွေ ကို ယုံကြည်ကြပါတယ် ။ ကရဝိတ် မှာ ရှိတဲ့
ဌက် နှစ်ကောင်ပုံ ကို တချို့ က ဟင်္သာ မောင်နှံ လို့  ပြောကြပြန် ပါတယ် … ။
ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုတော်တွင်
သုဝဏ္ဏဟံသဇာတ်၊ ဝီနီလကဇာတ်၊ ကစ္ဆပဇာတ်၊ ဟံသဇာတ်၊ ပလာသဇာတ်၊ နေရူဇာတ်၊ ဇဝနဇာတ်၊ စူဠဟံသဇာတ်၊
မဟာဟံသဇာတ် အဲ့ဒီ ဟင်္သာ နဲ့  ပတ်သက်တဲ့ ဇတ်တော် တွေထဲ မှာ ဇတ်သိမ်း မှာ အကွဲ အလွဲ တွေ
ကြီးပါပဲ … ။
ဒါကြောင့်
အတိတ် နမိတ်ယူ ပြီး ကွဲ တက်တယ်လို့  မှတ်ယူ ကြကြောင်း ပါးစပ် ရာဇဝင် အနေ နှင့် မှတ်
သား ဘူးပါတယ် … ။
မင်္ဂလာမဆောင်ပဲ
ဧည့်ခံပွဲလုပ်ရင်ကော..ကွဲတတ်ပါသလား တဲ့ … အပျိုကြီးရေ … အဲ့လို အတိတ်တွေ နမိတ်တွေ ယုံတက်
ပါသလား ….. ။
မှတ်ချက်
အထက်ပါရေးသား ချက်များ သည် ကျနော် လေ့လာမိသော ကရဝိတ် အကြောင်း နှင့် ဆက်စပ်ပြီး ကျနော် ၏ ထင်မြင်ချက် သက်သက် ကို သာ ရေး သားမိခြင်း ဖြစ်ပါသည် ။ ထို့ ကြောင့် ကျနော် မသိရှိသော စာပေ များ နှင့် လွဲ နေသည် ဆိုလျှင် ကျနော် မောင်ဘုန်း ၌ သာ တာဝန်ရှိပါသည် ။
ခင်မင်စွာဖြင့်
မောင်ဘုန်း
နယူတန်လောတော့ ကြားဘူးတယ်..
ReplyDeleteကရ၀ိတ်လော ဟင်းသာလောတော့ ကြားဖူးဘူးဗျ..။
ဟင်းသာဆိုတာကတော့ ငှက်အမည်ဖြစ်ပြီး ကရ၀ိတ်ဆိုတာကတော့ ဟင်းသာငှက်သဏ္ဍာန် ပြုလုပ်ထားတဲ့ ဖောင်ရဲ့ အမည်နာမ ဖြစ်ဟန် တူတယ်..လို့ အကျွန်ုပ် ကောက်ချက် ချမိတယ်..
ဒါကို နှောင်းလူတို့က ရောထွေးသွားဟန် ရှိပါတယ်။
သို့ကမို့ကြောင့် ကရ၀ိတ်ဆိုတာ သက်ရှိ ဟင်းသာငှက် သဏ္ဍာန် ဖန်တီးထားသော သက်မဲ့ဖောင်..လို့ အကျွနုပ် ယူဆမိတယ်
ဆက်လက်ပြီး ပြောလိုတာက ဘဘုန်းကြီးအတွက် ပြသနာ တစ်စုံတစ်ရာ မရှိရင် comment က Word Verification ကြီး ဖြုတ်ပေးပါအုံး..။အကျွုန်ုပ်အတွက် အတော်ပဲ မျက်စိနောက်လို့ပါ :D
ကရ၀ိတ် အကြောင်းရော၊ ဟင်္သာအကြောင်းရော စုံစုံလင်လင် ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျား။
ReplyDeleteပုံ
ဆားပုလင်း
မောင်ဘုန်းရေမှတ်သားစရာလေးတွေပါ
ReplyDeleteမမတော့ဇာတ်တော်တွေမှာတော့ဘုရားအလောင်တော်
ဇာတ်တော့ဖတ်ဖူးပေမဲ့ဟင်သာတော့မမြင်ဖူးလို့
သေချာတောင်မစဉ်းစားမိပါဘူးကွယ်
ကျေးဇူးပါနော်စဉ်းစားစရာရတာပေါ့
ကိုရင် မန့်ထားတာလေး ဖတ်ပြီး ရီသွားတယ်
ReplyDeleteဗဟုသုတ လေးတွေ အတွက် ကျေးဇူးနော် မောင်ဘုန်း
ခင်တဲ့ အမကြီး
ရွှေစင်ဦး
သိထားပြီးတဲ့ သမိုင်းကြောင်းတွေဆိုပေမယ့် အဲဒါလေးတွေဘေးထားပြီး မောင်ဘကြိုင်လည်းတွေးမိဖူးတယ် ဟင်္သာငှက် အဲ ရေးမယ်ကြံကာမှ အပေါ်ဆုံးက ကိုရင့်မန့်ဖတ်မိတယ် ဟုတ်တယ်ဗျာ့ မလေးရှားငှက်ပြတိုက်ထဲမှာ မြင်ဖူးတဲ့ ရေဘဲတမျိုးကို ပြင်ဦးလွင် ကန်တော်ကြီးမှာမြင်လိုက်တော့ ဟင်္သာအနွယ်တွေတဲ့ စိတ်ထဲ မတူဖူးတွေးပြီး ဘုရားရှေ့မှာ ရှိတတ်တဲ့ ခြေင်္သေ့ကြီးတွေကိုပြန်မြင်ယောင်မိတယ် အပြင်ကကောင်တွေနဲ့ တူမှမတူတာ အခုလည်း အတွန့်တက်တွေနဲ့ ဟင်္သာရုပ်ထုတွေကြည့်ပြီး တကယ့်သက်ရှိနဲ့ သက်ရှိကိုတုပြီး ထုလုပ်ထားတာ ကွာတာများလားပေါ့
ReplyDeleteဆိုတော့ ကိုရင်ပြောသလိုပေါ့ ရေထဲမှာ အနေများတဲ့ ဟင်္သာလို့လက်ခံထားတော့ ဖောင်နဲ့တွဲပြီး ဖန်တီးကြတယ်ထင်ပါ့ ငယ်ငယ်တုန်းက ဇာတိမြေမှာ လှေပြိုင်ပွဲတွေကြည့်တော့ လှေတွေကို ရေပျော်အကောင်ဘလောင်ခေါင်းပုံနဲ့ လှေဦးကိုထွင်းထား အလှဆင်ထားတာမြင်ဖူးတော့ နောက်ဆုံး ဒီအတိုင်းလေး ဆက်စပ်တွေးမိတာပါ ဖြစ်သော်လည်းဖြစ်နိုင်မယ် မဖြစ်သော်လည်းမဖြစ်နိုင်ဖူးပေါ့လေး)း)
comment က Word Verification ကြီး ဖြုတ်ပေးပါအုံး..ပြောတဲ့ ကိုရင့်လိုပဲ ပြောချင်ပါတယ်
ထို့အတူ ကိုရင့်ကိုလည်းပြောပါအုံးမယ်
OpenID
OpenID LiveJournal WordPress TypePad AIM
Name/URL Name
URL
Anonymous လေးထည့်ပေးပါအုံးလို့ မန့်မယ်ဆိုရင် အကောင့်ဖွင့်ဖွင့်နေရလို့း)း) မတော်တရော်လာမန့်တာကိုကာကွယ်ဖို့ဆိုရင် ဘလော့ပိုင်ရှင်ကိုယ်တိုင် အပလုလုပ်နည်းလေးကကောင်းဆုံးမဟုတ်လားဗျား)း)
ခင်မင်သူ
မောင်ဘကြိုင်
စိတ်ဝင်စားဖွယ် သိသင့်သိထိုက်တဲ့ ဗဟုသုတလေးတွေ ဖတ်မှတ်လေ့လာသွားပါတယ်...
ReplyDelete