Pages
Thursday, January 12, 2012
LIVING TOGETHER နှင့် အမျိုးသမီး အခွင့်ရေး
မင်္ဂလာပါ ဗျာ ... အခုတလော ကျနော် ရဲ့ blogger မိတ် ဆွေ သူငယ်ချင်းများ အိမ်ကို မရောက်ဖြစ်တဲ့ အတွက်  ဦးစွာတောင်းပန် လိုပါတယ် ... မရောက်ဆို ဒီ post လေးကို အချိန်ပေးပြီး ရေးဖြစ်နေလို့ ပါ ... LIVING TOGETHER  နှင့် အမျိုးသမီး အခွင့်ရေး ဆိုတဲ့ post လေး ရေးဖြစ်ပုံကို အနည်းငယ် ရှင်းပြ လိုပါတယ် ... ။
လွန်ခဲ့သော တစ်လလောက် က ကျနော် ပတ်ဝန်းကျင် မှာ ရှိတဲ့ LIVING TOGETHER  နေထိုင်သော စုံတွဲ မှ ကောင်မလေး တစ်ယောက်ရဲ့ ဇတ်သိမ်း မလှတဲ့ အခြေနေကို  " ဒါလား LIVING TOGETHER " ဟု ဆိုသော post လေးရေးဖြစ်ပါတယ် ... သို့ သော် ကျနော် ရေးသားချက်မှာ တစ်စုံတစ်ဦးကို ရည်ရွယ် သလို ဖြစ်နေသည် ဟု မိမိကိုယ်ကိုယ် ယူဆ သောကြောင့် ထို post လေးကို မတင်ဖြစ် ပဲ  " LIVING TOGETHER  နှင့် အမျိုးသမီး အခွင့်ရေး   "ခေါင်းစဉ်တက် ကာ ကျနော် သင်ကြားခဲ့ဖူးသော ဥပဒေ ဘာသာရပ်များ နှင့် ပေါင်းစပ်ပြီး ကျနော်ရဲ့ အားလပ်ချိန် တော်တော်များများ ကို ဒီ post လေးနှင့် အချိန် ကုန်စေခဲ့ပါတယ် ... ။
ကျနော် ရေးသားရခြင်း ရဲ့ ရည်ရွယ်ချက်မှာ LIVING TOGETHER  နေထိုင်သော အမျိုးသမီးတစ်ဦး အတွက် ဥပဒေ အရ အကာကွယ် မရှိသလို ၊ လူနေမှု့  ဘဝ အတွက် ကောင်းကျိုးမပေး တက်ပုံ ကို ဖော်ပြရေးသားလို ခြင်းသာ ဖြစ်ပါတယ် ... သို့ သော်လည်း စာရေးသား ညံ့သော ကျနော် ရဲ့ ရေးသား ချက် မှာ စာဖတ်သူအနေ နှင့် ကျနော် ရည်ရွယ်လိုသော အကြောင်းရာများ မရရှိပဲ တစ်စုံတစ်ဦး (သို့ )မဟုတ် အဖွဲ့ စည်း တစ်ချို့ ကို တိုက်ခိုက်ရေးသားသည် ဟု ထင်သွားပါ က ဒီ post လေး ကိုရေးမိသော ကျနော် မောင်ဘုန်း ဦးစွာ တောင်းပန်ပါတယ် ...ဗျာ .... ။
အားလုံးလည်း သိပြီးသားပါ … ။ LIVING TOGETHER ဆိုတာ အနောက်တိုင်း ဒေသမှ ကူးစပ်လာတဲ့ လူမှု့  နေထိုင်တဲ့ ပုံစံတစ်ခုပါ … ။ သူတို့ အတွက်တော့ လက်မထပ်ခင် LIVING TOGETHER  နေထိုင်ခြင်းဟာ ကောင်းဆုံး အိမ်ထောင်ဖက် ရှာတဲ့ နည်းတစ်ခုလို့  ယုံကြည်ကြပါတယ် … ။
ကျနော်တို့  ဗုဒ္ဓဘာသာမြန်မာလူမျိုး အတွက်တော့ LIVING TOGETHER ဆိုတာ  …. ငါးပါးသီလ ထဲမှ ကာမေသု မိစ္ဆာစာရ ဆိုတဲ့ သိက္ခာပုဒ် နှင့် ဘယ်လိုမှ မကိုက်ညီသလို တစ်လင်တစ်မယား စနစ် ဆိုတဲ့ ရိုးရာအစဉ်လာ ကို ဆန့် ကျင်သလို ဖြစ်နေပါတယ် ။ ဒါကြောင့် LIVING TOGETHER နေထိုင်မှု့ ဟာ မြန်မာလူမျိုးများအတွက်တော့ ဘယ်လို့  မှ မဖြစ်သင့် ဘူးလို့  ပြောမယ် ဆိုရင် ကန့် ကွက်မဲ့  သူ မရှိ လောက်ဘူး ထင်တယ်နော် …. ။
သို့ သော် ခေတ်မှီလာတဲ့ လူ့ နေမှု့  ပုံစံ နှင့်အတူ LIVING TOGETHER နေထိုင်မှု့ ဟာလည်း တစ်စ တစ်စ မြန်မာလူမျိုးများကြား ရောက်ရှိနေခဲ့ပါပြီ … ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးများနှင့် မကိုက်ညီသော LIVING TOGETHER  နေထိုင်မှု့ ကို ဘယ်သူမှ ထိထိရောက်ရောက် မဆန်ကျင် သလို နိုင်ငံတော် အနေနှင့်လည်း အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေလို LIVING TOGETHER နေထိုင်မှု့ နှင့် ပတ်သက်ပြီး ထားဆီးတဲ့ ဥပဒေမရှိပါဘူး … ။ LIVING TOGETHER ကို တရားဝင် လက်ခံ ထားတဲ့ နိုင်ငံတွေမှာတော့ LIVING TOGETHER ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းထားပြီး အမျိုးသား ၊ အမျိုးသမီး တန်းတူအခွင့်ရေး ထိန်းချုပ်ထားတာ တွေ့ ရပါတယ် … ။
ဒါဆိုရင် ကျနော်တို့  ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဘာကြောင့်  LIVING TOGETHER နေထိုင်မှု့  ကို  ဆန့် ကျင်တာ ၊ ကန့် ကွက်တာမျိုး မလုပ် ရတာလည်းလို့  စဉ်းစားမိ ပါတယ် … ။ နိုင်ငံတော် နေနှင့် တော့ ရိုးရာယဉ်ကျေးမှု့ ဆိုင်ရာ ထိန်းသိမ်းတဲ့ ဥပဒေပြဋ္ဌာန်း မှု့  အလွန်းအားနည်းတာ တွေ့ ရသလို ၊ LIVING TOGETHER ဆိုသောနေထိုင်မှု့ မှာ  နှစ်ဦးသဘောတူဆိုသည့် စကားရပ်ကြောင့် မဖြစ်သင့်ဘူး ဆိုသော် လည်း ကန့် ကွက်မို့  ဆန့် ကျင်မို့  ခက်ခဲ တာတွေ့ ရပါတယ် … ။
ထို့ ကြောင့်သာ LIVING TOGETHER နေထိုင်မှု့ ဟာ ပြည်တွင်းရော ပြည်ပရောက် မြန်မာလူမျိုးကြား ကို ရောက်ရှိ လာခဲ့ တယ်လို့  ထင်မိတယ် … ။
ပြည်တွင်းမှာတော့ လုံးပါး ပါး လျှက်ရှိတဲ့  မြန်မာ့ရိုးရာ လက်ကျန်အယူဆများကြောင့် LIVING TOGETHER နေထိုင်မှု့ ဟာ ပေါ်ပေါ်တင်တင် ကြီး မဟုတ်ပင်မဲ့ နေရာ တိုင်းလိုလို မှာ တွေ့ ရတက်ပါတယ် ။ ပြည်ပရောက် မြန်မာများ အတွက်တော့ မထူးဆန်းပါဘူး လို့ ပြောရအောင် ဖြစ်နေပါပြီ ။ 
ပထမတစ်မျိုးကတော့ နှစ်ဦးသဘောတူ အများရှေ့ မှာ လင်မယား အဖြစ် တူတူနေကြပြီး အနည်း ဆုံး ၆ လ အများဆုံး ၂ နှစ်လောက် တူတူ နေကြ တာတွေ့ ရပြီး … နောက်ဆုံးမှာ တစ်ဦးဦးက မြန်မာပြည်သွား တာ မျိုး နှင့် သူတို့  ရဲ့ LIVING TOGETHER နေထိုင်မှု့ ကို အဆုံးသတ်တာတွေ့ ရသလို … ၊ တချို့ လည်း တရားဝင် အကြင်လင်မယား အဖြစ် သူတို့ ရဲ့ LIVING TOGETHER မှု့  ကို အဆုံးသတ်လိုက်တာ ရှိပါတယ် ။
ဒုတိယ တစ်မျိုးကတော့ တစ်ယောက်တစ်နေရာ ဆီ နေကြပင်မဲ့ အလုပ်ပိတ်ရက် တွေမှာ တူတူ နေထိုင်ကြပြီး အများ အမြင်မှာတော့ ချစ်သူဆိုတဲ့ ခေါင်းစဉ်လေး နဲ့  ပေါ့ …. ။ နေထိုင်မှု့ အနည်း ဆုံး တစ်လ လောက် တွေ့ ရ သလို ၂ နှစ်လောက် ကြားတာလည်း ရှိပါတယ် … ။ ဒီလို နေထိုင်တဲ့ LIVING TOGETHER တွေမှာ ဇာတ်သိမ်း မလှတာ အများဆုံး တွေ့ ရတက်ပါတယ် ။ အထူး သဖြင့် တစ်နှစ်လောက် အကြာ အတူ LIVING TOGETHER နေထိုင်တဲ့ သူတွေ အဖြစ်များတာပိုတွေ့ ရပါတယ် … ။ အထက်မှာ ပြောခဲ့တဲ့ ပထမတစ်မျိုးထက် အခုလို နေထိုင်တဲ့ LIVING TOGETHER ပုံစံ ပိုများတာတွေ့ ရပါတယ် ။
နောက်တစ်ခု ဒုတိယနည်း ဖြစ်တဲ့ LIVING TOGETHER နေထိုင်မှု့ ဟာ အရမ်းရှုပ်ထွေး တာတွေ့ ရပါတယ် ။ နှစ်ဦးသဘောတူ ဆိုပင်မဲ့ တစ်ခါတစ်လေ မိမိ ချစ်သူအပေါ် ယုံကြည်မှု့ လွန်ကဲ ခြင်း (သို့ ) အချစ်ကို အလွဲသုံးစား လုပ်ခံရခြင်း ကြောင့် အလိုမတူပင် မဲ့လည်း LIVING TOGETHER နေ ခဲ့ ရတဲ့ဖြစ်စဉ် တွေ လည်း ရှိပါတယ် … ။ ဒီနေရာမှာ  အခြေခံလူတန်းစားများ ဖြစ်တက်တာလေ ပြောပြချင်ပါတယ် ။
 “ ဒါ တရာမဝင် ကိုယ်ဝန် ဖျတ်ချ မှု့  ပဲ … ” !!!!!!!!!  ….. “ ရှင် …….. ” ….မရှင့် …. နဲ့  အမိ … !!!!
ရာဇသတ် ကြီးဥပဒေ ပုဒ်မ  ၃၁၂ အရ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သည်အထိ အရေးယူနိုင်တယ် ….  ကိုယ်ဝန်အရင့် အမာဖြစ်ပါက ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်နိုင် သလို ၊ အကယ်၍ တစ်စုံတစ်ယောက်သောသူမှ ကိုယ်ဝန်ဖျက်ချစေရန် အတင်းအကြပ်    တိုက်တွန်း ပြောဆိုပြုမူ ခြင်းများကြောင့် ကိုယ်ဝန်ပျက်ကျခဲ့ပါက ဥပဒေပုဒ်မ ၃၁၃ အရထောင်ဒဏ် တစ်သက်တစ်ကျွန်းကျသည်အထိ အရေးယူနိုင် တယ် …. အမိ …ရဲ့ …… ။
နောက်ဆုံးတော့ ဒူး နဲ့ မျက်ရည်သုတ်တဲ့ ဇာတ်သိမ်းခန်း တစ်ခုပေါ့ … ဒါက ပြည်တွင်း မှာ ရှိတဲ့  ပညာမတက် ဆင်းရဲတဲ့ အမျိုးသမီး များ အဖြစ် များတဲ့ ဖြစ်ရပ် လေး တစ်ခုပါ … ။
( မြန်မာ ပြည်မှာ တရား ဝင် ကိုယ်ဝန် ဖျတ်ကျ ခွင့် တော့ ရှိပါတယ် …. သို့  သော် ကိုယ်ဝန် ဆောင် မိခင် ၏ ကျန်းမာ ရေး အခြေနေ ကို ခိုင်ခိုင်မာမာ တင်ပြ နိုင် လျှင် မိခင် ၏ ကျန်းမာ ရေးအခြေ ကြောင့် တရားဝင် ကိုယ်ဝန် ဖျတ်ချ ခွင့် ရှိပါတယ် )
ကယ် … ပညာတက်တဲ့ မမများ ဖြစ်တက် တာလေးလည်း ပြောအုံးမယ် ဗျာ … ကျနော် ပြောခဲ့ တဲ့ ဒုတိယ နည်းအတိုင်း ချစ်သူ နဲ့  LIVING TOGETHER နေကြပါတယ် …။ အရမ်းလည်း ချစ်တာကို … ချစ်သူ အပေါ်လည်း ယုံကြည်တယ်လေ …။  နောက်ပြီ ချစ်သူ လည်း ပြောထားတယ်လေ ဟိုလ ဒီလ ၊ ဟိုနှစ် ဒီနှစ် မှာ လက်ထပ်မယ်ပေါ့ ….  ။ အယ် …. အဲ့လို နဲ့  မတော်တဆ ကိုယ်ဝန်ရပါလေ ရော ဗျာ … ဒီ တော့ အရေးပေါ် အခြေ နေကြောင့် ချစ် သူ ကို လက်ထပ် မို့  ပြောတာပေါ့ ( ချမ်းချမ်း သီးချင် လေး ဆိုလို့ …….  တစ်ကယ် ဆိုရင် အချစ် ပဲလိုတယ် …. ဘာကြောင့် သတ္တိ မရှိလည်း ကွယ် ………….. ) အယ် … ချစ်သူ ဆိုတဲ့ ဆရာသမားက အဲ့ကျမှ အ … အိ … ဥ … အဲ … ဘာမှ မသိတဲ့ သူငယ်တန်း ကလေး လို အမှုရာ တွေ ဖြစ်ကုန် ရော … လေ … ။
ပညာတက် မမ များလည်း ခပ် ညံ့ညံ့ မှ မဟုတ်တာ ၊ ဒီတော့ မှ ချစ်သူအပေါ် သံသယဝင်ပြီး သေချာ စုံစမ်းတော့ … မိန်းမ ရှိတာ သိရပြီလေ …။ အယ် …နောက်ဆုံးတော့ ကွဲကြ ပြဲကြ တာပေါ့ … ဒီလောက် နဲ့  လည်း မကျေနပ် နိုင်ဘူး လေ … ဒင်းက ယုတ်မာတာကို … ။ ဒါကြောင့် နည်းစပ်ရာ ရှေ့ နေနဲ့  တိုင်ပင် ပြီး ဖြစ်ကြောင်း ကုန်စင် ပြောပြကာ ဒင်းကို ထောင်ကျမို့  စီစဉ်တာပေါ့ ….. သက်သေအနေ နှင့် ဗိုက်တစ်လုံး အခိုင်မာ ရှိနေတာကို …. ။
အမျိုးသမီး …… 
ဆရာ ဒီလူယုတ်မာကို ပုဒ်မ ၃၆၆ (လိမ်လည် ကာမသွေးဆောင် အကျင့်ဖျက်ဆီးစေခြင်း )    
ပုဒ်မ နဲ့  တရား ဆွဲချင်တယ် ဆရာ … အဲ့ဒါ ခိုင်မာတဲ့ အမှု့  တစ်ခုဖြစ်အောင် တည်ဆောက် ပေးပါနော် ...
ရှေ့ နေ  …    
ဝမ်းနည်းပါ တယ် ဗျာ …. အစ်မ ပြောတဲ့ ရာဇသတ် ကြီး ပုဒ်မ ၃၆၆ (က) နဲ့  (ခ) မှာ ဖော်ပြထားတဲ့ လိမ်လည် ကာမသွေးဆောင် အကျင့် ဖျက်ဆီးစေခြင်း ဆိုတဲ့ စကားရပ် ဟာအရွယ် မရောက်သေး တဲ့ မိန်းခလေး ပဲ (အသက် ၁၈ နှစ် မပြည့်သေးသူ ) အကျုံ ဝင်ပါတယ် လို့ ဖော်ပြထားအတွက် ဘယ်လို မှ မဖြစ် နိုင်ပါဘူး …။  နောက်ပြီ ရာဇသတ်ကြီး မှာ အမျိုးသမီး အခွင့်ရေး နဲ့  ပတ်သက်ပြီး ရာဇဝတ် မှု့  ဖြစ်စေတဲ့ ၁၄ ခန်း ပါ ပြဋ္ဌာန်း  ချက် အားလုံးဟာ အလိုမတူ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ရှိနေပါတယ် ….. အခု ဖြစ်ရပ်မှာ နှစ်ဦး သဘောတူ LIVING TOGETHER ဖြစ်နေတဲ့ အတွက် ရာဇဝတ် မှု့  တစ်ခု ဖြစ်အောင် တည်ဆောက် မို့  ဆိုတာ ဘယ်လိုမှ မဖြစ် နိုင်လို့ ပါ …. ဗျာ …. ။
အမျိုးသမီး ……. ဒါဆိုရင် ဘယ်လိုနည်း နဲ့  တရား ဆွဲလို့  ရမလဲ ဆရာ …. ။
ရှေ့ နေ....  
ဟုတ်ကဲ့  တရားမ နည်းနဲ့  ဆွဲ လို့ ရပါတယ် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ မှာ  အကြင်လင်မယား ဖြစ်မို့  အခန်းနားမလို ၊ စာချုပ်မလို ဟု ဖော်ပြထား လို့   LIVING TOGETHER နေထိုင်ခြင်းဟာ လင်မယား အရာမြောက် တယ်လို့  ပြောလို့ ရပါ တယ် ။ အခု ကိုယ်ဝန်ရှိတယ် ဆိုတော့ ပိုခိုင်လုံ တာပေါ့ ဗျာ ….…  ဒါကြောင့်   တရားမနည်းအရ မယားစရိတ် နဲ့  ကိုယ်ဝန်အတွက် ကလေးစရိတ်ကို မယားပြိုင် အနေ နဲ့  တောင်း ဆိုလို့ ရပါ တယ် …. 
အမျိုးသမီး ….. 
ရှင် …. ဘာလို …. မယားပြိုင်..... ဟုတ်လား … ကျမ က အခု ကိစ္စမှာ အလိမ်ခံ ရတာလေ …။ ကိုယ်ချင်းစာစိတ်နဲ့  ပြောပါ ဆရာ ရယ် … ကျမ လည်း မတရား ခံ ရသေးတယ် … မယားပြိုင် ဆိုတဲ့ စကား က …… အခု ကိစ္စ မှာ ကျမ … က  ဒီလို ဖြစ်လို ဖြစ်အောင် လုပ်ခဲ့ လို သလို  ဖြစ် မနေဘူး လား ဆရာ … … ။
ရှေ့ နေ …….
ကျနော် တို့  တွေ အလုပ် အကြောင်း ပဲ ပြော ရအောင် ဗျာ … ။ ကျနော် ကိုယ်ချင်းစာပါတယ်
 ဒါပင်မဲ့ …. အစ်မ ပြောတာက ကိုယ်ရေး ကိုယ်တာ လူမှု့  ရေးရာပါ … ဥပဒေ မှာ LIVING TOGETHER  ဆိုတာ မရှိ ပါဘူး ။ မယားငယ် ဆိုတာလည်း မရှိပါဘူး … ။ မယားပြိုင်ဆိုတာပဲ ရှိပါတယ် … ဒါကြောင့် LIVING TOGETHER နေထိုင်မှု့  (သို့ ) တခြား ကာမ ဆိုင်ရာ  ပြစ်မှု့  တစ်ခုခု ကို တရားမ  နည်း နဲ့  တရား ဆွဲ မယ် ဆို ၇င် …. မယား ပြိုင် နေ နဲ့  ပဲ …. တရား စွဲ လို့ ရပါတယ် … ။
အမျိုးသမီး ……     ရှင် …………….!!!!!!!!!!!!!!!!
နောက်ဆုံးတော့ တစ်ခုလပ်ဘဝ … အလိုလိုရပြီး LIVING TOGETHER လည်း အဆုံးသတ်သွား တာပေါ့…. ။
နောက်ပြီ … ကျနော်တို့  မြန်မာ့ လူ့ ပတ်ဝန်း ကျင်မှာ ကြည့်မယ် ဆိုရင်လည်း နှစ်ဦးသဘောတူ ဆိုတဲ့ LIVING TOGETHER နေထိုင် မှု့ မှာ ယောကျာ်း လေး နှင့် မိန်းကလေး ဟာ နှစ်ဦးသဘောတူ ဆိုပင်မဲ့ တစ်ကယ်တမ်း ပတ်ဝန်းကျင်က အများဆုံး ကဲ့ရဲ့ခံရသူ ကတော့ မိန်းကလေး ဖြစ်နေပါတယ် ။ နှစ်သဘော တူဆိုသော်လည်း  ထို ဖြစ်ရပ်မှာ မိန်ကလေး တစ်ဦးတည်း မှားနေသလိုဖြစ်နေတဲ့ အတိုင်း ပြောတက်တဲ့ ကျနော်တို့  ပတ်ဝန်းကျင် အကြောင်း ကို မှားနေတဲ့ အမှန်တရား ဆိုတဲ့ post လေး တစ်ခု ရေးခဲ့ဘူးပါတယ် ။
အခု နည်းနည်းလောက် ထပ်ပြောပါရစေ ဗျာ …. ။ ယနေ့  အချိန်ခါ မှာ အမျိုးသမီး များ နေရာ တိုင်းလိုလို တန်းတူအခွင့်ရေး ဆိုတာ အော် နေတာတွေ့ ရ ပါတယ် ။ နောက်ပြီး မြန်မာနိုင်ငံ အမျိုးသမီး ဘာညာ ဆိုပြီး အရမ်းလှ တဲ့ ခေါင်းစဉ် လေးတွေ နဲ့  ရှိတဲ့ တရားဝင် တာရော မဝင်တာရော ပေါ့ အများကြီး ရှိပါတယ် …
သို့ သော် … ယနေ့  အချိန်ထိ အမျိုးသမီး များ လူကုန်ကူး ခံရမှု့ ၊ ကာမ ဆိုင်ရာ မတရားပြုကျင့်ခံရမှု့  ဆိုတဲ့ တောင်းဆို ချက် အဆင့် လောက်သာ အများပြည်သူ သိအောင် လုပ် နိုင် ပြီး ….
၁ ။ မြန်မာအမျိုးသမီး များ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာကို ဥပဒေ အရ ကန့် သတ် ခံထားရ ခြင်း ။
၂ ။ နှစ်ဦးသဘောတူ ဆိုသော LIVING TOGETHER နေထိုင်မှု့  တွင် အမျိုးသမီးများ အတွက် ထိရောက်သော ကာကွယ် ပေးတဲ့  ဥပဒေမရှိ ခြင်း ။
၃ ။ မြန်မာအမျိုးသမီးများ အတွက် ဥပဒေအရ ကာကွယ် ပေးထားသော ရာဇသတ်ကြီး ပါ အမျိုး သမီး ဆိုင်ရာ ပြစ်မှု့  ၁၄ ခန်း ၊ လက်ထပ် ထိမ်းမြားခြင်ဆိုင်ရာ မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေ ၊ ၁၉၅၄ ဗုဒ္ဓဘာသာ မိန်းမများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ  တို့  မှာ အလွန် အားနည်းနေ ခြင်း ။
၎ ။ လက်ထပ်ထိမ်းမြားခြင်ဆိုင်ရာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ နှင့် ၁၉၅၄ ဗုဒ္ဓဘာသာမိန်းမများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ ကို ခေတ် အဆက်ဆက် ပြင်ဆင် ခဲ့ သော်လည်း ဗုဒ္ဓဘာသာမိန်းမများ ဘာသာခြား နှင့် လက်ထပ်ထိမ်းမြားခြင်း ၊   တိုင်းရင်းသား ဘာခြား အမျိုးသမီးများ လက်ထပ်ထိမ်းမြား ခြင်း ဆိုင်ရာ များကို တန်းတူအခွင့်ရေး ရရှိနိုင်သော တိကျတဲ့ ပြဋ္ဌာန်း ပြင်ဆင် မှု့  မရှိ ခြင်း။
စသည့် အမျိုးသမီး ဆိုင်ရာအခွင့်ရေး နှင့် ပတ်တဲ့ တောင်းဆို မှု့  တွေ ပြုလုပ် ခြင်း မရှိသလောက် ရှား နေတာတွေ့ ရပါ တယ် … ။ လုံးဝ မရှိဘူး တော့ မဟုတ်ဘူးနော် … ရှိတော့ ရှိပါတယ် … အရမ်း နည်းပါတယ်လူကုန်ကူး မှု့  လိုမျိုး တိကျ ခိုင်မာတဲ့ တောင်းဆို မှု့  မျိုးတော့ မတွေ့ ရလို့ ပါ … ။
ဟုတ်ပြီ … ကျနော် တို့  နည်းနည်းလောက် တွေး ကြည့် ရအောင် ဗျာ …. ဘာကြောင့် ထိရောက် တဲ့ တောင်းဆို မှု့  မလုပ် နိုင် တာလည်း လို့  ပါ …. ပြည်တွင်း မှာ အမျိုးသမီး ဆိုင်ရာ ထိရောက်တဲ့ အဖွဲ့ စည်း နည်းသလို ပြည်ပ ရောက် အဖွဲ့  စည်း များ အနေ နှင့် လည်း ဥပဒေ ပြင်ပ ဆို သောကြောင့် သိမ့် ပြီး မထိရောက် လှပါဘူး။
ဒါဆိုရင် မြန်မာ အမျိုး သမီး လူထု အနေ နှင့် ရော … အားနည်းနေတဲ့ အမျိုးသမီး ဆိုင် ဥပဒေ တွေ ကို ဘာကြောင့် မကန့် ကွက် တာလည်း လို့ မေးစရာ ရှိပါတယ် … ။
ဥပဒေ ဆိုင်ရာ နှင့် ပတ်သက် လို့  အမျိုးသမီး မှဟုတ်ပါဘူး … မြန်မာ လူမျိုး တစ်စု လုံး ဥပဒေ ဆိုင်ရာ အသိ အလွန် အားနည်းတာ တွေ့ ရပါတယ် …။ ဥပမာ ဆိုရရင် နိုင်ငံ တိုင်းလိုလို မှာ နိုင်ငံ သာ ဆိုင်ရာ ဥပဒေ နှင့် ရပိုင်ခွင့် ဆိုတာကို နိုင်ငံ သားတိုင်း အပြည့်စုံ မဟုတ် တာတောင် တော်တော် များများ သိကြတာ တွေ့ ရပင်မဲ့ မြန်မာ နိုင်ငံ သား ၁၀ ယောက် ကို နိုင်ငံ သား ဆိုင်ရာ ဥပဒေ  ဆိုတာ ဘာလည်း လို့ မေး၇င် … မသိဘူး ဆိုတဲ့ အရည် အတွက် အ၇မ်း များတာတွေ့ ရပါတယ် …။
ဘာကြောင့် လည်း ဆိုရင် … စီပွားရေ ၊ နိုင်ငံရေး ၊ ဘာသာရေး ၊ လူမှု့ ရေး ၊ ကျန်းမာရေး စတဲ့ ဘက်စုံ ဆိုင်ရာ အတွက် သီးသန့်  ထုတ်ဝေ သော စာစောင်တွေ ရှိသော် လည်း ယနေ့  ချိန် ထိ ဥပဒေ ရေးရာ နှင့် ပတ်သတ် ပြီး အများ ပြည်သူ အလွယ် တကူ လေ့လာ နိုင်သော ဥပဒေ ဆိုင်ရာ သီသန့် ထုတ်ဝေ တဲ့ စာစောင် မရှိ ပါဘူး ။
နောက်တစ်ခု … တရားစီရင်ရေး ကြောင့် ဖြစ်တဲ့ မြန်မာ လူမျိုးတွေ ရဲ့ ရှေ့ အစွဲ လေးတစ်ခုပါ …  တရားရုံးတို့  ဂတ်တို့  ဆို လျှင် မကောင်း တဲ့ နေရာလို့  သတ်မှတ် ကြပါတယ် … မသွား မဖြစ် လို့  သွားရင် တောင် အိမ်ပြန်ရောက် လျှင် ခေါင်းလျှော် တဲ့အယူဆ ရှိ ပါတယ် …. ။ 
တရားစီ ရင်ရေး ဆိုတာ ကလည်း ကျောင်းတော် မှာ သင်ပေးသလို ကြီးတဲ့ အမှု့  ငယ်အောင် ၊ ငယ်တဲ့ အမှု့  ပပျောက် အောင် စီရင် ရတယ် ဆိုသော် လည်း တစ်ခါတစ်လေ မှာ ငယ်တဲ့ အမှု့  ကြီးသွားတက် သလို ၊ ကြီးတဲ့ အမှု့  အကျိုးနည်း သွားတာမျိုး ဖြစ်သွား သောကြောင့် မြန်မာ လူမျိုးတွေ တရားရုံး တို့  ၊ ဂတ် တို့  ကို မကောင်းတဲ့ နေရာ လို့  သတ်မှတ် တယ်လို့  ထင်မိပါတယ် … တရာစီရင်ရေးမှာ ဒီလို ဖြစ်ရတာလည်း ခေတ် အဆက်ဆက် ……………. အယ် … တော်ပြီ ဗျာ … ရေး ၇င်းနဲ့  ဘေး ရောက်ကုန် ပြီ စာလည်း အတော် ကို ရှည်နေပြီ ။
ကယ် လက်စ သတ်တော့ မယ်ဗျာ … blogger မိတ်ဆွေ သူငယ်ချင်း တို့ ရေ … ကျနော် တို့  ပတ်ဝန်းကျင်မှာ တွေ့ နေရသော LIVING TOGETHER နေထိုင်မှု့  ဟာ ကျနော် တို့  မြန်မာ လူမျိုး အတွက် ဘာသာရေး အရ ပဲ ကြည့်ကြည့် ၊ မြန်မာ့ရို ရာ အစဉ်လာ အရ ဆိုဆို ဘယ်လို မှ မဖြစ်သင့် ဘူး ဆိုသော် လည်း တွေ့ မြင် နေရပါတယ် ။ နှစ်ဦး သဘော တူ ဆိုသော် လည်း LIVING TOGETHER နေထိုင်သော မြန်မာ အမျိုး သမီးတစ်ဦး အတွက် ကောင်းကျိုး မရှိ လို့  ပြောရအောင် ရှိပါတယ် …။
နောက်တစ်ခု တန်းတူ အခွင့်ရေး ဆို သော မြန်မာ အမျိုး သမီး များအတွက် ကျနော် သိသလောက်လေး
ခေတ်အဆက်ဆက် ပြဋ္ဌာန်း ခဲ့သော အမျိုးသမီး ဆိုင် အခွင့် ရေး နှင့် လက်ထပ် ထိမ်းမြား ခြင်း ဆိုင် ရာ မြန်မာ့ ဓလေ့ ထုံးထမ်း ဥပဒေ များ အကြောင်း ကို ဆက်လက် ရေးသာ လိုပါ သည် ။
သို့ သော် ၆ နှစ်ကြာ ဥပဒေ ဘာသာ ရပ် နှင့် ဝေးကွာ နေသည် ကတစ်ကြောင်း ၊ လက်ရှိ အစို အသစ် လက်ထပ် တွင် မူရင်း ဥပဒေ ၅၆၆ ခု အနက် မှ ၁၇၆ ခုကို ပယ် ပျတ်ပြီး ၁၇၇ ခု အသစ် ပြဋ္ဌာန်း ထား ပါသောကြောင့် အသစ်ထွက်ရှိ သော ဥပဒေ များ နှင့် ကျနော် ရေးသာ ချက် ကိုက် ညီ မှု့ ရှိမရှိ ပြန်လည် လေ့လာ မှတ်သား ရခြင်း ၊ ကျနော် အတွက်  စာရေးရန် အာလပ် ချိန် တစ်ရက် ၃ နာရီ  ရှိသော်လည်း ထို အချိန် မှ ပြန်လည် လေ့လာ စာဖတ် ခြင်း အချိန် ပြန် ပေး ရသောကြောင့်  ဘယ်နေ့  တင်ဖြစ်မယ် ဆိုတာတော့ အတိကျ မသိ နိုင်ပါ လို့  အသိပေးရင် … ဒီ post လေး ကို အဆုံး သတ်လိုက်ပါပြီ …။
ခင်မင်လျှက် ....
မောင်ဘုန်း
18 comments:
  1. ဦးလေးကတော့ ရေးတတ်ပါ့ဗျာ မှတ်သားသွားပါတယ်
    ReplyDelete
  2. ရေးတတ်တဲ့သူတွေကတော့
    ဘယ်လိုရေးရေးဖတ်လို့မှတ်လို့ကောင်းနေတာပါပဲ
    မိန်းကလေးတွေဖတ်သင့်တဲ့ပိုစ့်လေးပါ
    ReplyDelete
  3. ဒီလိုလေး တကူးတက ရှာဖွေရေးသားပေးတာ လေးစားပါတယ် :D :D
    ReplyDelete
  4. ဘယ်အချိန်တင်တင် စောင့်ဖတ်ပါမယ် မောင်ဘုန်း ရေ
    ရွှေစင်ဦး
    ReplyDelete
  5. ဘာသာရေးနဲ့လူမျိုးရေး ယဉ်ကျေးမှုအတွက် law တွေကို ပြဌာန်းသင့်တယ်လို့ အရင်ကတည်းက တွေးမိနေတာာာ အခြေခံကျတဲ့ အချက်တွေကိုပေါ့ဗျာာာ သူများနိုင်ငံတချို့မှာလည်းရှိနေကျင့်နေတာပဲလေ တုကေင်းတဲ့ ဘာသာရေးဥပေဒေတွေရှိပါတယ်
    ReplyDelete
  6. မောင်ဘုန်းရေ
    ဒီမှာ အစ္စလာမ် ဘာသာဝင်တွေဥပဒေရှိတယ် မြန်မာထက်ပိုပြီးပြင်ထန်တယ် မောင်ဘုန်းနဲ့ခင်တဲ့ မလေးလူမျိုးအစ္စလာမ် တစ်ယောက်ကိုမေးကြည့်ပါ မသိအောင်နေလို့ရတယ် သိပြီး
    ရပ်ကွက်ကလူကြီးတွေရဲတွေဝင်စစ်လို့ အစ္စလာမ် ဘာသာကိုးကွယ်တဲ့သူတွေလက်ထပ်စာချုပ်မပြနိုင်ရင်
    အမျိုးသမီးတွေအတွက် ကြိမ်ဒါဏ်နဲ့ထောင်ဒါဏ် နှစ်ခုပေါင်း
    ယောက်ကျာင်္းလေးတွေကိုတော့ထောင်ဒဏ်ပဲလေ
    တရုတ်နဲ့ တမယ်ကုလားတွေတော့ ဥပဒေမရှိဘူးပြောတာပဲ ဒီနားမှာအများကြီးပဲ မြန်မာတွေဒါကြောင့်မပြောတော့ဘူး
    မလေးမလေးတွေအကြောင်းကိုတော့စကားစပ်လို့ပြောမိတာပါ----ကာဂျမ်းထောင်ထဲမှာတောင် ရှိနေတယ် အင်ဒိုမလေးတွေနဲ့မလေးမလေးတွေ စာချုပ်မရှိပဲ
    အဲဒီလိုနေလို့တဲ့လေ.... အခုမောင်ဘုန်းရေးတာလဲ ရေးသင့်တာကြာပြီ
    ဘာကြောင့်ခုမှရေးတာလဲ...ဒီနားကမြန်မာစစ်စစ်မလေးတွေကိုလဲဖတ်စေချင်တယ် ရေးပြပေးတာကိုပဲကျေးဇူးတင်တယ်မောင်ဘုန်းရေ နောင်လဲဒီလိုလေးတွေလုပ်ပါနော်
    ReplyDelete
  7. living together နေထိုင်မှု့  မှာ အမျိုး သမီး တွေ ဥပဒေ အရ ကာကွယ် မှု့  မရှိဘူး ဆိုတာတော့ အမှန် ပါပဲ ... ။
    ဒါပင်မဲ့ ... အမျိုး သမီး အခွင့် ရေး ဆိုင်ရာ ဥပဒေ အားနည်း နေတယ် ဆို တာ စာရေး သူဖော် ပြထားတဲ့ ဥပဒေ ပဲ ရှိတာ မဟုတ်ဘူး လေ ...
    ဥပမာ အနေ နှင့် ၁၉၇၄ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အခန်း (၁၁) မှာ ပါရှိတဲ့ ၊ ပုဒ်မ (၁၄၇) နှင့် ပုဒ်မ (၁၅၄- ဃ) တို့  မှာ ဖော်ပြထားတဲ့ အမျိုး သမီး ဆိုင်ရာ အခွင့် အရေး တွေ ဟာ နိုင်ငံ တကာ နှင့် ယှဉ် လို့ ပါတယ် ... စာရေး သူအနေ နှင့် ဘာကြောင့် ချန်ထား ခဲ့ သည်တော့ မသိပါ ......
    မြန်မာအမျိုးသမီး တစ်ဦး ....
    ReplyDelete
  8. ဟုတ်ကဲ့ ပါ … အခု လို ကျနော် ရေးသားသော post လေး အချိန် ပေးပြီး ဖတ်ပေးတဲ့ အတွက် မြန်မာ အမျိုးသမီး တစ်ဦး ဆိုသော … သူ ကို ကျနော် မောင်ဘုန်း မှ ကျေးဇူးတင်ရှိ ကြောင်း ဦးစွာ ပြောလိုပါတယ် ။
    မြန်မာ အမျိုးသမီးတစ်ဦး ဆို သော … အစ်မ ရေ …
    ကျနော် ရေးသာ ဖော်ပြ ထားသော အမျိုး သမီး အခွင့် ရေး ဆိုင်ရာ ဥပဒေ များ မှ အားနည်း ချက်တချို့  ကို ဖော်ပြ လိုက် ခြင်းသာ ဖြစ်ပါတယ် … အမျိုးသမီး အခွင့်ရေး ဆိုင်ရာ ဥပဒေ အားလုံး ပါလို့  အထက်ပါ post မှာ ရေးသား ထား ခြင်း မရှိပါဘူး …
    နောက်တစ်ခု …. ဟုတ်ပါတယ် … အမ ပြောထား တဲ့ ဥပဒေ တွေ ပြဋ္ဌာန်း ခဲ့ပါတယ် အစ်မ ပြောသလို နိုင်ငံတကာ အဆင့် မှီ တဲ့ အခွင့်ရေးတွေပါ ။ အစ်မ ပြောတဲ့ ဥပဒေ အပြင် ခေတ်အဆက်ဆက် ပြဋ္ဌာန်း ခဲ့ အမျိုးသမီး ဆိုင်ရာ ဥပဒေ များ လည်းရှိပါသေး တယ် … ကျနော် မှတ်သား မိသလောက် ဖော်ပြ ရသော် ….
    ဆက်ရေးမယ်နော် comment မှာ စာအများကြီး ရေးလို့ တင်လို့  မ၇လို့ ပါ ...
    ReplyDelete
  9. (၁၉၃၄-၁၉၃၈) ဗုဒ္ဓဘာသာ မိန်းမများ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေဆိုပြီး ထုတ်ပြန်ခဲ့ပါတယ် အမျိုးသမီး များ အတွက် ဥပဒေ အရ ထိထိရောက်ရောက် ကာကွယ် ပေးတဲ့ ပထမ ဆုံး ဥပဒေ လို့  ပြောလို့ ပါတယ် ..။
    ထိုနောက် (၁၉၄၈) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မှာ rights and equality ညီမျှမှု အခွင့်အရေးများဆိုတဲ့ အခန်း (၂) အရ ….. အနှစ်သာရ အရကတော့ ခွဲခြားခြင်း မပြုရ ၊ ညီမျှသော အခွင့်အလမ်း ရှိရမည်။ တူညီတဲ့ လုပ်ခအတွက် တူညီတဲ့ လခ ရှိရ မည် (ဇာတိ၊ ယောက်ျား၊ မိန်းမ၊ လူမျိုး၊ ဘာသာ) ။
    ထို့ အပြင် အစ်မပြောတဲ့ ၁၉၇၄ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မှာ ပါတဲ့ အခန်း (၁၁)၊ ပုဒ်မ (၁၄၇) ခွဲခြားမှု မရှိဘဲ တန်းတူညီမျှမှု ရှိရမည်။ ပုဒ်မ (၁၅၄-က) မှာ ဆိုရင်လည်း အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးတွေမှာ တန်းတူ ရည်တူ အခွင့်အရေးရှိတယ်လို့ ရေးထားသလို၊ ပုဒ်မ (၁၅၄- ဃ) မှာလည်း အမျိုးသမီးတွေဟာ လက်ထပ်ထိမ်းမြားရေး၊ လင်မယား ကွာရှင်းရေး၊ ပစ္စည်းခွဲဝေရေး၊ အမွေဆက်ခံရေးနှင့် သားသမီး စောင့်ရှောက် ထိမ်းသိမ်းရေးတို့နဲ့ ပတ်သက်ပြီး ဥပဒေအရ လွတ်လပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်တွေ ခံစားစေရမည်လို့ ဆိုထားပါတယ်။
    ဒါပင်မဲ့ ဒီ ပြဋ္ဌာန်း ချက်တွေ အတည် မဖြစ်ခဲ့ပါဘူး ။ အစ်မ အနေ နှင့် ဥပဒေ ပညာ သင်ခဲ့ ဘူး တယ်ဆိုရင် တတိယ နှစ် အခြေခံ ဥပဒေ များ ဆိုတဲ့ ဘာသာခွဲ မှာ ဖော်ပြပါရှိပြီပါ … ဒါမှ မဟုတ် ဥပဒေ ဘာသာရပ် ကို လေ့လာ မှတ်သား ထားသူ ဆိုပါက …ထို ဥပဒေ များ ဘာကြောင့် အတည် မဖြစ်ခဲ့ တယ် ဆိုတာလေး ရှင်းပါအုံးမယ် …. ထို ဥပဒေ များ ပြဋ္ဌာန်း သည့် အချိန် မှာ ကမ္ဘာစစ် ဖြစ်နေသည်က တစ်ကြောင်း ၊ အပြောင်းလည်း များသော မြန်မာ နိုင်ငံ ရေး ခြေနေကြောင့် ဖြစ်သည် က တစ်ကြောင်း ၊ ၁၉၆၂ တွင် ဦးနေဝင်း အစိုးရ လက်ထပ်မှာ တစ်ကြိမ် ၁၉၈၈ နဝတ အစိုးရလက်မှာ တစ်ကြိမ် အခြေခံ ဥပဒေ ကို ပြင်ဆင်ရေးဆွဲ ပါသော ကြောင့် ထို ဥပဒေ များ မှာ အတည် မဖြစ် ခဲ့ ရတာပါ ။
    ဆက်အုံးမယ်နော် …
    ReplyDelete
  10. ကယ် ... မြန်မာ အမျိုး သမီး ဆိုသော ...အစ်မ ရေ ...
    အစ်မ ပြောတဲ့ ဥပဒေ များက အတည် မဖြစ်ခဲ့ ဘူး ဆိုတာကို ... ကျနော် ရှင်းပြတာ နှင့် မလုံလောက်ဘူး ဆို၇င် ဥပဒေ ကျွမ်းကျင်သူ တစ်တစ် ဦးဦး မေးပြီး တိကျတဲ့ ကြောင်းပြ ချက် တစ် ခု တင်ပြ ပြီး ကျနော် ရေးသား ချက် ချက်ကို လွတ်လပ် စွာ ကန့် စွာ ကန့်ကွပ် နိုင်ပါ တယ် ...
    ကျနော် လည်း ဒီ ထက် တိတိ ကျကျ ခိုင်ခိုင်လုံလုံ ဖော်ပြပေး ချင်သော် လည်း ကျနော် Post မှာ အရိုးသားဆုံး ဝန်ခံ ခဲ့ပြီးပါပြီ ... ဥပဒေ ဘာသာ ရပ်နှင့် ဝေးကွာ နေသည် မှ ၆ နှစ် ရှိပါပြီလို့  ... ရေးသားရတဲ့ ရည်ရွယ် ချက် ကို လည်း ဖော်ပြပြီးသာပါ .....
    မည်သူမဆို ကျနော် ရေးသား ချက်ကို လွတ်လပ်စွာ ဝေဖန်ခွင့် ရှိပါတယ် ... အဘယ့်ကြောင့် ဆိုသော် ကျနော် လည်း လွတ်လပ်စွာ ရေးသား ဖော်ပြထားလို့ ပါ ....
    ReplyDelete
  11. အခုလို ရှင်းပြပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ...။
    ဒါပင်မဲ့ စာရေးသူ နာလည်း မှု့  လွဲနေပါတယ် ..
    ကျမ စာရေးသူ ရဲ့ ဖော်ပြ ချက်ကို ကန့် ကွက် ခြင်း မရှိခဲ့ ပါဘူး
    စာရေးသူ ပြောသလို လွတ်လပ်စွာ ပြောခဲ့တာပါ ရှိပါတယ် ...
    ကျမလည်း စာရေးသူ လို ဥပဒေ ဘာသာ သင်ကြားခဲ့ ဘူးလို့  ပါ ... အမျိုးသမီး ဆိုင်းရာ အခွင့် ရေးများ ဆိုတဲ့ စာအုပ်မှာ ကျမ ဖော်ပြ ထား ဥပဒေ တွေ ရေးထား တွေ့ ခဲ့ လို့  မေးကြည့် တဲ့ သဘောပါ ...
    တစ်ခု လောက် ထပ်မေး ပါစေ ...။
    ၁၉၅၄ဗုဒ္ဓဘာသာ အမျိုးသမီး များ အထူးလက်ထပ်ထိမ်းမြားမှု ဥပဒေ ဟာ ပြောရလောက်အောင် အားနည်း မရှိဘူး လို့ ထင်ပါတယ် .... ရှုပ်ထွေးတဲ့ လှု မှု့ နေထိုင်တဲ့ ပုံစံ ကို ဘယ် ဥပဒေ မှ အတိ ကျ ဖော်ပြ လို့  မဘူး ဆိုတာ စာရေးသူ သဘော ပေါက်မည် ထင်ပါတယ် ... ။
    ထို့ ကြောင့် ၁၉၅၄ မှ ကနေ့ ထိတိုင် ထို ဥပဒေ ကို အဆက်ဆက် ပြင်ဆင်၍ သုံးစွဲ နေသည် မဟုတ်ပါလော ...
    မြန်မာအမျိုး သမီးတစ်ဦး .....
    ReplyDelete
  12. မြန်မာ အမျိုးသမီး များ လက်ထပ် ထိမ်းမြား ခြင်း ဆိုင်ရာ ဥပဒေ ဟာ ... မြန်မာ အမျိုးသမီး များ အတွက် တန်းတူ အခွင့် ရေး ရှိတယ် လို့  ထင်မိတယ် ...
    ထို့ ကြောင့် စာရေး သူရဲ့ ဖြေကြား ချက် စိတ်ဝင်တစား စောင့် မျှော် နေမိပါတယ် ... ရှင် ..
    တရားရေးဆိုင်ရာ အမျိုးသမီး ဝန်ထမ်း တစ်ဦး
    ReplyDelete
  13. ဟုတ်ကဲ့ ..ပါ ... နောက်ထပ်ရောက် လာတဲ့ တရားရေးဆိုင်ရာ အမျိုးသမီး ဝန်ထမ်း တစ်ဦး ဆိုတဲ့ အစ်မ ကို ကျနော် ကောင်းကင်ဖြူ မှာ ကြိုဆိုပါတယ် ..
    ကျနော် ရှင်းပြ ပေးပါမယ် အခုတော့ ထမင်းစား နားတဲ့ အချိန် ဖြစ်နေလို့  အချိန် အများကြီး မရ သည် က တစ်ကြောင်း .. ၊ ပြည့်ပြည့် စုံစုံ လေး ရှင်းပြ ချင် သည် က တစ်ကြောင်း မို့  .... ဒီနေ့  ည မှာ ကျနော် ပြန်လည် ဖြေကြား ပေးမည် ဖြစ်ကြောင်း ရိုသေစွာ အသိပေး အပ် ပါတယ် .....
    ReplyDelete
  14. မောင်ဘုန်းရေ
    ရည်ရွယ်ချက်ရော အကြောင်းအရာကော သိပ်ကောင်းတဲ့ ပိုစ့်လေးပေါ့ကွယ်
    မောင်ဘုန်းရဲ့ စေတနာကိုလည်း မြင်မိပါတယ်
    အဲ.. ဥပဒေ ဘာညာကိစ္စတော့ အစ်မအနေနဲ့ ကိုယ်ကျွမ်းကျင်ရာ ဘာညာရပ် မဟုတ်လို့ ဘာမှ ပြောစရာ ဝေဖန်စရာ မရှိပါဘူး။
    အမျိုးသမီးတွေ ဘက်က စာနာ နားလည်ပြီး စေတနာနဲ့ ရေးသားပေးတဲ့ အတွက်တော့ ကျေးဇူးတင်ပါကြောင်း ပြောခဲ့ချင်ပါတယ်။
    ReplyDelete
  15. တစ်ယောက်နဲ့တစ်ယောက်
    မခွဲနိုင်မခွာနိုင်အောင်
    ချစ်ကြပေမယ့်လည်း
    (ကိုယ်ကကျူးရင်.ကိုယ်ဒူးတောင်
    မယုံရတဲ့ခေတ်ကြီးထဲမှာ)
    လက်မှတ်မထိုးခင်ထိတော့
    စောင့်ထိန်းသင့်တယ်.ထင်ပါတယ်။
    ကျမအနေနဲ့..ဥပဒေစည်းမျဉ်းတွေကို
    နားမလည်တာကြောင့်
    ဥပဒေနဲ့ပတ်သက်လို့တော့.မဝေဖန်တတ်ပါဘူး။
    ကိုမောင်ဘုန်း.အသစ်တင်မယ့်ပို့စ်ကို
    စိတ်ဝင်တစား.စောင့်မျှော်နေပါတယ်ရှင်။
    ခင်မင်လျှက်
    သမီးစံး)
    ReplyDelete
  16. ဗဟုသုတတွေ အများကြီး ရသွားပါတယ်။ ဒီစာလေးကို ပရင့်ထုတ်ထားလိုက်ပြီ။
    ခင်မင်စွာဖြင့်
    မြတ်ပန်းနွယ်
    ReplyDelete
  17. တကူးတက မျှဝေပေးတာ ကျေးဇူးပါနော်း)
    ReplyDelete
  18. အ မျိုးသမီး ဆိုင် ရာ အခွင့် ရေး က အားနည်းနေတယ်
    ကျေးဇူး တင်ပါတယ် မောင်ဘုန်းးး
    ReplyDelete