တိမ်ညိုညို
ဖုံးပါလို့ 
ဆန်းသော်တာ
ရောင်ဖြာညှိုး
မှောင်တစ်ခါ
ထိန်တစ်ချက်
မရွှင်သာ လွမ်းတမိလေ
….
(သြော်)
… ဒီအချိန် ရွှေပြည်မှာဖြင့်
နှင်းမှုံတွေ
ဝေပါလို့ 
ဆန်းသော်တာ
ရောင်ဖြာထွန်း
သုံးရာသီ
ဘယ် မမှီဘူး
တို့  ပြည်မှာဖြင့်
သီတင်းကျွတ်တော့ မည် ။
သုံးလူ့ သခင်
ဓမ္မအရှင်
ရည်မျှော်မှန်းဆ ကြိုသည့်ပွဲမှာ
ဆီမီးတွေဖြာ
သီလရှာ
ဘိုးဖွား
မိဘ ဆရာ အစ
ဦးခိုက် ရှစ်ခိုး ရိုးရာထူးနှင့်
ဦးခိုက် ရှစ်ခိုး ရိုးရာထူးနှင့်
မြတ်မဟာပွဲ ကို
တရပ်မှာနေ
တမြေခြားပါလို့ 
လွဲရပေါ့
အခါခါ
လွမ်းတမိ
လေ … သီတင်းကျွတ်တော့မည် … ။
ကျနော်ရဲ့ blogger မိတ်ဆွေ သူငယ်ချင်းများ ထူးမြတ်လှတဲ့ သီတင်းကျွတ်ပွဲတော်မှာ လွမ်းမောခြင်းကင်းစွာဖြင့် ပျော်ရွှင်နိုင်ကြပါစေလို့  ဆုတောင်းမိပါတယ် .... ။
Photo: Aye Lwin Oo, Shwe Pachi (Yamaethin) ဓာတ်ပုံကို photoshop အသုံပြုပြီး လက်ဆော့ ထားမိပါသည် ။
မောင်ဘုန်း
သုံးလူ့ သခင် ဓမ္မအရှင်
ReplyDeleteရည်မျှော်မှန်းဆ ကြိုသည့်ပွဲမှာ
ဆီမီးရောင်ဖြာ သီလရှာလို့ 
ဘိုးဖွား မိဘ ဆရာ အစ
ကြီးသူရိုသေ ဦးခိုက် ရှစ်ခိုး
မြတ်မဟာ ပွဲကို
တရပ်မှာနေ တမြေခြားပါလို့ 
လွဲရပေါ့ အခါခါ
လွမ်းတမိ လေ … သီတင်းကျွတ်တော့မည် … ကဗျာခေးဖတ်ပြီပိုလွမ်းသွားတယ်
မောင်ဘုန်းရေးးးးးးးးးးးးးးးးး
ရောက်တယ်ညီလေး..
ReplyDeleteသီတင်းတော့ ကျွတ်ပြီ..
မောင်ဘုန်းကတော့ ပုံမှန်အတိုင်းသာ ရှိသေးသည်တကား.. :D