Pages

Saturday, July 28, 2012

မိုင်တိုင် ၂၉








မိုးတွေ တစ်သိမ့်သိမ့် ရွာနေတဲ့ ညတစ်ည ပေါ့  ။  အချိန်ကာ ည ၁၁ နာရီ ကျော် ….  အသက်တစ်ခုကို ရင်း သွေးစက်တွေ ကို ခင်းစေပြီး ဘဝဆိုတဲ့ လောကကြီးထဲကို ကျနော်  ရောက်စေခဲ့ပါတယ် ။ အခြေမခိုင် တဲ့ ခြေလှမ်းတွေကို မိဘ ဆိုတဲ့ ကြင်နာနွေးထွေးမှု့ တွေကြောင့် တဖြည်းဖြည်း ခိုင်ခံလာစေခဲ့ပါတယ် ။ မကြာမကြာ လဲကျတိုင်းလည်း မိုးကောင်းကင်ကြီးလို အုပ်မိုးပေးတက်တဲ့ အမေ့ရင်ခွင် ….. ။

ဒီလိုနဲ့  …… အဖေ ပေးတဲ့ ရာဇဝင်သူရဲကောင်း တစ်ဦး နာမည်နဲ့  ခပ်ဆင်ဆင်တူတဲ့  ….. ကျနော် လောကကြီးထဲမှာ စမ်းတဝါးဝါး လျှောက်သွားလိုက်တာ ……. အချိန်တွေကိုပဲ စားပစ်တာလား ၊ အချိန်တွေ ကပဲ ကျနော် ကို စားပစ်တာလား မသိ ၊ အချိန်တွေ ကုန်လွန်ခဲ့ရပြီ  … ။

ဖြစ်တည်ရာ ဘဝ မှာ တစ်ခါတလေပေါင်းများစွာ နဲ့  ပျော်ရွှင်လိုက် ၊ ဝမ်းနည်းလိုက် ၊ မျှော်လင့်ခြင်းတွေ အရောင်တောက်လာလိုက် ၊ အရောင် ပျောက်သွားလိုက် နောက်ဆုံး …. နောက်ဆုံးတော့ အမေ့ရင်ခွင် နဲ့  ဘုရားရိပ် လောက် အေးချမ်းတဲ့ နေရာ ရှာမတွေ့ ခဲ့ပါဘူး … ။

ဒီလိုနဲ့ ……… ဒီနေ့  ဆိုရင် ၂၉ နှစ် အကြာရောက်ခဲ့ပါပြီ … ။ ဘဝဆိုတဲ့ အချိန်မှာ နှစ်ပေါင်း ၂၉ နှစ် ဘယ်နှကြိမ်များ ပိုင်ဆိုင်ခွင့် ရှိမည်လော … ။  “ သဘာဝ ပါ သားရယ် ” လို့ ပြောတဲ့ အမေ့မျက်ရည်တွေကို ရင်နာနာ နဲ့  ကျောခိုင်းမိခဲ့တာ လည်းကြာခဲ့ပါပြီ ။ အခုထိ လိုအပ်ခြင်းတွေ ရှိနေဆဲပါ ။ အင်း …… ရှိစေတော့ …. အရှိကို အရှိတိုင်းထား ရမလို ဖြစ်နေပါပြီ ။

ဘာပဲဖြစ်ဖြစ်လေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၉ နှစ်က ဒီလိုနေ့ မှာ အမေ့ရဲ့ အသက်နဲ့  သွေးတွေကို ရင်းပြီး မွေးထုတ်ပေးခဲ့ တဲ့ အမေ့ ကျေးဇူးတွေကို ဘယ်လိုမှ ဆပ်လို့  မကုန်နိုင်မှန်း သိပင်မဲ့ ရှင်သန်ခွင့်ရတဲ့ အချိန်ထိတော့ ကြိုးစားချင်ပါတယ် … အမေ  ။

အမေရှိရာအရပ်ကို မှန်မျှော်လို့  ထာဝစဉ် ရှစ်ခိုးဦးချ လျှက်ပါ အမေ …. ရယ် …. ။
အဝေးရောက် အမေ့ သားကတော့ ဒီနေ့  ညမှာ မိုင်တိုင် ၂၉ ကိုအောင်မြင်စွာ ကျော်ဖြတ်ခဲ့ရပါပြီ ….. ။



မောင်ဘုန်း 


12 comments:

  1. ပျော်ရွှင်ဖွယ်ရာ မွေးနေ့ လေ ဖြစ်ပါစေ ... ။
    ချစ်သော ကောင်းကင်ဖြူနဲ့  လည်း အမြန်ဆုံးနီးပါစေ ... ။


    ညီညီလွင်

    ReplyDelete
  2. မွေးနေ့မှာ ပျော်ရွှင်ပါစေ ခင်ဗျာ... တစ်နေ့နေ့တော့ ကျွန်တော်လည်း အကို့လိုပဲ နွေးထွေးလှတဲ့ မိဘရိပ်ကို ပြန်လည် တိုးဝင်ချင်ပါဘိ..

    ReplyDelete
  3. 'ကို' ရေ.....
    ပျော်ရွင်ခြင်းအတိနဲ. ပြည့်စုံတဲ့ မွေးနေ.လေးဖြစ်ပါစေနော်...။
    ဒီနေ. ဒီရက်မှ နောင်နှစ်ပေါင်းများစွာတိုင်တိုင် 'ကို' ချစ်တဲ့ သူတွေနဲ.တူတူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ဘ၀ကို ပျော်ရွင်စွာ ဖြတ်သန်းနိုင်ပါစေလို. ဘုရားမှာ တောင်းဆု ချွေပေးလိုက်တယ်နော်...။

    ReplyDelete
  4. ပျော်ရွှင်စရာကောင်းပြီးလိုအင်ဆန္ဒတွေပြည့်စုံတဲ့မွေးနေ့လေးဖြစ်ပြီး
    ချစ်ရပါသော ချယ်ရီဖြူနဲ့လဲ အမြန်ဆုံးနီးပြီး
    တွဲလက်တွေမြဲတဲ့ဘ၀ကိုပိုင်ဆိုင်ပါစေလို့
    အမကြီး မစံပယ်

    ReplyDelete
  5. ပျော်ရွှင်ဖွယ်ရာ မွေးနေ့မင်္ဂလာလေး ဖြစ်ပါစေရှင်။
    ဆန္ဒနဲ့ ဘဝ ထပ်တူကျပါစေ လို့ ဆုမွန်ကောင်း တောင်းပါတယ် ..

    ခင်မင်စွာဖြင့်
    မြတ်

    ReplyDelete
  6. ပျော်ရွှင်ဖွယ် မွေးနေ့မင်္ဂလာရက်မြတ်လေးပါ မောင်ဘုန်းရေ။မွေးနေ့အတွက်ကဗျာလေးတစ်ပုဒ်စပ်ပေးချင်တဲ့စိတ်ရှိခဲ့ပေမယ့် မစပ်တတ်လို့ ဒေသနာတော်လေးတစ်ပိုဒ်လက်ဆောင်ပေးလိုက်တယ်နော်း)
    "မိမိကိုယ်သာလျှင် အားကိုးရာ အမှန်ဖြစ်ကြောင်း ဒေသနာတော်"
    'ကုမာရကဿပမယ်တော်သည် မိမိ၏ သားအား ချစ်ခြင်းမေတ္တာနှင့် သားအားအစဉ်တွေ့လိုသည်ဖြစ်၍ တရားကိုပင် အားမထုတ်နိုင်ဘဲ သားကိုတွေ့မြင်နိုင်ရန် တောင့်တလျက်ရှိ၏။ ထိုအခါ မြတ်စွာဘုရားက ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းရန် အလို့ငှာ သားကိုပင် အားကိုး၍ ရနိုင်မည်မဟုတ်၊ မိမိကိုယ်ကို မိမိအားကိုး၍ ဝိပဿနာ ပွားများမှာသာလျှင် နိဗ္ဗာန်သို့ ရောက်နိုင်မည်ဖြစ်ကြောင်း တရားပြသဖြင့် ကုမာရကဿပမယ်တော်သည် တရားရ၍ အရဟတ္တဖိုလ်သို့ ရောက်၏။ ထို့ကြောင့် အထက်ပါ ဒေသနာတော်ကို မြတ်စွာဘုရား ဟောတော်မူ၏'
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. ဖြစ်ချင်တာလေးတွေအမြန်ဆုံးဖြစ်နိုင်ပါစေမောဘုန်းရေ

    ReplyDelete
  8. မွေးနေ့လေးမှာ ပျော်ရွှင်ပါစေ မောင်ဘုန်းရေ

    ReplyDelete
  9. ပျော်ရွှင်ဖွယ်ရာမွေးနေ့လေး
    ဖြစ်ပါစေ မောင်ဘုန်း..

    ReplyDelete
  10. သိသိချင်း ရောက်လာခဲ့ပါတယ်
    မွေးနေ့မှာ ပျော်ရွင်နိုင်ပါစေ
    ဖြစ်ချင်တဲ့ ဆန္ဒတွေလည်း ဖြစ်နိုင်ပါစေနော် .....

    ReplyDelete
  11. ပျော်ရွှင်ဖွယ် မွေးနေ့ လေး ဖြစ်ပါစေ...

    ReplyDelete
  12. ကိုဘုန်း..
    မွေးနေ့မှာပျော်ရွှင်ပါစေ..
    မွေးနေ့မှန်းခုမှသိတယ်
    လက်ဆောင်တော့မပါလာဘူး ဟဲဟဲး)

    ReplyDelete