Pages

Saturday, July 21, 2012

ကားဆေးအရောင် ပျက်စီးစေခြင်း နှင့် ထိန်းသိမ်းခြင်း အပိုင်း ၂







မင်္ဂလာပါဗျာ … ။ ကျနော် ကားအကြောင်းတွေ မရေးဖြစ်တာတော်တော် ကြာသွားပါပြီ ဒီနေ့  တော့ ရေးလက်စ ကားဆေးအရောင် ပျက်စီးစေခြင်း နှင့် ထိန်းသိမ်းခြင်း အပိုင်း ၂ ကို လက်စသတ် ပါမယ် ။

ကားတစ်စီးရဲ့ ဆေးအရောင် ပျက်စီးစေတဲ့ အကြောင်းရာတွေထဲမှာ ဖြစ်များတဲ့ အကြောင်းရာ နှစ်မျိုးကို ပထမ post မှာရေးခဲ့ပြီပါပြီး ။ အခု နောက်ထပ် ဆေးအရောင် ပျက်စီးစေတဲ့ ကြောင်းတွေထဲမှ မကြာမကြာ တွေ့ ရတဲ့ အကြောင်းရာ တစ်မျိုးကို ပြောပြပါတယ် ။ ဒီအကြောင်းရာ ကတော့  ပေါ်လစ် (Car Polish ) ကြောင့် ပျက်စီး စေခြင်းပါပဲ ။





 ပေါ်လစ် (Car Polish ) ကြောင့် ပျက်စီးခြင်း 

Car Polish ဆိုတာ ကားတစ်ရဲ့ ဆေးအရောင်ကို တောက်ပအောင် ပြုလုပ်ရာမှာ အများစု အသုံးပြုကြပါတယ် ။ အမှန်တော့ Car Polish ဆိုတာ ဆေးအရောင် တောက်ပ အောင်အသုံပြုတာထက် ၊ ဆေးအရောင် ပျက်စီစေမှု ကို ထိန်းသိမ်းတဲ့ ပစ္စည်းတစ်မျိုးပါပဲ … ။ ဒါပင်မဲ့ ကားဆေးအရောင် ပျက်စီးစေတဲ့ ကြောင်းရာတွေထဲမှာ  Polish ကြောင့် ဖြစ်ရတဲ့ ကားတွေ ကို မကြာမကြာ တွေ့ ရပါတယ် ။ Car Polish ကြောင့် ဆေးရောင် ပျက်စီး တဲ့ကားတွေမှာ Polish ကို မသုံးတက် တာကြောင့် ဆေးရောင် ပျက်စီးရတယ် ဆိုလည်းတွေရပါတယ် ။

polish ဆိုတာ paste compound တစ်မျိုးပါ ။ Metallic ကားဆေးရဲ့ မျက်နှာပြင်ဟာ paste ဖြစ်တာကြောင့် paste compound ဖြစ်တဲ့ Polish အသုံပြု ခြင်းဖြင့် ဆေးရောင်ကို ခဏတာ တောက်ပ စေတာပါ ။ အသုံးပြုတဲ့ Polish အမျိုးအစား မမှန်ရင်တော့ ကားဆေးရောင် ကို ပျက်စီးစေပါတယ် ။

အများအာဖြင့် Car Polish ဆိုရင် တူတူပဲ လို့ ထင်ကြပါတယ် ။ ဈေးကွက်မှာ တံဆိပ် အမျိုးမျိုးရှိတဲ့ Car Polish များကို အခြေခံအားဖြင့် အမျိုးစား သုံးမျိုးခွဲထားပါတယ် ။ 

၁ ။ ပေါ်လစ် အကြမ်း ( Remover Paste  … လို့  တံဆိပ် မှာ ရေးထား တက်ပါတယ် )
၂ ။ ပေါ်လစ် အနု      (Removes light  …. လို့  တံဆိပ် မှာ ရေးထား တက်ပါတယ် )
၃ ။ ပေါ်လစ်အရည်   (Remover Cleaner ….. လို့  တံဆိပ် မှာ ရေးထား တက်ပါတယ် ) 














ဒါ့အပြင် 3 in 1  / (3M ) ဆိုပြီး သုံးမျိုးပေါင်းစပ်ထားတာလည်း ရှိပါတယ် ။ ကျနော် သုံးပြုပုံကို ရှင်းပြပါမယ် ။ ပေါ်လစ်အကြမ်း ကို သုံးရာမှာ ကားတစ်စီးကို ဆေးပြန်မှုတ်ပြီးတဲ့အချိန် ဆေးမှာ ပါတဲ့ အမှိုက်ကြောင့် ဖြစ်စေ ၊ ပတ်ဝန်းကျင်မှ ကျရောက်တဲ့ အမှိုက်ကြောင့် ဖြစ်စေ ကား ရဲ့ မျက်နှာပြင် မှာ အဖု လေးသေးသေး လေးတွေ ဖြစ်သွားတက် ပါ တယ် ။  အဲ့လို အမှိုက်တွေ ရှင်းတဲ့နေရာမှာ ပေါ်လစ်အကြမ်း ကို သုံးပါတယ် ။ နောက်တစ်ခုက မိမိရဲ့ကားမျက်နှာပြင် မှာ တစ်ခုခုနဲ့  ထိမိလို ဆေးပေါက်မသွားပဲ အဆင်းကြောင်း တွေ ဖြစ်သွားတယ်ဆိုရင် ဒီလို အဆင်းကြောင်းတွေကို မှုလဆေးရောင်တိုင် ဖြစ်စေမို့  ပေါ်လစ်အကြမ်း ကိုသုံးပါတယ် ။

ပေါ်လစ်အကြမ်း ဟာ ကားဆေးရဲ့ မျက်နှာပြင် paste ကို ပျော့သွား သည်အထိ  Chemical အားပြင်းပါတယ် ကျနော်အထက်မှာ ပြောသလို အမှိုက်တွေ ၊ အဆင်းကြောင်းရာတွေ ကို ဖယ်ထုတ်နိုင်တဲ့ အစွမ်း ရှိပင်မဲ့ ၊ ဆိုးကျိုးအနေနဲ့  မိမိကားဆေးရဲ့ မျက်နှာပြင် ပါးသွားစေပါတယ် ။ colour effect ကို ပျက်စီးသွားစေပါတယ် ။ လိုအပ်လို့  အသုံပြုမယ် ဆိုရင် သင့်တော်ပင်မဲ့  ၊ မလိုအပ်ပဲ မိမိကားကို ဆေးအရောင်လေး တောက်စေချင်လို့  ပေါ်လစ်တိုက် တဲ့နေရာမှာ ပေါ်လစ်အကြမ်း ကိုသုံးမိမယ် ဆိုရင်တော့ မိမိကား မှာ colour effect ပျက်စီးသွားစေ သလို ။ ဆေးပါးသွား တာကြောင့် ရက်ပိုင်းအတွင်း မိမိကားရဲ့ ဆေးရောင်တက်ပမှု့  ဆုံးရှုံးရစေပါတယ် ။ ရက်ကြာလာတာနဲ့  မိမိကားမှာ အဖြူရောင်သန်းလာပါတယ် ( ဥပမာ အနီရောင် ကားဆိုရင် ပန်းရောင်း ဖြစ်သွားပါတယ် ) ။

နောက်တစ်မျိုးက ပေါ်လစ် အနု ပါ ။ မိမိကားဆေးမျက်နှာပြင်မှာ အစက်ပျေက်တွေ အကွက်တွေ ဖယ်ရှားနိုင်တဲ့ အစွမ်းရှိပါတယ် ။ မလိုအပ်ပဲ အသုံးပြုလို့  မသင့်ပါဘူး ပေါ်လစ်အကြမ်းလောက် Chemical အားမပြင်းပင်မဲ့  မကြာမကြာ မလိုအပ်ပဲ အသုံပြုမယ်ဆိုရင် ပေါ်လစ်ကြမ်းလို ပဲ ဆိုးကျိုးများ ဖြစ်စေပါတယ်။

နောက်ဆုံးတစ်မျိုးကတော့ ပေါ်လစ် အရည်ပါ ။ မိမိကား ဆေး မျက်နှာပြင်မှာ အကွက်များနဲ့  ဆေးအရောင် တောက်ပအောင် အသုံးပြုနိုင်ပါတယ် ။ ဆေးအရောင် ကျနေတဲ့ ကားပဲ အသုံပြုသင့်ပါတယ် ။ ဆေးအသစ် ဖြစ်မယ်ဆိုရင်တော့ သူလည်း အထက်ပါ အမျိုးစားတွေလို ပဲ မိမိကားဆေးအရောင် ကို ပျက်စီးစေပါတယ် ။

ကာတစ်စီးကို ပေါ်လစ် ဘာကြောင့် အသုံပြုရလည်းဆိုရင်တော့ ။ အကြောင်းရာ နှစ်မျိုးရှိပါတယ် ။ မိမိကားဆေးမှာ ထိခိုက်ဒဏ်ရာ ရှိလို့ နဲ့  ဆေးရောင် အကျနေလို့  အသုံပြုတာ များပါတယ် ။ ဒီနေရာမှာ တစ်ခုပြောစရာရှိပါတယ် ။ မြန်မာပြည်က ဆေးမှုတ်တဲ့ အလုပ်ရုံ တော်တော်များများ မှာ ကားတစ်စီးကို ဆေးပြန်မှုတ်ပြီးရင် ပေါ်လစ် တိုက်ပါတယ် ။ အများစုဟာ ဆေးမှုတ်ခန်းဆိုတာ သီးသန့်  မရှိတဲ့အတွက် ဆေးမှုတ်နေရာ မှာ ဆေးမခြောက်ခင် အချိန်အတွင်း ပတ်ဝန်းကျင်မှ အမှုံများ အမှိုက်များ ကျရောက်စေသည့်ပါတယ် ။ ဒီလို အမှုံတွေ အမှိုက်တွေ ဖယ်ရှားတဲ့နေနဲ့  အသုံပြုတာပါ ။ ဆေးမှုတ်တဲ့ နေရာသီးသန့် ထားပြီ အမှုံအမှိုက် မကျရောက်စေတဲ့ နေရာဆိုရင်တော့ အကာင်းဆုံးပါပဲ ။
ဆေးအရောင်ကျနေတဲ့ ကားအတွက်တော့ မိမိရဲ့ကားဆေးအရောင်ကို ထိန်သိမ်းတဲ့ အနေ နဲ့  အသံုးပြုသင့်ပါတယ် ။

ကျနော် တို့ က လိုအပ်လို့  မိမိကားမှာ ပေါ်လစ် အသုံးပြုမယ်ဆိုရင် ကားကို ရေအရင်ဆေးရပါမယ် ။ ကား body ပှုနေမယ် ဆိုရင် အေးအောင်စောင့်ရပါမယ် ။ စက်သတ် ထားရပါမယ် ။ ရေဆေးတယ် ဆိုတာကတော့ ပေါ်လစ်တိုက်တဲ့ နေရာမျာ သဲ ပါမှာစိုးလို့ ပါ ။ ပေါ်လစ်ဟာ ကားဆေးမျက်နှာပြင်ပျော့ သွားစေတာကြောင့် အပူ ရှိနေရင် ပိုပြီပျော့သွားမှာဖြစ်လို့  body ကိုအေးအောင်လုပ်ပြီး စက်သတ်ထားရတာပါ။ ဒီလောက်ဆို လိုအပ်သလို အသုံးပြုလို့ ရပါပြီ ။

 ပေါ်လစ် အနုရော အရည် ရော မှာ Chemical နည်းတဲ့အတွက် အချိန်တို အတွင်း သိသိသာသာတော့ ပျက်စီးစေခြင်းမရှိပါဘူး ။ ပေါ်လစ် အမျိုးစားအားလုံးကို မလိုအပ်ပဲ မကြာမကြာ အသုံးပြုမယ် ဆိုရင်တော့ ပထမဦးဆုံးအနေနှင့် မိမိကားဆေးရောင်မှာ ပါရှိတဲ့ colour effect ကို ဦးစွာပျက်စီးစေပါတယ် ။ rainbow effect လိုအရောင်ပြေး effect တွေမှာ သိသိသာသာ မဟုတ်ပင်မဲ့ ၊ ctystal effect အမျိုးစားဆိုရင်တော သိသိသာသာကို ပျက်စီးတာတွေ့ ရပါတယ် ။

နောက်တစ်ခုက မလိုအပ်ပဲ မကြာမကြာ ပေါ်လစ် အသုံးပြုတာကြောင့် မိမိကားဆေးရဲ့ မျက်နှာမှာရှိတဲ့ paste ကို ပါးသွားစေပါတယ် ။ နောက်ဆက်တွဲ အနေနဲ့  ဆေးအရောင် ပျယ်တဲ့ ဆင့်ကိုရောက်သွားပြီး ပျက်စီးစေတာပါပဲ ။

ဒါကြောင့်မို့ လို့  ပေါ်လစ်ဟာ အသုံးပြုတာ မှန်ကန်ရင်တော့ မိမိကားရဲ့ဆေးအရောင် ကို ထိန်းသိမ်း နိုင်မှာ ဖြစ်သလို ၊ အသုံးပြုတာ မမှန်ရင်တော့ မိမိကားဆေးအရောင်ကို ပျက်စီးစေပါတယ် ။ မလိုအပ်ပဲ ပေါ်လစ်မကြာမကြာအသုံးပြုခြင်း ဟာ မိမိကားရဲ့ ဆေးရောင် တောက်ပမှု့ ကို ထိန်းသိမ်း တာမဟုတ်ပါဘူး ။ မိမိကားရဲ့ ဆေးအရောင် တောက်ပမှု့  ကို ပျက်စီးသလို ဖြစ်တက်ဆိုတာ သတိပြုသင့်ပါတယ် ။ 



ဓာတ်ပုံကို google မှရယူခဲ့ပါသည် ။


ခင်မင်စွာဖြင့်




မောင်ဘုန်း 





5 comments:

  1. ကားအကြောင်းမသိပေမဲ့ဗဟုသုတအနေနဲ့ လာဖတ်သွားပါတယ်
    အရာအားလုံးအဆင်ပြေပါစေ..

    ReplyDelete
  2. ဆင်ခြင်သင့်တာလေးတွေ ဖတ်ပြီးမှတ်သွားတယ် မောင်ဘုန်းရေ။
    ဗဟုသုတလေးတွေအတွက် ကျေးဇူးနော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. မှတ်သားစရာပိုစ့်လေးပါ။ ကျေးဇူးပါ ကိုမောင်ဘုန်း ခင်ဗျာ။

    ReplyDelete
  4. နားမလည်ပါဘူးမောင်ဘုန်းရေ
    အလှမ်းဝေးတဲ့ပန်း ကလေးလိုပါပဲဟယ်
    သေချာတော့ကြည့်ခဲ့တယ်

    ReplyDelete
  5. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete