Pages

Saturday, February 23, 2013

ချစ်သူ အနား




ရောင်နီတွေ နွေး တက်တဲ့
နံနက်ခင်း မှ မဟုတ်ပါဘူး ….
ကောင်းကင်ပြာပြာ အောက်က
နေသာတဲ့ နေ့ တွေတိုင်း လည်းမဟုတ်ဘူး ….

တိမ်ညိုတွေ ဖုံးထားတဲ့
မိုးသည်း နေ့  မှ မဟုတ်ပါဘူး …..
နေညိုညို အရောင်တွေ အောက်က
ဆည်းဆာ အချိန် တိုင်းလည်း မဟုတ်ဘူး ….

ငွေရောင်တွေ လွမ်းတဲ့
လသာချိန် မှ  မဟုတ်ပါဘူး ….
အမှောင်တွေ နေရရာယူ ထားတဲ့
ကြယ်ရောင်တွေ လင်းလက် ချိန်တိုင်း လည်း မဟုတ်ဘူး …..

ရင်ခုန် အသက်ရှု  ….
ရှင်သန်ခွင့် ရတဲ့ အချိန်တိုင်းမှာ ……
ချစ်သူ အနား နေချင်မိ တယ် …… ချစ်သူ ….. ရယ် …. ။




 အမှတ်တရ ၂၂ . ၂ . ၂၀၁၃ .....  ။





မောင်ဘုန်း




6 comments:

  1. အမြန်ဆုံး ချစ်သူ အနားရောက်ပါစေ ဗျာ .... ကိုဘုန်းရေ .... ကောင်းကင်ဖြူက ချောတယ်နော် ..... ။

    kဇင်

    ReplyDelete
  2. ရင်ခုန် အသက်ရှု ….
    ရှင်သန်ခွင့် ရတဲ့ အချိန်တိုင်းမှာ ……
    ချစ်သူ အနား နေချင်မိ တယ် ……

    ဟုတ်တယ် အကိုဘုန်းရေ...
    kဇင်ဆိုတဲ့ တစ်ယောက်ပြောတာမှန်တယ်..
    အကို့ ကောင်းကင်ဖြူလေးက ချစ်စရာလေးနော်
    အကိုဘုန်းကံကောင်းတယ်ရှင်...:)))

    ReplyDelete
  3. မြင်ခဲပေခြင်း ပို့စ်လေးတင်တာမြင်လို့ သုတ်ခြေတင်ပြီးရောက်လာတယ် မောင်ဘုန်းရေး)
    အမြန်ဆုံး ချစ်သူအနားက တစ်ဖ၀ါးမှမခွာပဲ နေနိုင်ဘို့ရာ
    တောင်းဆုပြုလိုက်ပါတယ်နော်။ ကဗျာဆရာတွေကို တစ်နေ့တစ်ခြား အားကျလာလို့ တီတင့်လည်း ကဗျာတိုလေးတစ်ပုဒ် တင်ထားတယ် :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. မောင်ဘုန်းရဲ့ အချစ်ကဗျာနုနုရွရွလေးကိုခံစားရင်း
    အမြန်ဆုံးချစ်ရသူနဲ့ အတူလက်တွဲနိုင်ပါစေလို့နော်
    မဂျီးဂျက်

    ReplyDelete
  5. ချစ်သောသူနှင့် ဝေးနေရသော ဝေဒနာ..အင်း ငါ့မောင်ရေ...အမြန်ဆုံး နီးစပ်ပါစေ လို့ ဆုတောင်းပေးလိုက်တယ်..ဝေးတဲ့ အချိန်တော့ အလွမ်းလေးတွေ အမှတ်တရပေါ့ကွယ်..တွေ့တဲ့ အချိန်ကျ အတိုးချပြီးချစ်ပေါ့.း)

    ReplyDelete
  6. ငါ့မောင်ရေ..အလွမ်းတွေနဲ့ အဝေးမှာ ချစ်သူနဲ့ သာ အမြန်ဆုံး ဆုံဆည်းစေချင်ပါကြောင်း..ဆုတောင်းပေးလိုက်တယ်.

    ReplyDelete