Pages

Tuesday, March 26, 2013

လ တပေါင်း






လ တပေါင်း ပေမို့ 
ပင်အိုမှာ စိမ်းနု ပျိုတယ်
နှင်းငွေမှုံ စိမ်းနု ခိုလည်း
တောင်စွယ်မှာ ရောင်နီဖြန်း လို့ 
မြေ ‘ ခ ’ တယ် .....  လေး ……. ။

လ တပေါင်း ပေမို့ 
အခါနွေဆန်း လေသွေ့ ပြန်တော့
တောင်က ညို  ဖြူတဲ့ စေတီ
ဆည်းလည်းသံ မိုးယံထက်ဝယ်
‘ သာ ’ ရ တယ် ....... လေး ……. ။

လ တပေါင်း ပေမို့ 
ပန်းထုံတဲ့ လေ အဝှေ့ မှာ
ရွက်ဟောင်းပျံ လေမှာ ဝဲ ရှာ လို့ 
လွမ်း တေးဆို ဌက်ငယ် ကြူး ရင်ဖြင့်
‘ လွမ်း ’ ရတယ်လေး …….. ။



လွန်ခဲ့တဲ့ နှစ်က ရေးခဲ့ဘူးတဲ့ ကဗျာလေးပါ ... ။ တပေါင်းလပြည့်ည နဲ့  တပေါင်းရာသီ ကို လွမ်းနေရပင်မဲ့ စိတ်ထဲမှာ ကောင်းကင်ဖြူ တစ်ယောက် နေမကောင်းဖြစ်နေတာကို စိတ်ပူနေမိရင်း လ တပေါင်း ကဗျာလေး တစ်ပုဒ် လောက် ရေးမယ်လို့  စိတ်ကူးထားတာ မရေးဖြစ်ခဲ့ပါဘူး ။

ကဗျာဟောင်းလေးနဲ့ ပဲ တပေါင်းလ ရဲ့ သာယာ အေးချမ်းမှု နဲ့ တူ ကျန်းမာပျော်ရွှင်ကြပါစေလို့  ကျနော် မိတ်ဆွေသူငယ်ချင်းများ အတွက် ဆုတောင်းလိုက်ရပါတယ် ... ။


မောင်ဘုန်း 




 

5 comments:

  1. လ တပေါင်း ပေမို့ 
    ပန်းထုံတဲ့ လေ အဝှေ့ မှာ
    ရွက်ဟောင်းပျံ လေမှာ ဝဲ ရှာ လို့ 
    လွမ်း တေးဆို ဌက်ငယ် ကြူး ရင်ဖြင့်
    ‘ လွမ်း ’ ရတယ်လေး …….. ။ လွမ်းသွားပါတယ် မောင်ဘုန်းရေ

    ReplyDelete
  2. တပေါင်းလအတွက် မောင်ဘုန်းဆီကနေ ကဗျာတစ်ပုဒ်တင်လာမှာပဲလို့
    ထင်နေတာကြောင့် မနေ့ထဲက မျှော်နေမိသေးတယ် :)
    သိမ်မွေ့နူးညံ့တဲ့ကဗျာလေးတွေ မကြာခနဖတ်ခွင့်ရတဲ့ဆိုဒ်လေးပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ဒီနွေပူတယ်ဗျာာ
    မြန်မာကဗျာလေးကြိုက်တယ်

    ReplyDelete
  4. တပေါင်းလ ဘွဲ့
    ကဗျာလေးခံစားသွားတယ်မောင်ဘုန်းရေ

    ReplyDelete
  5. ရာသီစာကဗျာကလေး ချစ်ဖို့ကောင်းပါ၏

    ReplyDelete