Pages

Monday, March 18, 2013

ကင်းလွတ်စေချင်ကြပါတယ်





လက်တစ်ဖက် … နှိုက် …
ဟာ … ခနဲ  …. ဆို
တိုးတိတ် …. ရှိုက် .. သွင်း
ဟင်းးး …. ခနဲ …ထုတ် …
လှိုက် … ခနဲ …. ရှိုက်
ငို သဲ့သဲ့ … နှော …
ဆို ငြီး ကာ   …. ပြော …
ဆန် မရှိတော့ပါ လား …….. ။

မရှိ ခဏ …..
စဉ်ကာ  …. အမြဲ ..
လိုတာ …… မရ ….
ရတာ …. မလောက်
အဖြေ ကြည့် …..  တော့
ဘာရယ် …. မသိ
ဘာမှ…. မရှိ
ဆင်းရဲ … အတိ
ဖြစ်ရလေ ….. ရှာ ….
ဘဝ ဆိုတာ ငိုချင်း ….. ငိုရင်း …… ။

ဟင်းးး …. ခနဲ …ထုတ် …
လှိုက် … ခနဲ …. ရှိုက် ….
စီ ….. ခနဲ …. ရှု  ……
လှိုက် ကာ …. ရှိုက် ကာ…..
 ငို ရ …….. ပါတော့ သည်  ….. ။


တစ်ကယ်တော့ ဆင်းရဲ တယ်ဆိုတဲ့ စကားဟာ ကျနော် နဲ့  ရင်းနှီး နေပြီးသာပါ ။ ကိုယ်တိုင် အဲ့လို အခြေနေ မဟုတ်ပင်မဲ့ ကျနော် ပတ်ဝန်းကျင်မှာ အမြဲလိုလို တွေ့ နေရတက်ပါတယ် ။ နေညိုရင် ဆန်ထုပ် လေးပိုက်ပြီ သူတို့ ရဲ့  အိမ်ပြန် ခရီးကို ကျနော် မကြာမကြာ ငေးကြည့်ဘူးပါတယ် ။ ကျနော် ပြောတဲ့ ဆင်းရဲတယ်ဆိုတာက လိုတာမရ ၊ ရတာမလို စိတ်ဆင်းရဲ  ရတဲ့အဖြစ်မျိုးတော့မဟုတ်ပါဘူး ။ … လူအလို နတ်မလိုက်နိုင် …. ဆိုတဲ့ မြန်မာ စကားပုံ လို လူတိုင်း နေ့ စဉ်လိုလို စိတ်ဆင်းရဲ ရတာတော့ သဘာဝကျတဲ့ ဖြစ်ရပ်ပါ ။ အခုပြောတဲ့ ဆင်းရဲ ခြင်း ဆိုတာ လူတစ်ယောက်အတွက် အသက်ရှင်နေထိုင်မို့  စားဝတ်နေရေး ဆင်းရဲ ခြင်းပေါ့ …. ။

ကမ္ဘာ့ လူဦးရေ ရဲ့ သန်း (million) ၇၈၀ ဟာ နေ့ စဉ်နဲ့  အမျှ အစားအစာ လိုအပ်နေတယ်တဲ့ ။ ဒါက ၉/၁၀/၂၀၁၂ ရက်စွဲပါ UN hunger report  တစ်ခုမှာ တွေ့ လိုက်ရတဲ့ အရေအတွက်ပါ ။ နောက်တစ်ခုက ၂၁ရာစုမှာ လူသားတွေ အတွက်  အကြီးမားဆုံး ရန်သူဟာ ဆင်းရဲမွဲတေ မှု ပါ တဲ့ …. ။ တကယ်ပဲ ကျနော်တို့  အတွက် ဆင်းရဲခြင်းဟာ ရန်သူ ဖြစ်နေမလား ။ ဆင်းရဲခြင်းဆိုတာ ဟာ မချမ်းသာတဲ့ ကျနော်တို့  မြန်မာ တွေအတွက်တော့ အထူးအဆန်းတော့ မဟုတ်ပါဘူး ။ ဟိုအရင်ကတည်းက လည်းရှိခဲ့တယ် ထင်ပါတယ် ။ ကဗျာတွေဖတ်ရင်း စလေဦးပုည ရဲ့ကဗျာလေး တစ်ပုဒ် မှာ …

အကာဆူးခက် အင်ဖက်အမိုး
ကျူရိုးတိုင်ထူ နေပူကျဲကျဲ ၀က်သိုက်ထဲတွင်
အုပ်ခဲခေါင်းအုံး အိုးတစ်လုံးဖျာမရှိ
ဘူမိကဗ္ဗလာ မြေမှို့ယာနှင့်
ချူခြာတော်မူလှသော ……

အခုလို ရေးဖွဲ့ ထားတာကို ကြည့် မယ်ဆိုရင် ကျနော်တို့  မြန်မာတွေမှာလည်း  ဟိုအရင်ကတည်း ဆင်းရဲခြင်းဆိုတာ ရှိတယ်လို့ထင်မိပါတယ် ။ အခုလို အခြေအနေကြောင့် ဆင်းရဲခြင်းဆိုတာဟာ ကျနော် တို့  မြန်မာ တွေအတွက် အထူးအဆန်း မဖြစ်သလို ယဉ်ပါးနေတဲ့ စကားလုံး လည်းဖြစ်ခဲ့ပါတယ် ။

တကယ်တော့ ကျနော် မြန်မာလူမျိုးဆိုတာ စာနာစိတ်အခြေခံ ကောင်းမွန်တဲ့ လူမျိုး များဖြစ်ကြပါတယ် ။ အများစုဟာ ဆင်းရဲနွမ်းပါးတဲ့  သူတွေကို တက်နိုင်သလောက် လှုဒါန်း ကြသလို၊ တချို့  ဆိုရင် မရှိတဲ့ကြားကပဲ မွန်မြတ်စွာ မျှဝေ လှုဒါန်း တက်ကြပါတယ် ။ အခုလို လှုဒါန်း ကျ ပင်မဲ့ ဆင်းရဲသူများအတွက်တာ့ ခဏတာ သာ ဆင်ပြေပြီ ဆင်းရဲခြင်း တွင်းနက်ကြီးက မထွက်နိုင်ခဲ့ပါဘူး ။ လူပတ်ဝန်ကျင် တစ်ခု ဆင်းရဲနေခြင်းဟာ အဲ့ ပတ်ဝန်းကျင် အတွက် ထိခိုက်မှုတွေ ဖြစ်စေ သလား ဆိုတာ ကျနော် တို့  စဉ်းစားသင့်ပါတယ် သူတို့  ပါသာ အလုပ်မလုပ်လို့  ဆင်းရဲကြတာ ကျုပ်တို့ နဲ့  ဘာဆိုင်လို့ လဲလို့  အပေါ်ယံအတွေး အချို့ လည်းရှိပါတယ် ။

ဆင်းရဲခြင်းမှ တစ်ဆင့် လူပတ်ဝန်းကို ထိခိုက်စေတယ်ဆိုတာတော့ သတိပြုသင့်ပါတယ် ။ အစားအသောက် ဆင်းရဲနေရတဲ့ မိသားစုမှာ ကျန်းမာရေး ချို့ တဲ့ အခြေအနေ အလိုလို ရောက်သွားပါတယ် ။  ဒီအခြေအနေမှာ ကူးစက်ရောဂါဆိုတာမျိုးက အခွင့်ကောင်းပေါ့ ။ အဲ့ကနေ့  တစ်ဆင့် ပတ်ဝန်းကျင်းကို ကူးစက်တော့တာပါပဲ ။ နောက်တစ်ခုက လူမှုဆက်ဆံ ရေးပါ ။ အနေအထိုင်အစားအသောက် ဆင်းရဲတဲ့ မိသားတစ်စုမှာ ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို တည်ဆောက်လို့ မရတာ တွေ့ ပါတယ် ။ ဥပမာ အနေနဲ့  ပြောရရင် မိဘ နဲ့  သားသမီး ဆက်ဆံရေး ကနေအခြေပြုပြီး ဆိုးရွားတဲ့ လူမှုဆက်ဆံရေးစရိုက် တစ်ခုဖြစ်လာစေပါတယ် ။ ဒီ စရိုက်ဟာ ပတ်ဝန်းကျင်ကို ကူးစက်စေတာပေါ့ ။ အရမ်းဆိုးတဲ့ အခြေနေကတော့ ဆင်းရဲခြင်းကို အခြေပြုပြီး ရာဇဝတ်မှု တွေ ဖြစ်ခြင်းပါပဲ ။

ဒါဆိုရင် ဆင်းရဲခြင်းဆိုတာ ဟာ မဆင်းရဲ တဲ့ သူတွေ နဲ့ လည်း ဆိုင်တယ်လို့  ဆိုရင် မှားနေမလား … ။ မဆိုင်ဘူးဆိုရင်တော့ အနေသာကြီးပါ ။ ဆိုင်တယ် ဆိုရင်ရော ကျနော် တို့  ဘာလုပ်သင့်ပါလည်း … ။ ကြီးမား တဲ့ သစ်ပင်ကို  ပြိုလဲသွားအောင် ခဲသေးသေး နဲ့ ပေါက်နေသလို ဆိုပင်မဲ့ တစ်ဦးတစ်ယောက် အစပြုပြီး အားလုံး တက်စွမ်းသလောက် လုပ်ကြမယ်ဆို ဒီ သစ်ပင်ကြီး မပြိုလဲ ရင်တောင် ဆက်လက်မကြီးထွားနိုင်တော့ ဘူးလို့  ထင်မိပါတယ် …။ အမှန်တကယ် လိုအပ်နေတာတော့ ဦးဆောင်မှု့ ပါပဲ ဆင်းရဲခြင်းအတွက် စောင့်ကြည့် ၊ မှတ်တမ်းတင် ၊ သူတို့ အတွက် အလုပ်ကိုင် အခွင့်လမ်းနဲ့  လူနေ မှု ဘဝ တွေ ကို မြှင့်တင်ဆောင်ရွက်ပေးတဲ့ အစိုးရအဖွဲ့ ဖြစ်စေ ၊ အစိုးရမဟုတ်တဲ့ အဖွဲ့ ဖြစ်စေ ၊ စနစ်တကျ ဖွဲ့ စည်းပြီး ကျနော် တို့  အားလုံးက တက်စွမ်းသမျှ ပါဝင်မယ်ဆိုရင် ကျနော် တို့  ပတ်ဝန်းကျင်အတွက် ဆင်းရဲခြင်း ဆိုတာကို ရဲရဲကြီး ရင်ဆိုင်နိုင်လိမ့်မယ်လို့  ထင်မိပါတယ် ။

တစ်ကယ်တော့  ကျနော်တို့ ဟာ သဘောင်္ပျက်ထဲမှာ ရေမကူးတက်ပဲနဲ့   သူများ တွေ ရေနစ်မှာကို စိုးရိမ် နေရတဲ့ အခြေနေမျိုးပါပဲ ။ ကျနော် တို့  မဆင်းရဲ ပင်မဲ့ မချမ်းသာဘူးလေ ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျနော် တို့  ပတ်ဝန်းကျင်ကိုတော့  အားလုံးပဲ ဆင်းရဲခြင်းက …………..  ကင်းလွတ်စေချင်ကြပါတယ်  ………… ။ 


သီချင်းဟောင်းလေး တစ်ပုဒ် လောက် နားထောင်ပေးပါ ..... ။





 မောင်ဘုန်း





7 comments:

  1. ဆင်းရဲခြင်း...ဆင်းရဲခြင်း....ဆိုတာ ကမ္ဘာပေါ်မှာ မရှိရင်သိပ့်ကောင်းမယ်နော် ။
    မျှဝေခြင်းတွေ လူသားတိုင်းလုပ်ဆောင်နိုင်ရင်လဲ သိပ့်ကောင်းမယ် ။ပို့လေးရော သီချင်းလေးရော အရမ်းကောင်းတယ် ။

    ReplyDelete
  2. ဆင်းရဲပေမယ့် စိတ်မဆင်းရဲပဲ နေချင်မိတယ်


    မောင်ဘကြိုင်

    ReplyDelete
  3. ပြီးပြည့်စုံတယ်ဆိုတာ လောကကြီးထဲမှာ မရှိသလောက်ရှားပါတယ် မောင်ဘုန်းရေ။
    လူတိုင်းမှာ ခေါင်းစဉ်မတူတဲ့ ဆင်းရဲခြင်းမျိုးတွေရှိကြတယ်လို့ ထင်ပါတယ်။
    သဘောင်္ပျက်ထဲမှာ မချမ်းသာခြင်နေပါစေ မဆင်းရဲရင် ကျေနပ်ပါပြီလေ။
    ချစ်သူရဲ့ ကောင်းကင်မဲ့သူများ သီချင်းလေးနားဆင်သွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဆင်းရဲခြင်းဆိုတာ အမနဲ့ တော့သိပ်မဝေးပါဘူး ဖြတ်သန်းလာရတဲ့ဘ၀ကကြမ်းတယ်.. အခုရောပြည့်စုံလာဆိုတော့ ပြည့်စုံတယ်လို့ သတ်မှတ်ရင်ပြည့်စုံပြီပေါ့ကွယ်..:)

    ReplyDelete
  5. လူဆင်းရဲတာထက် စိတ်မဆင်းရဲဖို့ အရေးကြီးတယ်။ ငွေကြေးချမ်းသာပြီး စိတ်မချမ်းသာတဲ့သူတွေတပုံကြီးပါ။

    ReplyDelete
  6. မောင်ဘုန်းရေ..

    လူတိုင်းကြုံတွေ့ကြရတာပါဘဲ။ ဆင်းရဲခြင်း အမျိုးမျိုးပေါ့။
    သီချင်းလေးလည်း နားထောင်ဖူးပြီးသားဆိုပေမဲ့ ထပ်နားထောင်သွားတယ်။


    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  7. မောင်ဘုန်း
    အမ ရန်ကုန်ုမှာနေတုန်းက အိမ်ပြင်တော့
    အိမ်နောက်ဖေးတခုလုံးကြွေပြားကပ်တာဆိုတော့
    လက်သမားလို့ပြောမလား..
    ပန်းရံလို့ပြောမလား
    အဲလိုအဖွဲ့ကို အလုပ်အပ်လိုက်တယ်...
    သူတို့လာပြင်တော့ အလုပ်သမား 6ယောက်လောက်ရှိမယ် လာတာ
    အဲအထဲက တယောက်က ခပ်ငယ်ငယ်ဘဲရှိသေးတယ်..
    မိန်းမရှိတယ်ဆိုပါတော့... သူနေတာက ပဲခူးနားတောင်ရောက်တော့မယ်..
    အဲဒီနားလေးက ရွာလေးမှာ မနက်ကို 4နာရီလောက်ထပြီး အိမ်ကနေထွက်ရတယ်
    မြို့ထဲက ဆိုက်ကို မနက်7နာရီရောက်ဖို့အတွက်...
    ညနေဘက်အလုပ်သိမ်းရင်လည်း ညနေ6နာရီလောက် အလုပ်ပြီးရင်
    အိမ်တွေကိုလိုက်ပြင်တဲ့အချိန်ဆို အိမ်ရှင်စီမှာခွင့်တောင်းပြီးရေချိုးတယ်..
    ဆိုက်ထဲမှာဆိုလည်း ဆိုက်မှာချိုးပေါ့
    ဘာလို့လည်းဆိုတော့တနေ ကုန် အလုပ် လုပ်ထားတော့ ချွေးစော်တွေနံနေရင်
    ကားပေါ်မှာ လူတွေနှားခေါင်းရှုံကြလွန်းလို့တဲ့
    အမတို့အိမ်ကနေ့လည် ဘက်ကိုသူတို့ကို ကော်ဖီနဲ့ မုန့်ကျွေးတော့
    ကောဖီဘဲသောက်ပြီး မုန့်လေးကို အိတ်လေးနဲ့ထုပ်ပြီး
    သူ့မိန်းမ စားဖို့ယူသွားတယ်...အဲဒီကောင်လေးက...
    အခုမောင်ဘုန်းရေးထားတဲ့ ပိုစ့်လေးကိုဖတ်ရတော့
    အမ စိတ်ထဲ အဲဒီအလုပ်သမားလေးကို သွားသတိရမိတယ်...
    ဆင်းရဲတဲ့သူတွေက တကယ်ဆင်းရဲကြတယ် မောင်ဘုန်း
    သူတို့အတွက် ငွေတရာဆိုတာတောင် ရဖို့မလွယ်ကူကြဘူး..

    ReplyDelete