အားလုံးပဲ မင်္ဂလာပါ …။ ဒီနေ့  ဟာ အပြည်ပြည်ဆိုင်ရာ
ငြိမ်းချမ်းရေးနေ့ လေး ဖြစ်တာမို့  စိတ်ထဲတွေးမိတာလေးကို ချရေးမိပါတယ် ။
ပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ
့ ဆိုလို့ google မှာ Day of Peace ဆိုပြီး ရှာကြည့်မိပါတယ် ။ ဌက်တွေ လွတ်နေကြတာပဲ
တွေ့ ခဲ့ရပါတယ် ။ UN ဆိုက်တစ်ခုထဲမှာတော့ International Day of Peace ကို ၁၉၈၁ ခုနှစ်မှာ
သတ်မှတ်ခဲ့ ပြီး ၊ ပထမဦးဆုံး အခမ်းနားကို ၁၉၈၂ စက်တင်ဘာမှာ ပြုလုပ်ခဲ့တယ် လို့  သိရပါတယ်
။ ၂၀၀၁ ခုနှစ်မှာတော့ စက်တင်ဘာ ၂၁ ရက်နေ့ ကို
International Day of Peace လို့  တရားဝင်သတ်မှတ်ခဲ့ပါတယ် ။
ငြိမ်းချမ်းရေးဆိုတဲ့
စကားရပ်ဟာ ကျနော် တို့  လူသားတွေနဲ့  အတော်ကို ရင်းနှီးပြီးသား စကားပါ ။ လူသားတိုင်း
ငြိမ်းချမ်းရေးဆိုတာကို လိုချင်ကြသလို ၊ မငြိမ်းချမ်းအောင်းလည်း ကျနော် တို့  လူသားတွေက
ပဲ ဖန်တီးကြသည် မဟုတ်ပါလော …။ အဓိက တရားခံကတော့ ကျနော်တို့  လူသားများ ဖန်တီးတဲ့ စစ်ပွဲများ
ဆိုတာ အငြင်းပွားဖွယ်ရာ မရှိပါဘူး ။ လူသားနှင့် စစ်ပွဲဆိုတာ လည်း လူ့ သမိုင်းအစဉ်ဆက်
ဖွားဘက်တော်လို့  ပြောလို့ ရတဲ့ အခြေအနေပါ ။
လက်တွေ
့ ဘဝ များအတွက် ငြိမ်းချမ်းရေးဆိုတာ ပုံပြင်ထဲက နတ်သမီးလေး တပါးလိုပါပဲ ။ ရာဇဝင်ထဲက ၁၁ ရာစုမှ ၁၇ ရာစုထိ နှစ်ပေါင်း ၁၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီးလူပေါင်း
23,500,000 ကျော် သေဆုံးခဲ့ရတဲ့ ခရှုးဆိတ်စစ်ပွဲကြီးများ ၊ ကမ္ဘာစစ်ပွဲ ကြီးတွေနဲ့  စစ်အေးလွန်ကာလများမှာ
ဖြစ်ပွားလျှက်ရှိတဲ့ လက်နက်ကိုင်အကြမ်းဖက်မှုတွေ ၊ အစွန်းရောက် ဝါဒ အကြမ်းဖက်မှုတွေ ၊
အာဏာရှင်စနစ်အုပ်ချုပ်မှုတွေကြောင့် ငြိမ်းချမ်းရေးဆိုတာ ပုံပြင် တစ်ပုဒ်လို ဖြစ်ခဲ့ရပါတယ်
။အမှန်တကယ်ဆိုရင် လူ့ သမိုင်းအစဉ်ဆက် မှာ ဖြစ်ခဲ့ရတဲ့ စစ်ပွဲများဟာ ငြိမ်းချမ်းရေးဆိုတာ
အတွက် လုံလောက်တဲ့ သင်ခန်းစာများဖြစ်ပါတယ် ။ ဒီလို လုံလောက်တဲ့ သင်ခန်းစာတွေ ရှိပင်မဲ့
၊ စစ်ပွဲဆိုတာကို ကျနော် တို့ တွေ မမြင်ချင် မကြားချင်လည်း ယနေ့ ထက်တိုင်မြင်နေရဆဲပါပဲ
။
ကျနော်တို
့ လူသားများအတွက် ငြိမ်းချမ်းရေးဆိုတာတဲ့ မျှော်လင့်ချက်ဟာ နာတာရှည် ရောဂါကြီး တစ်ခုလိုပါပဲ
။ ချက်ချင်းကြီး ပျောက်ကင်းအောင် ကုသလို့  မရပင်မဲ့ ၊ ဒီ ရောဂါကို ဝိုင်းဝန်းအဖြေရှာပြီး
စိတ်ရှည်ရှည် ထား ကုသမယ်ဆိုရင် လူနာဟာ လုံးဝအကောင်း ပြန်မဖြစ်ရင်တောင် ထိုက်သင့်တဲ့
ရှင်သန်ခွင့်ရမှာသေချာပါတယ် ။
ကျနော်
တို့  အတွက် ငြိမ်းချမ်းရေးဆိုတာ လည်း ဒီလိုပါပဲ ။ အတိတ်က သမိုင်းတွေ ၊ သင်ခန်းစာတွေ
ကြောင့် ငြိမ်းချမ်းရေး ဆိုတာ ပုံပြင်ထဲက နတ်သမီးလေး တပါးလို ဖြစ်နေပင်မဲ့ ကျနော်တို့  အားလုံး ငြိမ်းချမ်းရေးကို
တန်ဖိုးထားပြီး ၊ စစ်ပွဲတွေ ကို ဆန့်ကျင်မယ် ဆိုရင် ကျနော် တို့  လိုချင်တဲ့ ငြိမ်းချမ်းရေး
ဆိုတာဟာ ကျနော် တို့  ရဲ့ လက်တစ်ကမ်းစာလောက် အကွာမှာ ရှိနေပါတယ် ။ ကျနော် တို့  ရင်ထဲက
အမုန်းတရားတွေကို အတိတ်က သင်ခန်းစာတွေ နဲ့  ခြေဖျက်လိုက်ပြီး အားလုံးသော(အားလုံးသော)လူသားများ တွဲလက်များဖြင့်
လှမ်းယူကြမယ် ဆိုရင် ငြိမ်းချမ်းရေးဆို တာ ကျနော်တို့  ရင်ထဲမှာထာဝရ ရှင်သန်နေကြမှာပါ
။
ဘယ်လိုပဲဖြစ်ဖြစ်ပါ
။ အတိတ်သမိုင်း တွေ ၊ အစွန်းရောက် ဝါဒ နဲ့  အာဏာရှင် အုပ်ချုပ်မှု တွေ ဖုံးလွှမ်းထားတဲ့
မှောင်ထုကြီးထဲကနေပဲ ကျနော် တို့  ရင်ထဲက ငြိမ်းချမ်းရေး အလင်းစက်တွေ စုစည်းကြမယ်ဆိုရင်
ငြိမ်းချမ်းရေး အလင်းရောင်တွေ ထွန်းလင်းတောက်ပလားမှာသေချာပါတယ် …….. ။ ကိုယ်စီရှိနေတဲ့
ရင်ထဲက အလင်းစက်မျာ ……. စုစည်းကြပါစို့  ….. ။
ယနေ
့ ကျရောက်သော ပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ကို ဂုဏ်ပြုလျှက် ……….
မောင်ဘုန်း
အင်း........
ReplyDeleteငြိမ်းချမ်းရေး တရားတွေ ဟောနေကြတာလည်း
လူသားတွေပါပဲ ။
လူသားမျိုးနွယ်စုတွေ
အမြစ်ပြတ် သွားနိုင်တဲ့
လက်နတ်တွေ ထုတ်လုပ်နေတာကလည်း
လူသားတွေ ကိုယ်တိုင်ပါပဲ ကိုဘုန်းရေ....။
သတ္တ၀ါတွေ ကျန်းမာ ချမ်းသာ ကြပါစေဗျာ ...။
ဟုတ်ပ ဗျာ ကျနော် တို့ လို ဘာမှ မတက်နိုင်တဲ့ သူတွေပဲ ငြိမ်းချမ်းရေးဆိုတာ တမ်းတရတာပါ ။
Deleteအဖြစ်က ငယ်ငယ်ကလို့  လမင်ကြီးကြည့်ပြီး ထမင်ဆီဆမ်း ရွှေလင်ပန်း နဲ့  ပေးပါလို့  တောင်းနေသလိုပဲ ....ဗျာ ....။
ငြိမ်းချမ်းပါစေလို့ ဆုတောင်းနေမိပါတယ်ဗျာာာာ
ReplyDeleteအထူးသဖြင့် မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေဗျာာာ