Pages

Friday, September 23, 2011

ဧရာဝတီ ...

အစ်မရွှေစင်ဦး က ဧရာဝတီအတွက် ကန့် ကွက် ပို့  ဒီနေ့ မှာ bloger အားလုံးကို နိုးဆော် ထားတာတွေ့ ရလို့ .....
ကျနော်လည်း ဒီနေ့  အလုပ်စောစောသိမ်းမယ်ဆိုပြီ စဉ်းစားထားတာ ... အလုပ်က အပြတ်တာနဲ့  ... ၁၀နာရီ ထိုးမှ သိမ်းရတယ်လေ ... ရေချိုး ထမင်းစားနဲ့  အခုတောင် ၁၁နာရီ ထိုးသွားပြီ .. တော်သေးတာပေါ့ အချိန်လေးမှီလိုက်လို့  ...

 ဒီသတင်း စ သိရကတည်းက ကန့် ကွက်ကြောင်း post လေးတစ်ခုရေးမို့  အစီစဉ်ရှိပင်မဲ့ ... မရေးတက်တာရယ်
အချိန်မရတာကြောင့် ... မရေးဖြစ်ခဲ့ပါဘူး ...

အခုလည်း ထွေးထွေးထူးထူးတွေ မရေးတက်ပင်မဲ့ ... ကျနော် မောင်ဘုန်း က ကောင်းကင်ဖြူ ဆိုတဲ့ blog လေးမှနေ၍ .....

 ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေးကို ကန့်ကွက်ပါတယ်..
လုံးဝ....ကို ကန့်ကွက်ပါသည် .... ။





အများကြီးတော့ မပြောတက်ပါဘူး ... တစ်ခုလောက်တော့ ပြောပါရစေ ... ဒီ မြစ်ဆုံဆည် စီမံကိန်း ဆိုတာ ... ငယ်ငယ်တုံးကသင်ခဲ့ဘူးတဲ့ ... အလိုကြီးအရနည်း ဆိုတဲ့ ပုံပြင်ထဲကလိုပဲ ငန်းဗိုက်ထဲမှ ရွှေဥ ရှာတဲ့ ဖြစ်ရပ်မျိုးနဲ့ တူပါတယ် ... တစ်နေ့ တစ်လုံး ရနေတဲ့ ရွှေဥကို တန်ဖိုးထားရမသိ ပဲ ... ရွှေဥအများကြီးရမယ်ထင်ပြီး ဗိုက်ခွဲတဲ့ လူမိုက်လို ဖြစ်နေပါပြီ ....

ဤပုံပြင်လေးဟာ ကလေးပင်သိပါသောလည်း နိုင်ငံအုပ်ချုပ် မင်းလုပ်ကုန်ကြသော လူကြီးမင်းများ မသင်ခဲ့ ရသည်ကို မောင်ဘုန်း နားမလည်နိုင်အောင်ရှိပါတော့သည် ...။

မည်သည့်ပါတီ မည်သည့်အဖွဲ့ စည်းမဆို တိုင်းပြည်အတွက် ကောင်းရာကောင်းကြောင်း ပြုလုပ်မည်ဆိုလျှင် .. နိုင်ငံသာတစ်ယောက်အနေနဲ့  တောက်ခံအားပေးနေမှာပါ ...

အခုဖြစ်ရပ်မှာ ... ခေတ်မှီနည်းကိုသုံးမယ်ပြောပြီ made in china ဖြစ်နေသည်ကတစ်ကြောင်း .

made in china မဟုတ်ပဲ တစ်ခြား ဖြစ်နေရင်တောင် ဧရာဝတီ ဆိုတာ စိုက်ပျိုးရေးကို ခြေခံတဲ့
မြန်မာပြည်အတွက် ရွှေဥ တစ်လုံးလို တန်ဖိုး ရှိပါတယ် ... ဤ သည်ကို အရနည်းသည်ဟု ထင်မှတ်ကာ ငန်းဗိုက်ခွဲသလို လုပ်မည်ဆိုပါက ... လေးစားအပ်ပါသော လူကြီးမင်းအပေါင်းတို့  မည်သို့ ဖြစ်ကုန်မည်ကို တွေးကြည့်ကြပါဗျာ ...ဒါကြောင့် ကျနော် မောင်ဘုန်း က ပြင်းပြင်းထန်ထန်ကို ကန့် ကွက်ပါတယ် ...

မောင်ဘုန်း





8 comments:

  1. ထပ်တူပါပဲ.။ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည်။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  2. ကဲ...ထပ်တူပါဘဲမောင်ဘုန်းရေ..

    “ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်။”

    ReplyDelete
  3. ကန့်ကွက်တယ်မောင်ဘုန်းရေ..
    (ရာဇာနေ၀င်းစတိုင်နဲ့ထပ်ပြီး)
    လုံးဝ လုံးဝ ကန့်ကွက်တယ်ကွာ ။

    ပျော်ရွှင်ပါစေမောင်ဘုန်းရေ..
    ချစ်ခင်စွာဖြင့်
    အပျိုကြီးးး

    ReplyDelete
  4. အားလုံးထပ်တူပါပဲ
    (ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်)

    ReplyDelete
  5. ဒီစီမံကိန်းကနေ ဆိုးကျိုးတွေကို ထည့်မတွက်ဘဲ ကောင်းတာတွေကြီးရမယ်ထင်နေပုံရတယ် .။ အင်းလေ ဆည်ကြီးကနေ ဆိုးကျိုးတစ်ခုခုဖြစ်ရင်လည်း သူတို့ခံစားရမှာမှ မဟုတ်တာကိုး ပြည်သူလူထုတွေသာ ခံစားရမှာ
    သူတို့က အနေသာကြီး
    ဒါကြောင့်လည်း ဒီစီမံကိန်းကြီးက ကောင်းပါတယ်လို့ မရှက်တမ်းအော်နေကြတာ

    ReplyDelete
  6. နိုင်ငံသားများအားလုံး ချစ်ခင်မြတ်နိုး တွယ်တာတဲ့ 'မြစ်ဧရာ' ထာဝရအေးချမ်းစွာဖြင့်စီး ဆင်းနိုင်ပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. မောင်ဘုန်း ရေ

    နောက်ကျသွားတာ ခွင့်လွှတ်ပါ မနေ့က တော်တော် အော်လိုက်ရတာ မောသွားလို့ ကဲ အခုတော့ အင်နဲ့အားနဲ့ အော်ခဲ့မယ်

    လုံးဝ လုံးဝ ကန့်ကွက်ပါတယ်

    ခင်မင်လျှက်
    ရွှေစင်ဦး

    ReplyDelete
  8. မြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်...။

    ဧရာဝတီကိုချစ်တဲ့
    မိုးငွေ့

    ReplyDelete