Pages

Thursday, September 1, 2011

ကားတစ်စီးဝယ်ရန် စစ်ဆေးရမည့် အဓိက ၃၈ ချက်



အားလုံးပဲ မင်္ဂလာပါ ... အလုပ်ပိတ်ရက်မှာ ဘယ်မှမသွားပဲ ခေါက်ဆွဲကြက်ဥနဲ့  ကျနော် ကွန်ပြူတာလေးကို အဖော်ပြုရင်း စာတွေထိုင်ရေးနေမိပါတယ် .... မနက်ကတော့ colour effect ဆိုတဲ့ post ကိုတင်းပြီး တော့
မနက်စာ စားနေတဲ့ အချိန်မှာပဲ မောင်ဘုန်းရဲ့ သူဌေး ရောက်လားပြီး မနက်ဖြန်သွားစရာရှိလို့  မှာစရာရှိတာတွေ ရှိလို့ ဆိုပြီ အလုပ်ရုံကိုခေါ်သွားတာနဲ့  မောင်ဘုန်းတစ်ယောက်လည်း စားလက်စ ခေါက်ဆွဲကို ဘေးချပြီ သူဌေးနဲ့ လိုက်သွားတယ်လေ .....

အလုပ်ရုံကိုသွားတဲ့ လမ်းမဟုတ်လို့ ဘယ်သွားမှာလည်းလို့ မေးကြည့်တော့ အရောင်း ပြခန်းဘက်ကို ခဏဝင်မလို့ ဆိုပြီး မောင်ဘုန်းတို့  ကုမ္မဏီရဲ့ ကားရောင်းပြခန်းကိုရောက်သွားပါတော့တယ် ...
ဟိုရောက်တော့ ... သူဌေးက မောင်ဘုန်းကို ခဏဆိုပြီး ရုံးခန်ဘက်ကို တက်သွားတာနဲ့  မောင်ဘုန်း လည်းအရောင်းပြခန်းထဲက ကားတွေကိုလိုက်ကြည့်နေမိတယ် ....

ဒီအေ၇ာင်းပြခန်းလေးထဲမျာတော့ ကားအမျိုးစားတွေကတော့ အားလုံး ဂျပန်ကားတွေကြီးပါတယ် ....
ဒီကားတွေကို နှစ်မျိုးခွဲထာပါတယ် ... used ကားနဲ့  import ကားဆိုပြီခွဲထားတယ်လေ ...

used ကားဆိုတာတော့ ကုမ္မဏီက ဂျပန်ကား ကီလိုကျော်တာတို့ ဆေးကျနေတာတို့  စတဲ့ အဟောင်းတွေကို သွင်းပြီ မောင်ဘုန်း တို့ အလုပ်ရုံမှာ ဆေး ၊ ဘော်ဒီ ပြန်လုပ်ကာ အခုလို အရောင်းပြခန်းနဲ့ ရောင်းတဲ့ ကားကို ခေါ်တာပါ ....

import ကားဆိုတာတော့ စက်ရုံကနေ တိုက်ရိုက်သွင်းတဲ့ ကားအသစ်ပေါ့ ...

မောင်ဘုန်းလည်း ဟိုကြည့်ဒီကြည့်နဲ့  ကားဝယ်မဲ့လူတစ်စုကို အရောင်းဝန်ထမ်းက ကားအကြောင်းရှင်းပြနေတဲ့ အသံကြားတော့ ဘေးကနေပြီ နားထောင်နေမိတယ်လေ ...

အရောင်းဝန်ထမ်းကတော့ အင်္ဂလိပ်လို တစ်ဝက် တရုတ်လို တစ်ဝက် ရှင်းပြနေတဲ့ အသံကို နားလည်တစ်ချက် နားမလည်တာ များများနဲ့ မောင်ဘုန်း လည်း ဘာသာပြန်ပြီနားထောင်ကြည့်တော့

ကားတစ်ဝယ်ရင် စစ်ဆေးရမဲ့ အဓိက အချက်တွေအကြောင်းကိုရှင်ပြနေတယ်လို့ တော့ ဘာသာပြန်မိပါတယ် ....
မောင်ဘုန်းလည်း နားထောင်နေရင်နဲ့  နောက်ထပ် အရောင်းဝန်ထမ်းတစ် ယောက်က မောင်ဘုန်း ကို ကားဝယ်မဲ့ လူစုထဲကလို့ ထင်လာမသိဘူး လက်ထဲကို စာရွက်တွေ လာထည့်ပေးတယ်လေ ....

အဲ့ဒီ အချိန်မှာပဲ မောင်ဘုန်းရဲ့ သူဌေး ရုံးခန်ဘက်ကနေ ဆင်းလာတာတွေ့ လို့  မောင်ဘုန်းလည်း စာရွက်တွေ ယူပြီး သူဌေးနဲ့ အလုပ်ရုံ ကိုလိုက်သွားခဲ့ပါတယ် ...

အလုပ်ရုံရောက်တော့ နာရီ ဝက်လောက် စကားပြောကြပြီ ...သူဌေးက မောင်ဘုန်း နေတဲ့ အခန်းလေးဆီပြန်ပို့ တယ်လေ .... အိမ်ရောက်တော့မှ ခုဏက ပေးလိုက်တဲ့စာရွက်တွေကို ကြည့်မိတော့
မောင်ဘုန်းတို့ ကုမ္မဏီ ရဲ့ ကားကြော်ငြာ စာရွက်တွေနဲ့  ကားတစ်စီးဝယ်ရင် စစ်ဆေးရမဲ့ အဓိက အချက် တွေကိုရေးထားတာတွေ့ တာနဲ့  ဒီ post လေးမိတာပါ ...

ရေးမယ်လုပ်တော့ ဘာသာပြန်မဲ့ အခက်ခဲ တွေ့ တော့တာပဲလေ ... ဒါနဲ့  အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့ ကောင်းကင်ဖြူ ကို သတိရလိုက်တာနဲ့  ဖုန်းဆက်ကြည့်တော့ အလုပ်မအားဘူးတဲ့ ...
မောင်ဘုန်းလည်း တက်သလောက် မှတ်သလောက်ဘာသာပြန်ပြီး ရေးပါတော့တယ် ..ဘာသာပြန်လို့ လည်းပြီး တင်မယ်လုပ်မှ စဉ်းစားမိပါတယ် ... ကိုယ်ဘာသာပြန်တာမှန်မှ 
မှန်ပလားလို့  တွေးနေ၇င်း မှားသွားမှာ ကြောက်တာနဲ့ ပဲ မူရင်း အင်္ဂလိပ် လို မမှားအောင်သေချာ စစ်ပြီးပြန် စာရွက်ထဲကအတိုင်း ပြန်ရိုက်ပေးလိုက်ပါတယ် .... အားလုံးက မောင်ဘုန်းထက်တော်တဲ့ သူတွေကြီးပဲလေ ....

ဘာပဲဖြစ်ဖြစ် မောင်ဘုန်းရဲ့ သူငယ်ချင်းများ ကားတစ်စီးဝယ်မို့ အ ရောင်းပြခန်းရောက်သွားရင် သူများပြောပြနေတာထက် ကိုယ်က ကြိုသိနေတော့ နည်းနည်းတော့ အဆင်းပြေမယ်လို့ ထင်လို့ ပါ ...

ကဲ ... ကိုယ့်ဘာသာကိုယ် ဘာသာပြန်ကြည့်တော့နော် ....


TopMark's 38-point Quality Control Checklist:
 
Engine
1. Ignition timing
2. Drive belts/Timing belt/Air-cond belt

Fuel System
3. Fuel tank/Leakage
4. Fuel hose and condition of pipes

Fluids
5. Brake
6. Clutch
7. Engine
8. Power steering
9. Auto transmission
10. Windscreen washer
11. Coolant

Cooling System
12. Condition of radiator & hoses
13. Condition of radiator cap
14. Leakage test
15. Cooling fan function test

Battery
16. Terminals (Cleanliness)

Electrical
17. Room light
18. Headlamp/Focus
19. Signal light
20. Brake light
21. License lamp
22. Parking lamp
23. Horn
24. Windscreen wiper
25. Windscreen washer
26. Demister

Bonnet, Doors & Hinges
27. Central locking
28. Power window/Window regulator
29. Back door/Boot lid

Undercarriage Check
30. Exhaust system - pipes & mounting, catalytic converter/Leakage
31. Tighten undercarriage bolts & nuts
32. Transmission/Axle oil level
33. Shock absorber condition (oil leak)

Frame & Chassis Check
34. Chassis number/Check authenticity
35. Engine number
36. Check chassis for cut-and-join vehicle

Tyres
37. Tyre condition (uneven wear, cracks, nails)

Accessories
38. Air-cond



မောင်ဘုန်း .....







5 comments:

  1. မောင်ဘုန်းရေ

    နာကို ဆိုက်ကားတို့ စက်ဘီးတို့ဝယ်ရင် ဘာစစ်ရမလံဆိုတာ ရေးပေးစမ်းပါ..

    ကားမဝယ်စီးနိုင်သေးလို့ဟ..း)

    ဆိုက်ကားဝယ်ချင်သူတစ်ဦး

    ReplyDelete
  2. မောင်ဘုန်းရေ

    အမတို့ရန်ကုန် ပွဲစားတန်းထဲကကားတွေဝယ်ရင်ရော
    အခု အချက်38 ချက်နဲ့ ဘဲ စစ်ဆေးရမှာလားး
    အခုအချက်တွေက အသစ်စက်စက်ကားတွေ
    ဝယ်ရင်စစ်ဆေးရမှာမှတ်လား...


    ခင်တဲ့အမ blackroze

    ReplyDelete
  3. အင်း..အစ်မလည်းအစ်မကားကို
    မော်ဒယ်အသစ်ပြောင်းချင်နေတား))
    (လူရှိန်အောင်လို့ပါ..)
    ဆိုက်ကားနက်ကနေဆိုက်ကားနီပြောင်းမလားလို့
    ဘာတွေထပ်စစ်အုံးမလဲဟင်...
    ခင်မင်လျှက်
    သမီးစံ

    ReplyDelete
  4. ကားစီးသူ၊ ကားမောင်းသူတိုင်း သိသင့်တဲ့ ပညာပေးဗဟုသုတကို မျှဝေပေးလို့ ကျေးဇူးပါ မောင်ဘုန်းရေ။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. အကို ရေ အဲဒီ ၃၈ ချက်ကို မြန်မာ လို ပြန်ပေးပါလား ခင်ဗျာ ...
    ကျေးဇူးတင်စွာဖြင့် လေးစားလျှက်
    ( စိုင်းမြင့်ထွန်း )
    saimyinttun@gmail.com

    ReplyDelete