Pages
Thursday, September 8, 2011
ဆေး ၊ ဘော်ဒီ အကဲခက်ခြင်း
အားလုံးပဲ မင်္ဂလာပါ ဗျာ …. ဒီ post လေးကိုတော့ မြန်မာပြည်က သူငယ်ချင်း များအတွက် ရည်ရွယ်ပြီးရေးဖြစ်တာပါ …
ကျနော် တို့ နိုင်ငံမှာ ယနေ့  အရောင်းဝယ် ဖြစ်နေတဲ့ ကားအများ စုဟာ … ၂၀၀၀ ခုနှစ်နောက်ပိုင်း ထုတ်တဲ့ ကားတွေ ဖြစ်တာရယ် ၊ ကားထုတ်တဲ့ စက်ရုံ က အသစ်တင်သွင်းတဲ့ ကားတွေမဟုတ်တာကြောင့် ကားတစ်စီး ဝယ်မို့  ကျွမ်းကျင်တဲ့ သူကို ကြည့်ခိုင်းကြတာများပါတယ် …
အများအား ဖြင့်တော့ အင်ဂျင် စစ်ဆေးတာ လောက်ပဲ လုပ်ကြပင်မဲ့ ဆေး ၊ဘော်ဒီ အပိုင်းကို ပွဲစား ပြောတာကို မယုံ ချင်ယုံချင်နဲ့ ယုံ ရတယ်လေ ….
ဆေး ၊ ဘော်ဒီ စစ်ဆေး တယ်ဆိုတာလည်း အင်ဂျင် စစ်သလို ဖွင့်ကြည့်လို့ မှမရတာလေ … ဆေး အရောင်လေး တောက်နေရင်ပဲ … ဒီကားက အတိုက်ခိုက်မရှိဘူး လို့  လက်ခံ ကျတဲ့ သူတွေကများသလို
ပွဲစားရဲ့ ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောတက်တဲ့  အပြောအဆို ပညာရပ် ကြောင့် ….. ဝယ်လာပြီး လက်ထဲရောက်သုံးကြည့်တော့မှာ … ကြောင်းစုံ သိတော့တယ်လေ ….
ကျနော် အရင် ဆုံး ဆေးရောင် အကဲခက်ခြင်း အကြောင်းကို ပြောပြပါတယ် …
မြန်မာပြည်မှာ အော်(origin) ဆေး ဆိုပြီ … မူလပေါက်ဈေးထက်ပိုပေးရတဲ့ ကားတွေရှိပါတယ် ….
အားလုံးလည်း ကိုယ်ဝယ်မဲ့ ကားကို အော် (origin) ဆေး ဖြစ်ချင်ကြတယ်လေ ….
နောက်ပြီ ကားတစ်စီး ဆေး ကောင်းတယ် မကောင်းဘူး ဆိုတာကိုလည်း  အော် (origin) ဆေး ကို စံထားပြီ နှိုင်ယှဉ် ကြည့်ရပါတယ် … ဒီတော့ အော် (origin)ဆေး ဆိုတာ ဘာတွေများ ထူးခြားနေလို့ လည်းလို့  မေးစရာရှိတယ်နော် ….
အော်(origin) ရဲ့ထူးခြားချက်တွေကတော့  …..
၁ …. ဆေးပါးခြင်း
၂ …. မျက်နှာပြင် လိုင်းမရှိခြင်း
၃… အလက် ညီခြင်း သို့ မဟုတ် ဆေးရောင် တောက်ပမှု့ ညီညာခြင်း
၎ … ဆေးပွင့် ညီခြင်း
၅…. ဆေးဆက်ရာ မရှိခြင်း …… ဆိုးတာ အော် (origin) ရဲ့ ထူးခြားကောင်းမွန်တဲ့ အချက်တွေပါပဲ
၁ …. ဆေးပါးခြင်း
ကျနော် တို့ မြန်မာ ပြည်မှာ ကားတစ်စီးကို ဆေးထူမှ ကောင်းတယ်လို့  ထင်တယ်တဲ့ သူလည်း ရှိတယ်ပါတယ်..ဆေး ထူတော့ ကြာကြာခံတယ်ပေါ့ ….. ဗျာ …
တကယ်တမ်းတော့ ဆေးထူ နေရင် ကြာကြာမခံတဲ့အပြင် ဆေးကွဲပြီး ဆေးကွာတဲ့ ဆင့်ထိ ရောက်သွားတက်ပါတယ် …
အော် ( origin) ဆေး မှာ ၃ ထပ်ပဲရှိပါတယ် … colour basic လို့ ခေါ်တဲ့ ခံဆေးရယ် ၊ ဆေးကြမ်း ရယ် ၊ ဆေးအချော ရယ် ၊ ဆိုပြီ သုံးထပ်ပဲရှိပါတယ် … colour effect နဲ့  2K ကတော့ အပြီးသတ် ဆေးပေါ့ 
 ဒါဆိုရင် … ဆေးထူတာနဲ့  ပါးတာကို အလွယ်ကူဆုံး ခွဲခြားတဲ့ နည်းကတော့
အလင်းရောင်ရတဲ့ ဖက်ကို မျက်နှာမှုပြီ ကားကို ဘေးတိုက် အနေထား ကားနဲ့  သုံးပေ အကွာကနေ ကြည့်ရင် …( အပေါ်ကပုံ နေအထားတိုင်း ကြည့်ရပါမည်)  မှန်မျက်နှာပြင်ကဲ့သို ညီနေ၇င်တော့ဆေးပါးလို့ ပါ …
အဖုလေးတွေ အများကြီးတွေ့ ရရင်တော့ ဆေးထူး လို့ ဆိုတာသိနိုင်ပါတယ် …..
ဒါဆို၇င် အော် (origin) ဆေးမဟုတ်ဘူးပေါ့ …
၂ … မျက်နှာပြင် လိုင်းမရှိခြင်း
အော် ( origin ) ဆေး ဆိုရင် လိုင်းမရှိပါဘူး …မှန် မျက်နှာပြင်လိုပဲ ညီနေရမှာပါ ….
ဒါဆို၇င် ဘာကြောင့်လိုင်းထနေတာလည်း …. ? ..
အော် (origin ) ဆေးကရော ဘာကြောင့်လိုင်းမထတာလည်း …? လို့ မေးစရာရှိလာပါပြီ ..
ဟုတ်ကဲ့ပါ ….ကားထုတ်တဲ့ စက်ရုံတွေမှာ အော် (origin) ကို မှုတ်တဲ့နေရာမှာ လူနဲ့ မှုတ်တာမဟုတ်ပဲ စက်နဲ့ မှုတ်တဲ့ အတွက် မျက်နှာပြင် ဆေးသားကျရောက်မှု့ ညီညာစေပါတယ် ….
ကျနော် တို့ လို ဆေးပြန်မှုတ်တဲ့သူတွေကတော့ ဆေးမှုတ်တဲ့ gun ကိုသုံးပြီးလက်နဲ့  မှုတ်ရတာဖြစ်တဲ့ အတွက်ကြောင့် လက်မငြိမ်ရင် မျက်နှာ ပြင်ဆေးသားကျရောက်မှု့  မညီတော့ပဲ လိုင်းထနေတက်ပါတယ် ..
ကားဆေးမှုတ်တဲ့ ပညာ ကျွမ်းကျင်မှု့ ကို အဲ့ဒီလိုင်းထမှု့ နဲ့ တိုင်းတာကျပါတယ် …
ဆိုလိုတာကတော့ လိုင်းများများထနေရင် မကျွမ်းကျင်ဘူးလို့ ဆိုးပြီ လိုင်းထ နည်းရင်တော့ ကျွမ်းကျင်တယ်လို့  သတ်မှတ်ထားပါတယ် ….
လိုင်းမထအောင်တော့ မှုတ်လို့ မရဘူးနော် … အနည်းဆုံးတော့ ဥပမာ ကာတံခါး တစ်ချပ်မှာ တစ်လိုင်းတော့ ရှိပါတယ် …. ဒါပင်မဲ့ တံခါးတစ်ချပ်မှာ နှစ်လိုင်းလောက်ရှိနေ၇င်ကို ကြည့်နေကျမဟုတ်တဲ့ ကျနော် သူငယ်ချင်းများ တွေ့ မည်မဟုတ်ပါ … ဒါကတော့ ကျွမ်းကျင်မှု့ နဲ့ ဆိုင်တယ်လေ ၄ ၊ ၅ ၊ လိုင်းလောက်ရှိရင်တော့ အလွယ်တကူတွေ့ ရတက်ပါတယ် …
၃… အလက် ညီခြင်း သို့ မဟုတ် ဆေးရောင် တောက်ပမှု့ ညီညာခြင်း
ခုဏကလိုပဲ အလင်းရောင်ရတဲ့ဖက်ကို မျက်နှာမူပြီးကြည့်လိုက်တာ … အဖုလေးတွေလည်း မရှိဘူး ၊ လိုင်းလည်းမတွေ့ ရဘူး … ဒါပင်မဲ့ အလင်ရောင်ကို မျက်နှာမူထားတဲ့အတွက် မျက်နှာပြင်တစ်လုံး ဆေးရောင် တောက်နေရမဲ့ အစား ဒီနားမှာတော့ အရောင်ကပိုတောက်ပြီ ဟိုနားမှာတော့ အရောင်မတောက် ဖြစ်နေရင်လည်း အော် (origin ) မဟုတ်ဘူလို့  ပြောလို့ ရပါတယ် …
အော် (origin ) ဆေးကတော့  ဆေးေ၇ာင်တောက်ပမှု့ ညီပါတယ် .. သူလည်း စက်နဲ့ မှုတ်တာဖြစ်တဲ့တွက် မျက်နှာပြင်ဆေးကျရောက်မှု့ အကွာအဝေးကို ကွန်ပြူတာနဲ့ တိုင်းတာပြီး မှုတ်တဲ့ အတွက် မညီစရာအကြောင်းမရှိဘူးလေ …..
ကျနော် တို့ လိုဆေးပြန်မှုတ် ရင်တော့ မှုရင်ကဲ့သို့  ညီညာတဲ့ တောက်ပမှု့ မရတော့ပါဘူး …ဒါပင်မဲ့ ကျွမ်းကျင်တဲ့ ဆေးမှုတ်သမား ဆိုရင်တော့ ခွဲခြားမို့ တော့ တော်ခက်ပါလိမ့်မယ် …
၎ … ဆေးပွင့် ညီခြင်း
သူကတော့ ကားဆေးကို အနီးကပ်ကြည့်၇င် ဆေးပွင့် လေးတွေ တွေ့ ရပါလိမ့်မယ် … ( သေသေချာချာကြည့်မှ မြင်ရတာနော် … မမြင်ရင်လည်း မှန်ဘီးလူးသုံးကြည့်ပါ …:D )
ခြောက်လက်မ ပတ်လည်လောက် ကိုသေချာကြည့်ရင်ရပါပြီ … ဆေးပွင့် မညီမညာဖြစ်နေရင်တော့ အော် (origin) ဆေးမဟုတ်ပါဘူး …  ဒါဆိုရင်ဘာကြောင့်များ အော် (origin )က ဆေးပွင့်ညီနေရလည်းဆိုတာ 
ကျနော် ရှင်းပါအုံးမယ် ….
ကျနော်တို့ ဆေးမှုတ်တယ် ဆိုတာ ဆေးရည်ကို လေဖိအားသုံးပြီ ငွေ့ ၇ည် သို့ မဟုတ် အမှုံ( pixels)အဖြစ် မျက်နှာပြင်ကို ကျေ၇ာက်စေတာဖြစ်ပါတယ် ….လေဖိအား များလေ အမှုံ (pixels) သေးလေပေါ့ … လေဖိအား အတက်အကျ မညီရင် ဆေးပွင့် မညီနိုင်တော့ဘူးလေ ..
အော် (origin ) ဆေးကိုမှုတ်တဲ့နေရာမှာ .. စက်နဲ့  မှုတ်တာဖြစ်တဲ့ အတွက် လေးဖိအားကို အတက်အကျ မရှိစေအောင် ချိန်ထားပြီ မှုတ် ခြင်းကြောင့် မျက်နှာပြင် ဆေးမှုံ  (pixels)  ကျရောက်မှု့  ညီညာစေပါတယ်
ဆေးခြောက်သွားတဲ့ အချိန်မှာ ဒီ အမှုံ (pixels) လေးတွေဟာ ဆေးပွင့် ဖြစ်သွားတဲ့ အတွက် အော် 
(origin ) ဆေး ဟာ ဆေးပွင့်ညီနေတာတွေ့ ရ တာပါ ….
ဆေးပြန် မှုတ်ထားရင်တော့ ဆေးပွင့် ညီမို့ ဆိုတာအလွန်ခက်တဲ့ အရာပါ … ကျနော် တို့ မြန်မာပြည်မှာ ဆေးမှုတ်တဲ့ နေရာမှာ သုံးတဲ့ လေဖိအားစက်တွေဟာ .. လေဖိအား အတက်အကျကို ညှိ ပေး စက်မပါတာများပါတယ် …. တချို့ စက်တွေဆိုရင် လုံလောက်တဲ့ လေဖိမရှိတဲ့
စက်နဲ အသုံးပြုနေတာတွေ့ ရပါတယ် … ကားဆေးမှုတ်မို့ အတွက် လေဖိအားစက်ရဲ့ လေအိုးထဲမှာ အနည်းဆုံး 150 gk မှ 200 kg တွင်းရှိရန်လိုအပ်ပြီ …150 အောက်ကျသွားတာနဲ့  ဘယ်လိုမှ ဆေးပွင့်ညီနိုင်မှာ မဟုတ်တော့ပါဘူး  ဒီတော့ ဘယ်လောက်ပဲ ဆေးမှုတ်ပညာ ကျွမ်းကျင်တယ်ပြောပြော
မှု၇င် ဆေးကဲ့သို့  ဆေးပွင့်ညီမို့ ဆိုတာမဖြစ်နိုင်ဘူးလေ …
၅ ….. ဆေးဆက်ရာ မရှိခြင်း
သူကတော့ ကြည့်ရနည်းနည်းခက်ပါတယ် … ဆေးပွင့်ညီတာ ကြည့်သလိုပဲ ကြည့်ရပင်မဲ့ တစ်ကွပ်ထဲ ကြည့်လို့ မရပါဘူး … မျက်နှာပြင်တစ်ခုလုံကို ကြည့်လိုက်ရင် ဆေးပွင့်များ စုပြီး လိုင်းကဲ့ သို့ ဖြစ်နေ၇င် ဒါဟာ ဆေးဆက်ရာ ပေါ့ …. ..ဒါဆို၇င် အော် (origin ) ဆေးမဟုတ်တော့ဘူးလေ ….
အော် (origin) ဆေးကို မှုတ်နေရာမှာ ကားဘော်ဒီ ကို သက်သက် တံခါးနှင့် အခြားပစ္စည်းတွေကို သက်သက် မှုတ်တာကြောင့် ဘယ်လို မှ ဆေးဆက်ရာဆိုတာမရှိနိုင်ဘူးလေ …
ကျနော် တို့ လို ဆေးပြန်မှုတ်တဲ့ သူတွေကတော့ ကားတစ်စီး လုံးကို လွယ်ကူတဲ့ ပစ္စည်းလောက်သာ ပြုတ်ပြီ ကားတစ်စီးလုံးကို ဒီအတိုင်းပြန်မှုတ် ရတော့ လက်ဆန့် နိုင်သလောက်သာ .. ဆေးမှုတ်လို့ ရတဲ့ အတွက် ဆက်ရာ တော့ ရှိပါတယ် … ကျွမ်းကျင်မှု့ ကြောင့် ဆက်ရာ နည်းတာနဲ့ များတာပဲကွာပါတယ် …
ကဲ …. ကျနော် အခုပြောခဲ့တဲ့ အချက် ၅ ချက်ဟာ အော်ဆေး လို့ ခေါ်တဲ့ မှုရင်းဆေး ရဲ့ ထူးခြာတဲ့ အချက်တွေပါ …. ကားတစ် စီးကို  ဆေးပါးခြင်း ၊ မျက်နှာပြင် လိုင်းမရှိခြင်း ၊ အလက် ညီခြင်း သို့ မဟုတ် ဆေးရောင် တောက်ပမှု့ ညီညာခြင်း ဒီ အချက် သုံးချက်နဲ့ ပြည့်စုံရင်ပဲ ဆေးကောင်းတယ် လို့  မှတ်ယူလို့ ရပါတယ် ….
ကျနော် တို့ မြန်မာပြည်မှာ ကားပွဲစားလုပ်တဲ့သူတွေ ကားဝယ်ရောင်လုပ်တဲ့သူ တွေ ကားတစ်စီး ကို ဆေး ၊ ဘော်ဒီး စစ်ဆေးရင် ကားရဲ့ ဘော်ဒီ နေရာစုံ ကို လက်နဲ့ လိုက်ခေါက် တာမြင်ဘူးကြမယ်လို့  ထင်ပါတယ် ..
ဘာကြောင့်များ လက်နဲ့ ခေါက်လည်းဆိုရင် အော်ဆေး ဟုတ်မဟုတ်စမ်းကြည့်တာတဲ့ …..
ဘော်ဒီ သံပြားကိုခေါက်ရင် တော့ သံပြား အသံ ထွက်ပြီ … ပတ်တီး (putty) ရှိနေရင်တော့ သံပြာ အသံ မထွက်ဘူးပေါ့ဗျာ …..
ဒါဆိုရင် ကျနော် က ပတ်တီး ပါးပါးလေး ကိုင်ပြီး ဆေးပြန် မှုတ်ထားတဲ့ ကားကို အော်ဆေးပါလို့ ပြောရင်
သူ့ တို့ ယုံမှာသေချာတယ်နော် ….
ပတ်တီး ပါးပါး ထည့်ထာရင် လက်နဲ့ ခေါက်လည်း သံပြား အသံ ထွက်နေ မှာပဲလေ …. နောက်ပြီ လက်နဲ့ ခေါက်တယ်ဆိုတာ … ကားတစ်လုံးလိုက် ခေါက်လို့ ရမလား ဗျာ …
ဆက်လက်ရေးသားပါမည် ....
ဒီ Post လေးရေးနေတုံး ကောင်းကင်ဖြူ က ... ကိုရင်( မဒမ်ကိုး ) ရေးတဲ့  post လေးက ရီရတယ်ဆိုလို့  ဖတ်မိတာ အခုတော့ ကိုရင် အကိုင်မခံရအောင် ကိုရင်ပေးတဲ့ တဂ် လေး ရေးနေရပြီလေ ...
ကိုရင် .... ရေ ... တစ်ရက် နှစ်ရက်လောက်တော့ စောင့်ပါအုံးနော် ...
မောင်ဘုန်း 
3 comments:
  1. ကိုဘုန်းကတော့ အကိုင်မခံရဖို့သွားရေး...ကျွန်တော်ကတော့ ထီပေါက်လို့ ကားဝယ်ရင် အော်ဆေး ဟုတ်မဟုတ် ပွဲစားအနှပ်မခံရအောင် အရေးကြီးတဲ့ သုံးချက်ကို အလွတ်ကျက်နေတယ်... အပေါ်က ပုံကို ပြန်ကြည့်ရတာလဲ အမော။ ခွစ်ခွစ်
    ReplyDelete
  2. ရွှေစင်ဦး တို့လည်း မိုးယံပြောတဲ့ အတိုင်းဘဲ မေ့နေရင်တော့ ကိုဘုန်း ကိုဝယ်ခိုင်းမယ် မိုးယံ လည်း အလွတ်ရအောင် မြန်မြန်ကျက်ပါ ခဏနေ စာလာပြန်ခိုင်းမယ်
    ReplyDelete
  3. စိတ်ဝင်စားစရာဘဲ
    ကားတစ်စီးကို စစ်ဆေးဖို့ရာ အတော်လေး ပညာပါတယ်နော်
    အလိမ်မခံရဖို့တော့ ဒီအချက်လေးတွေ ဗဟုသုတရှိထားသင့်တယ်
    ပိုစ့်လေးအတွက်ကျေးဇူးပါ။
    ReplyDelete