Pages
Wednesday, December 28, 2011
အစ်မ စံပယ်ချို အတွက် မွေးနေ့  သဝဏ်လွှာ
မွေးနေ့  သဝဏ်လွှာ
ဆောင်း ငွေနှင်း မှုံ ၊ ရောင်ဖြာ ထွန်း၍
ငွေလ ဆန်းလည်း ၊ ပြူခွင့် မသာ
မှိုင်း နွဲ့ နွဲ့ ဖြင့် ၊ လွမ်း ရေး ဆင်သည့်
ဆောင်း အချိန် ခါ ၊ ဤ ရက်မြတ် မှာ
မစံပယ် ၏ ၊ မင်္ဂလာ ဆန်းသော
မွေးနေ့ မင်္ဂလာ ၊ ဖြစ် တော့ပေသည်  … ။
မိန်းမ ပြာသို ၊ လုလင် ဝါဆို
ဇာတာ ဆန်းပ ၊ ထွန်းထွန်း တောက်အံ့
ဤ ရက်မြတ် ကို ၊ ဆန်း ပြာသို ဟု
မှတ်ဖွယ် ပြုကာ ၊ မင်္ဂလာ ဆန်းသော
မွေးနေ့  မင်္ဂလာ ၊  ဖြစ်တော့ ပေသည်  … ။
ဤ မျှ မက ၊ အနောက်တိုင်း ဝယ်
မှတ်သား ပြုရာ ၊ ဤ ချိန်ခါ ကို
ကက် ပရီကွန်(Capricorn) ၊ လွှမ်းရာ ကြယ်စု
ရှိပါ သောကြောင့် ၊ မွေးနေ့  ရှင် သည်
ဘုန်းရောင် တောက်လွှမ်း ၊ မင်္ဂလာ ဆန်းသည့်
မွေးနေ့  မင်္ဂလာ  ၊ ဖြစ်တော့ ပေသည် … ။
မင်္ဂလာရောင် လွှမ်း ၊ ကျရောက် ပါသော
ယနေ့  ချိန် ဝယ် ၊ ဆန္ဒ ပြု၍
စာ ပန်းချီ ချယ်သ ၊ လေးစား လောက်သူ
 မွေးနေ့  ရှင်အား ၊ အကျွန့်  သခင်
ချစ်သက် ငယ် နှင့် ၊ ထပ်ထူ ပြု၍
မင်္ဂလာ တောင်းဆု ၊ ပြု ရလို  သည် …. ။
ယနေ့ မှသည် ၊ ရွှင် မျက်နှာ နှင့်
သီတာ ရေချမ်း ၊ ထိပ်ထက် ဆန်းသို့ 
စိတ်က ကြည်ဖြူ ၊ ဘေးချမ်း ရန်ကွာ
ချစ် ခင်မွန်း နှင့် ၊ မေတ္တာ ဆင့်ကဲ
နှစ်ရာ တိုင်ထိ ၊ မကွဲ အတူ ရှိပါစေသော် …. ။
သံသရာ ၌ ဝယ် ၊ နှိုင်းတု မရှိ
မြတ်ဗုဒ္ဓ ၏ ၊ ဟောကြား မှု ရာ
သဒ္ဒါ လေးသွယ် ၊ ထပ်တူ ပြု ၍
ယနေ့  မှသည် ၊ သံသရာ ဆက်ဆက်  
ချစ်ကြိုး သွယ် နိုင်ကြပါစေကုန် သတည်း …………… ။
                                           ကျေးစေ ရတု သဝဏ်လွှာ
ကောင်းကင်ဖြူ ၏ ကိုယ်ရံတော် (သို့ ) မောင်ဘုန်း
5 comments:
  1. ကြွားလိုက်ထှာ ငဘုံးရယ် သိပါတယ် သိပါတယ်
    မောင်ကိုယ်၇ံတော်လေးရယ် ငှဲငှဲငှဲ...နလည်း ဟန်ဂျီအင်း ရှိပ... မွေးနေ့ မှာ ပျော်၇ွှင်ပါစေ ဗျို့ 
    ReplyDelete
  2. မောင်ဘုန်းရယ်
    ကျေးစေ ရတု သဝဏ်လွှာ ကလိုက်လို့မမှီအောင်ကိုကောင်းနေတာ
    ငါ့မွေးနေ့က ရိုးရိုးပါပဲဟယ်
    တစ်ကယ် ကို ပီတိ ဖြစ်ရပါတယ်
    အရမ်းလဲကျေးဇူးတင်ပါတယ်
    မောင်တစ်လုံး ပြောလိုက်ရင်ဟန်ဂျီအင်း
    ပါးစပ်ကမချဘူး ပြီးတော့သူ့မှာလက်ဆုပ်လက်ကိုင်ပြစရာ
    အကြွေးစရင်းပဲရှိနေတာလေ
    မသိတာကျနေတာပဲ
    မောင်ဘုန်းက ကောင်းကင်ဖြူရှိသေးတယ်
    ReplyDelete
  3. ရေးတတ်လိုက်တာရှင်
    လမင်းတော့ရေးတတ်ဘူးမမရေ
    ReplyDelete
  4. ဟိုက်ရှာာာာာာာာာာာားးးးးးးးးလက်ဖျားခါတယ် ခေါင်းပါခါတယ် တကိုယ်လုံးခါအောင် ကဗျာကိုကြိုက်တယ်
    မွေးနေ့ရှင် သဘောမနောခွေ့နေမယ့်ဖြစ်ခြင်း
    တယ်လည်းမနာလိုလိုက်ဌာနော်ဟော်ဟော်
    ReplyDelete
  5. မောင်ဘုန်းဗျာ ရေးတတ်လိုက်တာ ကျွန်တော်အဲဒီလိုတွေ
    လုံးဝမရေးတတ်ပါmimathm
    ReplyDelete