Pages

Wednesday, August 17, 2011

မုန်း၍မဟူ

မင်္ဂလာညချမ်းပါ သူငယ်ချင်းတို့ ရေ ….. မုန်း၍မဟူ ….. ခေါင်းစဉ်လေးတက်ပြီ ပြောပြချင်တဲ့ အကြောင်းရာလေးတော့ စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေး ရဲ့ မုန်း၍မဟူ ဆို တဲ့ စာအုပ်လေးအကြောင်း ပြောပြချင်လို့ ပါ … သိပြီးသာသူငယ်ချင်းတွေကို တောင်းပန်ပါတယ် … ဒီ စာအုပ်ကို မဖတ်ဘူးတဲ့ သူငယ်ချင်းတွေ အတွက် ရည်ရွယ်ပြီး ဒီ post လေးကိုရေးဖြစ်တာပါ ….








မောင်ဘုန်း နှင့်  မုန်း၍မဟူ …..

 မောင်ဘုန်း ဆရာမကြီး ဂျာနယ်ကျော် မမလေးရေး တဲ့ ဝတ္တု အားလုံးလိုလို ကြိုက် နှစ်သက်မိပါတယ် ဆရာမကြီ ရေးတဲ့ ဝတ္တုတွေထဲက ဒီ မုန်း၍မဟူ နဲ့  သည်မိုး ဆိုတဲ့ ဝတ္တု နှစ်အုပ်ကို အကြိုက်ဆုံးပါ .... ။
 မုန်း၍မဟူ ဝတ္တုမှာ ယခုခေတ် နှင့် ဆိုရင် နှစ်ပေါင်း ၅၆ နှစ် ရှိခဲ့ပါပြီ မောင်ဘုန်းတို့ လူငယ်တွေ ရှေ့ ခေတ် ဝတ္တု များကို ဖတ်ရာတွင် စကားလုံး အသုံး နှုန်းများ တောက်နေသောကြောင့် ဖတ်ရာတွင် စိတ်တိုင်းမကြ ဖြစ်တက်ပါတယ် … သို့ သော် မုန်၍မဟူ ဝတ္တု တွင် ရေးသားထား စကားလုံးများမှာ ယနေ့ ခေတ် ဝတ္တု စာအုပ်တစ် အုပ်ဖတ်နေရ သလိုပင် စကားလုံး ရိုးရှင်း လှပါတယ် …
 မောင်ဘုန်း ဒီစာအုပ်လေးကို ၅ ကြိမ်တိတိ ဖတ်ပြီးပါပြီ …. ဖတ်မိတိုင်း အသိ တစ်ခုရပါတယ် … အထူးသဖြင့် ဘဝတစ်ကို တည်ဆောက်မဲ့ သူတိုင်း ဒီစာအုပ်လေးဖတ်သင့်ပါတယ် … မောင်ဘုန်းတို့  လူငယ်တွေ အချစ်နဲ့ တွေ့ ရင် ချစ်ဆိုတာဘာလည်းလို့  မေးတက်ကြပါတယ် … ကိုယ်ထင်သလို ဘာသာပြန်တက်ကြပါ သေချာ တိကျတဲ့ အဖြေတော့မရပါဘူး …. အချစ်ဆိုတာ … လူတစ်ယောက်ရဲ့ ဘဝ ကို တိုးတက်ပြောင်းလဲ စေသလို့ 

အချစ်ကြောင့် အဆိပ့်သင့်လို့ ဘဝ ဆုံးတဲ့သူတွေလဲရှိကြပါတယ် … လို့ ပြောရင်တော့ အာလုံး လက်ခံ ကြမှာပါ ... ။

ဒီ စာအုပ်လေးထဲက ဇာတ်လမ်းလေးဟာ အချစ်ကြောင့် အဆိပ့်သင့် ရတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အကြောင်းကို အဓိက ထားရေးထားတာတွေ့ ရလို့  ချစ်တက်သော မောင်ဘုန်းရဲ့ သူငယ်ချင်းများ အချစ်အဆိပ့် သင့် ခြင်း မှ ကင်းဝေးအောင် ဒီ စာအုပ်လေးကို တစ်ခေါက်လောက်တော့ အချိန်ပေးပြီး ဖတ်ပေးပါလို့  တိုက်တွန်းပါတယ် …



မုန်း၍မဟူ ဇတ်လမ်း အကျဉ်း

မုန်း၍မဟူ ဝတ္တု ဇတ်လမ်းလေးမှာ ရိုးရိုးလေးပင်ဖြစ်ပါတယ် …နောက်ခံအကြောင်းမှာ ဗြိတိသျှ အုပ်စိုးစဉ် ကာလက ဘိလပ် ယဉ်ကျေးမှု ကို အလွန်အထင်ကြီးပြီ ဘိလပ်သား လိုတွေးခေါ်နေထိုင်သူ ခင်ပွန်းနှင့် မြန်မာ ယဉ်ကျေးမှုကိုစံ ထာလိုက်နာသော မိသားစုမှ ပေါက်ဖွားလာသည့် ဇနီးသည် တို့ ၏ ယဉ်ကျေးမှု ဝိရောဓိ ကိုဖော်ပြထားပြီ …. မတ္တာ လွန်ကဲမှု သို့ မဟုတ် အချစ် လွန်ကဲ ခြင်းကြောင့် မွန်းကျပ်သော ဘဝ သို့ ရောက်သွားရသော ဇတ်ကောင်တစ်ဦး၏ အဖြစ်ကို ရင်နင့်ဖွယ် ရေးဖွဲ့ ထာပါတယ် …စာအုပ် မျက်နှာ ဖုံးတွင်ဖော်ပြ ထားသော ဖန်ပေါင်းချောင် ကလပ်အတွင်းမှ နှင်းဆီပွင့် တစ်ပွင့် ရဲ့ ပုံဟာ ဒီစာအုပ်လေး ဖတ်ပြီသေချာကြည့်ရင် အသက်ဝင် လှ ပါတယ် ….



မုန်း၍မဟူ သမိုင်း


မုန်း၍မဟူ ဝတ္တု လေးဟာ မြန်မာ စာပေသမိုင်းမှာ ထူးခြား တဲ့ မှတ်တမ်းများရှိလို့  မောင်ဘုန်း သိသလောက်လေး မုန်း၍မဟူ သမိုင်းလေးကို ဖော်ပြပေးပါမယ် ….

မူရင်း မုန်း၍မဟူ ဝတ္တု ကို ၁၉၅၅ မေလထုတ် ရူမဝ မဂ္ဂဇင်း တွင် ဝတ္တု ရှည် အစ အဆုံး ဖော် ပြခဲ့ပါတယ် ။

ဆရာမကြီး မှာ ရေးရင်းနဲ့  လက်တွေ့ လှသဖြင့် မုန်း၍မဟူ ဇာတ်သိမ်း အဖြစ် ဇွန်လထုတ် တွင်း ဆက်လက်ရေးသားခဲ့ပါတယ် ။ သို့ သော် မုန်း၍မဟူ မှာ ဇာတ်မသိမ်း နိုင်ခဲ့ပါ ။ အကြောင်းမှာ ထိုစဉ်က ထုတ်ဝေ သော မဂ္ဂဇင်း အားလုံး အညီအညွတ် ဆုံးဖြတ်ထားသော စာမျက်နှာ ၂၆၀ ထက် ကျော်လွန်၍ မရ သည်ကတစ်ကြောင်း ၊ မဂ္ဂဇင်း ကို လဆန်းတစ်ရက်နေ့ အမှီ ထွက်နိုင်အောင် စီစဉ်ရခြင်းကြောင့် ဇွန်လထုတ်တွင်လည်း မုန်း၍မဟူ မှာ ဇတ်မသိမ်းနိုင်ခဲ့ ပါ …..

ထို့ နောက် ဆရာမကြီးမှာ မုန်း၍မဟူ ကို အချိန်ပေး၍ သေချာ ပြန်ရေး ချင်သောကြောင့် မဂ္ဂဇင်း တွင်း ဆက်လက်မဖော်ပြတော့ပဲ စာဖတ်သူများအား လုံးချင်း ထွက်မှ ဖတ်ပါရန် တောင်းပန်ခဲ့ပါတယ်

နောက်ဆုံးတော့ ရူမဝ မဂ္ဂဇင်း တွင် အခန်းဆက် အဖြစ် နှစ်လတိတိ ဖော်ပြခဲ့ သောအခန်းဆက်ဝတ္တုကို အကျယ်ချဲ့ ကာ မုန်း၍မဟူ လုံးချင်း အဖြစ် ရူမဝ စာအုပ်တိုက် မှပင် ထုတ်ဝေခဲ့ပါတယ် ….။

မုန်း၍မဟူ ဝတ္တု ကို ထုတ်ဝေပြီ တစ်လ အတွင်းမှာ ပင် ဒုတိယ အကြိမ် ထပ်မံ ရိုက်နှိပ် ခဲ့ရပြီ ၊

၁၉၅၅ ခုနှစ်တွင် ထုတ်ဝေသော ဝတ္တုများအနက် အကောင်းဆုံးဖြစ် ရွေးချယ်ကာ စာပေဗိမာန်ဆု ရရှိခဲ့ပါတယ် ။

မုန်၍မဟူ ဝတ္တုကို ၁၉၅၅ မှ စ၍ ယနေ့ အချိန်ထိ စာပေတိုက် အသီးသီးမှ ၁၁ ကြိမ် တိုင် ထုတ်ဝေခဲ့ပြီဖြစ်ပါတယ် ထိုမျှမက ဘာသာ ၅ မျိုးဖြင့် ထုတ်ဝေ ခဲ့သောကြောင့် မြန်မာ စာပေ သမိုင်းတွင် ငါးမည်ရ မုန်း၍မဟူ လို့ နာမည်ကျော်ကြား လူသိများခဲ့ ပါတော့တယ် …..

ဘာသာပြန် ထုတ်ဝေ ခဲ့ သော ဘာသာ ငါးမျိုး အောက်ပါအတိုင်းဖြစ်ပါတယ် …



၁ … တရုတ် ဘာသာပြန် (၁၉၈၅)

၂ … အင်္ဂလိပ်ဘာသာပြန် (၁၉၉၁)

၃….ပြင်သစ်ဘာသာပြန် (၁၉၉၄)

၎…. ရုရှ ဘာသာပြန် (၁၉၇၂)

၅ … ဥဇဘက် ဘာသာပြန် (၁၉၈၁)





၁ … တရုတ်ဘာသာပြန်




 မုန်း၍မဟူ ဝတ္တျကို ဘေဂျင်းတက္ကသိုလ်အရှေ့ တိုင်းဘာသာ ဌာနမှ ၁၉၈၅ စက်တင်ဘာလ တွင် ဘူရှီဟဲန် (Bu shihen) အမည်ဖြင့် ဘာသာပြန်ထုတ်ဝေခဲ့ပါတယ် …ဘာသာပြန် စာရေးသူမှာ ကျီလျှံဖန် (မြန်မာအမည် ဒေါ်သန်းသန်း) နှင့် ယောင်ပင်ယံ (မြန်မာ အမည် ဦးမောင်ရှိန်) တို့ ဖြစ်ကြပါတယ်



အင်္ဂလိပ် ဘာသာပြန်

အမေရိကန် နိုင်ငံ အိုဟိုင်အို တက္ကသိုလ် (Ohio University) ၏ နိုင်ငံတကာ လေ့လာရေး စင်တာ မှ ၁၉၉၁ ခုနှစ်တွင် မုန်း၍မဟူ ဝတ္တု ကို NOT OUT OF HATE အမည်ဖြင့် ဘာသာပြန် ထုတ်ဝေခဲ့ပါတယ် …။

ဘာသာပြန်စာရေးသူမှာ Margaret Aung Thwin ဖြစ်ပြီး အိုဟိုင်အို တက္ကသိုလ် တွဲဖက်ပါမောက္ခ Willam H . Ferederik က တည်းဖြတ်ကာ လန်ဒန် တက္ကသိုလ် ရှေ့ တိုင်းနှင့် အာဖရိက လေ့လာရေး ကျောင်းမှ မြန်မာစာ ဆရာမ Anna Al – lot က အမှာစာရေး၍ ထုတ်ဝေခဲ့ပါတယ် …။

မြန်မာပြည် ပြင်ပ တွင် ပထမဦးဆုံး အကြိမ် အဖြစ် မြန်မာ ဝတ္တုတစ်ပုဒ် ကို အင်္ဂလိပ်ဘာသာ ဖြင့်ပြန်ဆို ထုတ်ဝေ သော စာအုပ်တစ်အဖြစ် မှတ်တမ်း တင်ခဲ့ပါတယ် …။



ပြင်သစ် ဘာသာပြန်



ပြင်သစ်ဘာသာ ပြန်စာအုပ်ကို ၁၉၉၄ ခုနှစ် တွင် ပါမောက္ခ ရွှန်ကလိုဒ် အိုဂျေ (Jean Claude Auge) နှင့် ဒေါက်တာ ဒေါ် ခင်လေးမြင့် တို့ က ဘာသာပြန် ဆိုပြီ ၊ အာရှစာပေ ဌာန ( မြန်မာစာ ) ၏ လာမာတန် ( L . Harmattan ) တိုက်မှ ထုတ်ဝေခဲ့ပါတယ် ..။


ထိုစာအုပ်တွင် ကဗျာ ဆရာ Rudyard Kipling ၏ The Road to Mandalay (1887) ဆိုတဲ့ ကဗျာ စာပိုဒ် ပါဝင်ခဲ့ ပြီး ၊ မြန်မာ ဝတ္တု ကို ပြင်သစ်ဘာသာသို့  ပထမဆုံး ပြန်ဆို ထုတ်ဝေခဲ့ ကြောင်း မှတ်တမ်း တင်ခဲ့ ရပါတယ် ….။

ဒေါက်တာ ဒေါ်ခင်လေးမြင့် ဆိုသည်မှာ ဆရာမကြီး ဂျာနယ်ကျော် မမလေး ၏ သမီး ဖြစ်ပြီး ၊ ပြင်သစ် နိုင်ငံ ဆိုဘွန်း တက္ကသိုလ် မှ ပြင်သစ်စာပေ ဒေါက်တာ ဘွဲ့  ရ၍ ရန်ကုန် ပြင်သစ်သံရုံးတွင် ဖွင့်လှစ်သော A L Allince Francaise ( ယဉ်ကျေးမှု့ ကျောင်း) တွင် ပါမောက္ခ အဖြစ် စာပြလျှက် chevalier des palmes academiques သင်ကြားမှု့ ဆိုင်ရာ အထူးဘွဲ့  ကိုပါ ရရှိသူ ဖြစ်ပါတယ် ……။



ရုရှ ဘာသာပြန်



ရုရှ ဘာသာပြန်စာအုပ်ကို ၁၉၇၂ တွင် ထုတ်ဝေခဲ့ ပြီး ၊ G.P.Popov ကတည်းဖြတ်၍ ဘာသာပြန် စာရေးသူမှာ V.D Mazo ဖြစ်ပါတယ်..။ စာအုပ်ရေ ၃၀,၀၀၀ ထုပ်ဝေခဲ့တယ်လို့  သိ၇ပါတယ် ….



ဥဇဘက် ဘာသာပြန်

ထိုစာအုပ် ကိုတော့ မှတ်တမ်း မတင်ခဲ့ပါ … သို့ သော် ဆရာမကြီး ၏ ၂၈ . ၉ . ၈၁ ရက်စွဲပါ စာပေ ဗိမာန်အုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှုး သို့ ပေးစာတွင် ဥဇဘက်နိုင်ငံက ၄င်း တို့ ဘာသာဖြင့် ဘာသာပြန်အုပ်ရေ ၈၀,၀၀၀ (ရှစ်သောင်း) ထုတ်ဝေ ခဲ့ကြောင်း ဖော်ပြ ပါရှိတယ်လို့  သာ မှတ်တမ်း တင်နိုင်ခဲ့ပါ တယ် ….



ကယ် .. မောင်ဘုန်း မှတ်သားမိသမျှ မုန်း၍မဟူ၏ အမိုင်းကြောင်းတော့ အကုန်ပါပဲ … မုန်း၍မဟူ စာအုပ်မှာ


စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်လို့  မဖတ်ဖြစ်သေးတဲ့ သူငယ်ချင်း များ အချိန်လေးရ မယ်ဆိုရင် တစ်ခေါက်လောက် ဖတ်ကြည့်ပါလို့  တိုက်တွန်းရင် … မောင်ဘုန်း ဒီစာလေးကို အဆုံးသတ်လိုက်ပါပြီ …။။။။။



စာအုပ်ဒေါင်းရန်


ဝန်ခံချက်

ဧကဒသမအကြိမ် ထုတ်ဝေသော မုန်း၍မဟူ ဝတ္တု စာအုပ်၏ အမှာစာ ကို ကိုးကာသည်

ဓာတ်ပုံများကို google မှ ကူယူဖော်ပြထားပါသည်

စာအုပ် link ကို http://www.myanmarebooks.net မှ coppy link လုပ်ထားပါသည်


မောင်ဘုန်း

0 comments:

Post a Comment