ဘဝဆိုတာ ....
ငါ ရေးတဲ့ ပန်းချီကား ဖြစ်ခဲ့ရင်
ငါ ကြိုက်တဲ့ အရောင်တွေပဲ
ချယ်သ လိုက် ချင် ..... ရဲ့ ။
အခုတော့ ....
ဘယ်က ကျလာမှန်းမသိတဲ့
ဆေးစက်တွေ ကို အရောင်ခွဲရင်း
ပုံဖော်နေ ရပြီ ..... ။
အချစ် ဆိုတာ
ဇီးဖြူသီး လိုမှန်း ငါ့ မသိခဲ့ ဘူး
ချို မလို နဲ့ ခါး
ခါး မလို နဲ့  ချို
ရင်ခုန် စွာ စားသောက် ရတယ် နော် .... ။
ဒါပင်မဲ့ ....
ဒီ အရသာကို ကျေကျေ နပ်နပ်
ကြိုက်တက် ခဲ့ လို့ 
ရင်ခုန် သံတွေ တောင်
သံစဉ် ဖွဲ့ ကုန်ပြီ .... ချစ်သူ ... ။
အချစ် ဆိုတာ
ဇီးဖြူသီး လိုမှန်း ငါ့ မသိခဲ့ ဘူး
ချို မလို နဲ့ ခါး
ခါး မလို နဲ့  ချို
ရင်ခုန် စွာ စားသောက် ရတယ် နော် .... ။
ဒါပင်မဲ့ ....
ဒီ အရသာကို ကျေကျေ နပ်နပ်
ကြိုက်တက် ခဲ့ လို့ 
ရင်ခုန် သံတွေ တောင်
သံစဉ် ဖွဲ့ ကုန်ပြီ .... ချစ်သူ ... ။
စိတ်ဆိုးတိုင်း လမ်းခွဲ စကားပြော တက်တဲ့
ငါ့ ရဲ့ ချစ်လှစွာသော ပန်းလေးတစ်ပွင့် ... ရေ
မင်း မက်တဲ့ အိမ်မက်တိုင်း ကို
စိန်စီ ပစ်လိုက် ချင်တယ် ကွာ .... ။
ဘာကိုမှ မတောင်းတ တက်တဲ့
ဘာကိုမှ မတောင်းတ တက်တဲ့
ငါ့ရဲ့ စိတ်က
မင်းနဲ့  တွေ့ မှပဲ
အဆုံးသတ် ရ ပြီ ။
ငါ့ .... ဆီမှာတော့
မင်းကို ချစ်တဲ့ အချစ်တွေ
ရင်နဲ့  မဆန့် အောင် ရှိ လေ ..... ရဲ့ .... ။
မောင်ဘုန်း
အချစ်တွေလျှံကျကုန်ပြီပေါ့။
ReplyDeleteအလေအလွင့်မဖြစ်ပါစေနဲ့မောင်ဘုန်း :P
ဘာမှမရှိတဲ့သူမှာတောင်ရှိတာတစ်ခုရှိတယ်
ReplyDeleteအဲဒါအချစ်ပဲ
ကဗျာလေးခံစားသွားတယ်အကိုတော်မောင်ဘုန်းခင်ဗျာ့
မဆန့်တာတော့ မကောင်းဘူး..
ReplyDeleteပိုရင် ဘာပဲဖြစ်ဖြစ် သုံးမရဘူး..
ကွက်တိပဲ ဖြစ်ပါစေ :)
ငါ့ .... ဆီမှာတော့
ReplyDeleteမင်းကို ချစ်တဲ့ အချစ်တွေ
ရင်နဲ့  မဆန့် အောင် ရှိ လေ ..... ရဲ့ .... အင်းသတိတော့ထားပေါ့
မောင်ဘုန်းရေ :P
စိန်တွေစီလို့
ReplyDeleteအသည်းတွေအန်ပေးလို့ပါလားဗျိုး
အားပေးလျှက်
မဒိုးကန်
This comment has been removed by the author.
ReplyDeleteဘဝဆိုတာ ....
ReplyDeleteငါ ရေးတဲ့ ပန်းချီကား ဖြစ်ခဲ့ရင်
ငါ ကြိုက်တဲ့ အရောင်တွေပဲ
ချယ်သ လိုက် ချင် ..... ရဲ့ ။
စာသားလေးကို အရမ်းကြိုက်မိပါ၏
ချစ်သူကိုချစ်တတ်သူတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေပါလား
ReplyDeleteစာနာစွာဖတ်ရှုခံစားသွားပါတယ် မောင်ဘုန်းရေ
ချစ်နိုင်သူတွေချစ်ကြပါစေ ချစ်ကြစေး)း)
ReplyDelete