ကာတွန်း (မောင်ဘုန်း)
မင်္ဂလာပါ
… ဗျာ … ။ လူတွေကို ကျူးပစ်လုပ်ရတာ အဆင်မပြေ လို့  ချောကလက် ကို ကျူးပစ်လုပ်နေတဲ့ ညီတော် ချောကလက်ကျူးပစ် ၊ တရားဝင် ကျောင်းပြေး တယ် ဆိုတဲ့ အပျိုကြီး (သမီးစံ) နှင့် ၊ နောင်တော် မောင် တလုံး ...... အယ် ... တစ် .. တစ် လုံး မောင်(စွယ်စုံကျမ်း) တို့  တဂ်ပေး
ထား တာ စတွေ့  ကတည်း က ရေးမယ် ၊ ရေးမယ် နဲ့ ဒီနေ့ မှ
ရေးဖြစ်တော့ ပါတယ် ။ ဒီတစ်ခါ တော့ မောင်ဘုန်း နောက်ဆုံး မဟုတ် ဘူးနော် မရေးရသေးတဲ့ သူ တွေ အများကြီးရှိသေး တယ်လေ .... ။
တဂ် ပေးထားတဲ့
ခေါင်းစဉ်လေးက ရေးလို့  အလွန်ကောင်းတဲ့ အကြောင်းရာ လေးလည်း ဖြစ်လို့  ဘဝ မှာ ကြုံ ခဲ့ရတဲ့
အမှတ်တရ နေ့ ရက်တွေ ကို အကုန် ရေး ရလျှင် ဝတ္တု စာအုပ် တစ်အုပ် စာလောက် ရှိမည် ထင်ပါတယ် ။
ဘဝ ဆိုတာ
ပြည့်စုံ သည် ဖြစ်စေ ၊ မပြည့်စုံ သည် ဖြစ် စေ အမြဲတမ်း တစ်ခုခု လို အပ် နေတက်တယ် လို
့ ကျနော် ခံယူ ထားပါတယ် ။
လူဆိုသည့် သဘာဝ အရ ငယ်စဉ်က လို
အပ် ချက်တစ်ခု မရခဲ့ လျှင် ငို ကြွေး တက် သလို ၊
ငိုကြွေး ခြင်း အဆုံးသတ် သွားသည့်နှင့် ထို လိုအပ်ချက် လည်းပျောက် ဆုံးသွားခဲ့
ပါတယ် ။
အရွယ်ရောက်
လာသည့် နှင့် အမျှ လိုအပ် ချက် တစ်ခု မရလျှင် စိတ်ထဲမှာ တစ်ခုခု စွဲ ကျန် နေတက်ပြီး
၊ အချိန်တွေ ကြာလာသည့် နှင့် အမျှ ထိုလိုအပ်ခြင်း တွေ ပြည့်စုံ မှု့  မရခဲ့ လျှင် ဘဝ
ရဲ့ နာကျင်မှု့  ဒဏ်ရာ အဖြင့် ပြောင်းလည်း ကာ ကျနော် တို့  ၏ စိတ်ကို ဒုက္ခ ပေး တက်သည်
မဟုတ်ပါလော … ။
ထို ကြောင့်
ကျနော် ဘဝ ရဲ့ လိုအပ် ခြင်း တွေ ကို တင်းတိမ်ရောင့်ရဲ တဲ့ စိတ်ဖြင့် ထိန်းချုပ်ကာ မေ့နိုင်သမျှ
၊ မေ့ နိုင်အောင် ကြိုးစား နေပါသော် ကြောင့် ကျနော် ဘဝ ၏ အမှတ်တရ နေ့ ရက် များ ဆိုတဲ့
ကြောင်းရာ ကို ရေးသား ရာ တွင် ဘဝ ရဲ့ ခါးသီး မှု့  နေ့ ရက် တွေ ၊ ကျရှုံးခဲ့တဲ့ နေ့ ရက်
တွေ ကို မျက်ကွယ် ပြုပြီး ယနေ့  အချိန် ထိဖြတ်သန်း ခဲ့ ရတဲ့ ဘဝ နေ့ ရက် များ ကို အနည်းငယ်
ရေးသား လိုပါတယ် ။
(ရေးရင်း
များသွားပါသည် သီးခံပြီးသာ ဖတ်ပေးပါ)
အချိန်ကာ
Y2K လို့  လူအများပြောနေကြပင်မဲ့ Y2K ဆိုတာ ဘာမှန်း သေသေချာချာ မသိတဲ့ ကျနော် ပဥသ ၆၄၉ ( ပန်းတောင်းမြို့ နယ် ဥသျှစ်ပင်
အထက ) မှ ဆယ်တန်း အောင်ခဲ့ပါတယ် ။ ငါးဘာသာ စုစုပေါင်း ၃၁၉ မှတ်ရ သော် လည်း မိသားစု
အခြေနေကြောင့် မဖြစ်နိုင်မှန် သိတဲ့ စက်မှု့ တက္ကသိုလ်
ဆိုတာ ကို စိတ်ကူး ယဉ် မိခဲ့ ပါသေးတယ် … ။
၈ လပိုင်း
၂၀၀၀ ခုနှစ် ….. ကျနော် ၏ ပထမဦး ဆုံး ခရီး
အမေ ပေးတဲ့
ပိုက်ဆံ ၃၀၀၀ ကျပ်တိတိ နှင့် အဖေ ရေးပေးတဲ့ လိပ်စာ စာရွက် ကို ကျစ်ကျစ် ပါအောင် ဆုပ်
ကိုင် ၍ ရန်ကုန် ဆို တဲ့ မြို့  ထွက်ခဲ့ပါတယ် … ။
ဒီ ခရီးဟာ
ကျနော် တစ်ယောက် တည်း သွား ခဲ့တဲ့ ကျနော် ရဲ့ ပထမဦး ဆုံး ခရီး အဖြစ်
အမှတ်တရ ရှိခဲ့ပါတယ်
… ။
ကျနော် နှင့်
ရန်ကုန် အမှတ် တရ နေ့ ရက် များ ( ၈ လပိုင်း ၂၀၀၀
မှ ၆ လပိုင်း ၂၀၀၄ ထိ )
ရန်ကုန် မြို
့ကြီးက ကျနော် ကို အဆင်မပြေ မှု့ တွေ နှင့် ဦးစွာ ကြိုဆိုခဲ့ပါတယ် … ။ ဘယ် ဆွေမျိုး
အိမ် မှာ …. မှ နှစ်လ ကြာအောင် မနေ နဲ့  ဆိုတဲ့ အဖေ စကားကို ရန်ကုန် ရောက်ပြီး ၆ လ
အကြာမှာ နားလည် ခဲ့ပါတယ် ။
ရန်ကုန် မှာ
ကျနော် အတွက် အကြီးမားဆုံး အခက်ခဲ က နေစရာ နေရာပင် ဖြစ်ပါတယ် … ။ ရန်ကုန် မှာ တစ်နှစ်
ကျော် ကြာသည် အထိ နေစရာ အခက်ခဲ ကြောင့် ဟို အလုပ်ပြောင်း ဒီ အလုပ်ပြောင်း နဲ့  မယ်မယ်ရရ
ဘာမှ မဖြစ်ခဲ့ပါဘူး ။
မှတ်မှတ်
ရရ ၂ လပိုင်း ၂၀၀၂ မှာ အကျိုးဆာင် ကုမ္မဏီ တစ်ခု မှာ တောက်တိုမယ်ရ စာရေးလေး အလုပ်ရခဲ့ပါတယ်
… ။ သည်အလုပ် ဟာ ကျနော် အတွက် နေစရာ တစ်ခုရခဲ့ပါတယ် … ။ နေရာ က လသာ လမ်း ထဲ က တရုတ်
ဘုံကျောင်း အပေါ်ထပ် မှာ ပါ ။
ဒီအလုပ်ဟာ
ကျနော် အတွက် အစစရာရာ အဆင်ပြေ ခဲ့ လို့  ၂ နှစ်ခွဲ ကြာ လုပ်ဖြစ်ခဲ့ ပါတယ် …. ။ ဒီလို
နဲ့  ရန်ကုန် ရောက် ခဲ့ တာ ၃ နှစ် ခွဲ ၄ နှစ်လောက်
ရှိလာတဲ့ အချိန် မှာ ပုံသေ ၂၀ ဆိုသည့် Air-con Bus များကြောင့် ကားစီး လျှင် မှုးတက်
သည့် ရောဂါ မှာ လုံးဝ အရှင်း ပျောက်သွားပါတယ် ။ Giordano အင်္ကျီ ဆိုတာ ဝတ်လို့ ကောင်းမှန်း
သိလာခဲ့တယ် ။ J ဒိုးနတ် က ကော်ဖီ အရသာ ရှိမှန်းသိလာ
ပါပြီ ။ ဒဂုံ တက္ကသုလ် မှာ ဥပဒေ ဘာသာ နှင့်
အဝေးသင် တက်နိုင် ခဲ့သလို ၊ အစ်မ ဝမ်းကွဲ တစ်ယောက်
က ရန်ကုန် တက္ကသိုလ် မှာ DBL တက်နိုင်မို့  ကျောင်းအပ်ပေတဲ့ အတွက် ၊ မနက် ၇ နာရီ မှ
၉ နာရီ အထိ DBL သင်တန်းကို အလုပ်လုပ် ရင်း
တက်နိုင် ခဲ့ ပါတယ် … ။
အမှတ်တရ ဖြစ်ခဲ့ သော ၂၀၀၄
၂၀၀၄ ခုနှစ်
၅ လပိုင်း မှာ ၉ လကြာ တက်ရောက် သင်ကြားခဲ့တဲ့
DBL သင်တန်းအပြီ ၊ ကျနော် အတွက် ပျော်ရွှင် ဖွယ်ရာ သတင်း တစ်ခု က နယ် မှာ ရှိတဲ့
ကျနော် မိသားစု ၆ လပိုင်းမှာ ရန်ကုန် မြို့ နား က မှော်ဘီ ကို ပြောင်းလာ တော့မယ် ဆို
တဲ့ သတင်းပါပဲ … အိမ် နှင့် ၄ နှစ်လောက် ခွဲ
နေရလို့  ကျနော် အတွက် အိမ် မှာ ပြန်နေရမယ် ဆိုတဲ့ အသိက အတိုင်းမသိ ပျော်ရွှင်ခဲ့ပါတယ်
… ။
ဒါပင်မဲ့
အခွင့်ရေး တစ်ခု ရခဲ့ လို့  ကျနော် မိသား စု မှော်ဘီ ကို ပြောင်းမလာ ခင် တစ်ပတ် လောက်
မှာ ကျနော် မန္တလေး က ဟိုတယ် တစ်ခု မှာ အလုပ်လုပ် မို့  ၅လ ပိုင်း အကုန် မှာ မန္တလေး
မြို့  ကို ထွက်ခွာ ခဲ့ရပါတယ် … ။
ဒီအလုပ်ဟာ
ကျနော် ကို DBL ထားပေးတဲ့ အစ်မ ဝမ်းကွဲ ရဲ့ အကူညီ နဲ့ ရခဲ့တာပါ ။ အစ်မ တို့  မိသာစုလည်း
မန္တလေး မှာ ပြောင်းရွေ့  နေထိုင်ကြ ပြီး သိသာသာ စီးပွားရေး ကောင်းခဲ့ ပါတယ် ။
မန္တလေး က
ဟိုတယ်မှာ night reception လုပ်ရ ဒါ ကြောင့်
နေ့ လည် ဘက်မှာ ကျေးဇူးရှိ ခဲ့ တဲ့ အစ်မ အိမ် မှာ ပဲ နေပြီး ဝိုင်းကူ လုပ်ပေးခဲ့ ပါတယ်
။ နေရာက မန္တလေး ကန်တော်ကြီး မှာ ပါ ။
တန်ဖိုးမဲ့
နေ့ ရက်များ ၂၀၀၅
မန္တလေး မှာ
တစ်နှစ်လောက် ရှိတဲ့ အချိန် မှာ ကျနော် ဘဝ အရာရာ ပြောင်းလည်း ခဲ့ပါပြီ ။ ဟိုတယ် အလုပ်ဟာ
ဒီလောက် ဝင်ငွေ ကောင်း မှန်း ကျနော် မသိခဲ့ ပါဘူး ။
အစ်မ တို
့ မိသာစု စီးပွားရေး ကလည်း မယုံ နိုင်အောင် ပြောင်းလည်း ခဲ့ ပါ တယ် ။ အစ်မ ဝယ်ပေးထားတဲ့ ၀၉၂၀၀ ဖုန်းတစ်လုံး နှင့် အစ်မ
အိမ် မှာ ပိုနေတဲ့ ဂျစ်ကား တစ်စီး ကို အသုံးချ ပြီး မန္တလေး မြို့  ရဲ့ လမ်းတွေ ပေါ်
မှာ ကျနော် ဘဝ အတွက် ခွင့်ရေးတွေ ကို ဖြန်းတီး
စေ ခဲ့ ပါတယ် … ။
မစားဘူးတာစား
၊ မလုပ်ဘူးတာတွေ လုပ် ၊ မကိုင်ဘူး တာတွေ ကိုင် နဲ့  ကျနော် စိတ် ပင် အံ့သြ လောက် အောင်ပြောင်းလည်း ခဲ့ပါတယ် ။ အကောင်းဆုံး အခွင့်ရေးတွေ ကို ပျော်ရွှင်
ခြင်း ဖြင့် ကုန်လွန် စေခဲ့ပါတယ် ။
အပြောင်းအလည်း
မြန်တဲ့ ၂၀၀၆
ဘယ်လို မှ
မျှော်လင့် မထားတဲ့ အခြေ နေ တစ်ခု ကို ရင် ဆိုင်လိုက်ရပါတယ် … နောင်တ တွေထုတ်ပိုး ပြီး
ရန်ကုန် ပြန် ခဲ့ ပါတယ် ။ မှတ်မှတ်ရရ သီးတင်းကျွတ် တဲ့ အချိန်ပေါ့ ဆယ်တန်းအောင်ပြီး
အိမ်က ထွက် လာခဲ့ တာ အခု တစ်ခါ အိမ် မှာ ပြန်နေရတာ ကျနော် အတွက် အေးချမ်း မှု့  အပြည့်ပါပဲ
… ။
ထို အချိန်
မှာ ကျနော် အတွက် ပိုက်ဆံ ၁သိန်းခွဲ လောက်ရယ် ၊ အဝေသင်စာမေးဖြေမို့  ပြန်လာတုန်း ဝယ်ထားမိတဲ့
တစ်ကွက် ၄ သောင်းတန် ခြံကွက် ၃ ကွက်ရယ် ၊ BA .(law) ဆိုတဲ့ စာရွက် တစ်ရွက်ရယ် ၊
DBL အောင်လက်မှတ် တစ်စောင် သာ ကျန် ခဲ့ ပါတယ် ။
ဘာအလုပ်မှ
မလုပ်ပဲ မှော်ဘီ က အိမ် မှာ ပဲ အပြင် လုံးဝ အထွက် ပဲ ၂ လလောက် နေလိုက်ပါတယ် ။
၁၂ လပိုင်း
၂၀၀၆ မှာ တော့ တစ်ခုခု တော့ လုပ်မှ ဖြစ်မယ် ဆိုတဲ့ သိနဲ့  ၊ မန္တလေးမှာ လုပ်ခဲ့ တုန်းက
သိခဲ့တဲ့ တရားရုံးချုပ် ရှေ့ နေကြီး တစ်ဦး ထံ မှာ BA.(law) နှင့် DBL စာရွက် လေး ကိုင်ပြီး
အလုပ်သင် ရှေ့ နေ လုပ်ခွင့်ရမို့ တောင်းဆို ခဲ့ပါ ။
မေ့မရတဲ့
၂၀၀၇
Happy
new year ဆိုတဲ့ အသံ နှင့် အတူ တစ်ခါမှ မဝတ်ခဲ့ ဘူး တဲ့ တိုက်ပုံ အမည်း လေး နှင့် ကျနော်
မောင်ဘုန်း အလုပ်သင် ရှေ့ နေ ဖြစ်ခဲ့ ပါပြီ ။ ဘာလုပ် ရမှန် မသိလို့  သာ လုပ်ခဲ့ တာပါ
။ ထင်ထားတဲ့ အတိုင်း ဘယ်လို့  မှ အဆင်မပြေ ပါဘူး ။
အဲ့လို အခြေနေမှာ
နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်မို့  အခွင့်ရေး တစ်ခု ရခဲ့ပါတယ် … ။ အချိန် က အရာရာ
တိုးတက်နေတဲ့ ကုန်ဈေးနှုန်း ဖြစ်သောကြောင့် အမှတ် မထင် ဝယ်ထားလိုက်မိတဲ့ ၄ သောင်းတန်
ခြံကွက် များ ကို တစ်ကွက် ၁၈ သိန်းဖြင့် ၂ ကွက် ရောင်းလိုက် ပြီး နိုင်ငံ ခြား ထွက်
အလုပ်လုပ် ရန် စီစဉ်
ခဲ့ပါတယ် ။
၁၀ .၄ .၂၀၀၇
… ကျနော် နှင့် နိုင်ငံခြား
မြန်မာ ရုပ်ရှင်
တွေ ထဲမှာ ဆင်းရဲပြီး အဆင်မပြေ တဲ့ မင်းသား ကို နိုင်ငံ ခြား ထွက် အလုပ်လုပ် တယ် ဆိုတဲ့
ပြကွက် လေး တစ်ကွက် ဖော်ပြ ၍ ၊ ၃ နှစ်ခန့်  ကြာသော အခါ ဆိုတဲ့ စာတန်း လေး ထိုးစေ ပြီး
၊ ထိုမင်းသားကို နောက် ဆုံးပေါ် ကား စီးစေ ပါတယ် … ။
အမှန်တိုင်း
ဝန်ခံ ရလျှင်း မဖြစ် နိုင်မှန်း သိပင်မဲ့ အဲ့လို တော့ စိတ်ကူး ယဉ် ခဲ့မိ ပါတယ် … ။
မှတ်မှတ်ရရ
၁၀ .၄ .၂၀၀၇ နေ့ ည ၁၁ နာရီ တိတိ မှာ အမေ့  မျက်ရည် များ ကို ကျောခိုင်းပြီး စင်္ကာပူ
နိုင်ငံ မှာရှိတဲ့ သင်္ဘောကျင်း လုပ်ငန်း တစ်ခု တွင် လုပ်ကိုင် ရန် မြန်မာ လေယာဉ်ကြီး
ကို စီး ၍ ထွက် ခွာခဲ့ ပါတယ် ။
ကံတရား က
ကျနော် ကို ကျီးစာ လွန်း ပါတယ် … ။ ဖြစ်ပုံက ကျနော် စီးလာသော မြန်မာ လေယာဉ်ကြီး
မှာ စင်္ကာပူ နိုင်ငံ သို့ ရောက်ခဲ့ ပြီး စင်္ကာပူ လေယာဉ်ကွင်း သို့ ဆင်းမည် အပြု တွင်
ချို့ ယွင်းမှု့  များစွားဖြင့် မဆင်း နိုင်ပဲ စင်္ကာပူ နိုင်ပေါ် တွင် လည့်ပတ် ပျံသန်းနေရ
ရှာပါတယ် ။
ကျနော် အပါဝင်
လိုက်ပါလား သူ များမှာ မထင်မှတ်ထား သော အခြေနေကြောင့် ကြောက်လှန့် ကုန်ကြပါ၏ ။ ထိုအချိန် တွင် လွန်စွာ လှပသော မြန်မာ လေယာဉ် မယ်
လေးများ သည် ကျနော် တို့ အား ကြောက်လှန့် မှု့  မဖြစ်စေ ၇န် အလွန် နားထောင်၍ ကောင်းသော "
ဘေဘီလုံ မြို့ မှ သူဌေး ကြီး " ဟု အမည် ရ တဲ့ ပုံပြင်လေးကို စိတ်ဝင်စား ဖွယ် အလှည့် ကျ
စနစ်ဖြင့် ပြောပြလေသည် ။
လေယာဉ်မယ်လေး
များ ၏ သာယာစွာ ပုံပြော ကျွမ်းကျင် မှု့ ကြောင့် ကျနော် တို့  ကြောက်လှန့် ခြင်း မှ ကင်းဝေး
ရသော် လည်း ကျနော် တို့  လေယာဉ်ကြီး မှာ စင်္ကာပူ လေယာဉ်ကွင်း ကို မဆင်း နိုင်ပဲ စင်္ကာပူ
လေပိုင် နက် အတွင်း မှာ ရက်ပေါင်း ၂၀ တိတိ ပျံသန်း နေရ ရှာပါတယ် ။
နောက်ဆုံး
မှာ လေယာဉ် မှုး ၏ ကျွမ်းကျင်မှု့ ကြောင့် စင်္ကာပူ လေယာဉ်ကွင်း သို့  အောင်မြင် စွာ ဆင်းသက်
နိုင်ခဲ့ပါတယ် …..။
သို့ သော် … လေယာဉ်တွင်ပါရှိသော GPRS စနစ် မှာ စက်ချို့ ယွင်း သွား သည်က တစ်ကြောင်း ၊ ရာသီတုအခြေနေမှာ မိုးသည်းထန် စွာ ရွာနေပါ သဖြင့် ကျနော် တို့  လေယာဉ် ကြီး ဆင်းလိုက်သော လေယာဉ်ကွင်း မှာ စင်္ကာပူ နိုင်ငံ လေယာဉ် ကွင်း မဟုတ်ပဲ မလေးရှား လေယာဉ်ကွင်း ဖြစ်နေခဲ့ပါတယ် … ။
သို့ သော် … လေယာဉ်တွင်ပါရှိသော GPRS စနစ် မှာ စက်ချို့ ယွင်း သွား သည်က တစ်ကြောင်း ၊ ရာသီတုအခြေနေမှာ မိုးသည်းထန် စွာ ရွာနေပါ သဖြင့် ကျနော် တို့  လေယာဉ် ကြီး ဆင်းလိုက်သော လေယာဉ်ကွင်း မှာ စင်္ကာပူ နိုင်ငံ လေယာဉ် ကွင်း မဟုတ်ပဲ မလေးရှား လေယာဉ်ကွင်း ဖြစ်နေခဲ့ပါတယ် … ။
ကျနော် အပါဝင်
လိုက်ပါသူများ မှာ အလွန်ကံကောင်းစွာ ဖြင့် ခရီစဉ် ပျက်ခဲ့ ခြင်းကြောင့်  ခရီးစဉ်အတွက်
ကုန်ကျငွေ ပြန်ရရှိခဲ့ ပါတယ် ။
ကျနော် နှင့်
လိုက်ပါ သူများ မှာ မလေးရှာ မှနေ ၍ အမိမြန်မာ ပြည် ပြန်ကြသော် လည်း ၊ ကျနော် တစ်ယောက်
သာ မလေးရှား မှာ နေခဲ့ ပါတယ် ။ ကျနော် အတွက် နောက် ဆုတ်ရန် မဖြစ်နိုင်တော့ ဘူးလို့ 
ယူဆ ခဲ့ သောကြောင့် ပါ ။
၃ လပိုင်း
၂၀၁၀ ပြောင်းလည်းခြင်းနေ့ ရက် များ (သို့ ) မေ့မရသော ခရီး တစ်ခု
မလေးရှား
မှ သူဌေး များ မေးတက်သော " ဘာလုပ် တက်လည်း " ဆိုတဲ့ စကားကို ဖြေ နိုင်မို့  ကလန်း ဂျာရာ ဆိုတဲ့
အ၇ပ် မှာ ကားဆေး မှုတ်တဲ့ အလုပ်ကို အလုပ်သင် အနေ နှင့် စတင် လုပ်ကိုင်ခဲ့ပါတယ် ။ စာရေးဆရာ
၊ ကဗျာ ဆရာ များ ရေးကြသော နဖူး က ချွေး ခြေမ ကျ တယ် ဆိုတာ ဥပမာ လင်္ကာ ဖြစ်မှန်း သိခဲ့ရပါတယ်
။
တစ်နှစ်ခွဲ
ခန့် ကြာသော် အခါ ဂျင်ဂျာတော ဆိုတဲ့ အရပ် မှာ
ရှိတဲ့ ကားဘော်ဒီ နှင့် ဆေးမှုတ် လုပ်ငန်း အဓိက လုပ်ကိုင်သော အလုပ်ရုံ ကို ပြောင်းရွေ့ ခဲ့ပြန်ပါတယ် … ။
ဂျင်ဂျာတော
ဆိုသည့် အရပ်ဟာ ကျနော် အတွက် အများကြီး တိုးတက် ပြောင်းလည်း စေခဲ့ပါတယ် ။ ၂၀၀၅ ခုနှစ်
မန္တလေး နေ့ ရက်များ ၏ သင်ခန်းစာ ကြောင့် ယခု
တစ်ကြိမ် ပြောင်းလည်း တိုးတက်ခြင်း အတွက် အကောင်းဆုံး ဖြစ်အောင် ဖန်တီးနိုင် ခဲ့ပါ တယ်
။ ထိုအခွင့်ရေးများ သည် ကျနော် မိသားစု အတွက် အခြေ နေတစ်ခု ကို ဖန်တီး ပေးခွင့် ရပါတယ်
။
မှတ်မှတ်
ရရ ၃လပိုင်း ၂၀၁၀ မှာ တော့ အလုပ်ရုံ သူဌေး နှင့် အတူ ထိုင်း နိုင်ငံ သို တရုတ် ကားများ
တပ်ဆင် ရန် လိုက်ပါ လုပ်ဆောင် ခွင့် ရခဲ့ပါတယ် … ။
ထိုင်နိုင်ငံ
မှာ ၃ လကျော် လုပ်ကိုင်ခဲ့ ပြီး ပြန်လာခဲ့ပါတယ် ။ ထို ခရီး စဉ် ဟာ ကျနော် ဘဝ အတွက်
မေ့မရ သောခရီး တစ်ခု လည်း ဖြစ်ခဲ့ ပါတယ် … ။ ဘာကြောင့် လည်း ဆို ရင် ကျနော် ချစ်လှ
စွာ သော ကောင်းကင်ဖြူ နှင့် ဆုံ တွေ့ ခွင့် ရ ပါတယ် ။
၂၂.၁၂.၂၀၁၀ ကျနော် ၏ ဘဝ သစ်
မျှော်လင့်
ချက်တွေ ရှင်သန် ခဲ့ ရတဲ့ နေ့  ၊ အိပ့်မက်တွေ ပြည့်စုံ တဲ့ နေ့  ၊ ပျော်ရွှင်မှု့  ကြည်နှုးမှု
့တွေ ပြည့်နေ တဲ့ နေ့ ၇က် လေးပါ …။ ကျနော် ချစ်လှစွာသော ကောင်းကင်ဖြူ က ချစ်ပါသည် တဲ့
….. ။
ကျနော် ဘဝ
ထဲသို့  သူမရောက်ခဲ့ပါပြီ ။ သူမ ရောက်လာ ပြီး မှ ကျနော် ဘဝ ဆိုတာကို ကြည့်မိ ပါသည်
။ နေရာတိုင်း လိုအပ် ချက် တွေ အပြည့်ပေါ့ ။ ထို လိုအပ်ချက် များ တွက် ကျနော် ဆက်လက်
ရ မည် မဟုတ်လော ။
လောလော ဆယ်တော့
အတိုင်းဆ မရှိတဲ့ နာလည်းမှု့  နှင့် ရင့်နှင့် မဆန့် အောင်ရှိတဲ့ အချစ်တွေ သာ သူမ အတွက်
ပေးနိုင်ခဲ့ ပါသည် ……. ။
ကျနော် ၏ post လေးကို အဆုံးသတ် ရလျှင် ရှေ့ လူကြီး များပြောသော " ကံမရှိ ဥာဏ်ရှိတိုင်းမွဲ " ဆိုသည့် စကားလို ၊ ဖြတ်သန်းခဲ့ ရသော ဘဝ နေ့ ရက်များကို ပြန်တွေးကြည့်မိ လျှင် ကျနော် မောင်ဘုန်း ဥာဏ် နည်းလို့ သာ အများကြီး မမွဲ တာလို့  ထင်မိပါသည် .... ။
ခင်မင်စွာဖြင့်
မောင်ဘုန်း
မောင်ဘုန်းရေ ဘ၀ရဲ့ အမှတ်တရဆိုတာပျော်ရွှင်စရာ
ReplyDeleteရှိသလိုဝမ်းနည်းစရာတွေလည်းကြုံရစမြဲပါကွယ်
အောင်မြင်မှုကိုရယူနိုင်ပါစေ
သေချာဖတ်သွားပါတယ်ဗျာ ကောင်းကင်ဖြူနဲ့  မြန်မြန်နီးပါစေလို့ 
ReplyDeleteအောင်မြင်မှု့တွေကို ဒီထက်မက ရယူနိုင်ပါစေခင်ဗျာ။ ခုမှပဲ ဘလော့ဂ်နာမည် ကောင်းကင်ဖြူဆိုတာလေးရဲ့ အဓိပ္ပာယ်ကို သိတော့တယ်.... မောင်(စွယ်စုံကျမ်း) ပြောသလိုပဲ အမြန်ဆုံး နီးစပ်နိုင်ပါစေဗျား.... :)
ReplyDeleteစုံလည်းစုံတဲ့မောင်ဘုန်းး)
ReplyDeleteကောင်းပါတယ်။အားလုံးတတ်ထားတော့
အဆင်ပြေတာပေါ့။အပေါင်းအသင်းလည်းစုံတော့
အတွေ့အကြုံလည်းစုံတာပေါ့ :P
ကာတွန်းပုံလေးတော်တော်လှပါတယ်။
အပေါ်ကမောင်တစ်လုံးက
နည်းပညာစွယ်စုံ
မောင်ဘုန်းက..ဘ၀စွယ်စုံး)
ကောင်းကင်ဖြူလေးနဲ့အမြန်နီးပါစေကြောင်း..
(ဒါမှမြန်မြန်စားရမှား)
ခင်မင်လျှက်
သမီးစံ
ဘာမှ ပကာသနတွေမပါပဲ ရိုးရိုးနဲ့ရှင်းရှင်းလေး စိတ်ဝင်တစားဖတ်ခဲ့ပါတယ် ပိုက်ဆံတွေပြန်ရတယ်ဆိုလို့တော်သေးတာပေါ့
ReplyDeleteတစ်ချို့ ပွဲစားတွေပြန်မပေးတာများတယ်လေ
ကောင်းကင်ဖြူလေးနဲ့ အမြန်ဆုံးနီးစပ်ပါစေလို့
ခင်မင်တဲ့ jasmine
မောင်ဘုန်းရဲ့ ဘဝခရီးကလည်း စိတ်ဝင်စားစရာအပြည့်ဘဲ
ReplyDeleteလေယာဉ်ကြီး စင်္ကာပူလေပိုင်နက်မှာ ရက်၂၀ ဝဲနေတယ်ဆိုတာ အတော်ကို ထူးဆန်းလွန်းတယ်နော်..
အဲဒီအကြောင်းလေးက ရုပ်ရှင်ကြည့်နေရသလိုဘဲ.. မျက်စိထဲမြင်ယောင်နေမိတယ်
ဒါနဲ့ ရက်၂၀တောင် ကောင်းကင်မှာ ဝဲနေတာ လေယာဉ်ဆီမကုန်သွားဘူးလား.. လေယာဉ်ပေါ်မှာ ရက် ၂၀စာ အစားအသောက်ရော လုံလုံလောက်လောက် ရှိရဲ့လား.. အဲဒီအကြောင်းလေး အတော်စိတ်ဝင်စားလို့ မေးကြည့်တာပါ. တကယ့်ကို သည်းထိတ်ရင်ဖိုပါလားနော်။။ ကိုယ်သာဆိုလဲ ကြောက်လိုက်မဲ့ဖြစ်ခြင်း..
ချစ်ညီမကောင်းကင်ဖြူနဲ့လည်း အမြန်ဆုံးနီးစပ်ခွင့်ရပါစေလို့နော်...
တော်တော်စုံတာပဲ
ReplyDeleteညီမလေးကောင်းကင်ဖြူနဲ့ အမြန်ဆုံးနီးစပ်ပါစေနော်
အကိုရေ
ReplyDeleteအမှတ်တရတွေကစုံနေတာပဲဗျို့
လေထဲမှာရက်၂၀လောက်ဝဲနေရတဲ့အရသာကိုခံစားကြည့်ချင်လာပြီ..:)
ဒါနဲ့..ဥသျှစ်ပင်..ကလားးညီတို့နဲ့နီးသလိုလိုပဲ
ရောက်ဖူးတယ်.အဲဒီကို..အမသူငယ်ချင်းတွေရှိလို့
မကောင်းကင်ဖြူနဲ့လည်း အမြန်ဆုံး(မြန်နိုင်သမျှမြန်မြန်)နီးစပ်ပါစေဗျာ..:P
ညီတော် က ဥသျှစ်ပင် ရောက်ဖူးတယ် ...ဟုတ်လား ... ဥသျှစ်ပင် မှာနေတာတော့ မဟုတ် ဘူး ပုသိမ်-မုံရွာ ကားလမ်း ပေါ်မှာ ရှိတဲ့
Deleteကန့် ကူ နဲ့ ကြာအင်း ရွာကြာမှာ နေတာ ညီတော် ... သိတဲ့ အတိုင်းပဲ လေ ဥသျှစ်ပင် နဲ့  ၁၀ မိုင် ပတ်ချာ လည်မှာ ဘာကျောင်းမှ မရှိဘူးလေ ... တချို့ဆို ပဲကြီး သဲကုန်း ကနေ ကျောင်းလာတက်တဲ့ သူတောင် ရှိတယ် သူတို့ ဆို ၁၅မိုင် လောက်ဝေးတယ်ရော ... ဒါက ကို တို့  ကြံခင်း ဘက်သွားတဲ့ လမ်းက လာတဲ့သူတွေ ... ဟို ဘက် မင်းဘူး ဘက်ဆိုရင် တလုတ်ပင် ကနေ လာတက်တဲ့သူ ရှိတယ်လေ ... ဆရာမ တစ်ရောက် ဆိုရင် အသက် ၅၀ ရှိ ပြီ နေ့ တိုင်း ၁၀ မိုင်လောက် ဝေးတဲ့ တလုတ်ပင် ကနေ လာပြီး စာသင်ရတာ .... အဲ့ နားမှာ အထက ကျောင်း က ဥသျှစ်ပင် မှာပဲ ရှိတယ်လေ ....
အရင်က ဆို အထက ခွဲ ပဲ ရှိတာ ...ကို တို့  ၈ တန်းတုန်း က ပန်းတောင် မှာ စာမေးပွဲ သွားဖြေ ရတယ် လေ ...
ငယ်ဘ၀အကြောင်းလေးဖတ်ခဲ့ရပါတယ်
ReplyDeleteချစ်ရသူကောင်းကင်ဖြူလေးနဲ့ အမြန်ဆုံး လက်တွဲနိုင်ပါစေလို့