Pages

Saturday, March 24, 2012

လ တန်ခူး



လ တန်ခူး ပေမို့ 
အလှ ထူး လေ တဲ့
ပိတောက် ဖူး ငယ်
ရွှေရည် လူး ရင်ဖြင့်
တို့  “ဗမာ” အတာကူး  လေ ပေါ့
နွဲကြ စို့  လေ … ။

လ တန်ခူး ပေမို့ 
အတာ ကူး ချိန်ဝယ်
ရိုရာဟန် မှု မပျက်
တို့  “ဗမာ” စဉ်ဆက်
ထိန်းကာ ပျော် ဤ ရက်
ချမ်းကာ စို ရေစင် ဖြန်း လို့ 
လန်းကာ ပျို ဘဝင် ခိုက် လေပေါ့
နွဲကြ စို့  ပျော် ………. ။

လ တန်ခူးပေမို့ 
အတာဦး ပေလို့ 
အခါ ထူးရင် ဖြင့်
စိတ် သဒ္ဒါ ရင်ဝယ် ပိုက်ကာ
တို့  “ဘာသာ” စဉ်ဆက်
မြတ်မဟာ အလှူပွဲ မို့ 
နွဲကြ စို့ နော် …. ။



မောင်ဘုန်း 

8 comments:

  1. သင်္ကြန်ခါတော်တောင်ရောက်တော့မှာပါလား။
    လ တန်ခူးကဗျာကောင်းလေး အားပေးသွားတယ် မောင်ဘုန်းရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ကဗျာဖတ်ပြီး တန်ခူးလကိုမျက်စိထဲ မြင်နေရတယ်

    ReplyDelete
  3. ကဗျာလေးလာရောက်ခံစားသွားပါတယ်...

    ReplyDelete
  4. ကဗျာလေးဖတ်တော့ သင်္ကြန်ကိုကွင်းခနဲကွက်ခနဲမြင်မိပါ့မောင်ဘုန်းရယ်း))

    ReplyDelete
  5. ကဗျာလေး ကောင်းတယ် မောင်ဘုန်းရေ..
    ဒီလိုမျိုးလေးတွေ မြတ်လည်း ရေးတတ်ချင်ပါတယ်။

    ReplyDelete
  6. မြန်မာ့နှစ်ကူးပွဲကို မြန်မာကဗျာလေးနဲ့ဖော်ကျူးတယ်လားဗျာ



    မောင်ဘကြိုင်

    ReplyDelete
  7. ကဗျာလေးက အတော်ကောင်း။ အားပေးသွားတယ်



    အလွမ်းမြို့

    ReplyDelete
  8. Amazing things here. I'm very glad to peer your post. Thanks so much and I am taking a look ahead to contact you. Will you kindly drop me a e-mail?

    Here is my web site: grupa kreatywna

    ReplyDelete