Pages

Tuesday, November 15, 2011

ကျေးဇူးပြု၍




တိုက်နေကြတာလည်း နှစ်ပေါင်းရာချီ
ကျွန် ဖြစ်လို့  အာဏာ ရှုး ကြလို့ တဲ့

မဆုံးနိုင်တဲ့ ခေါင်းစဉ်လှလှ လေး ရေး
ငါ့ ပြည် ၊ ငါ့ နယ် ငါ အုပ်ချူပ်မယ် ဆိုပဲ

နောက်ဆုံးတော့ သမိုင်းတွင်လောက်အောင်
မှတ်တမ်းတင်ခဲ့ပုံက
ကချင်၊ကယား၊ကရင်၊ချင်း
မွန်၊ဗမာ၊ရခိုင်၊ရှမ်း တို့ 
တိုက်နေကြသော နိုင်ငံ ကို
ပြည်ထောင်စု မြန်မာနိုင်ငံ ဟုခေါ်ဆိုပါ …သတဲ့

နှစ်တွေသာ ရာချီ တိုက်ခဲ့တာ
တိုက်နည်းကတော့ ထုံးစံအတိုင်းပဲ
ကောင်းသူထိ မကောင်းသူထိ ပေါ့


ဘာပဲဖြစ်ဖြစ် လေ
တိုက်နေ ရမှ ကျေနပ်တာကို
တိုက်နေရမှ ထမင်းစားရမှာလေ
ရာဇဝင်ထဲ မှာ အင်းဝ နဲ့ ဟံသာဝတီ တိုက်တာ
နှစ်လေးဆယ် ပဲကြာ တယ်
အခုတော့ဖြင့် သမိုင်းသစ် ရေး ရမလို
နှစ်ခြောက်ဆယ် ကျော်ခဲ့ ပြီ

အာရပ် ကမ္ဘာမှာ ကိုယ့်ကို ကိုယ် ဗုံးခွဲ တယ်တဲ့
မြန်မာဆိုတာ အဲ့လောက် ညံ့ တဲ့ အလုပ်မျိုးတော့ မဖြစ်စေရဘူး
အဖိုးရဲ့ အဘိုး နည်းတိုင်းပေါ့
လက်သုံးစကားက “ လူဆိုတာ နိုင်ငံရေး သားကောင်ပဲကွ”

သြော် ……… ခက်ပါရော လား
ကျွဲနှစ်ကောင် ကြား က စိမ်းစိမ်း ဆိုဆို မြေဇာ ပင် လောက်တောင်
အရောင်မထွက် တော့ တဲ့
မြက်ခြောက်ပင် ပမာ ရှိပါတော့တယ် …
ဒူးထောက်မှ ကျေနပ်မယ်ဆို
ဒူးထောက်လိုက် ချင်မိတယ်
နှစ်ရာချီနေတဲ့ အတွေး တွေ မေ့ပစ်ရအောင်လေ
ခောတ်မှီ တယ် ဆိုတဲ့ အနေ ထားမျိုး လောက်
မမှန်း ရဲ ပါဘူး …
ကျေးဇူးပြု၍ ….. အေးချမ်းစွာ နေရအောင်လား ဗျာ
ကျေးဇူးပြု၍ …………………..
ကျေးဇူးပြု၍ ………… ………..
 ကျေးဇူးပြု၍ ………………….. အေးချမ်းစွာ .... 


၁၂.၁၁.၂၀၁၁ နေ့ မြစ်ကြီးနားမြို့  ဗုံးပေါက်ကွဲမှု့  ဖြစ်ရပ်မှ အပြစ်မဲ့ ကလေးငယ် (ဓာတ်ပုံကို-Hkra U/ မဇ္ဈိမ မှ ကူးယူဖော်ပြပါသည်)


 ၂၉.၇.၂၀၁၁ နေ့ ကျောက်မဲ လမ်းခွဲတွင်ဖြစ်ပွားသော ပစ်ခက်မှု့  မှ အပြစ်မဲ့ ပြည်သူ တချို့  (ဓာတ်ပုံကို facebook မှ ကူးယူဖော်ပြပါသည်)


 ၂၉.၇.၂၀၁၁ နေ့ ကျောက်မဲ လမ်းခွဲတွင်ဖြစ်ပွားသော ပစ်ခက်မှု့  မှ အပြစ်မဲ့ ပြည်သူ တချို့  (ဓာတ်ပုံကို facebook မှ ကူးယူဖော်ပြပါသည်)


မောင်ဘုန်း ( စိတ်မကောင်းခြင်းများစွာဖြင့် ရေးမိပါသည် )







7 comments:

  1. မှန်လိုက်တာဗျာ ကလောင်စွမ်းထက်ပါပေတယ်

    ReplyDelete
  2. ထမင်းစားရင်းဖတ်မိတာ မျက်ရည်တောင်ဝဲတယ် မောင်ဘုန်းရယ်း(

    ReplyDelete
  3. မဖြစ်သင့်ဘူး
    ဘယ်လိုမှမဖြစ်သင့်ဘူး
    အလိုအပ်ဆုံးနဲ့အရှိသင့်ဆုံးအရာက
    အေးချမ်းမှု့နဲ့ ငြိမ်းချမ်းရေးပါဘဲ

    ReplyDelete
  4. ဘယ်တိုင်းပြည်မှာ ဘာပဲဖြစ်ဖြစ်မြန်မာပြည်မှာတော့
    မဖြစ်သင့်ပါဘူးနော်
    ကဗျာလေးကလဲတွေးစရာတွေအများကြီးပေးထားတယ်
    မောင်ဘုန်းရေ...အမလက်ဝဲကဗျာတွေရေးထာတာ
    အများကြီးပဲ မတင်ရဲလို့ နဲနဲကြမ်းတယ်လေ..
    ခင်ခင်မင်မင် jasmine

    ReplyDelete
  5. ဘာကြောင့်အဲလောက်
    ရက်စက်နေကြပါလိမ့်ကွယ်
    အပြစ်မဲ့တဲ့ပြည်သူတွေအတွက်
    စိတ်မကောင်းလိုက်တာ
    မြန်မာပြည်သားတွေ..
    အေးချမ်းပျော်ရွှင်ကြပါစေ.
    ခင်မင်စွာဖြင့်
    သမီးစံ

    ReplyDelete
  6. ကဗျာလေးက ကောင်းလိုက်တာ မောင်ဘုန်းရယ်
    ပြောချင်တာတွေ ထိထိမိမိပါဘဲ
    ဓာတ်ပုံတွေ သေချာတောင် မကြည့်ရဲဘူး
    စိတ်မကောင်းဖြစ်မိတယ်..
    အစ်မတို့က မငြိမ်းချမ်းစဉ်ကာလရဲ့ အခြေအနေမျိုး ဟိုးအရင်က ခံစားခဲ့ရဖူးသူမို့ ဘယ်လိုမှ အဲဒီအနေအထားကို ပြန်မရောက်ချင်ပါဘူး..

    ReplyDelete
  7. အမှန်တွေရေးတယ်နော်
    အားပေးသွားပါရှင်

    ReplyDelete