အရှေ့ သည်မှ
စသည့် ခရီး
ရောင်နီ သန်းလျှင်
ညီညာ စဉ်လျှက်
ဦးခိုက် အသွင် … ။
ပူရောင် သန်းလို
့
ရောင်နီ ရင့်ထိန်
သွေ့ သွေ
့ဆင်လည်း
ဦးထိပ် ပန်ဆင်
ဦးခိုက် အသွင် …. ။
လေဆောင် ယိမ်းလည်း
ရောင်နီ ဖြာဆင်း
တောင်စွယ်
ကွယ်တိုင်
မပျက် အစဉ်
ဦးခိုက် အသွင် …. ။
မောင်ဘုန်း တော့ ခေါင်းစားအောင် လုပ်ပြန်ပြီလို့  မထင်ပါနဲ့ ဗျာ ... ။ ဒီနေ့  နေမကောင်းတာ နဲ့  အလုပ်နား ပြီး တနေကုန် အိပ့်နေမိပါတယ် ။
နေ့ လည်က အိပ့်ရင်း အိပ်မက် မက်လို့  အိမ့်မက်ထဲ ကမြင်ကွင်းကို ကဗျာ လေး ချရေးမိတာပါ ။
ဒီကဗျာ လေး ရဲ့ ခေါင်းစဉ် ကိုတော့ တွေးကြည့်ပေးနော် .... ။
ခင်မင်စွာဖြင့်
မောင်ဘုန်း
မောင်ဘုန်းတို့ကတော့လုပ်ချလိုက်ပြန်ပြီ
ReplyDeleteတွေးတော့တွေးသွားတယ်... အဖြေမရဘူး:)
ခေါင်းစားအောင်လုပ်တာမဟုတ်ပါဘူးလို့ မောင်ဘုန်းကပြောထားပေမယ့်
ReplyDeleteတွေးရင်းတွေးရင်းအဖြေရှာရင်း ဉာဏ်မမှီဘူးဆိုတာကိုယ့်ကိုယ်ကိုသိလိုက်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပန်းလား ဟင်..
ReplyDeleteရေးထားတာ က နေထွက်ခါစ နေပူပြင်းချိန် နေဝင်သည့်တိုင် အောင် ပုံစံမပျက် ဦးခိုက်အသွင်ပဲ ဆိုတော့..ပန်းတစ်မျိုးမျိုးကို ပြောချင်တာလား..
ဟာာာာာာာာာ သိတော့ဘူး.. မောင်ဘုန်း ရေ..
ပြေးပြီ..
အိမ်မက်ပြောတာဟုတ်မယ်။
ReplyDeleteနေကြာပန်းထင်ရဲ့..း)
တွေးကြည့်နေတယ်
ReplyDeleteခင်မင်တျဲ့is jasmine
တွေးကြည့်ပေမယ့်
ReplyDeleteအဖြေမရတဲ့
အကို့ဘ၀က
ညံ့လွန်းပါတယ်
မောင်ဘုန်းရယ် ။
အဖြေမရလို့ ကဗျာပဲ စပ်သွားလိုက်တယ် ဟိ