နှိုင်းတု မမှီ
ရာဇဝင် ချီ
ထာဝစဉ် မြဲ
ရင်မှာ စွဲ
မြဲ ရတော့
သည် …. ။
အနာဂတ် တည်
ရာဇဝင် ချီ
အမိုင်းစဉ်
ဆက်
ရင်မှာ စွဲ
“ စံ” ထား
ပြန်သည် ။
သူ့ စေတနာ
အရောင် တွေဖြာ
မှောင်ကာ
ဖုံးလည်း
ရင်မှာ စွဲ
တမ်းတ ကုန်
သည် ။
အချိန် တွေပြောင်း
ရက်တွေ ဟောင်း
မဟောင်း အစဉ်
ဦးညွှတ် အသွင်
" တို့ " ရင်မှာ စွဲ
လေးစား ရ
သည် ။
ယနေ့ ကျရောက်သော ဗိုလ်ချုပ် အောင်ဆန်း ၏ မွေးနေ့ အား ဂုဏ်ပြုသော အားဖြင့်
ဓာတ်ပုံ ကို google မှ ကူးယူခဲ့ပါသည်
မောင်ဘုန်း
ကဗျာလေးကောင်းပါတယ် မောင်ဘုန်းရေ
ReplyDeleteအမဖြင့်မရေးနိုင်ခဲ့ဘူး မအားတာရယ်နေမကောင်းတာရယ်နဲ့ ကဗျာ
ဘက်မလှည့်နိုင်ဘူး :(
ဗိုလ်ချုပ်ကို ဦးညွှတ်ရင်း ကဗျာလေးကို ဖတ်သွားပါတယ် ခင်ဗျာ...
ReplyDeleteဦးညွတ်အလေးပြုလျှက်
ReplyDeleteမြတ်သောဇာနည်ကောင်းရာဘုံဘဝမှာ ပျော်ချေမည်ဟု မျှော်လင့်သည်
မောင်ဘကြိုင်
မောင်ဘုန်းရေ...
ReplyDeleteတကယ်ကောင်းတဲ့ကဗျာလေးပါ။
နက်ဖြန်ကြေးမုံထဲမှာ..ဗိုလ်ချုပ်ကိုရည်ညွှန်းတဲ့
စာလေးတစ်ကြောင်းလောက်ဖြစ်ဖြစ်
(မမျှော်လင့်ရဲပေမယ့်).မြင်တော့မြင်ချင်တယ်။
ကိုယ်သိတတ်ဖို့ထက်..သူတို့သိတတ်လာတာ.အကျိုးရှိမယ်ထင်လို့း)
ခင်မင်လျှက်
သမီးစံ
မောင်ဘုန်းတို့ လဲတော်ပြန်ပြီကွယ် ဗိုလ်ချုပ်အတွက်သတိတရရှိနေတာပဲ
ReplyDeleteလေးစားမိပါတယ်
ဒို့ လူငယ်တွေ ဗိုလပ်ချုပ်လို့  ပြောရင် လူလွဲမှာစိုးလို့  ဗိုလ်ချုပ်နောက်က အောင်ဆန်းပါ ထည့်ပေးနော် ဦးလေး လူလွဲပြီး အလေးပြုမှာစိုးလို့ ..ဗိုလ်ချုပ်အောင်ဆန်းကတော့ လူတိုင်း မမေ့နိုင်ကြပါ.မမေ့သင့်ကြပါ..အဘယ့်ကြောင့် ဆိုသော် သူလိုစေတနာသန့် သန့်  ကိုယ်ကျိုးမဖက် ပြည့်သူ့ အတွက် ဆိုတဲ့ ဗိုလ်ချုပ် ၇ှားပါလားခြင်းကြောင့်ဖြစ်သည်..အဘယ့်ကြောင့်ဆိုသော်..အဘယ်ကြောင့်ဆိုသော်
ReplyDeleteဗိုလ်ချုပ်မွေးနေ့ကိုလဲဂုဏ်ပြုတယ်
ReplyDeleteကဗျာရေးတဲ့သူအတွက်လဲဂုဏ်ယူတယ်..:)
ဂုဏ်ယူပါတယ်သူငယ်ချင်း
ReplyDelete