“
Human is by nature political animal ”…. တဲ့ BC 384 လောက်
ကတည်းက Aristotle ဆိုသူက ပြောခဲ့တဲ့
စကားတစ်ခွန်း ဖြစ်ပါတယ် … ။ ရာစုနှစ်တွေ တော်တော် ကြာနေ ပင်မဲ့ ယနေ့  အချိန်ထိ လူအများ ပြောနေဆဲပါ ။
ဒါဆိုရင်
… လူဆိုတာ တစ်ကယ်ပဲ နိုင်ငံရေးရဲ့ သားကောင် များလော …. ။ ။။။။။။။
ဒီနေရာမှာ
နိုင်ငံရေး (political) ဆိုတဲ့ကြောင်းရာကို
ခဏလောက်ထားပြီး လူသားနဲ့  ဥပဒေ ဆိုတဲ့ ခေါင်းစဉ်လေး ဦးစွာဆွေးနွေး လိုပါတယ်
။ နိုင်ငံရေး (political) ဆိုတာ ဥပဒေ ကိုအခြေပြု ပေါ်ပေါက်လာခဲ့ သည် မဟုတ်လော …… ။
လူသားနဲ
့ ဥပဒေ
လူဆိုတဲ့
သဘာဝ ကို က လွတ်လပ်စွာနေထိုင် တက်သလို ၊ လွတ်လပ်စွာ ကွဲလွဲတက် ပါတယ် … ။ ဒီလို လူအများ
နေထိုင်တဲ့ နေရာမှာ လွတ်လပ်ခွင့် နဲ့ အတူ ကြီးနိုင်ငယ်ကျင့် ဆိုတဲ့ အားကြီးတဲ့သူ က
အားနည်းတဲ့ သူအပေါ်မှာ မတရား ပြုကျင့် တက်ခြင်း ဟာ လူသား ဆန် ခြင်းပင်ဖြစ်ပါတယ် ။ လူ
့သဘာဝ အရ မတရားပြုကျင့် တက်တာကြောင့် ၊ ကြီးနိုင်ငယ်ကျင့်
အဖြစ်မှာ ကင်းဝေစေရန် လူအများ စုဖွဲ့ နေထိုင်ကြပြီး
၊ မိမိအဖွဲ့ စည်း အတွင်း တစ်ဦးပေါ်တစ်ဦး ကာကွယ်စောင့်ရှောက် နေထိုင်ခြင်းမှ အစပြုကာ
လူ့ အဖွဲ့ အစည်း ဆို ဖြစ်လာတယ် လို့ ထင်မိပါတယ် ။
အဲလို
လွတ်လပ်စွာနေထိုင်လိုတဲ့ သူတွေ ၊ လွတ်လပ်စွာ ကွဲလိုတဲ့ သူတွေ ၊ ကြီးနိုင် ငယ်ကျင့်
ပြုလိုသူတွေ စုပေါင်း ထားတဲ့ လူအဖွဲ့ မှာ များစွာသော ကွဲလွဲမှု များကို ထိန်းချူပ် ရန်အတွက်
ဥပဒေ ဆိုတာ အရေးပါလာ ခဲ့တယ် ။ ဒါပင်မဲ့ ဥပဒေ ဆိုတာ လွတ်လပ်စွာနေထိုင်တက်သော လူ့ ဘာဝကို
ဆန့် ကျင် သလို ဖြစ်နေတာကြောင့် ဥပဒေ နဲ့  လူသား ဆို တာ ယနေ့ အချိန်ထိ ဆန့် ကျင် ကွဲလွဲနေဆဲပါပဲ
… ။
တစ်ကယ်တော့
ဥပဒေ ဆိုတာ လွတ်လပ်စွာ နေထိုင်ခြင်း ဆိုတဲ့ လူ့ သဘာဝကို ဆန့်ကျင် တယ် ဆိုတာထက် လူသား
အများ ရဲ့ လွတ်လပ်ခွင့် နဲ့  ကွဲလွဲခွင့် ကို
စနစ်တကျ ဖော်ဆောင်တယ်ဆိုရင် ပို မှန်မယ် လို့  ထင်မိပါတယ် ။ ဒါကြောင့်သာ ကျနော်တို့  လူသားများ နေထိုင်မှု့  ဟာ ယနေ့ အချိန်ထိ တိုးတက်လာခဲ့ သည် မဟုတ် ပါလော … ။ သည်လို ကွဲလွဲမှုများ ဟာ လူသား တို့ အတွက် လွတ်လပ်ခွင့် ဆိုသော်လည်း
၊ လက်တွေ့ မှာတော့ ကွဲလွဲမှု့  များကြောင့် လူသားများအတွက် များစွာသော ဥပဒေ များ ပေါ်ထွက်လာစေသလို ၊ ဒီလို ဥပဒေများကြောင့် များစွာသော ကွဲလွဲ မှု့  ကို ပြန်ဖြစ်စေပြီး
လူသားနဲ့  ဥပဒေဆိုတာ သံသရာလည် နေတာကိုလည်း တွေ့ မိပါတယ် ။ ဒါကြောင့် ဥပဒေ ဆိုတာ လူသား
များနဲ့  ကွဲလွဲ နေတက်ခြင်းဟာ သဘာဝ တစ်ခု သာ ဖြစ်ပါတယ် … ။
လူသားနှင့်
နိုင်ငံရေး
သူငယ်ချင်းတစ်ယောက်က
ပြောဘူးပါ တယ် “ ငါက နိုင်ငံရေး ဆိုတာကို စိတ်လည်းမဝင်စားဘူး လုံးဝ လည်း မပတ်သတ်ဘူး
” တဲ့ …… ။ ကျနော် တို့  လူသားများ နိုင်ငံရေး
နှင့် မသတ်ပဲ နေလို့ ရပါ လား …. ။
နိုင်ငံရေးဆိုတာ လူ့ အဖွဲ့ စည်း မှာပေါ်ပေါက်လာသော
ဥပဒေကို အခြေပြုထားခြင်းဖြစ် ပါတယ် ။ နိုင်ငံရေးဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်လို့  ရှေ
့ပညာရှိ များ ပြောခဲ့တဲ့ စကားရပ် များစွာရှိပါတယ် ။ အရိုးဆုံးပြောပါဆိုရင်တော့ …..
။ လူဆိုတာ မိသားစု အသိုက်ဝန်း နဲ့  နေထိုင်တက် ကြသလို မိသားစုအတွင်း မှ ဖြစ်ရပ် အားလုံးဟာ
မိသားစုးအရေး လို့  ဆိုရင် ၊ မိမိနေထိုင်ရာ တိုင်းပြည် (သို့ ) နိုင်ငံမှာ ဖြစ်တဲ့
ဖြစ်ရပ်အားလုံး ဟာ လည်း နိုင်ငံရေး ဖြစ်ပါတယ် ။ ကိုယ့် မိသားစု အတွင်းက ဖြစ်ရပ်များ ဟာ မိသားစုဝင် များနဲ့  ဆိုင်သလို ၊
မိမိနေထိုင် ရာ တိုင်းပြည် (သို့ ) နိုင်ငံ မှာ ဖြစ်တဲ့ အရာအားလုံး ဟာလည်း ထို ဒေသအတွင်း
နေထိုင်ကြတဲ့ သူများနဲ့  သက်ဆိုင် ပါတယ် ။
တနည်းဆိုရရင် လူဆိုတာ ပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့  နေသ၍ နိုင်ငံရေးဆိုတာ မပတ်သက်ပဲ နေလို
့မရတဲ့ အရာ ပါ ။ ကျနော်တို့  မိသားစု ကောင်းခြင်း
ဆိုးခြင်းဟာ ကျနော် တို့  နှင့် တိုက်ရိုက် ပတ်သတ် နေသလို ၊ ကျနော် တို့  နိုင်ငံ ကောင်းခြင်း
ဆိုးခြင်းဟာ လည်း ကျနော်တို့  နှင့် တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်သော နည်းနဲ့ သက်ဆိုင်တယ်
လို့ ပြောလို့ ရပါတယ် … ။ ဒါကြောင့် နိုင်ငံရေဆိုသည်မှာ ကျနော် တို့  လူးသားများနဲ့ 
မခေါ်ချင်သာနေလို့ မယ် မတော် ချင် လို့ မရဘူး လို့ ဆိုရင် အငြင်းပွားဖွယ် မရှိလောက်ပါဘူး … ။
ကျနော်
အထက်ပါ ဆွေးနွေးချက် များကို အကျဉ်းချူပ် ပါက ၊ နိုင်ငံရေး ဆိုတာ လူ့ ပတ်ဝန်းကျင် နဲ
့ နေသ၍ ကျနော် တို့  နှင့် သက်ဆိုင်ပြီ ၊ ဥပဒေကို ဆန့် ကျင် တက်ခြင်းဟာ ကျနော် တို
့ လူသားများအတွက် သဘာဝတစ်ခု ဖြစ်ပါတယ် ။
အခုတလော
online ပေါ်မှာ ရေပန်းအစားဆုံး အကြောင်းရာကို ပြောပါဆိုရင် အခြေခံဥပဒေ ဆိုတာ ဖြစ်ပါတယ်
။ facebook မှာ ပဲဖြစ်ဖြစ် သတင်းစာ မျက်နှာ
များပေါ်မှာ ဖြစ်ဖြစ် အခြေခံဥပဒေ ဆိုတဲ့ အကြောင်းရာ ကို နေ့ စဉ်လိုလို တွေမြင်ရပါတယ်
… ။ ဒီတော့ အခြေခံဥပဒေဆိုတာ ဘာလည်း ... ။
အခြေခံဥပဒေ
ဆိုတာ အစိုးရနဲ့  ပြည်သူ ကြား တာဝန်နဲ့  အခွင့်ရေးကို သဘောတူ ချူပ်ဆိုတဲ့ စာချူပ် ဆိုရင်
မမှားပါဘူး ။ နိုင်ငံ တစ်နိုင်ငံ အတွက် အမှန်တကယ် လိုအပ်တဲ့ အရာလည်း ဖြစ်ပါတယ် ။ အခု
online ပေါ်မှာ တွေ့ မြင်တဲ့ အကြောင်းရာ အများစု ဟာ အခြေခံဥပဒေ အပေါ် ကွဲလွဲတဲ့ အကြောင်းအများစု
ကိုလည်းတွေ့ ရပါတယ် ။ အထက်မှာ ပြောခဲ့သလို ဥပဒေ ဆိုတာ လူသားများ နဲ့  ကွဲလွဲမှု့  ဟာ
သဘာဝဖြစ်ပါတယ် ။ ဒါပင်မဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းမှာ အခြေခံဥပဒေ ဆိုတာ ကျနော် တို
့ ပြည်သူများ အတွက် ကောင်းကျိုး မဖြစ်ခဲ့တဲ့အပြင် ၊ ပြည်သူများ နိုင်ငံရေးရဲ့ သားကောင် သဖွယ် ခံစားစေခဲ့
ရတာကို မှတ်သားခဲ့ ဘူးပါတယ် ။
ဒီနေရာမှာ
မှတ်သားခဲ့ဘူးတဲ့ မြန်မာ့ နိုင်ငံရေး အမိုင်းမှ အခြေခံဥပဒေများနဲ့ ထို ဥပဒေ များကြောင့်
နိုင်ငံရေးရဲ့ သားကောင် ဖြစ်သွားရှာတဲ့ ပြည်သူများ အကြောင်းကို အနည်းငယ် ပြောလိုပါတယ်
… ။
ပထမ
အကြိမ် နိုင်ငံရေးရဲ့ သားကောင်းများ
၁၉၄၇
ခုနှစ်မှာ မြန်မာပြည်အတွက် ပထမဦး ဆုံ အခြေခံဥပဒေ ကို ရေးဆွဲ နိုင်ခဲ့ ပါတယ် ။ သည် ဥပဒေ ကို အင်္ဂလိပ် က ရေးဆွဲ
ပေးတာဖြစ်ပြီ ပါလီမန်ဒီမိုကရေစီစနစ် ကို အခြေခံ ထားပါတယ် ။ ပါလီမန်ဒီမိုကရေစီစနစ် ဆိုတာ
ကတော့ နိုင်ငံကို လွှတ်တော်မှ တစ်ဆင့် တာဝန်ယူ အုပ်ချုပ်တဲ့ စနစ်ဖြစ်ပါတယ် ။
ဒီ
ဥပဒေ အပေါ်မှာ အဓိက ကွဲလွဲမှု့ ကတော့ Federal ( ပြည်တောင် ) နဲ့ Union
( ပြည်ထောင်စု) ကွဲလွဲ ခြင်းပဲ ဖြစ်ပါတယ် ။ ဖြစ်ပုံက ဒီလိုပါ … ။ အဲ့ဒီ အချိန်က ချင်း၊
ကချင်၊ ရှမ်း တို့ ဟာ အင်္ဂလိပ်ခေတ် ကတည်းကိုက ကိုယ်ပိုင် ဥပဒေ နှင့် ကိုယ်ပိုင် အုပ်ချူပ်ခွင့် ရသော Federal (
ပြည်တောင် ) များဖြစ်ပါတယ် ။ ၁၉၄၇ အခြေခံဥပဒေ မှာ ပြည်ထောင် ဆိုတဲ့ စကားရပ်ကို ပြည်နယ်
ဟု ပြောင်းလဲစေပြီး ၊ ထို ပြည်နယ် များအတွက် ဖွဲ့ စည်းပုံအခြေခံ ဥပဒေ ကို သီးခြား ပြဋ္ဌာန်း ခြင်းမရှိဘဲ နောက်ဆက်တွဲ အနေ နှင့်သာ ပြဋ္ဌာန်း ခဲ့ ပါတယ် ။
သည်အားနည်း
ချက် ကို ဗိုလ်ချူပ်အောင်ဆန်းက ရိပ်မိပုံ ရပါတယ် ။ ဒါကြောင့် ၁၉၄၇ ဖေဖဝါရီ ၁၂ မှာ ပင်လုံ
စာချူပ်ကို လက်မှတ်ရေးထိုးစေပြီး Federal ( ပြည်တောင် ) များကို Union ( ပြည်ထောင်စု)
အဖြစ် သဘောတူ စေခဲ့ပါတယ် ။ ဗိုလ်ချူပ်အောင်ဆန်း ရဲ့ ကြိုးပမ်း မှု့ ကြောင့် ပင်လုံ စာချူပ်ဟာ
မြန်မာပြည်အတွက် ပထမဦး ဆုံး ပြည်ထောင်စုမြန်မာ နိုင်ငံ ဖြစ်စေခဲ့ပါတယ် ။ ဒါပင်မဲ့ ဗိုလ်ချူပ်အောင်ဆန်း လုပ်ကြံခံ ရပြီးနောက် မှာတော့
ပင်လုံ စာချူပ် သဘောတူညီ ချက်များ ကို ဆက်လက်မထိန်းသိမ်း နိုင်ခဲ့ပါဘူး ။
အဲ့နောက်မှာ
၁၉၄၇ ခြေခံဥပဒေ အားနည်းချက်တစ်ခု ဖြစ်တဲ့ လူဦးရေ
ကို အခြေံခံပြီး လွတ်တော်အမတ် ထားရှိခြင်းကြောင့် လူဦးရေများတဲ့ ဗမာများကသာ လွတ်တော်
မှာ နေရာရ စေပြီး ၊ လူမျိုးစု လွတ်တော်အမတ်များ မှာတော့ အောက်လွတ်တော် အဆင့်မှာသာ ရခဲ့စေခြင်း
မှ အစပြု ကွဲလွဲစေခဲ့ပါတယ် ။ နောက်ကွဲလွဲမှု
့ကတော့ ၊ မှုရင်း ၁၉၄၇ အခြေခံဥပဒေ ပုဒ်မ ၂၁(၄)တွင် “နိုင်ငံရေးအလို့ငှာ
ကိုးကွယ်ရာဘာသာကိုအလွဲသုံးစားမပြုရ” ဟု ပြဋ္ဌာန်း ထားသော်လည်း အနိုင်ရပါတီ က ၁၉၆၁ မှာ
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်း ကာ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ခြင်းကြောင့်
လူမျိုးစု လွတ်တော် အမတ် တချို့ နဲ့  ကွဲလွဲစေခဲ့ပြန်ပါတယ် ။
ဒီလိုကွဲလွဲမှု
့များ ကစပြီး ရှမ်းမူ(ခေါ်)ဖယ်ဒရယ်မူ ကို လွတ်တော် သို့  ရှမ်းစော်ဘွားများ တင်သွင်းခြင်းကို
လက်မခံတဲ့အတွက် အာဏာသိမ်းမှု့  ၊ အနိုင်ရ ပ.ထ.စ (ပြည်ထောင်စုပါတီ) ကို ကရင်တို့ မှ ပုန်ကန်မှု
့၊ ဗိုလ်ချုပ်ကြီးနေ၀င်းမှ ဦးဆောင်သည့် စစ်တပ်က ခွဲထွက်ရန်ကြိုးပမ်းမှု တို့ ကို ဖြစ်စေခဲ့စေပြီ
၊ ၁၉၄၇ အခြေခံဥပဒေ ဟာ လည်း ၁၉၆၂ မှာ တစ်ခန်းရပ် ဇတ်သိမ်းကာ တိုင်းပြည်အတွက် ဘယ်လိုမှ
ကောင်းကျိုး မဖြစ်စေ ခဲ့ပါဘူး ။ ဇတ်သိမ်းမှာတော့ အမိုင်းတွင် လောက်အောင် ပြည်တွင်း
စစ်ပွဲ များ ဖြစ်စေခဲ့သလို ၊ ပြည်သူများ သာ အသက်ဆုံးရှုံး စေခဲ့ရပါတယ် ။ ဒီ ဖြစ်ရပ်
ကို ကြည့်မယ်ဆိုရင် ၁၉၄၇ အခြေခံဥပဒေ အပေါ်မှာ ကွဲလွဲ ရာက စခဲ့တယ်ဆိုတာ သတိပြု မိပါတယ်
။ အသက်ဆုံးရှုံးခဲ့ ရတဲ့ ပြည်သူများ ကတော့ နိုင်ငံရေးရဲ့ သားကောင်း များ ဖြစ်စေခဲ့ပါတယ်
…. ။
ဒုတိယ
အကြိမ် နိုင်ငံရေးရဲ့ သားကောင်းများ
ဒီလိုနဲ
့ မတည်မငြိမ်ဖြစ်နေတဲ့ တိုင်းပြည်ကို ၁၉၆၂ မတ်လ ၂ ရက်နေ့ မှာ တော်လှန်ရေးကောင်းစီ
ဖွဲ့ စည်းကြောင်း ကြေငြာကာ အဖွဲ့ ဝင် ၁၇ ဦး ဖြင့် နိုင်ငံတော်အာဏာ ကို တပ်မတော် မှ
သိမ်းယူခဲ့ပါတယ် ။ နောက် ၁၀ နှစ် အကြာမှာတော့ ဒုတိယအကြိမ် အခြေခံဥပဒေ ဆိုတာကို စတင်ရေးဆွဲခဲ့ပြီး
။ ၂နှစ်အကြာမှာတော့ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ ပေါ်ပေါက်လာခဲ့ ပြန်ပါတယ် ။ ဒီအခြေခံဥပဒေဟာ ဆိုရှယ်လစ်စနစ်ဖြစ်သလို တစ်ပါတီ စနစ်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မ.ဆ.လ)က
တိုင်းပြည်ကို အုပ်ချူပ်စေ ခဲ့ပါတယ် ။
၁၉၄၇
အခြေခံဥပေဒေ အပေါ် မှာတော့ ကွဲလွဲ မို့ အခြေနေကို မရောက်ခဲ့ပါဘူး ။ ဘာဖြစ်လို့  လည်းဆိုရင်
တော်လှန်ရေးကောင် စီဝင် များဟာ ထို ဥပဒေ ကို ကိုယ်တိုင်ရေးဆွဲ ခဲ့ပြီ ၊ ပြည်သူဆန္ဒ မပါပဲ
အတည်ပြု အသက်သွင်းခဲ့ တာကြောင့်ပါ ။ ၁၉၇၄ အခြေခံဥပဒေပုဒ်မ
(၆၆) အရ “နိုင်တ်ာကောင်စီဥက္ကဌသည်နို င်ငံတ်ာသမ္မတ ဖြစ်သည်” ဟု ပါရှိသောကြောင့် နိုင်ငံတော်ကောင်စီဥက္ကဌဦးနေဝင်းမှာ
သမ္မတ ဖြစ်ခဲ့ပြီး ၊ တစ်ပါတီ စနစ် ဖြင့် ၁၉၄၇ အခြေခံဥပေဒေ ကို အသက်သွင်းခဲ့ပါတယ် ။ တစ်ပါတီ စနစ် ဆိုခြင်းကြောင့်
အာဏာရှင် စနစ်ပုံစံ ဖြစ်စေသလို ၊ ဆိုရှယ်လစ် နိုင်ငံရေး စနစ် ဟာလည်း တိုင်းပြည်ကို
ဘယ်လိုမှ ကောင်းကျိုးမပြုခဲ့ပါဘူး ။
နောက်ဆုံးတော့
အမိုင်းတွင်လောက်အောင် ၁၉၈၈ မှာ ရှစ်လေးလုံးအရေးအခင်း ဆိုတာ ဖြစ်စေခဲ့ ပြီး အဲ့ဒီ အရေးခင်း
နဲ့  အတူ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာလည်း ဇတ်သိမ်း ခဲ့ပြန်ပါတယ် … ။ အဲ့နောက်
သမိုင်းတွင်လောက်အောင် ပြည်တွင်း ဆူပူမှု့  များဖြစ်စေခဲ့ပြီး ၊ ပြည်တွင်း စစ်ပွဲ များဖြစ်စေကာ
များစွာသော ပြည်သူများ အသက်ရှုံးဆုံးစေခဲ့ပြန်ပါတယ် ။ တနည်း ဆိုရရင် ပြည်သူများ ဒုတိယအကြိမ်
နိုင်ငံရေးရဲ့ သားကောင် သဖွယ် ခံစားရ စေခဲ့ပါတယ် …. ။
အခု
တတိယ အကြိမ် အခြေခံဥပဒေဆို လာပြန်ပါပြီ .. ။ ဒီ ဥပဒေ ကိုတော့ တပ်မတော်အစိုးရက ၁၉၉၃
ခုနှစ်မှာ အမျိုးသားညီလာ ဆိုတာ ခေါ်ယူ ဆွေးနွေးစေပြီး ၊ အခြေခံဥပဒေ မှုကြမ်း ဖြစ်မြှောက်ရေးအတွက်
စတင်လုပ်ဆောင် ခဲ့ပါတယ် ။ ဇတ်လမ်း အစ ကတည်းကို က အကွဲကွဲ အလွဲလွဲ နှင့် သမိုင်းတွင်လောက်အောင်
အမျိုးညီလာခံ ကြီးမှာ ၁၄ နှစ်တိတိ ကြာခဲ့ ပြီး ၂၀၀၈ ခုနှစ်မှာတော့ အခြေခံဥပဒေ မှုကြမ်း
ကို ရေးဆွဲ နိုင်ခဲ့ပါတယ် ။ သည်လိုနဲ့  ၂၀၁၀ မှာ ၂၀၀၈ အခြေခံဥပဒေ ဆိုတာကို အသက်သွင်း
စေခဲ့ပါတယ် ။ ဒီဥပဒေဟာ ဒီမိုကရေစီ စနစ်ကို ခြေခံပြီ ၊ သမ္မတ စနစ်ကို ပုံဖော်ထားပြန်ပါတယ်
။
ဒီလို
အသက်သွင်းပြီး ယနေ့  အချိန် ၂နှစ် ကြာတဲ့ခါမှာတော့ အားလုံးတွေ့ မြင်တဲ့ တိုင်း ၊ သည် ဥပဒေ အပေါ်မှာ ကွဲလွဲမှု့ တွေ အစပြုလာပါပြီ … ။
ကျနော် အထက်မှာ ပြောခဲ့ သလို ဥပဒေ ဆိုတာ လူသား များနဲ့  ဆန့် ကျင် ကွဲလွဲမှု့  ဟာ သဘာဝ
ဆိုပင်မဲ့  ၊ ကျနော် တို့ မြန်မာ့ နိုင်ငံရေး သမိုင်း ဖြစ်စဉ် များကို ပြန်ကြည့်မယ်
ဆိုရင် …
…….
ကျနော် တို့ သည် …. တတိယမြောက် သားကောင်း များ လော ………. ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကိုးကား
….
ဥပဒေအတွေးအမြင်
( ဦးရေချမ်း )
တိုင်းရင်းသားလူမျိုးများအရေး
နှင့်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ် (Dr . Lian H. Sakhong )
နိုင်ငံရေးနှင့်
နိုင်ငံရေးသမား ဆောင်းပါး (၂၀၀၇ ဒီဇင်ဘာလထုတ် မျက်မှောက်ရေးရာမဂ္ဂဇင်း)
မြန်မာနိုင်ငံနှင့်
ဖွဲ့စည်းပုံ အခြေခံဥပဒေများ (http://wikimyanmar.co.cc/wiki/index.php?title)
ဓာတ်ပုံ ကို google မှ ရယူခဲ့ပါတယ် ...... ။
ခင်မင်စွာဖြင့်
မောင်ဘုန်း