ဓာတ်ပုံကို ဒီနေရာ က ယူခဲ့ပါတယ် >>>> (http://moemaka.com)
မင်္ဂလာပါ ဗျာ ။ အားလုံးပဲ မင်္ဂလာ နှစ်သစ်လေး ဖြစ်ပါစေ လို့  ကျနော် မောင်ဘုန်း နဲ့ ကောင်းကင်ဖြူ မှ ကျနော်ရဲ့ blogger မိတ်ဆွေ သူငယ်ချင်းများ ကို ဆုတောင်းလိုက်ပါတယ် ... ။
ကျောင်းတက်စဉ် က ကျောင်းကပွဲ မှာ သံချပ် လေး ရေးမိရာ ကနေ အစပြု ပြီး ။ သင်္ကြန် ဆိုရင် ရက်ကွက်က လူတွေနဲ ပေါင်းပြီး သံချပ်တွေ ရေးခဲ့ပါတယ် .. ။ ကိုယ်တိုင်တော့ စင်ပေါ် တက်ပြီ မဆိုရဲ ပင်မဲ့ သင်္ကြန် ရောက်တိုင်း သံချပ် အဖွဲ့  ဖြစ်မြောက် ရေးအတွက် ကြိုးစား ခဲ့ရတာ ဝါသနာ တစ်ခု လို ဖြစ်နေပါပြီ ။
ပြည်ပ ရောက်မှ သံချပ် မရေး ဖြစ်တာ ၄ နှစ်တိတိ ရှိသွားပါပြီ ... ။ ဒီနှစ် သင်္ကြန် မှာ အမိမြန်မာ ပြည်ကို လွမ်းရင်း အရင်က သင်္ကြန် ဆိုရင် သံချပ် ရေး ၊ သံချပ် တိုက်နဲ့  သူငယ်ချင်း တစ်စုကို လွမ်း မိလို့ ဒီနေ့  ညမှာ သံချပ်လေး တစ်ပုဒ်ရေးမိပါတယ် ... ။
ဦးနှောက် ကလည်း အသက်လေး ရလာလေ ... လေ ။ ချာလေ လေ ...ပါပဲ ။ ရှေ့ ကို ဆက်ရေးလိုက် နောက်ကို ပြန်ပြင်လိုက်နဲ့  ဘယ်လို မှ စိတ်တိုင်းမကျ ပါဘူး ။ ဆက်ရေး ပြန်တော့လည်း ဘယ်လို့  မှ ဆက်ရေးလို့  မရတာနဲ့  ကျနော် ရဲ့ မကောင်းမကန်း သံချပ်လေး ကို အမှတ်တရ အနေနဲ့  တင်လိုက်ပါ တယ် ။
ဟေ …. မိုး
… မိုး …မိုးလား … မောင် တို့  …. ( အယ်
…. ရေ …ရေ …. ရေဗျ … လောင်းစို့ )
သင်္ကြန် အခါ
ရောက်လို့ လာ ……..... ( တို့  ဗမာ့ ရိုးရာပွဲ
ပဲ … )
သပြေခက်နဲ
့ ရေပတ်တာ ……… .... ( စာအုပ်ထဲ မှာ ရေးထား တာ လား)
တို့ ရဲ့
မဟာ ရိုးရာပွဲ ဟ ……… ........... ( မူးမှုး ရှုးရှုး တွေ့ တဲ့
အတိုင်းပဲ …. )
သင်္ကြန် မယ်တွေ
အလှ ဆင် …........... ( ဒူး အပေါ် နှစ်မိုက် ... လည်ဟိုက် လို့ ဗျ )၂
ဟေ…… မိုး
… မိုး …. မိုးလား … မောင်တို့  …… ( အယ် …. ရေ … ရေ ….ရေဗျ …. လောင်းစို့  )
သကြားမင်း
ကြီး ဆင်းတယ်ဆို ……...... ( ခရီးပန်း လို့  မာဆက်
မှာ တဲ့ )
ကောင်းသူ
ဆိုးသူ မ မှတ်ဘူး လား ….... ( ခွေးသရေ မလောက် ဘူး ဗျ )၂
ဟေ့…… ရွှေ
…. လား …. (ဟေ့ …ငွေ …လား )
ရေဗှုးနဲ့ 
ဖိနပ် မပါရင် ….............. ( နွေအခါ မှာ သိလိမ့်မယ် …. ဗျ )
နွေအခါမှာ
သိလိမ့်မယ် ဗျ …........ (ရေဗူး နဲ့  ဖိနပ်မပါ .. ရင် )
ဒါန နဲ့ 
သီလ မပါရင် …........ .. (နောင်အခါ မှာ သိလိမ့်မယ် ဗျ )
နောင်ခါမှာ
သိလိမ့်မယ် ဗျ ……... (ဒါန နဲ့  သီလမပါ ရင် )
မီးစက်နဲ
့ ဖယောင်းတိုင် မပါရင် …..( ရန်ကုန် ရောက်ရင် သိလိမ့် ဗျ ) ၂
အယ် …… မိုး
… မိုး …. မိုးလား … မောင်တို့  …… ( အယ် …. ရေ … ရေ ….ရေဗျ …. လောင်းစို့  )
တို့ တိုင်းပြည်
ကြီး မဲမှောင် နေ …..... ( လျှပ်စစ် ဓာတ်တွေ ရောင်းစား မလို့  …တဲ့ )
ဟို …. အရှေ
့က မဲမဲမှောင် ……....... ( ကျူပ်တို့  ရန်ကုန် ရွှေမြို့ တော် ….. ဗျ )
မီဂါဝပ် တွေ
ပိုတယ် ဆို …….......... ( သူ့ အိမ် တစ်အိမ် သာ ပြောတာဘာ ….. ဗျ … )
စီမံကိန်း
ကြီးမရပ် ဘူး ဟ …........... ( ဒါမှ မလုပ် ဘာသွားစား မလဲ… )
စင်္ကာပူလို
လုပ်မှာ … ကွ …............ ( နည်းနည်း တူတာ ရှိလာပြီ ….. )
ဘာများ တူသလဲ
အမောင်တို့  ရဲ့ …… ( KTV ၊ မာဆက် … ဝင်ငွေကောင်း သတဲ့ …. )၂
ဟေ …… မိုး
… မိုး …. မိုးလား … မောင်တို့  …… ( အယ် …. ရေ … ရေ ….ရေဗျ …. လောင်းစို့  )
ကြား … ကြား
သလား မောင် တို့  …......... (သစ်ပင် အောက်မို့  မရပါ )
မြန် … မြန်
သလား မောင် တို့  …........... ( ပတ်ကျိ ရူံးအောင် မြန်လိုက်တာ)
ကျော် …ကျော်
ထား မောင် တို့  …......... ( မတော်တရော် တွေပဲ ပိတ်တာ...
ဗျ )
ဟိုင်းပါ
… ဟိုင်းပါ … အမောင်တို့ .. ရဲ့ ……..... ( ဟိုင်းတယ် .. ဟိုင်းတယ် … ညီမ တို့ ရေ )
အကောင့် တစ်ခု
add လို့ လာ …….......... ( ကောင်းမလေး ထင်လို့  လုပ်မိတာ ….. ဗျ )
ကြည့်လည်း
လုပ်ပါ အမောင် တို့ …. …… ( Q ….. တာ … ဆန်းသလား အဘ ….. ရယ် )
Mr …. ဆိုပြီ
…… ညီမ ဖြစ်မလား ……........ ( အဲ့ဒါ မသိ …. Block … လိုက်ပြီ …. )
ဆွေ့ ဆွေ
့ခုန်ပေါ့ …. ကျနော် မှာ …… ........ ( online ဆိုတာ အဲ့ လိုပဲ …. ဟ …. )၂
ဟေ..............လာ...................မောင်....................ရို့ ..................... ဝါး
မောင်ဘုန်း
သံချပ်ဖတ်ပြီလိုက်အော်မိပါတယ်..:)
ReplyDeleteရေးတက်လိုက်တာ ကိုဘုန်းရေ
ReplyDeleteသံချပ် လေးလိုက်အော်မိရင်း
သင်္ကြန်ကို လွမ်းမိတယ်ဗျာ
မောင်ဘုန်းရေ သံချပ်လေး ကောင်းလိုက်တာ
ReplyDeleteရယ်လဲရယ်ရတယ်.
မောင်ဘုန်းတစ်ယောက်လည်း နှစ်သစ်မှာ ပျော်ရွှင်ပါစေ..
စိတ်ဆန္ဒအားလုံးပြည့်ဝပါစေနော်။
သံချပ်ကိုသဘောကျသွားတယ် ကိုမောင်ဘုန်းရေ
ReplyDeleteမင်္ဂလာနှစ်သစ်ပါဗျိုးးး
ခင်မင်လျှက်
ဂျာရစ်
သံချပ်လေးက မိုက်ပါ့
ReplyDelete