Pages

Tuesday, April 17, 2012

ထူးတဲ့ မင်္ဂလာ



ရွှေရည်ရယ် ဖြန်း
လန်းလို့  ဖြင့် ရနံ့ ထုံ တယ်
 ပိတောက် ငယ် ငုဝါ တွဲတော့
ဆေးပန်းချီ ငေးမှိုင် လေ …. ပေါ့
 နှစ်ဆန်း ရယ် …. ။

သည်အခါ မင်္ဂလာ ထူးပြန် တော့
သဒ္ဒါတူ စိတ်ဝယ် စူး လေ .. ရော့
သူသူ ငါ မြူးလေ ပေါ့
ထူးတဲ့ ရာသီ …. ။

နှိုင်းမမှီ မင်္ဂလာ ထွန်း မှ
တီတီ ငယ် မင်္ဂလာ … ဆန်း လေ ပေါ့
ဖွားတော်ရာ မင်္ဂလာ ထွန်းတဲ့
ဆန်း ၂ ရက် အခါ
ထူးတဲ့ မင်္ဂလာ …. ။

အခါရယ် ဆန်း
လန်းလို့  ဖြင့်  စိတ်ဝယ် စု ကာ
နှောင်း အချိန် ရက်တွေပြောင်း တိုင်
စိတ်သဒ္ဒါ ရင်ထက် ခွေ လို့ 
ထူးတဲ့ မင်္ဂလာ ...
 မွေးနေ့  အချိန်ခါ ... ဖြစ်ပါစေ ... အန်တီ ...။




ယနေ့  ကြရောက်သော အန်တီ တင့် ၏ မွေးနေ့ မင်္ဂလာ နေ့ ရက်မှ သည် နောင်နှစ်ပေါင်းများ စွာထိ စိတ် နှင့် ဆန္န ထပ်တူပြုကာ  ပျော်ရွှင်စွာဖြင့် ကောင်းမှု့  ကုသိုလ် ပြု နိုင်ပါစေ လို့  ကျနော် မောင်ဘုန်း နှင့် ကောင်းကင်ဖြူ မှ ရိုသေစွာ ဆုတောင်း လိုက်ပါတယ် …. ။ အန်တီ …ရေ …. ။


ခင်မင်စွာဖြင့် 


မောင်ဘုန်း

7 comments:

  1. တီတီမွေးနေ့လား တီတီကျန်းမာချမ်းသာလိုရာပြည့်ပါစေ
    ကဗျာလေးကကောင်းလိုက်တာရေးတတ်ပါပေတဲ့

    ReplyDelete
  2. ကဗျာလေးဖတ်ရတာ ရင်ထဲမှာ ပီတိတွေလွှမ်းခြုံပြီး ကျေးဇူးတင်မိပါရဲ့ မောင်ဘုန်းရယ်။
    မောင်ဘုန်းလည်းစိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. တော်လိုက် တဲ့ကိုဘုန်း.း)
    တီတင့်မွေးနေ့ကိုကောက်ကါငင်ကာကဗျာစပ်လိုက်သေးတယ်..
    မှက်သားလောက်ပါပေတယ်ဗျာ..

    (ဒုတိယ)
    .

    ReplyDelete
  4. တီတီလေး လိုအင်ဆန္ဒာမှန်သမျှ ပြည့်ဝပါစေနော်...မောင်ဘုန်းကဗျာလေးကကောင်းလိုက်တာ

    ReplyDelete
  5. မွေးနေ့မှာပျော်ရွှင်ပါစေအန်တီ..
    နောင်နှစ်ပေါင်းများစွာတိုင် ချစ်သောမိသားစု၊မိတ်ဆွေဘလော့ဂါများနဲ့
    ပျော်ရွှင်စရာနေ့ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေရှင်
    အိမ်ပိုင်ရှင်လည်း ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျလို့
    ကောင်းကင်ဖြုနဲ့အမြန်နီးစပ်ပါစေ..း)

    ReplyDelete
  6. မောင်ဘုန်းကဗျာအရေးကောင်းပဲ
    တီတင့်တစ်ယောက် မိသားစုနဲ့အတူ ဘ၀ရဲ့ ဆန္ဒတွေ
    အားလုံးပြည့်ဝပါစေလို့

    ReplyDelete
  7. ကဗျာလေးလည်း ကောင်းတယ်
    တီတင့်မွေးနေ့အတွက်လည်း ဆုတောင်းပေးသွားတယ်နော် :D

    ReplyDelete