Pages

Wednesday, April 11, 2012

ကျနော် ၏ new post



အားလုံးပဲ မင်္ဂလာပါ ဗျာ … ။ စာမရေး ဖြစ်တာ တော်တော် ကြာသွားပါပြီ ။ တောက်တို မယ်ရ ကဗျာလေး တင်ပြီး blog လေးကို ပစ်ထားမိတာ အတော် ကို ကြာပါပြီ ။ ကျနော် ရဲ့ မိတ်ဆွေ သူငယ်ချင်း အိမ် တွေ ကို မရောက်ဖြစ်တဲ့ အတွက်လည်း တောင်းပန် ပါတယ် ။ ကျနော် အိမ်လေး ကို အသစ်ရောက်လာပြီ ခြေရာချန် သွားတဲ့ သူငယ်ချင်း တွေ ရဲ့ အိမ်ကိုလည်း မရောက်ဖြစ်တဲ့ အတွက် တောင်းပန်ပါတယ် ။

၂၀၁၂ ဟာ ကျနော် အတွက် တော့ ခရီးသွားနှစ်လို့  ပြောရမလိုဖြစ်နေ လို့ ပါ ။ ည တိုင်းလိုင်းပေါ်ရောက်ဖြစ်ပင်မဲ့ facebook နဲ့  သတင်းရပ်ဝန်း နေရာမှာ အချိန် ကုန် စေခဲ့ပါတယ် ။ ဟိုအလုပ်ရုံ မှာ နှစ်ပတ် ဒီအလုပ်ရုံ မှာ တစ်ပတ် နဲ့  သွားရင်းပြန်ရင်း စာမရေး ဖြစ်လို့ ပါ ။

ကယ် …. ဒီနေ့  တော့ အိမ်ပြန်ရောက်နေ့ ပေါ့ ။ စာရေးချင်တဲ့ စိတ်လေး ရှိပြန်တော့ ဘာရေးရမှန်း မသိတာနဲ့  new post ဆိုပြီခေါင်းစဉ်လေး တက်ပြီ လက်တလော ကြုံတွေ့  ခဲ့ရတဲ့ အကြောင်းရာ လေးပဲ ရေးပါတော့မယ် ။

၂၀၁၂ မှာ အာရှ ကားဈေကွက် မှာ လုပ်ငန်းသုံး တရုတ် ကားတွေ သိသိသာသာ ရောင်းအားကောင်းနေပါတယ် ။ ကျနော် တို့  အလုပ်ရုံမှာ တင် နှစ်လ အတွင်း အစီး ၂၀၀ ကုန်သွားပါပြီ ။ ထိုင်း ၊ အင်တို ၊ ဗီယနမ် ၊ မြန်မာ တို့  မှ လုပ်ငန်ရှင် သူဌေးများ ကျနော် တို့  အလုပ်ကို ကိုယ်တိုင်လာကြည့်ပြီ ကားအတွက် လိုအပ်တဲ့ စစ်ဆေး မှု့ တွေ လုပ်ပြီ ၊ တချိုလည်း ကျနော်တို့ ဆင်ပြီ တဲ့ အတိုင်း သယ်သွားကြသလို တချို့ က ပြန်ဖြုတ် ပြီ သယ် ပါတယ် ။

လွန်ခဲ့ တစ်ပတ်လောက်က မြန်မာ သူဌေး နဲ့ တစ်ဖွဲ့  အလုပ်ရုံ ကို လာကြပါတယ် ။ စုစုပေါင်း (၇) ယောက်လောက် ရှိမယ် ထင်ပါတယ် ။ ထူးဆန်း တာက အလုပ်ရုံထဲ လေ့လာရေး ခရီးထွက် သလို ကြည့်သွားပါတယ် ။ သူ့ တို့  ယူမဲ့ ကားတွေကို တစ်ခြားနိုင်ငံ က သူဌေး တွေလို ကားစစ်ဆေးတဲ့ အဖွဲ့  ပါမလာပါဘူး ။

ဂုဏ်ယူမိတာ ကတော့ တစ်ခြားနိုင်ငံက သူဌေးတွေလို စကားပြန် မပါပဲ အီး လိုရော တရုတ် လိုပါ ပြောနေတာ တွေ့ ရပါတယ် ။ ကျနော်တို့  ဆိုက်တာဝန်ခံ က မြန်မာတွေ တော်တယ်တဲ့ ။ အီး လိုရော တရုတ်ပါပြောတက်တယ် တဲ့ ။

ဝမ်းနည်းမို့  ကောင်းတာက တော့ မြန်မာ အချင်းချင်း တွေ့ တာ မြန်မာလို မပြောသွားပါဘူး ။ ထားပါလေ 
ပြောချင်တာက အခု သူတို့  ဝယ်သွားတဲ့  တရုတ်ကားအကြောင်းပါ ။ တရုတ်ကားတွေ အရည်သွေး အားနည်းတာတော့ လူတိုင်း သိပြီးသာပါ ။ လုပ်ငန်းသုံးအတွက် ဈေးနှုန်း အနေထား ကြောင့် လုပ်ငန်းရှင်တိုင်း စိတ်ဝင်စားကြပါတယ် ။ ဒီ ကားတွေကို ၂ လ အတွင်း အစီး ၂၀၀ အပြီး တပ်ဆင်မို့  စုစုပေါင်း (၇) ဖွဲ့  ခွဲထားပါတယ် ။ ၃ ဖွဲ့ က အင်ဂျင် အပိုင်း ပါ ။ နောက် ၃ ဖွဲ့ ကတော့ အတွင်းခန်း နဲ့  ဝါယာ လိုင်း ။ နောက်ဆုံး တစ်ဖွဲ့  ကတော့ QC စစ်ပါတယ် ။



  
                                                QC စစ်တဲ့ နေရာပါ       


ကျနော် က အတွင်းခန်း နဲ့  ဝါယာ လိုင်း တပ်ဆင်တဲ့ ၃ ဖွဲ့ ထဲကမှ တစ်ဖွဲ့  မှာ လုပ်ရပါတယ် ။ ကျနော် တို့  ကားတစ်စီး ကို လုပ်ပြီး သွားရင် အောက်ပါ စာရွက်မှာ လက်မှတ် ထိုးရပါတယ် ။





ဒါကတော့ ဒီ တရုတ်ကား တွေ အဓိက အားနည်း တဲ့ အစိတ်ပိုင်းလို့  ပြောရမှာပါ ။ ဥပမာ ဆိုပါတော့ ဗျာ  ကျနော်တို့  တပ်ဆင်လိုက်တဲ့ ပစ္စည်း  ဟာ သူ့ မှုရင်းစက်ရုံ က ထုတ်လိုက်တဲ့ အားနည်း ချက် ကြောင့် သိမ့် အလုပ်လုပ် ဘူး ဆိုပါတော့ ။ ကျနော် တို့ က ဒီ အစိတ် ပိုင်း မကောင်းလို့  ဆိုပြီး အဲ့ ကားကို ဆက်မလုပ်ပဲ ထားတာမဟုတ်ပါဘူ ။ လက်ပူ တိုက်ပေးလိုက်ပြီ QC အစစ် ခံ ပါတယ် ။

ကျနော် တို့  ကားစီကို တပ်ဆင်ပြီးရင် QC pass ဖြစ်မှ တစ်စီး ပြီးတယ် လို့  သတ်မှတ်ထားပါတယ် ။ ဒါကြောင့် ကျနော် တို့  အတွက် QC pass ဖြစ်မို့  ဆိုတာ အရေးကြီးပါတယ် ။ ကိုယ်တွေ လို တခြား အဖွဲ့ တွေလည်း ရှိတာကြောင့် တစ်ရက်ကို ကား ဘယ်နှစီးပြီးတယ် တယ် ဆိုတာ တစ်ဖွဲ့  နဲ့ တစ်ဖွဲ့ အပြိုင်ဆိုင်လုပ်ရ တာကြောင့် ဘယ်လို လက်ပူ တိုက်ရင် QC pass ဖြစ်တယ် ဆိုတဲ့ နည်းတွေ ကို အသုံးပြု ရတာပါ ။

လက်ပူတိုက် နည်း တွေ ကိုတော့ မရေးသင့် ဘူး ထင်လို့  မရေး တော့ပါဘူး ။ ဒီလို ရေးတာ တင် တော်တော် များနေပါပြီ ။ အထက်ပါ ပြောခဲ့ တဲ့ (၇) ဖွဲ့  ထဲမှာ QC အဖွဲ့  ကလွဲလို့  ကျန်တဲ့ အဖွဲ့ တွေမှာ မြန်မာ အလုပ်သမား အများစု ပါဝင်တာကြောင့် မြန်မာတွေ လုပ်ထားတဲ့ ဟာ ကို ၊ ကိုယ့် မြန်မာ တွေ ပဲ ခံရတယ် ဆိုတဲ့ အဖြစ်မျိုး မဖြစ်ရအောင်ပါ ။

နောက်ဆုံး ခံရမဲ့ လူက အခြေခံ အလုပ်သမားတွေ ထဲက ကားသမားတွေ ပေါ့ ။ သူဌေး ဆိုတဲ့ သူကတော့ သူဝယ်လာတဲ့ ကားကို လုပ်ငန်း သုံး ဖြစ်တာကြောင့် ကားသမား လက်ထဲ အပ်ပါတယ် ။ ကားသမား လက်ထဲလည်း ရောက် ရော တစ်လ နှစ်လ ပဲ သုံးရသေးတယ် ။ လက်ပူ တိုက်ထားတဲ့ အပိုင်းတွေက စပြီ ပျက်ရော ….. သူဌေး လုပ်သူက  “ ငါဝယ် လာတာ အသစ်ကြီး ပါ ….. မင်း ဘယ်လို မောင်းတာလည်း ” ဆိုပြီး ဖြစ်မှာ မြင်ရောင်မိလို့  အခုလောက်လေး ရေးမိတာပါ … ။


ကျနော် နှင့် မြန်မာ့ ဖုန်း


ဘယ်ကနေ စပြောရမှန် ကို မသိဘူး … ဒေါသ ဖြစ်တယ် ဗျာ … ။ ရေးမယ် ဆိုမှ ပို လို့ တောင် ဒေါသ ဖြစ်တယ် ။ ဖြစ်ပုံက ဒီလိုပါ ။ ကောင်းကင်ဖြူ က ဒီနှစ် မှာ ရွှေလီ ကိုပြောင်းပြီး အလုပ်လုပ်တာကြောင့် တရုတ်ဖုန်းလိုင်း သုံးပါတယ် ။ ကျနော် ဆီကနေ တရုတ်ဖုန်းကို ဆက်ရင် တော်တော် ဈေးသက်သာ သလို လိုင်းလည်းကောင်းပါတယ် ။

အခု ချစ်သူ က  ရွာမှာ လက်ဖက်ခူးမို့  လုပ်သမား ငှား မရလို့  ကိုယ်တိုင် ခူးမယ် ဆိုပြီး ရွာပြန်မို့  လုပ်တော့ ၊ ကျနော် လည်း မေးမိပါတယ် ။ ဘယ်လို ကြောင့် အလုပ်သမား မရလည်း ပေါ့ ။

အခုရာသီ ဟာ ဘိန်းစေးခြစ် အချိန်  ဖြစ်တာကြောင့်  ရွာမှာ ရှိတဲ့ အလုပ်သမားတွေ က ဘိန်းခင် တွေမှာ သွားလုပ်တာကြတာ အကုန်ပဲတဲ့ ။ တစ်ရက်ကို ၆၀၀၀ ကျပ် ရပါသတဲ့ ။ လက်ဖက်ခူး ရင်တော့ အရင် နှစ် တွေမှာ တစ်ရက် ၁၅၀၀ ကျပ် ပေးပင် မဲ့ ၊ ဒီနှစ်မှာ တော့ ၂၅၀၀ ကျပ် တောတောင် လုပ်မဲ့ သူမရှိဘူတဲ့ ။

ဒီထက်လည်း ပိုပေးလို့  မရတော့ ဘူးတဲ့ ။ အရင်နှစ်တွေ အခုလို  ရွှေဖီလက်ဖက် ခူးချိန် မှာ လက်ဖက်ဈေး တစ်ပိဿကို ၈၀၀ ကျပ်ရှိ ပင်မဲ့ ဒီနှစ်မှာ တော့ ၇၀၀ ကျပ် ပဲ ရှိတယ် တဲ့ ။

မြန်မာ ပြည်မှာ လည်း အဲ့လို တရုတ်တွေ က ဘိန်းစိုက်ပြီး စီးပွားရှာ နေတာ ကို တာဝန်ရှိ တဲ့သူတွေပဲ မသိတာလား ။ မသိချင်ဟန် ဆောင်ပြီ ဝေစားမျှစာ လုပ်နေတာ လား မသိ ။ ဟို တလောက အစ်မ ချော (အစိမ်းရောင် လွင်ပြင်) ဆိုရင် ကိုယ်တိုင် ဘိန်းခင်ထဲ သွားပြီ မှတ်တမ်း တင် ခဲ့သေးတယ် ။

ထားပါလေ …. ။ လိုရင်းမရောက်တော့ဘူး …. ။ အဲ့လို နဲ့  ကောင်းကင်ဖြူ  ရွာ ပြန်သွားရော ။ ဆက်သွယ် လို့ လွယ်အောင်ဆို ပြီး အခုပေါ် နှစ်သိန်းတန် ဖုန်းလိုင်းကို မှုဆယ် မှာ ဝယ် သွားပါတယ် ။ မေးကြည့်တော့ ရွာ မှာ သုံးလို့ ရတယ်တဲ့ လိုင်းမိ တယ်ဆိုပဲ … ။ အဆင်ပြေသာ လို့  တွေးမိတာပေါ့ ။

ဒါနဲ့  မနေ့ က ချစ်သူဆီ ဖုန်းခေါ်ပါတယ် ။ လူကြီးမင်းတဲ့ တွေ့ တာနဲ့  …. ။ အိမ်ဖုန်း ကိုခေါ်တော့ ချစ်သူ အဖွားနဲ့ တွေ့ ရော ။ ခက်တာက အဖွားက မြန်မာ စကားကောင်းကောင်း မပြောတက်ဘူး ။ ချစ်သူ မှာ ထားပုံ ရတယ် ။ အဖွား က ကြိုးစားပြီ ပြောရှာ တယ် ။ နောက်ဆုံး ၁၀ မိနစ်လောက် အဖွားပြောတဲ့ မြန်မာ စကားကို မြန်မာလို ဘာသာပြန်ကြည့်တော့  “ တစ်အိမ်လုံး လက်ဖက်ခင်း သွား” ဆိုတာပဲ ကျနော် နားလည် လိုက်ပါတယ် ။  ၃၀ RM ထည့်ထားတဲ့ ကျနော် ဖုန်း က ၁၂ RM ပဲ ကျန် တော့တယ် ဆိုတဲ့ massage ရောက်လာ ပါတယ် ။ ဒါနဲ့ ည ရောက်တော့ နောက်ထပ် ၃၀ RM တန် ကတ် ထည့်ပြီ ချစ်သူ ဖုန်း ကို ခေါ်ကြည့်တော့ လူကြီးမင်း ပဲ ဖြစ်နေပြန်ရော ၊ အိမ်ဖုန်း ကို ခေါ်တော့ လည်း …. တူ ………… ဆိုပြီး သုံးခါ အသံ ကြားရပြီး ပိုက်ဆံသာ ကုန်သွားတယ် ခေါ်လို့ မရ ။

 သြော် … တစ်နေ့ ကုန် လက်ဖက်ခူး ကြတော့ ပင်ပန်းလို့  စောစော အိပ့် ပြီ လို့  ထင်တာနဲ့ ဆက်မခေါ် ပဲ ဖုန်းထဲ က ပိုက်ဆံ ကို ကြည့်လိုက်တော့ မနက်က ကျန်တဲ့ ၁၂ RM ရယ် ၊ ထပ်ထည့်တဲ့ ၃၀ RM ရယ် စုစုပေါင်း ၄၂ ရှိရာ က ၃၀ RM ကျန် တော့တယ် … ။ မြန်မာပြည်ခေါ် ရင် ဖြစ်နေကြပဲ လေ ..... ။ တခြာ နိုင်ငံ တွေလည်း ဒီလိုပဲ လားတော့ မသိ ဘူး ။

ဒါနဲ့  ဒီနေ့  နေ့ လည် ထမင်းစား နားတော့ ချစ်သူ ဆီ ဖုန်း ထပ်ခေါ် ပါတယ် ။ ခေါ်ခေါ်ချင် ပဲ …. တူ ……….တဲ့ ဘယ်လို ပျော်သွားမှန် မသိ … ။ ဒါမင်မဲ့ ထုံစံ အတိုင်းပဲ …. သုံးကာ …. တူ ….. ပြီရင် ပိုက်ဆံ ကုန် သွားတယ် ။ ဒီလို နဲ့  ၄ ခါလောက် ထပ်ခေါ်တော့

မောင်ဘုန်း ။             ဟဲလို …. ချစ်သူ …. ကြားရလား …. !!!!!!!!

ကောင်းကင်ဖြူ ။        အင်း …. ကို …. ကြားရတယ် ….

မောင်ဘုန်း ။             ချစ်သူ …. ဖုန်းခေါ်နေတာ မနေ့ ကတည်း က … ခေါ်လို့  မရဘူး … အိမ် ဖုန်း ကိုခေါ်တော့လည်း အဖွား နဲ့  ပြောရအဆင်မပြေဘူးရော … ချစ်သူ ဖုန်း က မနေ့ ကပိတ်ထားတာလား …. ညက အိမ်ဖုန်း ခေါ်တော့လည်း မကိုင်ဘူးရော ….       အစောကြီး အိပ့်ကြလို့ လား ဟင် ….. ။

ကောင်းကင်ဖြူ ။        မဟုတ်ဘူး …. ကို ….. အိမ်က ဖုန်းက လိုင်းပျက်နေတာ မနေ့ က မနက်  လောက်ကတည်းက … ။ ဝယ်လာတဲ့ ဖုန်းလိုင်း အသစ်ကလည်း  လိုင်းမိချင်တဲ့      အချိန်မှ မိတယ် ။

မောင်ဘုန်း ။            အား ….. ဖြစ်ရမယ် ….. ချစ်သူ .. အဆင်ရော ပြေရဲ့လား ။ ဒါနဲ့  ဘာသံတွေ လည်းကွာလေတိုက်သံ တွေ ကြားနေရသလို ပဲ …. ။

ကောင်းကင်ဖြူ ။       ဟုတ်တယ် …. ကို …အခု လက်ဖက်ပင်ပေါ်မှာ …. ။

မောင်ဘုန်း ။             ဘာ ……….!!!!!!!!! ... ။ သစ်ပင်ပေါ်မှာ ……  ဘာတက်လုပ်နေတာလည်း …… တော်တော် မြင့်လား ချစ်သူ        ပြုတ်ကျနေအုံးမယ် .... ချစ်သူရယ် ….. ။

ကောင်းကင်ဖြူ ။     ခုဏ က …. ကို …. ဖုန်းခေါ် တော့ အောက်မှာ လေ ။ ဖုန်း ကိုင်တော့ ဘာသံမှ  မကြားရဘူး …… ။ ဒီက အစ်မ တစ်ယောက်က သစ်ပင်ပေါ် တက်ပြောရင် လိုင်း ရတယ်ဆိုလို့  တက်လာတာ… ။

မောင်ဘုန်း ။           အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး !!!!! .. ။ ချစ်သူ ရယ် …  ဖြစ်မှဖြစ်ရလေ တော်တော် မြင့် လားရော ….. လက်ဖက်ပင် က လူတက်လို့  ရအောင် ကြီးလို့ လား … ကို ….  ဓာတ်ပုံတွေ ထဲမှာ မြင်ဘူးတာတော့ သေးသေး လေးတွေလေ ….. ။

ကောင်းကင်ဖြူ ။      အင်း ….. ဒီအပင်တွေ က …. နည်းနည်း တော့ မြင့် တယ် … ။ အဖိုးတို့  ငယ်ငယ်လေး ကတည်းက စိုက်ထားတာ လေ ။  ကို ….. ခဏခဏ ပြောမှ အောက်ကို ကြည့်မိတယ်  ပြန်ဆင်း ရင် ဘယ်လို ဆင်းရမှန်းတောင် မသိတော့ ဘူး ….. ။

မောင်ဘုန်း ။        အယ် …. ချစ်သူ …. ရယ် …. အောက်မှာ လူတွေ ရှိလား ….  တစ်ယောက်ယောက် ကိုခေါ်ပြီ သေချာပြန်ဆင်း ..… နော် …. ။

ဟ  …… ဟဲလို …. ဟဲလို …… ချစ်သူ ….ချစ်သူ ….. ။

အားရာ ….. ဖုန်းကလည်း ကျ သွားပြန်ပြီ …. ။

လူကြီးမင်း … ######  ….. ဆက်သွယ်မှု့ ပြင်ပ …..!!!!
လူကြီးမင်း …. ##### ……. စက်ပိတ် …. !!!!!
လူကြီးမင်း ... ##### ……. မအား ….. !!!!!
လူကြီးမင်း … ##### ….  ဖွတ် … !!!!!
လူကြီးမင်း … ##### … သောက် …. ဖွတ်မြန်မာ့ … ဖုန်း …. !!!!!

ဘယ်လိုမှ ဆက်ခေါ်လို့ မရတော့ပါ … ။ ထမင်စားနားပြီး အလုပ်ပြန်ဆင်းတော့ အလုပ်ထဲမှာ လုံးဝ စိတ်မပါ ။ ချစ်သူ  သစ်ပင်ပေါ်ကနေ အဆင်ပြေပြေ ဆင်နိုင်ရဲ့လား လို့  စိတ်ပူမိပါတယ် ။
ဒီနေ့  အလုပ်စောစော သိမ်းပြီး ချစ်သူ အိမ် ကို ဖုန်းခေါ် တော့ ကံကောင်းထောက်မ စွာ ချစ်သူနဲ့  ကောင်းကောင်း ဖုန်း ပြောခွင့်ရမှ စိတ်အေးမိပါတော့ တယ် … ။


ခင်မင်စွာဖြင့် 


မောင်ဘုန်း

7 comments:

  1. မောင်ဘုန်းရေ ဖတ်လို့လဲကောင်း ရယ်လဲ ရယ်ရ.. ဗဟုသုတ နဲ့ ဟာသ ပါရသွားတယ်.. အော် ချစ်သူကို စိတ်ပူမယ်ဆိုလဲ ပူစရာ မြန်မာ့ဖုန်းနှယ် တော်တော့ ဆိုးဆိုးပဲ...

    ReplyDelete
  2. ကိုဘုန်းရေးတော့မှ အားလုံးကို ရှင်းရှင်းလင်းလင်းသိရသလို ရယ်လည်းရယ်ရပါ့ဗျာ....ဟုတ်လည်းဟုတ်တယ်...ဖုန်းတွေကလည်း ဆိုးကို ဆိုးတယ်.....:P

    ReplyDelete
  3. ကားအကြောင်းဗဟုသုတရစေတယ်
    ဖုန်းအကြောင်းတော့
    နေပါဦးဟ ကွန်မက်ရေးမလို့ကွန်ကျနေလို့ လက်ဖက်ပင်ရှာနေတာ
    အပင်ပေါ်တက်ပြီးကွန်မက်ရေးမလို့လေ

    ReplyDelete
  4. မောင်ဘုန်းတို့ကတော့လုပ်ချလိုက်ပြီ
    အစကကားအကြောင်းလေးသေချာဖတ်နေတာဖုန်းအကြောင်းရောက်မှ
    အူနာတယ်.ဟီး :)

    ReplyDelete
  5. ဖတ်ရင်းနဲ့ ဖုန်းအကြောင်းရောက်သွားတော့ ရယ်လိုက်ရတာ...

    ReplyDelete
  6. မင်္ဂလာနှစ်သစ်လေးမှာ ပျော်ရွှင်ပါစေ မောင်ဘုန်းရေ။
    စကားမစပ် လင့်အဟောင်းလေးဖြုတ်ပေးပြီး အသစ်လေးချိတ်ပေးပါနော်

    ReplyDelete
  7. ကမ္ဘာသိအောင် လက်လန်မယ့် မြန်မာ့ဖုန်းလိုင်းကွ
း)

    ဘိန်းခင်းတွေအများကြီးရှိနေသေးတာာာ


    မောင်ဘကြိုင်သိတယ်း)း)

    ReplyDelete