Pages

Friday, June 1, 2012

နယုန်ဆန်းတဲ့ မင်္ဂလာ




လ နယုန် ဝေယံမှာ
မှိုင်းပြာပြာ တိမ်ပန်း တွေက
ငွေခြည်ရောင် သွန်းကာရစ် လို့ 
လှရှာ တဲ့ နတ်ပန်းချီ ရယ် ….. ။

မြေယံဝယ် ကြည့်ပြန် တော့
စိမ်းနုအခင်း  မြက်သားမွေး နှင့်
ပန်းစံပယ် လန်းတဲ့ ရာသီ
ဘယ်မမှီ ထူးလှ ပြန်တယ် …. ။

သည်အခါ ထွန်း လေမှ
လ နယုန် ဆန်းလငယ် နှင့်
ယှဉ်ကာပြိုင် ထွန်း လေတဲ့
မြတ် မဟာ မွေးနေ့ မင်္ဂလာ ……။


ယနေ့ ကျရောက်သော ကိုလွင်ပြင် ရဲ့ မွေးနေ့ မင်္ဂလာမှ သည် နောင်နှစ်များစွာတိုင်ထိ ချစ်ဇနီး နှင့် မတ္တာ ဆင့်ကဲ ထပ်တူ ချစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ် ... ။


မောင်ဘုန်း

8 comments:

  1. မောင်ဘုန်းတို့တော်လိုက်တာ။ကဗျာလေး ကောင်းတယ်။ကျေးဇူးပါနော်

    ReplyDelete
  2. ဟုတ်တယ် ကဗျာလေး အရမ်းကောင်းတယ်..

    ReplyDelete
  3. ရေးတတ်ပါပေတယ် မောင်ဘုန်းတို့များတော်လိုက်တာ

    ReplyDelete
  4. ကိုမောင်ဘုန်း ကဗျာစပ် အရမ်းတော်ပါလားနော်... ကောင်းလိုက်တဲ့ကဗျာလေး...

    ReplyDelete
  5. မွေးနေ့ဆုတောင်း ကဗျာလေး အားပေးသွားတယ် မောင်ဘုန်းရေ။
    လူကအလုပ်ကြောင့် မအားမလပ်ဖြစ်ကောင်းဖြစ်မယ် ပညာကတော့ မနေဘူးနော်း)
    မွေးနေ့ရှင်လေးအတွက်လည်း ဆုမွန်ကောင်းတောင်းပေးသွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ကဗျာဆရာရဲ့ မွေးနေ့ဆုမွန်ကဗျာလေးကြောင့် မွေးနေ့ရှင်တွေ ကြည်နှုးဝမ်းမြောက်ရသလို
    မောင်ဘကြိုင်လည်း ထပ်တူဖြစ်ရတယ်

    ReplyDelete
  7. မောင်ဘုန်းရေ
    ကဗျာလေး သိပ်ကကောင်းတာဘဲ
    ပန်းတွေ မွှေးပြီး သစ်ရွက်တွေက စိမ်းစိမ်းစိုစိုနဲ့ သိပ်လှတဲ့ရာသီပါ
    ဒီရာသီမှာမွေးတဲ့ ကိုလွင်ပြင်လည်း ပျော်ရွှင်ငြိမ်းချမ်းမှာပါ

    ReplyDelete
  8. အရမ်းကောင်းလွန်းတော့ ဘာပြောရမှန်းမသိဘူး။နောက်ကျမှရောက်လာနိုင်တာ တောင်းပန်းပါတယ်။အလုပ်များနေလို့လိုင်းပေါ်မရောက်နိုင်ဘူးလေ။

    ReplyDelete