Pages

Wednesday, August 15, 2012

My Treasure




မင်္ဂလာပါဗျာ ။ တဂ်ပိုစ့် မရေးရတာတော်တော်ကို ကြာပါပြီ ။ အခုတော့ အပျိုကြီး သမီစံ က My Treasure ဆိုတဲ့ ခေါင်းစဉ်လေးတဲ့  တဂ်ထားတွေ့ လို့  ဝမ်းသာစွာ ရေးရပါပြီ ။ အယ် …. My Treasure
ဆိုတဲ့ ခေါင်းစဉ်လေးကို အစပြုခဲ့တာတော့ blogger မောင်နွေလလို့  သိခဲ့ရပါတယ် ။ အပျိုကြီပြောသလို blog တိုင်းထားရှိသင့်တဲ့ တဂ်ပိုစ့်လေးတစ်ခု ဖြစ်ပါတယ် ။ အမှတ်တရ တစ်ခုပေါ့ဗျာ ... ။


(၁)သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီးတည်ထောင်ခဲ့ပါသလဲ…ဘယ်လိုတည်ဆောက်ခဲ့ရသလဲ?

ကျနော် blog ကို ၉/၂၀၁၀ လောက်က စခဲ့တာပါ ။ အချိန်လည်းမရ ၊ နည်းပညာ အားနည်း နဲ့  သူများတွေ နာရီဝက်အတွင်း blog တစ်ခု ဖြစ်အောင်လုပ်နိုင်ပင်မဲ့  ကျနော် လုပ်တာ ၃လ ကြာသွားပါတယ် ။ အဲ့လို့ တော်တာပါ ။ နည်းပညာနဲ့ ပတ်သက်လို့  လက်ဦးဆရာကတော့ blogger ကိုနေမျိုး (ထားဝယ်နေမျိုး) ဖြစ်ပါတယ် ။ မှတ်မှတ်ရရ ၂၂ . ၁၂ . ၂၀၁၀ မှာတော့ blog setting ထဲက Blog Readers မှာ Anybody ကိုရွေးပြီ ဒီ blog လေးကို စတင်ခဲ့တာပါ ။ အဲ့ဒီနေ့  ဟာ ကောင်းကင်ဖြူနဲ့  ချစ်သူဖြစ်တဲ့ ၂ လပြည့် အမှတ်တရပေါ့ … ။


(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?

အယ် … ဒီမေးခွန်းကိုဖတ်မိတော့ အခုမှ စဉ်းစားမိတယ် လုပ်ပြီဆိုမှတော့ ရည်ရွယ်ချက်ရှိရမှာပေါ့နော် … ။ တောက်တိုမယ်ရ ရေးမိရေးရာတွေ ရေးရင်း နိုင်ငံကျော် စာရေးဆရာကြီး ၊ အောင်မြင်တဲ့ blogger ကြီးဖြစ်မို့  …. လုံးဝ … လုံဝ … မရည်ရွယ်ပါဘူး ။ မတော်တဆလည်း ဖြစ်စရာအကြောင်းမရှိပါဘူး ကိုယ့်အခြေနေကို သိပါတယ် … :D …   

အမှန်တိုင်းမရှက်ပဲ ဝန်ခံရရင် ကောင်းကင်ဖြူကို ကြွားချင်လို့  ပါ ။ “ ငါ့လည်း စာတွေ ကဗျာတွေ ရေးတက်တယ်ပေါ့ ” …… ။ ဖြစ်ပုံက ဒီလိုပါ …. ကျနော်တို့ ချစ်သူ ဖြစ်ကာစက အလုပ်တစ်ဖက်စီနဲ့ ခက်ခက်ခဲခဲ တွေ့ ရတဲ့အချိန်တိုင်းမှာ ချစ်သူကောင်းကင်ဖြူက …. “ ဘယ် blog မှာရေးထားတာတော့ အရမ်းကောင်းတယ် …. ဟိုကဗျာလေး တော့ အ၇မ်းကြိုက်တယ် ….    နဲ့  ခဏခဏ ပြောပါတယ် ။ ကြာလာတော့ ကျနော် မောင်ဘုန်းလည်း …. “ ငါ့လည်း စာတွေ ကဗျာတွေ ရေးတက်တယ်” ဆိုပြီ ပြချင်လို့  ဒီ blog လေး ကို လုပ်ဖြစ်တာပါ ။ လုပ်ပြီသွားတော့မှ ချစ်သူက မှတ်ချက်ပေးပါတယ် ။ “ ကို …. က စာလည်းမရေးတက် ကဗျာလည်း မဖြစ်ဘူးနော် ……”     တဲ့ ……. ။ အဲ့သလိုပါ …. ဗျာ ….. ။

(၃) သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ … ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?

ရည်မှန်ချက်တော့ မယ်မယ်ရရ မရှိပါဘူး …. ။ မြတ်နိုးတန်းဖိုးထား တယ်ဆိုတာထက် သံယောဇဉ် တော့တော်တော် ဖြစ်မိပါတယ် ။ အခုဆိုရင် ကွန်ပြူတာဖွင့်လိုက်တာနဲ့  ကျနော် blog ထဲကို ဝင်တာ အကျင့်လို့  ပြောရမလိုတောင်ဖြစ်နေပါပြီ … ။ ကွန်ပြူတာရှေ့ မရောက်ဖြစ်ရင်တောင် ရောက်ရာ အရပ်ကနေ ဖုန်းနဲ့  ဝင်ကြည့်ဖြစ်ပါတယ် …. ။

(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?

မဖြစ်ဖူးပါဘူး …. ။ ဒါပင်မဲ့ blog ရေးတဲ့ mail ကိုတော့ နှစ်ပတ်တစ်ခါ (သို့ ) တစ်လ တစ်ကြိမ်တော့ ခဏခဏ hack ခံရပါတယ် ။  hack တဲ့သူက အရင်ကတော့ thailand IP နဲ့ ပါ အခုတော့ china IP ဖြစ်သွားပါတယ် ။ တစ်ခြားလူမဟုတ်ပါဘူး ။ ကောင်းကင်ဖြူပါပဲ …. :D ။

ကျနော်လိုပဲ ခဏခဏ  hack ခံရတဲ့ blogger တစ်ယောက်ရှိပါသေးပါတယ်  ။ တစ်ခြားလူ မဟုတ်ပါဘူး အားလုံးသိတဲ့ ကျနော် တို့ ရဲ့ဆရာ ကိုရင် ပါ … ။ ဟိုတလောက အချိန်မဟုတ် ဆရာရင် မီးလင်းနေတာတွေ့ တာနဲ့  “ မအိပ့်သေးဘူးလား ဆရာလို့  ” …..  နှုတ်ဆက်လိုက်တာ ဆရာမဟုတ်ဘူးဆရာကတော် ….. တဲ့ဗျာ ……:D ။

(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ? မပျောက်ဆုံးသေးသူဆိုရင်လည်း အကယ်၍ သင့်ဘလော့လေး ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် သင် ဘယ်လိုခံစားရမလဲ … ?

အယ် …. မပျောက်ဖူးသေးတော့ မပြောတက်ဘူးဗျ … ။ အဲ့လိုပျောက်မှာ ကြောက်လို့  backup လည်းလုပ်ထား ပါတယ် ။ နောက်ပြီး blog Admin မှာလည်း mail နှစ်ခု ထည့်ထားပါတယ် ။ ဆိုင်မလားတော့ မသိဘူး အတွေးကတော့ တစ်ခုပါသွားရင် တစ်ခုကျန်တယ်ပေါ့ ဗျာ … ။


ခင်မင်စွာဖြင့်


မောင်ဘုန်း

7 comments:

  1. တဂ်ပို့စ်လေးဖတ်ရတာ ပေါ့ပေါ့ပါးပါး လိုရင်းတိုရှင်းလေးပါလား မောင်ဘုန်းရေ။ မောင်ဘုန်းရေးတဲ့ ကဗျာလေးတွေ ဖတ်လို့ကောင်းပါတယ် ။ ဘလော့သက်တမ်းက တီတင့်ထက် တစ်နှစ်စီနီယာမို့ အားကိုးပါတယ်နော်။
    စိတဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အားပေး ဖတ်သွားတယ်။
    backup လည်းလုပ်ထား ပါတယ် ။ နောက်ပြီး blog Admin မှာလည်း mail နှစ်ခု ထည့်ထားပါတယ် ....ဒါလေးလည်း မှတ်သားသွားဦးမယ်...ဆိုင် ဆိုင် မဆိုင်ဆိုင်ပေါ့

    ReplyDelete
  3. တဂ်လေးအားပေးသွားတယ် မောင်ဘုန်းရေ ။ ကောင်းကင်ဖြူကဘာကြောင့်ခဏခဏhackတာလဲဟင် ။

    ReplyDelete
  4. အဟား.. အဟက်ခံရပုံချင်း တူနေပြီ နောင်တော်...

    ReplyDelete
  5. ပျောက်လိုက်တာ.. တက်(Tag ဟုအသံထွက်ပါ) လုပ်ခံရမှပဲ ပြန်ပေါ်တယ် :P.. ကန်ဒီပဲ ပိုစ့်အသစ်တွေမမြင်လို့လား မပြောတတ် :P

    ReplyDelete
  6. မြတ်နိုးသူ(MUFL)August 18, 2012 at 2:23 AM

    အားပေးသွားပါတယ်နော်

    ReplyDelete
  7. ကျွန်တော် မောင်နွေလ
    ရောက်ခဲ့တယ်ဗျာ
    ဟုတ်တယ် ... အစ်ကိုပြောသလို
    backup လည်း လုပ်ထားသင့်သလို
    Admin မှာလည်း acc နှစ်ခုလောက် ဖြည့်ထားသင့်တယ်

    ReplyDelete