Pages

Saturday, November 12, 2011

အမှတ်တရနေ့ ရက်များ


အဝေးကို ကြည့်လိုက်တော့
မဆုံးနိုင်တဲ့ အမည်မသိ တောင်တန်းကြီး

အပေါ်ကို ကြည့်လိုက်တော့

အုံ့ ဆိုင်းနေတဲ့ မြူနှင်းတွေ …

လေ တစ်ချက် ဝှေ့ မှာ …

ဆောင်းငွေ့ နဲ့  အတူပါလာတဲ့ နှင်းမှုံ တွေက

ကို … ရင်ကို အေးခဲ့ တာ အခုချိန် ထိပဲ လေ


လက်ဖက် ခင်းတွေ ကြားမှာ

လက်တွဲပြီ လမ်းလျှောက်ခဲ့ ဘူးတဲ့
နေ့ ရက်တွေနဲ့ 

မေ့မရတဲ့ ဆောင်းတစ် ည ကို

နှင်းတွေ မရှိတဲ့ ဒီနေရာ ကနေ
လွမ်း နေရပြီ ချစ်သူ ရေ …..

အမှတ်တရ ချစ်သူရှိရာ ပုံရိပ်များ


မောင်ဘုန်း

4 comments:

  1. ဟုတ်ပ ... အခုလောက်ဆို နှင်းတွေ ကျနေပြီနော်

    ReplyDelete
  2. ဥုံဖွဟဲ့.
    .မောင်ဘုန်းအတွက်.
    .နှင်းမိုးရွာစေ.
    .ဟတ်ချလောင်း ;)

    ဒါနဲ့
    ညလေးက..
    မောင်ဘုန်းဘလော့ကို
    လာလာကြည့်ဘူးလားဟေ :P

    ချစ်ခင်စွာဖြင့်
    သမီးစံ

    ReplyDelete
  3. ပုံလေးရော၊ ကဗျာလေးပါဖတ်ပြီး လွမ်းသလိုလို ဖြစ်သွားတယ်၊ အားပေးသွားပါတယ် ခင်ဗျာ။

    ReplyDelete
  4. ဆောင်ရက်တွေပိုပြီလွမ်းစရာဖြစ်နေမှာမို့
    ကိုယ်ချင်းစာပါတယ်မောင်ဘုန်းရေ....
    ရှင်တို့ပုံလေးတွေလာကြည့်ပါဦးနော်
    ခင်မင်တဲ့ ကက်စမင်းတဲ့လေ
    နာမည်ပြောင်းပေးလိုက်တာ..

    ReplyDelete