Pages

Sunday, March 11, 2012

အလှူခံထွက်ခြင်း


မင်္ဂလာပါ … ဗျာ … ။ ကျနော် တို့ မြန်မာမုဒိတာလူငယ်များအဖွဲ့ မှ ဦးစီပြီး  ဒုတိယမြောက်အလှူအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို လှူဒါန်း ရန်အတွက် မြန်မာမုဒိတာလူငယ်များအဖွဲ့ ကိုယ်စား ကျနော် မောင်ဘုန်း (၁၀) ရက်နေ့  ည ၇ နာရီ လောက် မှာ Deauto အလုပ်ရုံ သို့  အလှူခံ ထွက်ခဲ့ပါတယ် ။ 













ဒီအလုပ်ရုံ ရဲ့ နေရာ ကတော့ မလေးရှား နိုင်ငံ port klang လို့ လူသိများတဲ့ နေရာနဲ့  ၂ မိုင်ခန့် ဝေးတဲ့ west port ဆိုတဲ့ နေရာလေးမှာ ပါ ။  ဒီ အလုပ်ရုံ  ဟာ ကျနော် အလုပ်  လုပ်တဲ့ ကုမ္မဏီ  လုပ်ငန်းခွဲ တစ်ခု ဖြစ်သလို တရုတ် ကားတွေ တပ်ဆင်မို့  အတွက် ကျနော် ခေတ္တ ရောက်နေတဲ့ နေရာလေးလည်း ဖြစ်ပါတယ် ။

ဒီနေရာလေး ကို ကျနော် တစ်နှစ် တစ်ကြိမ် လောက် လာရောက် အလုပ်လုပ် ရပါတယ် ။ ဒီနေရာ လေးမှာ မြန်မာ အလုပ်သမား (၅၀) လောက်ရှိပင်မဲ့ ကျနော် နဲ့  သိတဲ့ သူလောက်သာ အလှူခံ ခဲ့ပါတယ် … ။



ယနေ့ အချိန် ထိ ကောက်ခံရရှိတဲ့ အလှူငွေ စာရင်းမှာ 


မောင်ဘုန်း + ကောင်းကင်ဖြူ
၁၀၀  RM
ကိုမျိုးသူအောင်
  ၂၀  RM
ကိုဖြိုးသူအောင်
  ၂၀  RM
ကိုစောဘလူး
  ၂၀  RM
ကိုအေးချမ်း
  ၁၅  RM
ကိုမြတ်ဘုန်းအောင်
  ၁၀  RM
ကိုကရင်
  ၁၀  RM
ကိုပြည့်ဖြိုး
  ၁၀  RM
ကိုသာအေး
  ၁၀  Rm
ကိုကြည်မြင့်
  ၁၀  RM
ကိုနေမျိုးထိုက်
  ၁၀  RM
ကိုသိန်းထွန်း
  ၁၀  RM
ကိုစိုးငယ်
  ၁၀  RM
ကိုဖိုးချို
  ၁၀  RM
ကိုသက်နိုင်ဦး
  ၁၀  RM
ကိုရဲမင်းစိုး
  ၁၀  RM
ကိုကျော်သူ
  ၁၀  RM
ကိုပေါက်စ
    ၅  RM


ယနေ့ အချိန် ထိ ကျနော်  ကောက်ခံ ရရှိငွေ စုစုပေါင်းမှာ ၃၀၀ RM တိတိ ဖြစ်ပါ တယ် ။ 12 . 3 . 2012 နေ့ မှာ ကျနော် အလုပ်ရုံ ရှိရာ jenjarom သို့ ပြန်မည် ဖြစ်ပါတယ် ... ။ ဒါကြောင့် klang _ bainting လမ်းမ ပေါ်တွင် နေထိုင်ကြသော ရွှေမြန်မာ များ ပါဝင်လှူဒါန်းလိုပါက ကျနော် ထံသို့  ဆက်သွယ် နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ် ပါတယ် ခဗျာ ... ။


လေးစားစွာဖြင့် 


မောင်ဘုန်း

4 comments:

  1.့ မြန်မာတွေများလိုက်တာ များတို့သွားတဲ့နေရာနဲ့ကွာပါ့
    ပျော်စရာကြီး အလှူရှင်များဒီထက်ပိုပြီးလှူနိုင်ပါစေ
    စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ
    ခင်မင်တဲ့ jasmine

    ReplyDelete
  2. သာဓု သာဓု သာဓု ပါ လှူနိုင်ကြပါစေ

    ReplyDelete
  3. အလှူရှင်တွေများများလှူနိုင်ကြပါစေ

    ReplyDelete
  4. သာဓု သာဓု သာဓုပါကွယ်။ အတိတ်ကံမကောင်းခဲ့သူများအတွက်
    အခုလိုစေတနာသဒ္ဓါထက်သန်စွာနဲ့လှူဒါန်းကျတယ်ကြည်နူးစရာပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete