Pages

Monday, November 14, 2011

အိမ်တွင်းနတ်ဆိုး အမှတ် ၂ ( အသွင်ပြောင်း နာမည် ကြိတ်သား ဖြင့်ပြုလုပ်သော ပရိဘောဂ ပစ္စည်းများ)





ကြိတ်သား ထည်ပစ္စည်များကို ၁၉၇၀ ခုနှစ်လောက် က စပြီ ကမ္ဘာ့ ဈေးကွက်ထဲသို့ ရောက်ရှိလာပြီ မြန်မာနိုင်ငံမှာတော့ ၁၉၉၀ နှစ်မှစ၍ ယနေ့  အချိန်ထိ ရေပန်းစား သုံးစွဲလျှက်ရှိပါတယ်

ကြိတ်သား ထည် ပြုလုပ်ရာတွင် ကုန်ကြမ်း အဖြစ် သစ်ခွဲစက်မှ ထွက်ရှိသော လွှစာ မှုန့် ကို အခြေံ၍ ၊ ဖိုက်ဘာမှုန့် ၊ ပလပ်စတစ်မှုန့်  များသာမက အခြာနည်းဖြင့် ကြိတ်ချေ ၍ ရသော အမှုန့် များ ကို ကော်စေး ၊ သစ်စေး ၊ ဓာတုဗေဒ ကော်စေး တစ်မျိုးမျိုးဖြင့် ရောစပ်ကာ ဖိအားနှင့်အပူးပေ စေပြီး အချပ် အပြား အသွင် ပြုလုပ်ထား ခြင်းဖြစ်ပါတယ် ။

လူကို ဒုက္ခပေးရာတွင် အဓိကကုန်ကြမ်းများထက် မသုံးမဖြစ်သုံးရသော ကော် က အဓိက ဒုက္ခ ပေးတာပါ ။
တချို့  ထုတ်လုပ်မှု့  စရိတ်သက်သာစေ၇န် urea – formaldehyde ကို ကော်အဖြစ်အသုံးပြုတက်သောကြောင့်
သာမန် ကြိတ်သား ထည်တွင်သုံးသော ကော် ထက် ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့ ပိုထွက်စေပြီ လူကို အန္တရာယ်ဖြစ်စေပါတယ် ။

ကြိတ်သာထည် ပစ္စည်းများသည် အပူချိန် များလေ ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့  ပိုထွက်လေဖြစ်ပြီ ယင်းဓာတ်ငွေ့ ကို ရေနှင့်ရော စပ်လျှင် မပုပ်ဆေး ၊ တာရှည်ခံဆေး အဖြစ်သုံးနိုင်သော ဖော်မလင် ဓာတ်ပေါင်း ကို ရနိုင်ပါတယ် ။

ဖော်မယ်ဒီ ဟိုက် ဓာတ်ငွေ့ မြင့်မားစွာရှိနေသည့် အခန်းတွင်း နေထိုင်သူများသည် မျက်ရည်ပူကျခြင်း ၊ မျက်လုံးနီကျင်ခြင်း ၊ အသက်ရှူ ကျပ်ခြင်းအပြင်ကလေးများတွင် ပန်းနာရင်ကျပ် ကိုပင်ဖြစ်ပါတယ် ။ အစမ်းသပ်ခံ တိရစ္ဆာန်များတွင် ကာဆာဖြစ်စေသည်ကိုလည်းတွေ့ ရပါသေးတယ် ။

ယနေ့ အချိန်ခါတွင် နေအိမ်များ ၊ရုံးခန်များ တွင် ကြိတ်သားထည် ပစ္စည်းနှင့် မကင်းသည့် နေရာအလွန်း ရှားမည် ထင်ပါတယ် ။

ကြိတ်သားထည် ရှိသော အခန်းအား လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ခြင်း ၊ လေအေးပေးစက် တက်ဆင်ခြင်း ၊ နိုင်ငံအများစုတွင် ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့  အနည်းငယ်သာ ထွက်ရှိသည်ဟု အာမခံပေးထားသည့် ကြိတ်သားထည် များကိုဝယ်ယူ သုံးစွဲခြင်း ဖြင့် အိမ်တွင်းနတ်ဆိုး တစ်ကောင်ကဲ့သို့ လူကို ဒုက္ခပေးစေသော ကြိတ်သားထည်ပစ္စည်း များရဲ့ အန္တရာယ်မှ ကင်းလွတ်မည်ဖြစ်ပါတော့ သည် ….. ။
  



မောင်ဘုန်း


ကိုးကား (သုတစွယ်စုံ မဂ္ဂဇင်း ၂၀၀၉ ၊ ဒီဇင်ဘာ)

ဆက်လက်ရေးသားပါမယ်

6 comments:

  1. မောင်ဘုန်းပို့စ်ဖတ်ပြီး
    အပေါ်မော့ကြည့်လိုက်တော့
    လား..လား..မနည်းမနောပဲကိုးး)
    ကျန်အပိုင်းများအား..စောင့်မျှော်လျှက်
    သမီးစံ

    ReplyDelete
  2. အပျိုကြီးတော့ လုပ်ပြန်ပြီ ဘာတွေ မနည်းမနော လည်းဗျ
    ကျနော် အပေါ်မှာလည်း ဘာမှမ၇ှိပါလား

    ReplyDelete
  3. ကြိတ်သားနဲ့လုပ်ထားတဲ့ ပရိဘောဂတွေဆိုရင် စိတ်ဝင်စားတယ်မောင်ဘုန်းရေ ပေါ့လည်းပေါ့ပြီး ဝယ်ရတာလည်း ဈေးသက်သာလို့း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. အွန် အိမ်မှာလဲရှိနေတယ်
    မှိုတွေလိုက်တယ်ခနခနပဲ စူပါဝမ်းက ၀ယ်ထားတာ .

    ဘာလုပ်ပစ်ရမလဲ အောင်မလေး အိမ်ကိုဖုန်းဆက်ပြီး
    အခန်းအပြင်တွေထုတ်ထားဖို့ပြောမှပဲး(

    ReplyDelete
  5. နာတို့အိမ်မှာလဲရှိဒယ် တူတို့ပဲကြွားနေတာပဲ
    ဟင်းဟင်း
    ခင်ခင်မင်မင် jasmine

    ReplyDelete
  6. အယ်
    အခန်းထဲမှာ ကြိတ်သားစားပွဲလေးတစ်လုံး ကုတင်ဘေးနားမှာတင် ရှိတယ်.
    အနံ့နည်းနည်း ထွက်တယ်..
    အဲသလိုဆိုးကျိုးတွေရှိတယ် ဆိုတာ တကယ်မသိဘူး.
    နေရာရွေ့မှဖြစ်မယ် . ကုတင်နဲ့ သိပ်ကပ်လွန်းနေတယ် မကောင်းဘူးထင်တယ်.
    ကျေးဇူးဗျို့

    ReplyDelete