Pages

Monday, December 5, 2011

ထုဆစ် မိ သော မြတ်နိုးရာ









အမြဲတမ်း တစ်ခုခု လိုအပ်နေတာ
 ဘဝ လို့ ခေါ်မလား .....

နေ့ ရက် နာရီတွေ ပြောင်းလဲ ခဲ့တယ်
လိုအပ် မှု့ က အသစ် ဖြစ်နေ ဆဲပဲ

ကံတရား က အခြေခံ မလှတဲ့
ဘဝ တစ်ခု ကို လက်ဆောင်ပေး ခဲ့လို့ 

ခမ်းနား မှု့ တွေနဲ့  ဝေးဝေး မှာ
နေ သား ကျ ပင်မဲ့

အေးချမ်းတဲ့ အရိပ်တစ် ခုကို ခိုလှုံမို့ 
မျှော်လင့်ချက် နဲ့ 

အချိန်တွေ မေ့ ခဲ့တယ်
နေ့ ရက် တွေ ကို
မကြည့် ဖြစ်ခဲ့ သလို

နှစ်တွေ ကို မသိချင်ဟန် ဆောင်ခဲ့ပါတယ်

ဒါပင်မဲ့ ….

ကုန်လွယ် တက်တဲ့ အချိန် ရယ်
ဖြတ်သန်းခဲ့ တဲ့ နေ့ ရက်တွေ တော့

အတိတ် ဖြစ်ခဲ့သလို
နုပျို မှု့ တွေ တဖြည်းဖြည်း ဆုံးရှုံး ခဲ့ ရပြီ

လိုအပ်ခြင်းတွေ ကတော့
ဟောင်း မသွားခဲ့ဘူး …..

တကယ်ဆို ….

လူတစ်ယောက် ရှင်သန် ရပ်တည်မို့ 
သဘာဝက လိုအပ်ချက် မရှိအောင်
ဖန်တီးခဲ့ ပင်မဲ့

မနက်ဖြန် ဆိုတဲ့ နေ့ ရက် တိုင်းမှာ
လိုအပ် ခြင်း တွေ က
 စောင့်ကြိုလျှက် …. ပါ

ဘာပဲဖြစ်ဖြစ်လေ …..

လိုအပ်ခြင်းတွေ နဲ့ 
ကျင့်သား ကျနေတဲ့  ဘဝတစ်ခုမှာ

ဒုက္ခ ကို ခပ် ပစ်ပစ်လေး ဖျှော်
ချွေးသုတ်ထား တဲ့ ပါမုန့်  လေးနဲ့ 

ကျနော် ရဲ့ နံနက် စာကို စားသောက်ရင်း
နေ့ သစ် ရဲ့ …. လိုအပ်ခြင်း တွေကို
ကြိုဆိုလျှက် ….

သာယာပျော် ရွှင်မှု့  တွေ
လွှမ်းခြုံ ထားတဲ့
ကျနော်  ၏ မြတ်နိုးရာ ကို ထုဆစ် ပုံဖော် မိပါတော့ …. တယ် ….



မောင်ဘုန်း

7 comments:

  1. သူများကတော့မနက်စာဆို..
    မုန့်ဟင်းခါးတို့ခေါက်ဆွဲသုတ်တို့ဘဲ
    ကြိုက်တာလေ..

    ReplyDelete
  2. ဒုက္ခ ကို ခပ် ပစ်ပစ်လေး ဖျှော်
    ချွေးသုတ်ထား တဲ့ ပါမုန့်  လေးနဲ့ 
    စားတော့မလို့လား..မောင်ဘုန်းရဲ့
    စားတာလဲ.စားပေါ့နော်
    အမြဲစားချင်အောင်လည်း..
    အကြိုက်မတွေ့စေနဲ့ပေါ့း)
    ဘ၀ဆိုတာဒါပဲလေကွယ်..
    ခလုတ်ကန်သင်းမရှိပဲ..ဖြောင့်ဖြူးနေရင်
    လူတွေ.ပျင်းကုန်တော့မှာပေါ့
    အဲ့တော့..လုံးလ.၀ိရိယဆိုတာ
    ဘာမှန်းမသိတော့သလို..
    အောင်မြင်မှုဆိုတာကလည်း
    ဘယ်လိုနည်းနဲ့ယူရတယ်ဆိုတာ
    မသိကုန်ကြတော့ဘူးပေါ့
    မောင်ဘုန်း.ကဗျာလေးကို
    သဘောကျတယ်ဝေ့း)

    ထုဆစ်နေတဲ့.မြတ်နိုးရာလေး
    အမြန်ပုံပေါ်.အချောသတ်နိုင်ပါစေကွယ်..

    ReplyDelete
  3. မောင်ဘုန်းရေ ကဗျားလာရောက်ခံစားသွားပါတယ်နော်

    ReplyDelete
  4. ကဗျာလေးကောင်းတယ်.. အဓိပ္ပာယ်လည်း ရှိတယ်.. ခံစားသွားပါတယ် :D

    ReplyDelete
  5. အဲဒါကြီးဖျော်ထားတာ မကြိုက်ပါဘူး
    တို့က ကော်ဖီမစ်နဲ့ပေါက်ဆီတော့ကြိုက်တယ်
    ဟဲဟဲ

    ReplyDelete
  6. တော်ဖီစစ်စစ်ကိုနှပ်ထားပြီးခါးသက်သက်လေးသောက်ရတာအလွန်ကြိုက်တယ်
    ရှမ်းခေါက်ဆွဲကြိုက်တယ် ကောက်ညင်းပေါင်းကြိုက်တယ်
    မောင်ဘုန်းဆီလာလည်ရင်အဲတာတွေနဲ့ဧည့်ခံနော်
    ခင်ခင်မင်မင် jasmine

    ReplyDelete
  7. ကဗျာတွေကိုခံစားတတ်တဲ အကျင့် ငယ်ငယ်က စဖြစ်တာလေ ဒါကြောင် နေမသိထိုင်မသာ လာရောက်ဖတ်တာပါ ..........

    ReplyDelete