Pages
Wednesday, December 21, 2011
တစ်နှစ်ပြည့် ချစ်ခြင်း
တစ်နှစ် ပြည့်ခဲ့ ပြီ  … ချစ်သူ
ကို တို့ ရဲ့ နားလည် မှု့ တွေနဲ့  တည်ဆောက်ခဲ့တဲ့
ချစ် ခြင်း နေ့ ရက်တွေ … တစ်နှစ် တိတိ ပြည့်တဲ့ နေ့ ပေါ့ ….
ကံတရား က ကို နှစ်ယောက် ကို ဆုံ ဆည်း ခဲ့စေတယ်နော် ….
အချိန်တစ်ခု ၊ နေရာ တစ်ခု ထဲမှာ သုံးကြိမ် ဆုံ တွေ့ ဖြစ်ခဲ့တာ … တိုက်ဆိုင် မှု့ တော့ မဟုတ်လောက် ဘူးနော် … ချစ်သူ ….
ချစ်ခွင့် ရတယ် ဆိုယုံ နဲ့  ကျေနပ်နေတက်တဲ့ ကို … စိတ် ကိုလည်း အံ့သြ မိခဲ့တယ် လေ ….
အခုဆိုရင် … ကို ချစ်ခြင်းတွေ နဲ့  ထပ်တူထပ်မျှ ချစ်ခဲ့တဲ့  … ချစ်သူ ရဲ့ အချစ် တွေကို … တစ်သက်လုံး တန်ဖိုး ထားသွားမှာ ပါ .. ချစ်သူ …
ချစ်သူ ရေ … ကို …. တို့ ကို ဆုံတွေ့ ပေးခဲ့ တဲ့  ကံတရား က … ခဏ ဆိုတဲ့ အချိန် အတွင်းမှာပဲ
တစ်ယောက် တစ်နေရာ ဖြစ်အောင် လုပ်ခဲ့လို့  … နေ့ ရက်တွေ တိုင်းမှာ လွမ်း ခဲ့ရတယ်လေ …..
ကို တို့ ရဲ့ မြတ်နိုးရာ မှာ တစ်သက်လုံး ထာဝရ အတူတူ နေခွင့်ရမို့ ခဏတာ ခွဲနေရတယ် လို့  … မှတ်ယူ ခဲ့ကြတယ်နော် ….
တစ်နှစ် ဆိုတဲ့ အချိန် အတွင်းမှာ တစ်ရက် ပြည့်အောင် စိတ်မဆိုး ခဲ့ ဘူး တဲ့ ချစ်သူ ရဲ့
ကို့  …. ပေါ်ထားတဲ့ နားလည်းမှု့ တွေ ကို တန်ဖိုး ထားခဲ့ရပါတယ် ….
ချစ်သူ ရေ ….
အခုလို နေ့ မျိုးမှာ ချစ်သူ ဘေး မှာ မရှိနေနိုင်တာကို … နားလည်ပေးပါ …. ချစ်သူ …
ကို နဲ့  အတူ ထပ်တူ ထပ်မျှ လွမ်း နေမယ်လို့  လည်း ကို … ကိုယ်ချင်းစာ မိပါတယ် …
ကို တို့ ရဲ့ မျှော်လင့်ချက်အတွက် နှစ်ယောက် တူတူ ကြိုးစားနေတဲ့ အခုလို အလွမ်း နေ့ ရက်တွေ ကုန်ဆုံးတော့ မှာ ပါ … ချစ်သူ …
ကမ္ဘာတွေခြား လို့ ဝေးနေ လည်း
ချစ်သူက ကို့  အနားမှာ အမြဲ ရှိပါတယ် … ။
မနက်ဖြန် ဆိုတဲ့ နေ့ ရက်တိုင်းမှာ
အလွမ်းတွေ ပြည့်နေ လည်း
ချစ်သူက ကို့  အနားမှာ အမြဲ ရှိပါတယ် … ။
ဘဝဆိုတဲ့ မုန်တိုင်းတွေ
ကြမ်းတမ်းရိုက်ခက် ပါစေ
ချစ်သူက ကို့  အနားမှာ အမြဲ ရှိပါတယ် … ။
အချိန်တိုင်း ချစ်သူ လက်ကိုတွဲပြီး
ထာဝရ အတူရှိမဲ့ နေရက်များဆီသို့ ….. တမ်းတ လျှက်
ယခု ကြရောက်သော တစ်နှစ်ပြည့် ချစ်ခြင်း နေ့ ရက်မှ သည် နောင် နှစ်ပေါင်း များစွာထိ ….
ထာဝရ အတူ ချစ်ခွင့်ရပါစေ လို့  ဆုတောင်းမိပါတယ် ….. ချစ်သူ ….
အမှတ်တရ ..... ၂၂ .၁၂ . ၂၀၁၁
မောင်ဘုန်း
12 comments:
  1. တစ်နှစ်မှသည် နှစ်ပေါင်းတစ်ရာမက ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျား
း)
    မောင်ဘကြိုင်
    ReplyDelete
  2. နှစ်ပေါင်းများစွာတိုင်
    ဆံဖြူသွားကျိုးသည်အထိ ချစ်ခင်ပေါင်းသင်းနေနိုင်ကြပါစေး)
    ခင်မင်မှု့များစွာဖြင့်
    မဒိုးကန်
    ReplyDelete
  3. စိတ်တူကိုယ်တူနဲ့ နောင်နှစ်ပေါင်းများစွာအထိ.....
    ReplyDelete
  4. နောင်နှစ်ပေါင်း များစွာထိ ချစ်ခွင့်ရပါစေ... ဗျာ
    ReplyDelete
  5. ယနေ့မှစ..နှစ်တစ်ရာတိုင်..း)
    ပျော်ရွှင်ခြင်းများစွာဖြင့်
    ခရီးဆက်နိုင်ကြပါစေ
    ReplyDelete
  6. ဟဲဟဲ မောင်ဘုန်းငတုံး မဟုတ်ဘူးဆိုတာပြလိုက်တာပေါ့လေ
    နောင်နှစ်ပေါင်းများစွာချစ်ရသူနဲ့အေးအတူ
    ပူအမျှရွှေလက်တွေခိုင်မြဲပါစေလို့......
    ပြောရအုန်းမယ်တစ်ချို့တွေများ လူပျိုကြီးဖြစ်နေတာကိုပဲ
    အဟုတ်ပြောနေကြတာနော် မောင်ဘုန်းလို သူတို့ပြောစရာမှ
    မရှိတာကိုး ဟီးဟီး
    ရန်တိုက်ပေးခြင်းမဟုတ်ပါ
    ReplyDelete
  7. နားလည်မှုချစ်ခြင်းများရှိတဲ့ ချစ်သူနဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ ခရီးလမ်းလေးကို အမြန်ဆုံး အတူလျှောက်ခွင့်ရပါစေ။
    ခင်တဲ့
    သဒ္ဓါ
    ReplyDelete
  8. အမြန်ဆုံးဆုံနိုင်ကြပါစေ
    ဆုတောင်းခဲ့ပါတယ်ရှင်
    ReplyDelete
  9. နှစ်ပေါင်းများစွာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေဗျာ
    ခင်မင်တဲ့
    ReplyDelete
  10. တစ်နှစ်မှ--နှစ်ပေါင်း များစွာတိုင်အောင်ရွှေလက်
    မြဲမြဲတွဲနိုင်ပါစေဗျာ
    ReplyDelete
  11. တစ်ဦးအပေါ်တစ်ဦးနားလည်မှု ယုံကြည်မှု ချစ်ခင်
    ကြင်နာမှုတွေ မျှဝေရင်း ခိုင်မြဲသောရစ်နှောင်
    တွယ်တာမှုများဖြင့် ဘဝကိုကျော်ဖြတ်နိုင်ကြပါစေ
    မောင်ဘုန်းရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  12. တစ်ပြည့် ချစ်ခြင်း နေရက်အတွက် ဆုတောင်းပေးသော blogger မိတ်ဆွေ သူငယ်ချင်း များ အား ကျနော် မောင်ဘုန်း နှင့် ကောင်းကင်ဖြူတို့ မှအထူးပဲ ကျေးဇူးတင်ရှိရ ပါတယ် ......
    မကြာမှီ ကြရောက်သော နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ 
    ဆုတောင်းလျှက် ......
    ခင်မင်ရပါသော
    မောင်ဘုန်း + ကောင်းကင်ဖြူ
    ReplyDelete